သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကူးစက္ေရာဂါ ထိန္းခ်ဳပ္စနစ္ ေခတ္မီေရး တ႐ုတ္အကူအညီ ျမန္မာရယူမည္


ကူးစက္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးဌာန (CDC) အတြက္ ႏိုင္ငံတကာအဆင့္မီ သုေတသနဌာန အေဆာက္အဦ တည္ေဆာက္မယ့္ေနရာ သတ္မွတ္တဲ့ အခမ္းအနားမွာ အမွာစကားေျပာၾကားေနတဲ့ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီး Chen Hai. (ဇန္နဝါရီ ၁၀၊ ၂၀၂၁။ ဓာတ္ပုံ - MOHS)

(Zawgyi / Unicode)

COIVD-19 ကူးစက္မႈွုႏႈန္း ျမင့္မားေနတဲ့ ျမန္မာႏိုင္ငံမွာ အစိုးရရဲ႕ ကူးစက္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးဌာန (CDC) အတြက္ ႏိုင္ငံတကာအဆင့္မီ သုေတသနဌာနကို တ႐ုတ္ႏိုင္ငံရဲ႕ ကူညီေထာက္ပံ့မႈအျပည့္နဲ႔ စတင္တည္ေဆာက္ေတာ့မွာ ျဖစ္ပါတယ္။

ဇန္နဝါရီလ ၁၀ ရက္ တနဂၤေႏြေန႔က ေနျပည္ေတာ္မွာ သုေတသနဌာန အေဆာက္အဦ တည္ေဆာက္မယ့္ေနရာ အခမ္းအနားဖြင့္ပြဲကို တက္ေရာက္လာတဲ့ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီး Chen Hai က တ႐ုတ္ႏိုင္ငံက ကူညီေထာက္ပံ့ရတဲ့ အေၾကာင္းအရင္းေတြကို ေျပာၾကားရာမွာ တ႐ုတ္သမၼတ Xi Jinping ခ်မွတ္ထားတဲ့ “Belt and Road” ပိုးလမ္းမ စီမံကိန္းမွာ ျပည္သူလူထု က်န္းမာေရးကို ေစာင့္ေရွာက္ေပးတဲ့ က်န္းမာေရးလမ္းေၾကာင္းလည္း ပါဝင္ၿပီး တ႐ုတ္အစိုးရအေနနဲ႔ ျမန္မာႏိုင္ငံရဲ႕ က်န္းမာေရးက႑နဲ႔ ပူးေပါင္းေဆာင္ရြက္မႈကို မ်ားစြာ အေလးထားတယ္ဆိုတာ ျပသလိုတဲ့အတြက္ ျဖစ္တယ္လို႔ ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

ဒီအေဆာက္အဦေနရာ သတ္မွတ္တဲ့ အခမ္းအနားကို ဒီကေန႔ တနလၤာေန႔မွာ ျမန္မာႏိုင္ငံကို ေရာက္ရွိလာမယ့္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi ခရီးစဥ္မတိုင္ခင္ က်င္းပခဲ့တာျဖစ္ၿပီး က်န္းမာေရးနဲ႔ အားကစားဝန္ႀကီး ေဒါက္တာ ျမင့္ေထြး ကိုယ္တိုင္ တက္ေရာက္ အမွာစကားေျပာၾကားခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ကူးစက္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးဌာနအတြက္ သုေတသနလုပ္ငန္းေတြ ႏုိင္ငံတကာအဆင့္မီ ေဆာင္ရြက္ႏုိင္ေရး ၂၀၁၇ ခုႏွစ္ သမၼတ ဦးထင္ေက်ာ္ လက္ထက္ကတည္းက တ႐ုတ္ႏိုင္ငံရဲ႕ ပံ့ပိုးကူညီမယ့္အပိုင္းကို မူအားျဖင့္ သေဘာတူခဲ့ၿပီး ၂၀၁၈ ခုႏွစ္ ဇြန္လမွာ စီမံကိန္းအတြက္ ကူညီေပးေရးဆိုင္ရာ စာခၽြန္လႊာကို လက္မွတ္ေရးထိုးႏိုင္ခဲ့ၿပီးေနာက္ အခုလို အေကာင္အထည္ေဖာ္ႏိုင္ခဲ့တာ ျဖစ္တယ္လို႔ ေဒါက္တာျမင့္ေထြးက ေျပာၾကားခဲ့ပါတယ္။

လက္ရွိျမန္မာႏိုင္ငံမွာ တနဂၤေႏြေန႔ထိ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္သူစုစုေပါင္း ၁၃၀,၆၀၄ ေယာက္၊ ေသဆုံးသူစုစုေပါင္း ၂,၈၄၆ ေယာက္ရွိၿပီ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့မတ္လကေန အခုထိ ဓာတ္ခြဲနမူနာေပါင္း ၁.၉ သန္းေက်ာ္ စစ္ေဆးၿပီးခဲ့ၿပီျဖစ္ၿပီး မေန႔က စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္းက ၁၇,၃၄၃ ခု ရွိပါတယ္။ အတည္ျပဳလူနာေတြထဲ ျပန္ၿပီးက်န္းမာလာသူေပါင္းက ၁၁၄,၀၄၉ ေယာက္ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ကူးစက်ရောဂါ ထိန်းချုပ်စနစ် ခေတ်မီရေး တရုတ်အကူအညီ မြန်မာရယူမည်

COIVD-19 ကူးစက်မှုှုနှုန်း မြင့်မားနေတဲ့ မြန်မာနိုင်ငံမှာ အစိုးရရဲ့ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန (CDC) အတွက် နိုင်ငံတကာအဆင့်မီ သုတေသနဌာနကို တရုတ်နိုင်ငံရဲ့ ကူညီထောက်ပံ့မှုအပြည့်နဲ့ စတင်တည်ဆောက်တော့မှာ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၀ ရက် တနင်္ဂနွေနေ့က နေပြည်တော်မှာ သုတေသနဌာန အဆောက်အဦ တည်ဆောက်မယ့်နေရာ အခမ်းအနားဖွင့်ပွဲကို တက်ရောက်လာတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Chen Hai က တရုတ်နိုင်ငံက ကူညီထောက်ပံ့ရတဲ့ အကြောင်းအရင်းတွေကို ပြောကြားရာမှာ တရုတ်သမ္မတ Xi Jinping ချမှတ်ထားတဲ့ “Belt and Road” ပိုးလမ်းမ စီမံကိန်းမှာ ပြည်သူလူထု ကျန်းမာရေးကို စောင့်ရှောက်ပေးတဲ့ ကျန်းမာရေးလမ်းကြောင်းလည်း ပါဝင်ပြီး တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍနဲ့ ပူးပေါင်းဆောင်ရွက်မှုကို များစွာ အလေးထားတယ်ဆိုတာ ပြသလိုတဲ့အတွက် ဖြစ်တယ်လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဒီအဆောက်အဦနေရာ သတ်မှတ်တဲ့ အခမ်းအနားကို ဒီကနေ့ တနင်္လာနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာမယ့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ခရီးစဉ်မတိုင်ခင် ကျင်းပခဲ့တာဖြစ်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာ မြင့်ထွေး ကိုယ်တိုင် တက်ရောက် အမှာစကားပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနအတွက် သုတေသနလုပ်ငန်းတွေ နိုင်ငံတကာအဆင့်မီ ဆောင်ရွက်နိုင်ရေး ၂၀၁၇ ခုနှစ် သမ္မတ ဦးထင်ကျော် လက်ထက်ကတည်းက တရုတ်နိုင်ငံရဲ့ ပံ့ပိုးကူညီမယ့်အပိုင်းကို မူအားဖြင့် သဘောတူခဲ့ပြီး ၂၀၁၈ ခုနှစ် ဇွန်လမှာ စီမံကိန်းအတွက် ကူညီပေးရေးဆိုင်ရာ စာချွန်လွှာကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးနောက် အခုလို အကောင်အထည်ဖော်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ တနင်္ဂနွေနေ့ထိ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူစုစုပေါင်း ၁၃၀,၆၀၄ ယောက်၊ သေဆုံးသူစုစုပေါင်း ၂,၈၄၆ ယောက်ရှိပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့မတ်လကနေ အခုထိ ဓာတ်ခွဲနမူနာပေါင်း ၁.၉ သန်းကျော် စစ်ဆေးပြီးခဲ့ပြီဖြစ်ပြီး မနေ့က စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်းက ၁၇,၃၄၃ ခု ရှိပါတယ်။ အတည်ပြုလူနာတွေထဲ ပြန်ပြီးကျန်းမာလာသူပေါင်းက ၁၁၄,၀၄၉ ယောက်ရှိပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG