သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာကိုဗစ္ ဓာတ္ခဲြအတည္ျပဳ စုစုေပါင္း ၁၃၀,၆၀၄ ဦး၊ ေသဆံုး ၂,၈၄၆ ဦး


COVID-19 ေရာဂါကုသေရးဌာန (သုဝဏၰ) အထူးၾကပ္မတ္ကုသေဆာင္မွာ ေရာဂါျပင္းထန္စြာ ခံစားရေနသူတဦးကို ကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ဒီဇင္ဘာ ၃၁၊ ၂၀၂၀။ ဓာတ္ပုံ - MOHS)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ ဒီကေန႔ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္သူ ၅၅၅ ေယာက္ ထပ္ၿပီး အတည္ျပဳလိုက္တဲ့အတြက္ အခုထိ ကူးစက္သူစုစုေပါင္း ၁၃၀,၆၀၄ ေယာက္ ရွိၿပီျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေၾကာင့္ ေသဆုံးသူက ၂၀ ဦးရွိတာေၾကာင့္ အခုထိ ေသဆုံးသူစုစုေပါင္း ၂,၈၄၆ ေယာက္ရွိၿပီျဖစ္ပါတယ္။ ဒီကေန႔ ေသဆုံးသူေတြထဲ ေရာဂါအခံရွိသူ ၁၇ ေယာက္ ပါဝင္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့မတ္လကေန အခုထိ ဓာတ္ခြဲနမူနာေပါင္း ၁.၉ သန္းေက်ာ္ စစ္ေဆးၿပီးခဲ့ၿပီျဖစ္ၿပီး ဒီကေန႔အတြက္ စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္းက ၁၇,၃၄၃ ခု ရွိပါတယ္။ အတည္ျပဳလူနာေတြထဲ ျပန္ၿပီးက်န္းမာလာသူက ၁၁၄,၀၄၉ ေယာက္ရွိပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၂၃ ရက္ေန႔ကေန ဇန္နဝါရီလ ၉ ရက္ေန႔အထိ သီတင္းပတ္ေတြအတြင္း ရန္ကုန္တိုင္းအတြင္း COVID-19 ကူးစက္သူ ၈၄,၇၀၀ ေက်ာ္နဲ႔ ကူးစက္မႈႏႈန္း အမ်ားဆုံးျဖစ္ၿပီး မႏၲေလးတိုင္းက ၁၄,၉၀၀ ေက်ာ္နဲ႔ ကူးစက္မႈႏႈန္း ဒုတိယအမ်ားဆုံး ျဖစ္ပါတယ္။

ေရာဂါကူးစက္မႈႏႈန္း က်ဆင္းလာဖို႔ ျပည္သူတဦးခ်င္းအေနနဲ႔ ခ်မွတ္ထားတဲ့ စည္းကမ္းေတြကို လိုက္နာၾကဖို႔အျပင္ ကပ္ေရာဂါထိန္းခ်ဳပ္ေရး ေဆာင္ရြက္ေနတဲ့ ပါးစပ္နဲ႔ ႏွာေခါင္းစည္း မျဖစ္မေနတပ္ဆင္ေရး (Mask and Face Shield Campaign) မွာလည္း တက္တက္ႂကြႂကြ ပူးေပါင္းပါဝင္ၾကဖို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက တိုက္တြန္းႏႈိးေဆာ္ထားပါတယ္။

--------------------------

(Unicode)

မြန်မာကိုဗစ် ဓာတ်ခွဲအတည်ပြု စုစုပေါင်း ၁၃၀,၆၀၄ ဦး၊ သေဆုံး ၂,၈၄၆ ဦး

မြန်မာနိုင်ငံမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ ၅၅၅ ယောက် ထပ်ပြီး အတည်ပြုလိုက်တဲ့အတွက် အခုထိ ကူးစက်သူစုစုပေါင်း ၁၃၀,၆၀၄ ယောက် ရှိပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ကြောင့် သေဆုံးသူက ၂၀ ဦးရှိတာကြောင့် အခုထိ သေဆုံးသူစုစုပေါင်း ၂,၈၄၆ ယောက်ရှိပြီဖြစ်ပါတယ်။ ဒီကနေ့ သေဆုံးသူတွေထဲ ရောဂါအခံရှိသူ ၁၇ ယောက် ပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့မတ်လကနေ အခုထိ ဓာတ်ခွဲနမူနာပေါင်း ၁.၉ သန်းကျော် စစ်ဆေးပြီးခဲ့ပြီဖြစ်ပြီး ဒီကနေ့အတွက် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်းက ၁၇,၃၄၃ ခု ရှိပါတယ်။ အတည်ပြုလူနာတွေထဲ ပြန်ပြီးကျန်းမာလာသူက ၁၁၄,၀၄၉ ယောက်ရှိပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ကနေ ဇန်နဝါရီလ ၉ ရက်နေ့အထိ သီတင်းပတ်တွေအတွင်း ရန်ကုန်တိုင်းအတွင်း COVID-19 ကူးစက်သူ ၈၄,၇၀၀ ကျော်နဲ့ ကူးစက်မှုနှုန်း အများဆုံးဖြစ်ပြီး မန္တလေးတိုင်းက ၁၄,၉၀၀ ကျော်နဲ့ ကူးစက်မှုနှုန်း ဒုတိယအများဆုံး ဖြစ်ပါတယ်။

ရောဂါကူးစက်မှုနှုန်း ကျဆင်းလာဖို့ ပြည်သူတဦးချင်းအနေနဲ့ ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာကြဖို့အပြင် ကပ်ရောဂါထိန်းချုပ်ရေး ဆောင်ရွက်နေတဲ့ ပါးစပ်နဲ့ နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး (Mask and Face Shield Campaign) မှာလည်း တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG