(Zawgyi/Unicode)
COVID-19 ကပ္ေရာဂါ ေၾကာင့္ ထိခိုက္ခဲ့တဲ့ ျမန္မာ႔ ခရီးသြားလုပ္ငန္းတိုးျမႇင့္ေရး အတြက္ ေရာဂါကာကြယ္ေရး သတ္မွတ္ခ်က္ေတြနဲ႔အတူ မဟာဗ်ဴဟာခ်မွတ္ေဆာင္႐ြက္ေနေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့ပါတယ္။
ေသာၾကာေန႔က ျပဳလုပ္တဲ့ အမ်ိဳးသားခရီးသြားလုပ္ငန္း ဖြံၿဖိဳးတိုးတက္ေရး ဗဟိုေကာ္မတီအစည္းအေဝးကို ေပးပို႔တဲ့ ဗြီဒီယိုမိန႔္ခြန္းမွာ ခရီးသြားက႑ ျပန္လည္ထူေထာင္ေရး အစီအစဥ္ကို ေဒၚေအာင္ဆန္းစုၾကည္က အခုလိုေျပာသြားပါတယ္။
”ကမၻာ့ခရီးသြားလုပ္ငန္းအဖဲြ႔ခ်ဳပ္၊ ကမၻာ့ခရီးသြားလုပ္ငန္းေကာင္စီတို႔ရဲ႕ အႀကံျပဳခ်က္ေတြနဲ႔အတူ ဟိုတယ္နဲ႔ ခရီးသြားလာေရး၀န္ႀကီးဌာနက လုပ္ငန္းအသင္းအဖဲြ႔ေတြနဲ႔ ပူးေပါင္းၿပီး ခရီးသြားက႑ ျပန္လည္ထူေထာင္ေရး မဟာဗ်ဴဟာ လမ္းျပေျမပံုကို ေရးဆဲြခဲ့ပါတယ္။ ကာလတို၊ ကာလလတ္၊ ကာလရွည္ မဟာဗ်ူဟာ ရည္မွန္းခ်က္ေတြ ပါ၀င္ေရးဆဲြထားတဲ့ ဒီလမ္းျပေျမပံုကို COVID-19 ကာလ ျမန္မာ့စီးပြားေရးလုပ္ငန္း ျပန္လည္ ကုစားေရးအစီအစဥ္နဲ႔ ခ်ိတ္ဆက္ ေဆာင္ရြက္သြားရမွာျဖစ္ပါတယ္။ ျပန္လည္ရွင္သန္ေရးလုပ္ငန္းစဥ္မွာ အၾကီးဆံုး ကိစၥကေတာ့ ခရီးသြားေတြနဲ႔ ၀န္ေဆာင္မႈေပးတဲ့လုပ္ငန္းေတြ ေဘးကင္းလံုၿခံဳေရးပဲ ျဖစ္ပါတယ္။”
ဒါအျပင္ COVID-19 သက္ေရာက္မႈကို ကုစားမယ့္ ျမန္မာ့စီးပြားေရး နာလန္ထူေရးနဲ႔ ျပဳျပင္ေျပာင္းလဲေရး စီမံကိန္းတခုလံုး အေသးစိတ္ကိုေတာ့ NLD အစိုးရက မၾကာခင္ထုတ္ျပန္သြားဖို႔ရွိတယ္လို႔လည္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့ပါတယ္။
ဒီအေတာအတြင္းမွာပဲ ျမန္မာႏိုင္ငံမွာ ကိုဗစ္ေရာဂါကာကြယ္ေဆးကို ေဖေဖာ္ဝါရီလထဲမွာ စတင္ထိုးေပးႏိုင္ဖို႔ ေမ ွ်ာ္မွန္းထားတယ္လို႔ သမၼတ႐ုံး ၫႊန္ၾကားေရးမႉးက ေသာၾကာေန႔ သတင္းစာရွင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။
ႏိုင္ငံတြင္း COVID-19 အတည္ျပဳလူနာအေရအတြက္ဟာ ၾကာသာပေတးေန႔က အနည္းငယ္ျပန္မ်ားလာၿပီး ေသာၾကာေန႔ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ အတည္ျပဳလူနာ စုစုေပါင္းက ၁၂၉,၄၈၃ ေယာက္၊ ေသဆုံးလူနာက ၂,၈၁၂ ေယာက္၊ ေဆး႐ုံက ဆင္းခြင့္ရသူ စုစုေပါင္းက ၁၁၂,၈၇၆ ေယာက္ျဖစ္ၿပီး စမ္းသပ္စစ္ေဆးခဲ့တဲ့ ဓါတ္ခြဲနမူနာ စုစုေပါင္းက ၁,၉၆၀,၇၈၅ ေယာက္ရွိပါတယ္။
.............
မြန်မာ့စီးပွားပြန်လည်ဦးမော့ရေး ခရီးသွားလုပ်ငန်းကို ကိုဗစ်သတ်မှတ်ချက်နဲ့အညီ တိုးမြှင့်မည်
(Unicode)
COVID-19 ကပ်ရောဂါ ကြောင့် ထိခိုက်ခဲ့တဲ့ မြန်မာ့ ခရီးသွားလုပ်ငန်းတိုးမြှင့်ရေး အတွက် ရောဂါကာကွယ်ရေး သတ်မှတ်ချက်တွေနဲ့အတူ မဟာဗျူဟာချမှတ်ဆောင်ရွက်နေကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
သောကြာနေ့က ပြုလုပ်တဲ့ အမျိုးသားခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးကို ပေးပို့တဲ့ ဗွီဒီယိုမိန့်ခွန်းမှာ ခရီးသွားကဏ္ဍ ပြန်လည်ထူထောင်ရေး အစီအစဉ်ကို ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောသွားပါတယ်။
”ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီတို့ရဲ့ အကြံပြုချက်တွေနဲ့အတူ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက လုပ်ငန်းအသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ခရီးသွားကဏ္ဍ ပြန်လည်ထူထောင်ရေး မဟာဗျူဟာ လမ်းပြမြေပုံကို ရေးဆွဲခဲ့ပါတယ်။ ကာလတို၊ ကာလလတ်၊ ကာလရှည် မဟာဗျူဟာ ရည်မှန်းချက်တွေ ပါဝင်ရေးဆွဲထားတဲ့ ဒီလမ်းပြမြေပုံကို COVID-19 ကာလ မြန်မာ့စီးပွားရေးလုပ်ငန်း ပြန်လည် ကုစားရေးအစီအစဉ်နဲ့ ချိတ်ဆက် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ပြန်လည်ရှင်သန်ရေးလုပ်ငန်းစဉ်မှာ အကြီးဆုံး ကိစ္စကတော့ ခရီးသွားတွေနဲ့ ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေ ဘေးကင်းလုံခြုံရေးပဲ ဖြစ်ပါတယ်။”
ဒါအပြင် COVID-19 သက်ရောက်မှုကို ကုစားမယ့် မြန်မာ့စီးပွားရေး နာလန်ထူရေးနဲ့ ပြုပြင်ပြောင်းလဲရေး စီမံကိန်းတခုလုံး အသေးစိတ်ကိုတော့ NLD အစိုးရက မကြာခင်ထုတ်ပြန်သွားဖို့ရှိတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
ဒီအတောအတွင်းမှာပဲ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကာကွယ်ဆေးကို ဖေဖော်ဝါရီလထဲမှာ စတင်ထိုးပေးနိုင်ဖို့ မေ ျှာ်မှန်းထားတယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူးက သောကြာနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
နိုင်ငံတွင်း COVID-19 အတည်ပြုလူနာအရေအတွက်ဟာ ကြာသာပတေးနေ့က အနည်းငယ်ပြန်များလာပြီး သောကြာနေ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အတည်ပြုလူနာ စုစုပေါင်းက ၁၂၉,၄၈၃ ယောက်၊ သေဆုံးလူနာက ၂,၈၁၂ ယောက်၊ ဆေးရုံက ဆင်းခွင့်ရသူ စုစုပေါင်းက ၁၁၂,၈၇၆ ယောက်ဖြစ်ပြီး စမ်းသပ်စစ်ဆေးခဲ့တဲ့ ဓါတ်ခွဲနမူနာ စုစုပေါင်းက ၁,၉၆၀,၇၈၅ ယောက်ရှိပါတယ်။