သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒီမိုကေရစီကိုအားေပးတဲ႔ ေဟာင္ေကာင္မီဒီယာလုပ္ငန္းရွင္ Jimmy Lai ကို အာမခံနဲ႔ ျပန္လႊတ္


ေဟာင္ေကာင္မီဒီယာသူေဌးႀကီး Jimmy Lai

{{Zawgyi/Unicode}}

ေဟာင္ေကာင္ ဒီမိုကေရစီေရးေထာက္ခံအားေပးသူ မီဒီယာသူေဌးၾကီး Jimmy Lai ကို ရက္သတၱ ၃ ပတ္ခန္ ့ဖမ္းဆီးခ်ဳပ္ေနွာင္ျပီးေနာက္ အမခံနဲ ့ျပန္လြွတ္ေပးလိုက္ပါတယ္။

အသက္ ၇၃ နွစ္အရြယ္ရွိျပီျဖစ္တဲ့ Jimmy Lai ကို အာမခံေၾကး ေဒၚလာ၁.၂ သန္းနဲ ့ ျပီးခဲ့တဲ့ ဗုဒၶဟူးေန ့က ျမိဳ ့ေတာ္ရဲ့ အထက္တရားရံုးက လႊတ္ေပးလိုက္တာပါ။ သူ ့ကုိ twitter အသံုးျပဳခြင့္နဲ ့ နိုင္ငံျခားအုပ္စုေတြနဲ ့ေတြ ့ဆံုေမးျမန္းတဲ့ အင္တာဗ်ဴးခြင့္ေတြကိုလည္း ပိတ္ပင္ကန္ ့သတ္လိုက္ပါတယ္။

Next Digital media Company ရဲ့ ပိုင္ရွင္တဦးျဖစ္တဲ့ Lai ကို ျပီးခဲ့တဲ့ ဒီဇင္ဘာလ ၃ ရက္ေန ့က သူ ့ရဲ့ရံုးခန္း ငွားရမ္းတဲ့ သက္တမ္းကာလကို ခ်ိဳးေဖာက္တယ္ဆိုတဲ့ စြတ္စြဲခ်က္နဲ ့ ဖမ္းဆီးထိနိးသိမ္းခဲ့တာပါ။

Lai ဟာ သူ ့ရဲ့ ဒီမိုကေရစီေရးေထာက္ခံတဲ့လွုပ္ရွားမွုေတြေၾကာင့္ ေစာေစာပိုင္းကတည္းက တရားစြဲဆိုျခင္းခံထားရပါတယ္။

အစုိးရေရွ ့ေနေတြကေတာ့ Lai ကို “နိုင္ငံျခားအုပ္စုေတြနဲ ့ပူးေပါင္းၾကံစည္တယ္” ဆိုျပီး အသစ္ျပဌာန္းထားတဲ့ ဥပေဒျဖစ္တဲ့ ေဟာင္ေကာင္အမ်ိုးသားလံုျခံဳေရးဥပေဒသစ္နဲ ျပီးခဲ့တဲ့ ႀသဂုတ္လထဲက ့တရားစြဲဆိုထားခဲ့တာပါ။

Lai ဟာ ဒီနွစ္ထဲ အဖမ္းဆီးခံထားတဲ့ ဒီမိုကေရစီလွုပ္ရွားသူ ၁၅ ဦးအနက္ တဦးျဖစ္ျပီး အမ်ိဳးသားလံုျခံဳေရးဥပေဒသစ္နဲ ့ဖမ္းဆီးဖို ့ပစ္မွတ္ထားထားတဲ့ နာမည္ၾကီး ဒီမိုကေရစီေရးလွုပ္ရွားသူတဦးျဖစ္ပါတယ္။

တရုတ္ျပည္မၾကီးက ျပဌာန္းလိုက္တဲ့ ဒီဥပေဒသစ္မွာ နုိင္ငံျခားအုပ္စုေတြနဲ ့ပူးေပါင္းျပီး တိုင္းျပည္ရဲ့ ႀသဇာအာဏာကို ဖ်က္လိုဖ်က္ဆီးလုပ္တာ၊ အၾကမး္ဖက္တာ၊ ခြဲထြက္ေရးလုပ္တဲ့ မည္သည့္ ေဟာင္ေကာင္သားကို မဆို ေထာင္ဒဏ္ တသက္တက်ြန္းသတ္မွတ္ျပဌာန္းထားပါတယ္ခင္ဗ်ာ။

...............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ဟောင်ကောင် ဒီမိုကရေစီရေးထောက်ခံအားပေးသူ မီဒီယာသူဌေးကြီး Jimmy Lai ကို ရက်သတ္တ ၃ ပတ်ခန့်ဖမ်းဆီးချုပ်နှောင်ပြီးနောက် အမခံနဲ့ပြန်လွှတ်ပေးလိုက်ပါတယ်။

အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Jimmy Lai ကို အာမခံကြေး ဒေါ်လာ၁.၂ သန်းနဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မြို့တော်ရဲ့ အထက်တရားရုံးက လွှတ်ပေးလိုက်တာပါ။ သူ့ကို twitter အသုံးပြုခွင့်နဲ့ နိုင်ငံခြားအုပ်စုတွေနဲ့တွေ့ဆုံမေးမြန်းတဲ့ အင်တာဗျူးခွင့်တွေကိုလည်း ပိတ်ပင်ကန့်သတ်လိုက်ပါတယ်။

Next Digital media Company ရဲ့ ပိုင်ရှင်တဦးဖြစ်တဲ့ Lai ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့က သူ့ရဲ့ရုံးခန်း ငှားရမ်းတဲ့ သက်တမ်းကာလကို ချိုးဖောက်တယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ ဖမ်းဆီးထိနိးသိမ်းခဲ့တာပါ။

Lai ဟာ သူ့ရဲ့ ဒီမိုကရေစီရေးထောက်ခံတဲ့လှုပ်ရှားမှုတွေကြောင့် စောစောပိုင်းကတည်းက တရားစွဲဆိုခြင်းခံထားရပါတယ်။

အစိုးရရှေ့နေတွေကတော့ Lai ကို “နိုင်ငံခြားအုပ်စုတွေနဲ့ပူးပေါင်းကြံစည်တယ်” ဆိုပြီး အသစ်ပြဌာန်းထားတဲ့ ဥပဒေဖြစ်တဲ့ ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေသစ်နဲ ပြီးခဲ့တဲ့ သြဂုတ်လထဲက့တရားစွဲဆိုထားခဲ့တာပါ။

Lai ဟာ ဒီနှစ်ထဲ အဖမ်းဆီးခံထားတဲ့ ဒီမိုကရေစီလှုပ်ရှားသူ ၁၅ ဦးအနက် တဦးဖြစ်ပြီး အမျိုးသားလုံခြုံရေးဥပဒေသစ်နဲ့ဖမ်းဆီးဖို့ပစ်မှတ်ထားထားတဲ့ နာမည်ကြီး ဒီမိုကရေစီရေးလှုပ်ရှားသူတဦးဖြစ်ပါတယ်။

တရုတ်ပြည်မကြီးက ပြဌာန်းလိုက်တဲ့ ဒီဥပဒေသစ်မှာ နိုင်ငံခြားအုပ်စုတွေနဲ့ပူးပေါင်းပြီး တိုင်းပြည်ရဲ့ သြဇာအာဏာကို ဖျက်လိုဖျက်ဆီးလုပ်တာ၊ အကြမ်းဖက်တာ၊ ခွဲထွက်ရေးလုပ်တဲ့ မည်သည့် ဟောင်ကောင်သားကို မဆို ထောင်ဒဏ် တသက်တကျွန်းသတ်မှတ်ပြဌာန်းထားပါတယ်ခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG