သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလ ျမန္မာခရစၥမတ္စ္ပြဲ အြန္လိုင္းမွာ ဆင္ႏႊဲၾက


[Zawgyi/Unicode]

ကုိဗစ္ကပ္ေရာဂါကာလ ျမန္မာႏုိင္ငံမွာ ဒီႏွစ္ခရစၥမတ္ပဲြေတာ္ကုိ စည္စည္ကားကား မက်င္းပႏုိင္ေပမဲ့ အစဥ္အလာမပ်က္ေအာင္ အင္တာနက္ အြန္လိုင္းကေန ဆင္ႏႊဲေနၾကတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက တင္ျပေပးပါမယ္။

ဒီဇင္ဘာလ ၂၅ ရက္ေန႔ေရာက္တုိင္း က်င္းပေလ့ရွိတဲ့ ခရစၥမတ္ပြဲေတာ္ကုိေတာ့ ခရစ္ယာန္ဘာသာဝင္ေတြသာမက တျခားဘာသာ၀င္ေတြပါ ေပ်ာ္ေပ်ာ္ပါးပါး ဆင္ႏႊဲေလ့ ရွိၾကပါတယ္။ ဒါေပမဲ့လည္း ဒီႏွစ္မွာေတာ့ ကုိဗစ္ကပ္ေရာဂါေၾကာင့္ လူစုလူေ၀းေရွာင္ဖုိ႔ လုိတာေၾကာင့္ ခရစၥမတ္ အခါသမယကုိ အမ်ားစုကေတာ့ အိမ္မွာေနရင္း ျဖတ္သန္းေနၾကတာပါ။

ဒီႏွစ္ပဲြေတာ္ အခမ္းအနားေတြကုိေတာ့ အင္တာနက္ အြန္လိုင္းကေန ေျပာင္းလဲစီစဥ္ထားတယ္လုိ႔လည္း ရန္ကုန္ၿမိဳ႕က ကခ်င္ႏွစ္ျခင္းအသင္းေတာ္ရဲ႕ အမႈေတာ္ေဆာင္ ဆရာလဟန္ေဒးဗစ္ဂ်ဳံးေခါင္က ဗြီအိုေအကိုေျပာပါတယ္။

"New Normal Style ေပါ့၊ Virtual ကို ပိုၿပီးဦးစားေပးၿပီးေတာ့ က်ေနာ္တို႔ ဒီခရစၥမတ္ကိုက်င္းပသြားမွာျဖစ္ပါတယ္။ ခါတိုင္းဆို ခရစၥမတ္အစားအေသာက္ကို အတူတကြ ဝိုင္းဖြဲ႕ၿပီးေတာ့ က်ေနာ္တို႔စားေသာက္တယ္။ ဒါေပမဲ့ ဒီႏွစ္က်ေတာ့ ခရစၥမတ္အစားအေသာက္ကို ဝိုင္းဖြဲ႕စားတာမရွိေတာ့ဘူး။ ဒါေပမဲ့လည္း အခု ကိုဗစ္ျဖစ္ေနတဲ့ကာလအတြင္းမွာ ဖ်ားနာေနတဲ့ ညီအစ္ကို၊ ေမာင္ႏွမေတြနဲ႔ ေရွ႕တန္းမွာ မားမားမတ္မတ္ရပ္ၿပီး ေပးဆပ္ေနၾကတဲ့ ကိုဗစ္သူရဲေကာင္းေတြကို က်ေနာ္တို႔ ခရစၥမတ္ အစားအေသာက္စားရမယ့္ဟာေလးေတြကို သူတို႔အတြက္ အားျဖစ္ပါေလ့ေစဆိုၿပီးေတာ့မွ စိတ္ထဲမွာ မွတ္ရႈၿပီး အဲဒါေလးကိုေက်းဇူးေတာ္ခ်ီးမြမ္းရင္း သူတို႔ဆီသြားၿပီး ေပးလႉဒါန္းရတဲ့ အခြင့္ကိုလည္း က်ေနာ္တို႔ရတယ္။ ဒါေတြကလည္း ဘုရားသခင္ေက်းဇူးေတာ္ပါပဲ။ ခရစၥမတ္ကာလမွာအားလုံး ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာၿပီး၊ ဤအနာေရာဂါဘယမွကင္းေဝးၿပီးမွ အရာရာေအာင္ျမင္ႀကီးပြားၾကပါေစ၊ စိတ္ခ်မ္းသာစရာေကာင္းခ်ီးနဲ႔ ျပည့္ဝၾကပါေစ။"

မေကြးတိုင္း၊ ေရနံေခ်ာင္းၿမိဳ႕နယ္က ခရစ္ယာန္ဘာသာ၀င္ ေစာယြားေဟသား ကေတာ့ သူတို႔ၿမိဳ႕မွာ က်န္းမာေရး စည္းကမ္းေတြအတိုင္း ဒီေန႔မနက္ ဆုေတာင္းပြဲေလး လုပ္ခဲ့ေၾကာင္း ဗြီအိုေအကို ေျပာပါတယ္။ ကပ္ေရာဂါကာလ ခရစၥမတ္ကို ပုံမွန္အတိုင္းလုပ္ခြင့္မရေပမဲ့ ရတဲ့နည္းနဲ႔ ပါဝင္ခြင့္ရလို႔ ဝမ္းသာေၾကာင္းလည္း သူကေျပာပါတယ္။

“ဒီခရစၥမတ္ေန႔ကေတာ့ က်ေနာ္တို႔ မနက္ ၉ နာရီ ဘုရားရွိခိုးတာေတြ လုပ္တယ္။ ဘုရားရွိခိုးၿပီးေတာ့ ဒံေပါက္ေတြ၊ အားလုံးကိုလည္း ေခၚလို႔မရဘူးေလ လူေတြမ်ားသြားမွာစိုးလို႔၊ အဲဒီေတာ့ က်ေနာ္တို႔က ဒံေပါက္ကို ဘူးေလးေတြနဲ႔ တအိမ္ေထာင္ကို တဘူးစီနဲ႔ အိမ္ေထာင္စု ၂၀၀ ေလာက္ကို လိုက္ေဝတယ္ ဒီမွာေတာ့။ တခ်ိဳ႕ ဘုရားေက်ာင္းေတြ က်ေတာ့လည္း အဲလိုမ်ိဳး မလုပ္ေတာ့ဘဲနဲ႔ ရတဲ့အလႉေငြ အားလုံးကို စုၿပီးေတာ့ COVID စင္တာေတြကို လိုက္လႉလိုက္တဲ့ ဘုရားေက်ာင္းေတြလည္းရွိတယ္။”

ရန္ကုန္မွာရွိတဲ့ သူ႔ရဲ႕ အသင္းေတာ္မွာလည္း ခရစၥမတ္လက္ေဆာင္ေတြ လဲဖို႔အတြက္ တေယာက္စီလာပို႔တဲ့ ပစၥည္းေတြကို ဆရာေတာ္က အားလုံးရဲ႕ကိုယ္စား အြန္လိုင္းကေန မဲျပန္ေဖာက္ၿပီး အိမ္အေရာက္လိုက္ေဝေပးတဲ့ အစီအစဥ္ေတြ လုပ္ခဲ့ေၾကာင္းလည္း သူကေျပာပါတယ္။

ကမာၻနဲ႔တဝန္း ကပ္ေရာဂါရင္ဆိုင္ေနရခ်ိန္ တဦးနဲ႔ တဦး ခပ္ခြာခြာေနရမယ္ဆိုတဲ့ ကပ္ေရာဂါကာကြယ္ေရးမွာ အဓိကက်တဲ့အခ်က္ကို မလြန္ဆန္ႏိုင္ေပမဲ့လည္း စိတ္ခ်င္းကပ္ ကိုယ္ခ်င္းခြာႏိုင္တဲ့နည္းလမ္းေတြနဲ႔ ပြဲေတာ္ကို ဆင္ႏႊဲေနၾကတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကာလ မြန်မာခရစ္စမတ်စ်ပွဲ အွန်လိုင်းမှာ ဆင်နွှဲကြ

ကိုဗစ်ကပ်ရောဂါကာလ မြန်မာနိုင်ငံမှာ ဒီနှစ်ခရစ္စမတ်ပွဲတော်ကို စည်စည်ကားကား မကျင်းပနိုင်ပေမဲ့ အစဉ်အလာမပျက်အောင် အင်တာနက် အွန်လိုင်းကနေ ဆင်နွှဲနေကြတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ပြပေးပါမယ်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ရောက်တိုင်း ကျင်းပလေ့ရှိတဲ့ ခရစ္စမတ်ပွဲတော်ကိုတော့ ခရစ်ယာန်ဘာသာဝင်တွေသာမက တခြားဘာသာဝင်တွေပါ ပျော်ပျော်ပါးပါး ဆင်နွှဲလေ့ ရှိကြပါတယ်။ ဒါပေမဲ့လည်း ဒီနှစ်မှာတော့ ကိုဗစ်ကပ်ရောဂါကြောင့် လူစုလူဝေးရှောင်ဖို့ လိုတာကြောင့် ခရစ္စမတ် အခါသမယကို အများစုကတော့ အိမ်မှာနေရင်း ဖြတ်သန်းနေကြတာပါ။

ဒီနှစ်ပွဲတော် အခမ်းအနားတွေကိုတော့ အင်တာနက် အွန်လိုင်းကနေ ပြောင်းလဲစီစဉ်ထားတယ်လို့လည်း ရန်ကုန်မြို့က ကချင်နှစ်ခြင်းအသင်းတော်ရဲ့ အမှုတော်ဆောင် ဆရာလဟန်ဒေးဗစ်ဂျုံးခေါင်က ဗွီအိုအေကိုပြောပါတယ်။

"New Normal Style ပေါ့၊ Virtual ကို ပိုပြီးဦးစားပေးပြီးတော့ ကျနော်တို့ ဒီခရစ္စမတ်ကိုကျင်းပသွားမှာဖြစ်ပါတယ်။ ခါတိုင်းဆို ခရစ္စမတ်အစားအသောက်ကို အတူတကွ ဝိုင်းဖွဲ့ပြီးတော့ ကျနော်တို့စားသောက်တယ်။ ဒါပေမဲ့ ဒီနှစ်ကျတော့ ခရစ္စမတ်အစားအသောက်ကို ဝိုင်းဖွဲ့စားတာမရှိတော့ဘူး။ ဒါပေမဲ့လည်း အခု ကိုဗစ်ဖြစ်နေတဲ့ကာလအတွင်းမှာ ဖျားနာနေတဲ့ ညီအစ်ကို၊ မောင်နှမတွေနဲ့ ရှေ့တန်းမှာ မားမားမတ်မတ်ရပ်ပြီး ပေးဆပ်နေကြတဲ့ ကိုဗစ်သူရဲကောင်းတွေကို ကျနော်တို့ ခရစ္စမတ် အစားအသောက်စားရမယ့်ဟာလေးတွေကို သူတို့အတွက် အားဖြစ်ပါလေ့စေဆိုပြီးတော့မှ စိတ်ထဲမှာ မှတ်ရှုပြီး အဲဒါလေးကိုကျေးဇူးတော်ချီးမွမ်းရင်း သူတို့ဆီသွားပြီး ပေးလှူဒါန်းရတဲ့ အခွင့်ကိုလည်း ကျနော်တို့ရတယ်။ ဒါတွေကလည်း ဘုရားသခင်ကျေးဇူးတော်ပါပဲ။ ခရစ္စမတ်ကာလမှာအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး၊ ဤအနာရောဂါဘယမှကင်းဝေးပြီးမှ အရာရာအောင်မြင်ကြီးပွားကြပါစေ၊ စိတ်ချမ်းသာစရာကောင်းချီးနဲ့ ပြည့်ဝကြပါစေ။"

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်က ခရစ်ယာန်ဘာသာဝင် စောယွားဟေသား ကတော့ သူတို့မြို့မှာ ကျန်းမာရေး စည်းကမ်းတွေအတိုင်း ဒီနေ့မနက် ဆုတောင်းပွဲလေး လုပ်ခဲ့ကြောင်း ဗွီအိုအေကို ပြောပါတယ်။ ကပ်ရောဂါကာလ ခရစ္စမတ်ကို ပုံမှန်အတိုင်းလုပ်ခွင့်မရပေမဲ့ ရတဲ့နည်းနဲ့ ပါဝင်ခွင့်ရလို့ ဝမ်းသာကြောင်းလည်း သူကပြောပါတယ်။

“ဒီခရစ္စမတ်နေ့ကတော့ ကျနော်တို့ မနက် ၉ နာရီ ဘုရားရှိခိုးတာတွေ လုပ်တယ်။ ဘုရားရှိခိုးပြီးတော့ ဒံပေါက်တွေ၊ အားလုံးကိုလည်း ခေါ်လို့မရဘူးလေ လူတွေများသွားမှာစိုးလို့၊ အဲဒီတော့ ကျနော်တို့က ဒံပေါက်ကို ဘူးလေးတွေနဲ့ တအိမ်ထောင်ကို တဘူးစီနဲ့ အိမ်ထောင်စု ၂၀၀ လောက်ကို လိုက်ဝေတယ် ဒီမှာတော့။ တချို့ ဘုရားကျောင်းတွေ ကျတော့လည်း အဲလိုမျိုး မလုပ်တော့ဘဲနဲ့ ရတဲ့အလှူငွေ အားလုံးကို စုပြီးတော့ COVID စင်တာတွေကို လိုက်လှူလိုက်တဲ့ ဘုရားကျောင်းတွေလည်းရှိတယ်။”

ရန်ကုန်မှာရှိတဲ့ သူ့ရဲ့ အသင်းတော်မှာလည်း ခရစ္စမတ်လက်ဆောင်တွေ လဲဖို့အတွက် တယောက်စီလာပို့တဲ့ ပစ္စည်းတွေကို ဆရာတော်က အားလုံးရဲ့ကိုယ်စား အွန်လိုင်းကနေ မဲပြန်ဖောက်ပြီး အိမ်အရောက်လိုက်ဝေပေးတဲ့ အစီအစဉ်တွေ လုပ်ခဲ့ကြောင်းလည်း သူကပြောပါတယ်။

ကမ္ဘာနဲ့တဝန်း ကပ်ရောဂါရင်ဆိုင်နေရချိန် တဦးနဲ့ တဦး ခပ်ခွာခွာနေရမယ်ဆိုတဲ့ ကပ်ရောဂါကာကွယ်ရေးမှာ အဓိကကျတဲ့အချက်ကို မလွန်ဆန်နိုင်ပေမဲ့လည်း စိတ်ချင်းကပ် ကိုယ်ချင်းခွာနိုင်တဲ့နည်းလမ်းတွေနဲ့ ပွဲတော်ကို ဆင်နွှဲနေကြတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG