သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

WHO စံုစမ္းေရးအဖဲြ႔ ဝူဟန္ ပင္လယ္စာေစ်း သြားေရာက္


WHO စုံစမ္းေရးအဖြဲ႔ သြားေရာက္စစ္ေဆးမယ့္ ဝူဟန္ၿမိဳ႕က ပင္လယ္စာေဈးမွာ ပုိးသတ္ေဆးဖ်န္းေနသူအခ်ဳိ႕။

(Zawgyi / Unicode)

တ႐ုတ္ႏုိင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ စတင္ျဖစ္ပြါးမႈ မူလအေၾကာင္းရင္းကို စုံစမ္းစစ္ေဆးဖို႔ ေရာက္ေနတဲ့ ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) ကိုယ္စားလွယ္အဖြဲ႔ဟာ ဒီကေန႔မွာ ဝူဟန္ၿမိဳ႕ သားငါးေစ်းတခုကို သြားေရာက္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ဒီဇင္ဘာလတုန္းက စၿပီး ကူးစက္ပ်ံ႕ႏွံ႔ခဲ့တဲ့ ဒီဗိုင္းရပ္စ္ပိုးက ဝူဟန္ၿမိဳ႕ Huanan ပင္လယ္စာေစ်းနဲ႔ ဆက္စပ္ေနတာပါ။ အေစာပိုင္း ေရာဂါကူးစက္သူေတြကို ကုသေပးခဲ့တဲ့ ေဆး႐ုံေတြထဲက အနည္းဆုံး ေဆး႐ုံ ၁ ႐ုံကိုလည္း WHO ကိုယ္စားလွယ္အဖြဲ႔ သြားေရာက္ခဲ့ၿပီး ျဖစ္ပါတယ္။

ဒီဗိုင္းရပ္စ္က ဘယ္မွာ အစျပဳခဲ့တယ္၊ ဘယ္တိရစာၦန္ကေန စၿပီး ကူးစက္တယ္ဆိုတာနဲ႔ လူေတြကို ဘယ္လိုကူးစက္ခဲ့သလဲ စတာေတြကို သိပၸံပညာရွင္ေတြက သိခ်င္ၾကတာပါ။ ဒီအခ်က္ေတြကို အေျဖထုတ္ႏုိင္ဖို႔က ႏွစ္နဲ႔ခ်ီၿပီး ၾကာႏိုင္ပါတယ္။

အခုဆိုရင္ တကမာၻလုံး COVID-19 ကူးစက္သူ ၁၀၂ သန္းနဲ႔ ေသဆုံးသူ ၂.၂ သန္း ရွိပါတယ္။ ကူးစက္မႈႏႈန္း ဆက္ၿပီး ျမင့္တက္ေနတာေၾကာင့္ တခ်ိဳ႕ႏုိင္ငံေတြမွာ အသြားအလာ ကန္႔သတ္မႈေတြကို ျပန္ၿပီး ခ်မွတ္လာၾကပါတယ္။

ဥေရာပသမဂၢအဖြဲ႔ဝင္မဟုတ္တဲ့ ႏိုင္ငံေတြကို ခရီးသြားလာတာနဲ႔ အဲဒီႏိုင္ငံေတြကေန လာေရာက္သူေတြကို ျပင္သစ္က တားျမစ္လိုက္ပါတယ္။

အခုခ်မွတ္လိုက္တဲ့ စည္းကမ္းခ်က္အသစ္အရ ဥေရာပသမဂၢအဖြဲ႔ဝင္ ႏိုင္ငံေတြက ခရီးသြားေတြ အေနနဲ႔လည္း ဒီကေန႔ တနဂၤေႏြေန႔ကစၿပီး ျပင္သစ္ကို မလာေရာက္ခင္မွာ ကို႐ိုနာဗိုင္းရပ္စ္ ကင္းစင္ေၾကာင္း အေထာက္အထားျပရမွာ ျဖစ္ပါတယ္။ ဂ်ာမနီကေတာ့ ဥေရာပနဲ႔ အာဖရိကတိုက္ႏိုင္ငံ အေတာ္မ်ားမ်ားက ခရီးသြားေတြကို ကန္႔သတ္ထားပါတယ္။

အေမရိကန္မွာလည္း ကို႐ိုနာဗိုင္းရပ္စ္ မ်ိဳးကြဲအသစ္ ကူးစက္ထားသူ Michigan တကၠသိုလ္က ေက်ာင္းသား ၁၄ ေယာက္ကို သီးျခားခြဲ ေစာင့္ၾကည့္ထားပါတယ္။ သူတို႔ထဲက ေက်ာင္းသားတေယာက္ ၿဗိတိန္ကို အလည္အပတ္ သြားေရာက္ခဲ့ၿပီးတဲ့ေနာက္ ဒီမ်ိဳးဗီဇကြဲဗိုင္းရပ္စ္ ကူးစက္လာတာ ျဖစ္ပါတယ္။

အေမရိကန္မွာ အခုထိ ကာကြယ္ေဆး သန္း ၅၀ ျဖန္႔ျဖဴးၿပီးျဖစ္သလို သန္း ၃၀ ထိုးႏွံေပးၿပီးၿပီလို႔ ကူးစက္ေရာဂါ ထိန္းခ်ဳပ္ကာကြယ္ေရးဌာန (CDC) က စေနေန႔က ေျပာပါတယ္။

လက္ရွိ အေမရိကန္မွာ Moderna နဲ႔ Pfizer-BioNTech ကာကြယ္ေဆးေတြကို ျဖန္႔ျဖဴးေပးေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

WHO စုံစမ်းရေးအဖွဲ့ ဝူဟန် ပင်လယ်စာဈေး သွားရောက်

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွါးမှု မူလအကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ ရောက်နေတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့မှာ ဝူဟန်မြို့ သားငါးဈေးတခုကို သွားရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာလတုန်းက စပြီး ကူးစက်ပျံ့နှံ့ခဲ့တဲ့ ဒီဗိုင်းရပ်စ်ပိုးက ဝူဟန်မြို့ Huanan ပင်လယ်စာဈေးနဲ့ ဆက်စပ်နေတာပါ။ အစောပိုင်း ရောဂါကူးစက်သူတွေကို ကုသပေးခဲ့တဲ့ ဆေးရုံတွေထဲက အနည်းဆုံး ဆေးရုံ ၁ ရုံကိုလည်း WHO ကိုယ်စားလှယ်အဖွဲ့ သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီဗိုင်းရပ်စ်က ဘယ်မှာ အစပြုခဲ့တယ်၊ ဘယ်တိရစ္ဆာန်ကနေ စပြီး ကူးစက်တယ်ဆိုတာနဲ့ လူတွေကို ဘယ်လိုကူးစက်ခဲ့သလဲ စတာတွေကို သိပ္ပံပညာရှင်တွေက သိချင်ကြတာပါ။ ဒီအချက်တွေကို အဖြေထုတ်နိုင်ဖို့က နှစ်နဲ့ချီပြီး ကြာနိုင်ပါတယ်။

အခုဆိုရင် တကမ္ဘာလုံး COVID-19 ကူးစက်သူ ၁၀၂ သန်းနဲ့ သေဆုံးသူ ၂.၂ သန်း ရှိပါတယ်။ ကူးစက်မှုနှုန်း ဆက်ပြီး မြင့်တက်နေတာကြောင့် တချို့နိုင်ငံတွေမှာ အသွားအလာ ကန့်သတ်မှုတွေကို ပြန်ပြီး ချမှတ်လာကြပါတယ်။

ဥရောပသမဂ္ဂအဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေကို ခရီးသွားလာတာနဲ့ အဲဒီနိုင်ငံတွေကနေ လာရောက်သူတွေကို ပြင်သစ်က တားမြစ်လိုက်ပါတယ်။

အခုချမှတ်လိုက်တဲ့ စည်းကမ်းချက်အသစ်အရ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက ခရီးသွားတွေ အနေနဲ့လည်း ဒီကနေ့ တနင်္ဂနွေနေ့ကစပြီး ပြင်သစ်ကို မလာရောက်ခင်မှာ ကိုရိုနာဗိုင်းရပ်စ် ကင်းစင်ကြောင်း အထောက်အထားပြရမှာ ဖြစ်ပါတယ်။ ဂျာမနီကတော့ ဥရောပနဲ့ အာဖရိကတိုက်နိုင်ငံ အတော်များများက ခရီးသွားတွေကို ကန့်သတ်ထားပါတယ်။

အမေရိကန်မှာလည်း ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲအသစ် ကူးစက်ထားသူ Michigan တက္ကသိုလ်က ကျောင်းသား ၁၄ ယောက်ကို သီးခြားခွဲ စောင့်ကြည့်ထားပါတယ်။ သူတို့ထဲက ကျောင်းသားတယောက် ဗြိတိန်ကို အလည်အပတ် သွားရောက်ခဲ့ပြီးတဲ့နောက် ဒီမျိုးဗီဇကွဲဗိုင်းရပ်စ် ကူးစက်လာတာ ဖြစ်ပါတယ်။

အမေရိကန်မှာ အခုထိ ကာကွယ်ဆေး သန်း ၅၀ ဖြန့်ဖြူးပြီးဖြစ်သလို သန်း ၃၀ ထိုးနှံပေးပြီးပြီလို့ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဌာန (CDC) က စနေနေ့က ပြောပါတယ်။

လက်ရှိ အမေရိကန်မှာ Moderna နဲ့ Pfizer-BioNTech ကာကွယ်ဆေးတွေကို ဖြန့်ဖြူးပေးနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG