သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္ကိစၥ တရုတ္ထိပ္တန္းအရာရွိ ၁၄ ဦးကို အေမရိကန္ ဒဏ္ခတ္


(Zawgyi/Unicode)

ေဟာင္ေကာင္ကို တ႐ုတ္နိုင္ငံက ဖိႏွိပ္ခ်ဳပ္ခ်ယ္တဲ့အထဲ ပါဝင္ခဲ့သူ တ႐ုတ္ အစိုးရအဆင့္ျမင့္ အရာရွိ ၁၄ဦးကို အေမရိကန္ျပည္ေထာင္စု က တနလၤာေန႔က ဒဏ္ခတ္ ပိတ္ဆို႔လိုက္ပါတယ္။

ေဟာင္ေကာင္ အမ်ိဳးသား လုံျခဳံေရး ဥပေဒသစ္ကို အတည္ျပဳရာမွာ ေရွ႕တန္းက ပါဝင္ခဲ့သူ တ႐ုတ္ ျပည္သူ႔ အမ်ိဳးသား ကြန္ဂရက္ အျမဲတမ္းေကာ္မတီက ဒုတိယဥကၠဌ ၁၄ ဦးကို အေမရိကန္အစိုးရက နိုင္ငံထဲဝင္ေရာက္ခြင့္ပိတ္ပင္လိုက္သလို အေမရိကန္နိုင္ငံထဲက သူတို႔ရဲ့ ပိုင္ဆိုင္မႈ ေတြကိုပိတ္ဆို႔လိုက္တာပါ။

အာမခံေပးထားခဲ့တဲ့ ေဟာင္ေကာင္ရဲ့ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ကို ထိခိုက္ေအာင္လုပ္ခဲ့တဲ့ တ႐ုတ္နိုင္ငံ အေနနဲ႔ တာဝန္ခံမႈေတြ ရွိလာဖို႔ အေမရိကန္နိုင္ငံက မဟာမိတ္နိုင္ငံေတြနဲ႔ ဆက္ၿပီး လက္တြဲ အလုပ္လုပ္သြားမယ္ဆိုတာ ဒီ ဒဏ္ခတ္ပိတ္ဆိုမႈကေန ျပသ လိုက္တာ ျဖစ္ေၾကာင္း နိုင္ငံျခားေရး ဝန္ႀကီး Mike Pompeo ရဲ့ ေၾကညာခ်က္မွာ ပါရွိပါတယ္။

တ႐ုတ္အစိုးရကေတာ့ ေဟာင္ေကာင္အေရးဟာ တ႐ုတ္ရဲ႕ျပည္တြင္းေရးလို႔ ေျပာပါတယ္။

ေဟာင္ေကာင္က တ႐ုတ္နိုင္ငံရဲ့ ေဟာင္ေကာင္ ျဖစ္လို႔ ေဟာင္ေကာင္အေရးဟာ တ႐ုတ္နိုင္ငံရဲ့ ျပည္တြင္းေရး သက္သက္သာ ျဖစ္ပါတယ္။ ဘယ္နိုင္ငံျခားတိုင္းျပည္ကမွ ဝင္ေရာက္စြက္ဖို႔ အခြင့္အေရး မရွိတာေၾကာင့္ ေဟာင္ေကာင္ရဲ့ ျပည္တြင္းေရးမွာ ဝင္ ေရာက္ စြက္ဖက္ေနတာကို ရပ္ဆိုင္းဖို႔ တ႐ုတ္နိုင္ငံက အေမရိကန္နိုင္ငံကို တိုက္တြန္းပါတယ္လို႔ တ႐ုတ္ နိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Hua Chunying က သတင္းစာ ရွင္းလင္းပြဲကေန တုန္႔ျပန္ေျပာၾကားပါတယ္။

အေမရိကန္တို႔က တ႐ုတ္လိုလားတဲ့ ေဟာင္ေကာင္ အုပ္ခ်ဳပ္ေရးမႉး Carrie Lam ကိုလည္း ဒဏ္ခတ္အေရးယူထားခဲ့ၿပီးျဖစ္ပါတယ္။ ဒဏ္ခတ္ပိတ္ဆို႔မႈကိုအေရးမႀကီးသေယာင္ ေျပာေနခ်ိန္မွာပဲ Carrie Lam က ဘဏ္အေကာင့္ဆက္မထားနိုင္ေတာ့တာေၾကာင့္ေငြသား ကိုင္တြယ္ သုံးစြဲေနရတယ္လို႔ ဝန္ခံ ေျပာၾကားထားပါတယ္။

ေဒၚလာေငြ လႊဲေျပာင္းေပးပို႔မႈကိစၥေတြမွာ ဩဇာႀကီးမားတဲ့ အေမရိကန္ ဘ႑ာေရးဝန္ႀကီးဌာနရဲ့ ဖိအားေၾကာင့္ Carrie Lam အေနနဲ႔ ဘဏ္ ေငြစာရင္း ဆက္လက္ ဖြင့္မထားနိုင္တာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ဟောင်ကောင်ကိစ္စ တရုတ်ထိပ်တန်းအရာရှိ ၁၄ ဦးကို အမေရိကန် ဒဏ်ခတ်

(Unicode)

ဟောင်ကောင်ကို တရုတ်နိုင်ငံက ဖိနှိပ်ချုပ်ချယ်တဲ့အထဲ ပါဝင်ခဲ့သူ တရုတ် အစိုးရအဆင့်မြင့် အရာရှိ ၁၄ဦးကို အမေရိကန်ပြည်ထောင်စု က တနင်္လာနေ့က ဒဏ်ခတ် ပိတ်ဆို့လိုက်ပါတယ်။

ဟောင်ကောင် အမျိုးသား လုံခြုံရေး ဥပဒေသစ်ကို အတည်ပြုရာမှာ ရှေ့တန်းက ပါဝင်ခဲ့သူ တရုတ် ပြည်သူ့ အမျိုးသား ကွန်ဂရက် အမြဲတမ်းကော်မတီက ဒုတိယဥက္ကဌ ၁၄ ဦးကို အမေရိကန်အစိုးရက နိုင်ငံထဲဝင်ရောက်ခွင့်ပိတ်ပင်လိုက်သလို အမေရိကန်နိုင်ငံထဲက သူတို့ရဲ့ ပိုင်ဆိုင်မှု တွေကိုပိတ်ဆို့လိုက်တာပါ။

အာမခံပေးထားခဲ့တဲ့ ဟောင်ကောင်ရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ထိခိုက်အောင်လုပ်ခဲ့တဲ့ တရုတ်နိုင်ငံ အနေနဲ့ တာဝန်ခံမှုတွေ ရှိလာဖို့ အမေရိကန်နိုင်ငံက မဟာမိတ်နိုင်ငံတွေနဲ့ ဆက်ပြီး လက်တွဲ အလုပ်လုပ်သွားမယ်ဆိုတာ ဒီ ဒဏ်ခတ်ပိတ်ဆိုမှုကနေ ပြသ လိုက်တာ ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

တရုတ်အစိုးရကတော့ ဟောင်ကောင်အရေးဟာ တရုတ်ရဲ့ပြည်တွင်းရေးလို့ ပြောပါတယ်။

ဟောင်ကောင်က တရုတ်နိုင်ငံရဲ့ ဟောင်ကောင် ဖြစ်လို့ ဟောင်ကောင်အရေးဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေး သက်သက်သာ ဖြစ်ပါတယ်။ ဘယ်နိုင်ငံခြားတိုင်းပြည်ကမှ ဝင်ရောက်စွက်ဖို့ အခွင့်အရေး မရှိတာကြောင့် ဟောင်ကောင်ရဲ့ ပြည်တွင်းရေးမှာ ဝင် ရောက် စွက်ဖက်နေတာကို ရပ်ဆိုင်းဖို့ တရုတ်နိုင်ငံက အမေရိကန်နိုင်ငံကို တိုက်တွန်းပါတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Hua Chunying က သတင်းစာ ရှင်းလင်းပွဲကနေ တုန့်ပြန်ပြောကြားပါတယ်။

အမေရိကန်တို့က တရုတ်လိုလားတဲ့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး Carrie Lam ကိုလည်း ဒဏ်ခတ်အရေးယူထားခဲ့ပြီးဖြစ်ပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုကိုအရေးမကြီးသယောင် ပြောနေချိန်မှာပဲ Carrie Lam က ဘဏ်အကောင့်ဆက်မထားနိုင်တော့တာကြောင့်ငွေသား ကိုင်တွယ် သုံးစွဲနေရတယ်လို့ ဝန်ခံ ပြောကြားထားပါတယ်။

ဒေါ်လာငွေ လွှဲပြောင်းပေးပို့မှုကိစ္စတွေမှာ ဩဇာကြီးမားတဲ့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဖိအားကြောင့် Carrie Lam အနေနဲ့ ဘဏ် ငွေစာရင်း ဆက်လက် ဖွင့်မထားနိုင်တာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG