သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Covid ကူးစက္မႈ ဟန္႔တားေရး ရန္ကုန္တိုင္း လူထုလႈပ္ရွားမႈ


Covid ကူးစက္မႈ ဟန္႔တားေရး ရန္ကုန္တိုင္း လူထုလႈပ္ရွားမႈ (Phyo Min Thein Facebook)

{{Zawgyi//Unicode}}

ကိုဗစ္ဒဏ္အခံရဆံုး ရန္ကုန္မွာ ဆက္လက္ကာကြယ္ႏိွမ္နင္းႏိုင္ေရး၊ Stop Covid 19 Campaign အဝါေရာင္လႈပ္ရွားမူႀကီးကို၊ တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ဦးေဆာင္ကာ၊ မေန႔က စတင္ဖြင့္လွစ္လိုက္ၿပီး၊ ထင္ရွားတဲ့ အႏုပညာရွင္ေတြလည္း ပါဝင္ခဲ့ၾကပါတယ္။

ရန္ကုန္မွာ ကိုဗစ္ပိုးစစ္ေဆးေတြ႔ရွိမူ အရင္ေထာင္ဂဏန္းကေန၊ အခု ရာဂဏန္းအဆင့္အျဖစ္၊ တေန႔က ၄၀၀ ေအာက္အထိပါက်ဆင္းလာခ်ိန္မွာ၊ ပိုက်သြားဖို႔၊ ခုလို ကိုဗစ္ရပ္တန္႔ေရးလူထုလႈပ္ရွားမူႀကီး ေနရာအႏွ႔ံလုပ္ဖို႔ စတင္လိုက္တာပါလို႔၊ တိုင္းက်န္းမာေရးဦးစီးမွဴးက ဆိုပါတယ္။

တိုင္းက်န္းမာေရးဦးစီးမွဴး ေဒါက္တာထြန္းျမင့္က၊ အဓိက ကိုဗစ္စည္းကမ္းႀကီး (၃) ခ်က္ျဖစ္တဲ့ (၁) Mask ပါးစပ္နဲ႔ႏွာေခါင္းစည္းတပ္ပါ၊(၂) လက္ေဆးပါ၊ (၃) ခပ္ခြာခြာေနပါ ဆိုတာကိုပဲ၊ ျပည္သူအားလံုးက အသိေပး၊ သတိေပးလိုက္နာတဲ့၊ ပံုမွန္ဘဝသစ္အျပဳအမူေတြေျပာင္းသြားဖို႔ လႈံေဆာ္တာပါလို႔၊ VOA ကို ေျပာပါတယ္။

ဒီလံႈ႔ေဆာ္မူအဝါေရာင္ဆိုင္းဘုတ္ႀကီးကို ရန္ကုန္ၿမိဳေတာ္ခန္းမေရွမွာ၊ ဒီစည္းကမ္းခ်က္ (၃) ခ်က္ပါ အဝါေရာင္ T-Shart ေတြဝတ္ထားသူမ်ားစြာနဲ႔ ဖြင့္လွစ္လိုက္တာအျပင္၊ ဒီ T-Shirt ေတြကိုထပ္ျဖန္႔ၿပီး၊ စည္းကမ္း (၃) ခ်က္ပါ အဝါေရာင္ဆိုင္းဘုတ္နဲ႔စာတန္းေတြကိုလည္း၊ ထင္သာျမင္သာတဲ့လမ္းမ၊ လမ္းဆံု၊ ဓာတ္တိုင္၊ ေစ်း၊ ဘတ္စကား၊ ရထား စတာေတြမွာ အႏွံ႔ကိုကပ္သြားမယ္လို႔ ေဒါက္တာထြန္းျမင့္က ဆက္ေျပာပါတယ္။

ခုလိုအခ်ိန္မွာ ျမန္မာတႏိုင္ငံလံုးCOVID ပိုးေတြ႔သူသစ္ (၇၅၈) ေယာက္ထပ္တိုးၿပီး စုစုေပါင္းပိုးေတြ႔သူ (၁၂၀ ၅၀၀) ေက်ာ္လာကာ ၊ေသဆုံးသူ (၂၀) ထပ္တိုးတာေၾကာင့္ စုစုေပါင္းေသဆံုးသူကလည္း (၂၅၅၂) ေယာက္ရွိသြားၿပီလို႔၊က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနကမေန႔ညက ထုတ္ျပန္ပါတယ္။

ဒီ မေန႔ ည ၈ နာရီထုတ္ျပန္ခ်က္အရ၊ စုစုေပါင္း(၁၉,၅၄၃) ဦးကိုစစ္ေဆးရာကေန၊ ခုလို (၃.၈၈%) သာပိုးေတြ႔ၿပီး၊ေဆး႐ုံဆင္းခြင့္ရရွိသူ (၁,၀၁၃) ေယာက္ရွိတာေၾကာင့္ စုစုေပါင္းျပန္ေကာင္းလာသူ(၁၀၀ ၉၀၀) ေက်ာ္အျဖစ္ (၈၃%) ေက်ာ္လာကာ၊ဓာတ္ခြဲစစ္ေဆးမူစုစုေပါင္းကလည္း(၁,၇၀၀,၀၀၀) ေက်ာ္လာခ်ိန္မွာ၊ ေသဆံုးမူကေတာ့ (၂.၁၂ %) ရွိေနပါေသးတယ္။

....................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ကိုဗစ်ဒဏ်အခံရဆုံး ရန်ကုန်မှာ ဆက်လက်ကာကွယ်နှိမ်နင်းနိုင်ရေး၊ Stop Covid 19 Campaign အဝါရောင်လှုပ်ရှားမူကြီးကို၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဆောင်ကာ၊ မနေ့က စတင်ဖွင့်လှစ်လိုက်ပြီး၊ ထင်ရှားတဲ့ အနုပညာရှင်တွေလည်း ပါဝင်ခဲ့ကြပါတယ်။

ရန်ကုန်မှာ ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိမူ အရင်ထောင်ဂဏန်းကနေ၊ အခု ရာဂဏန်းအဆင့်အဖြစ်၊ တနေ့က ၄၀၀ အောက်အထိပါကျဆင်းလာချိန်မှာ၊ ပိုကျသွားဖို့၊ ခုလို ကိုဗစ်ရပ်တန့်ရေးလူထုလှုပ်ရှားမူကြီး နေရာအနှံ့လုပ်ဖို့ စတင်လိုက်တာပါလို့၊ တိုင်းကျန်းမာရေးဦးစီးမှူးက ဆိုပါတယ်။

တိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမြင့်က၊ အဓိက ကိုဗစ်စည်းကမ်းကြီး (၃) ချက်ဖြစ်တဲ့ (၁) Mask ပါးစပ်နဲ့နှာခေါင်းစည်းတပ်ပါ၊(၂) လက်ဆေးပါ၊ (၃) ခပ်ခွာခွာနေပါ ဆိုတာကိုပဲ၊ ပြည်သူအားလုံးက အသိပေး၊ သတိပေးလိုက်နာတဲ့၊ ပုံမှန်ဘဝသစ်အပြုအမူတွေပြောင်းသွားဖို့ လှုံဆော်တာပါလို့၊ VOA ကို ပြောပါတယ်။

ဒီလှုံ့ဆော်မူအဝါရောင်ဆိုင်းဘုတ်ကြီးကို ရန်ကုန်မြိုတော်ခန်းမရှေမှာ၊ ဒီစည်းကမ်းချက် (၃) ချက်ပါ အဝါရောင် T-Shart တွေဝတ်ထားသူများစွာနဲ့ ဖွင့်လှစ်လိုက်တာအပြင်၊ ဒီ T-Shirt တွေကိုထပ်ဖြန့်ပြီး၊ စည်းကမ်း (၃) ချက်ပါ အဝါရောင်ဆိုင်းဘုတ်နဲ့စာတန်းတွေကိုလည်း၊ ထင်သာမြင်သာတဲ့လမ်းမ၊ လမ်းဆုံ၊ ဓာတ်တိုင်၊ ဈေး၊ ဘတ်စကား၊ ရထား စတာတွေမှာ အနှံ့ကိုကပ်သွားမယ်လို့ ဒေါက်တာထွန်းမြင့်က ဆက်ပြောပါတယ်။

ခုလိုအချိန်မှာ မြန်မာတနိုင်ငံလုံးCOVID ပိုးတွေ့သူသစ် (၇၅၈) ယောက်ထပ်တိုးပြီး စုစုပေါင်းပိုးတွေ့သူ (၁၂၀ ၅၀၀) ကျော်လာကာ ၊သေဆုံးသူ (၂၀) ထပ်တိုးတာကြောင့် စုစုပေါင်းသေဆုံးသူကလည်း (၂၅၅၂) ယောက်ရှိသွားပြီလို့၊ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကမနေ့ညက ထုတ်ပြန်ပါတယ်။

ဒီ မနေ့ ည ၈ နာရီထုတ်ပြန်ချက်အရ၊ စုစုပေါင်း(၁၉,၅၄၃) ဦးကိုစစ်ဆေးရာကနေ၊ ခုလို(၃.၈၈%) သာပိုးတွေ့ပြီး၊ဆေးရုံဆင်းခွင့်ရရှိသူ (၁,၀၁၃) ယောက်ရှိတာကြောင့် စုစုပေါင်းပြန်ကောင်းလာသူ (၁၀၀ ၉၀၀) ကျော်အဖြစ် (၈၃%) ကျော်လာကာ၊ဓာတ်ခွဲစစ်ဆေးမူစုစုပေါင်းကလည်း(၁,၇၀၀,၀၀၀) ကျော်လာချိန်မှာ၊ သေဆုံးမူကတော့ (၂.၁၂ %) ရှိနေပါသေးတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG