[Zawgyi/Unicode]
ေဟာင္ေကာင္က ဒီမိုကေရစီေတာင္းဆိုေရး လႈပ္ရွားမႈေတြမွာ ပါဝင္သူ လႊတ္ေတာ္အမတ္ေလးဦးကို ဒီကေန႔မွာ လႊတ္ေတာ္အမတ္အျဖစ္က ပယ္ဖ်က္လိုက္ပါတယ္။
တိုင္းျပည္လံုျခံဳေရးအတြက္ ၿခိမ္းေျခာက္မႈလို႔ ယူဆတဲ့ ဘယ္လႊတ္ေတာ္အမတ္ကိုမဆို ေဟာင္ေကာင္အစိုးရအေနနဲ႔ တရား႐ံုးတင္စရာမလိုဘဲ လႊတ္ေတာ္အမတ္အျဖစ္ကေန ပယ္ဖ်က္ႏုိင္တယ္လုိ႔ တရုတ္ ဥပေဒျပဳေကာ္မတီတခုက ဆံုးျဖတ္ခဲ့ၿပီးတဲ့ေနာက္ ခ်က္ျခင္းဆိုသလိုပဲ ဒီလႊတ္ေတာ္အမတ္ေတြကို ပယ္ဖ်က္လိုက္တာပါ။
ဒီအမတ္ေလးဦးကေတာ့ Alvin Yeung, Dennis Kwok, Kwok Ka-ki နဲ႔ Kenneth Leung တို႔ျဖစ္ပါတယ္။ သူတို႔အပါအဝင္ ဒီမိုကေရစီေရးလိုလားတဲ့ လႊတ္ေတာ္အမတ္ ၁၉ ေယာက္က သူတို႔ထဲက တေယာက္ေယာက္ကို လႊတ္ေတာ္အမတ္အျဖစ္ကေန ပယ္ဖ်က္ရင္ သူတို႔အားလံုး တၿပိဳင္ထဲထြက္မယ္လုိ႔ ၿခိမ္းေျခာက္အၿပီး ႏွစ္ရက္အၾကာမွာပဲ အခုအမတ္ေလးဦးကို ပယ္ဖ်က္တာပါ။
လႊတ္ေတာ္အမတ္ေနရာ ၇၀ ရွိတဲ့ ေဟာင္ေကာင္လႊတ္ေတာ္ကေန ဒီအမတ္ ၁၉ ဦးသာ ႏုတ္ထြက္သြားမယ္ဆိုရင္ တ႐ုတ္လိုလားတဲ့ လႊတ္ေတာ္အမတ္ေတြခ်ည္းပဲ က်န္ေတာ့မွာျဖစ္ပါတယ္။
အခု အထုတ္ခံလိုက္ရတဲ့ လႊတ္ေတာ္အမတ္ေလးဦးဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလမွာ က်င္းပဖို႔ ကနဦးတုန္းက စီစဥ္ထားခဲ့တဲ့ ေရြးေကာက္ပြဲေတြမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ ပိတ္ပင္ခံခဲ့ရတဲ့ လႊတ္ေတာ္အမတ္ ၁၂ ေယာက္ထဲမွာလည္း အပါအဝင္ပါ။ လက္ရွိမွာ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ က်ေရာက္ေနတာကို အေၾကာင္းျပန္ၿပီး အစိုးရက ေရြးေကာက္ပြဲေတြကို တႏွစ္ေရႊ႕ဆိုင္းထားပါတယ္။
အခုလို လႊတ္ေတာ္အမတ္ေလးဦးကို ထုတ္ပစ္လိုက္တာဟာ တစိတ္တပိုင္း ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဟာင္ေကာင္ကၽြန္းမွာ ဒီမိုကေရစီလိုလားတဲ့ အင္အားစုေတြကို ႏွိမ္နင္းဖို႔ တ႐ုတ္အစိုးရရဲ႕ ႀကိဳးပမ္းမႈတစိတ္တပိုင္းျဖစ္ပံုရပါတယ္။
ေဟာင္ေကာင္ကၽြန္းမွာ ၂၀၁၉ ႏွစ္ဝက္ပိုင္းကစၿပီး ႀကီးမားတဲ့ ဒီမိုကေရစီေရး ဆႏၵျပပြဲႀကီးေတြျဖစ္ခဲ့ၿပီးေတာ့ တခါတခါ ႐ုန္းရင္းဆန္ခတ္အေျခအေနေတြထိ ေရာက္ခဲ့ပါတယ္။
[Unicode Version]
လွှတ်တော်အမတ်လေးဦး ဟောင်ကောင်အစိုးရ ပယ်ဖျက်
ဟောင်ကောင်က ဒီမိုကရေစီတောင်းဆိုရေး လှုပ်ရှားမှုတွေမှာ ပါဝင်သူ လွှတ်တော်အမတ်လေးဦးကို ဒီကနေ့မှာ လွှတ်တော်အမတ်အဖြစ်က ပယ်ဖျက်လိုက်ပါတယ်။
တိုင်းပြည်လုံခြုံရေးအတွက် ခြိမ်းခြောက်မှုလို့ ယူဆတဲ့ ဘယ်လွှတ်တော်အမတ်ကိုမဆို ဟောင်ကောင်အစိုးရအနေနဲ့ တရားရုံးတင်စရာမလိုဘဲ လွှတ်တော်အမတ်အဖြစ်ကနေ ပယ်ဖျက်နိုင်တယ်လို့ တရုတ် ဥပဒေပြုကော်မတီတခုက ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ချက်ခြင်းဆိုသလိုပဲ ဒီလွှတ်တော်အမတ်တွေကို ပယ်ဖျက်လိုက်တာပါ။
ဒီအမတ်လေးဦးကတော့ Alvin Yeung, Dennis Kwok, Kwok Ka-ki နဲ့ Kenneth Leung တို့ဖြစ်ပါတယ်။ သူတို့အပါအဝင် ဒီမိုကရေစီရေးလိုလားတဲ့ လွှတ်တော်အမတ် ၁၉ ယောက်က သူတို့ထဲက တယောက်ယောက်ကို လွှတ်တော်အမတ်အဖြစ်ကနေ ပယ်ဖျက်ရင် သူတို့အားလုံး တပြိုင်ထဲထွက်မယ်လို့ ခြိမ်းခြောက်အပြီး နှစ်ရက်အကြာမှာပဲ အခုအမတ်လေးဦးကို ပယ်ဖျက်တာပါ။
လွှတ်တော်အမတ်နေရာ ၇၀ ရှိတဲ့ ဟောင်ကောင်လွှတ်တော်ကနေ ဒီအမတ် ၁၉ ဦးသာ နုတ်ထွက်သွားမယ်ဆိုရင် တရုတ်လိုလားတဲ့ လွှတ်တော်အမတ်တွေချည်းပဲ ကျန်တော့မှာဖြစ်ပါတယ်။
အခု အထုတ်ခံလိုက်ရတဲ့ လွှတ်တော်အမတ်လေးဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ကျင်းပဖို့ ကနဦးတုန်းက စီစဉ်ထားခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရတဲ့ လွှတ်တော်အမတ် ၁၂ ယောက်ထဲမှာလည်း အပါအဝင်ပါ။ လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကျရောက်နေတာကို အကြောင်းပြန်ပြီး အစိုးရက ရွေးကောက်ပွဲတွေကို တနှစ်ရွှေ့ဆိုင်းထားပါတယ်။
အခုလို လွှတ်တော်အမတ်လေးဦးကို ထုတ်ပစ်လိုက်တာဟာ တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်ကျွန်းမှာ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေကို နှိမ်နင်းဖို့ တရုတ်အစိုးရရဲ့ ကြိုးပမ်းမှုတစိတ်တပိုင်းဖြစ်ပုံရပါတယ်။
ဟောင်ကောင်ကျွန်းမှာ ၂၀၁၉ နှစ်ဝက်ပိုင်းကစပြီး ကြီးမားတဲ့ ဒီမိုကရေစီရေး ဆန္ဒပြပွဲကြီးတွေဖြစ်ခဲ့ပြီးတော့ တခါတခါ ရုန်းရင်းဆန်ခတ်အခြေအနေတွေထိ ရောက်ခဲ့ပါတယ်။