သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဝူဟန္ေရာက္ WHO စုံစမ္းေရးအဖြဲ႔ ကုိဗစ္လူနာေတြ ပထမဆုံး ကုသေပးခဲ့တဲ့ ေဆး႐ုံသြား


ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ စတင္ျဖစ္ပြားတဲ့ ဇာစ္ျမစ္ကို စုံစမ္းစစ္ေဆးေနတဲ့ ဝူဟန္ေရာက္ WHO ကိုယ္စားလွယ္အဖြဲ႔။ (ဇန္နဝါရီ ၃၀၊ ၂၀၂၁)

(Zawgyi / Unicode)

တ႐ုတ္ႏုိင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ စတင္ျဖစ္ပြားတဲ့ ဇာစ္ျမစ္ကို စုံစမ္းစစ္ေဆးေနတဲ့ ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) ကိုယ္စားလွယ္အဖြဲ႔က COVID-19 လူနာေတြကို ပထမဆုံး ကုသေပးခဲ့တဲ့ ဝူဟန္ၿမိဳ႕က ေဆး႐ုံေနာက္တ႐ုံကို စေနေန႔က သြားေရာက္ခဲ့ပါတယ္။

WHO ကိုယ္စားလွယ္အဖြဲ႔ သြားေရာက္ခဲ့တဲ့ Wuhan Jinyintan ေဆး႐ုံက အဲဒီအခ်ိန္က ဘာမွန္းမသိေသးတဲ့ ဗိုင္းရပ္စ္ဒဏ္ ခံစားခဲ့ရတဲ့ လူနာေတြကို ဦးဦးဖ်ားဖ်ား ရင္ဆိုင္ကုသေပးခဲ့တဲ့ ေဆး႐ုံတခုျဖစ္သလို COVID-19 ေရာဂါ ပ်ံ႕ႏွံ႔မႈ ရာဇဝင္မွာ အေရးပါတဲ့ ေနရာတခုလည္း ျဖစ္ပါတယ္။ အဲဒီေဆး႐ုံကို သြားေရာက္ခြင့္ရတဲ့ေန႔ဟာ WHO ကိုယ္စားလွယ္အဖြဲ႔ရဲ႕ တေန႔တာအျပည့္ အလုပ္လုပ္ႏိုင္ခြင့္ရတဲ့ ဒုတိယေျမာက္ေန႔လည္း ျဖစ္ပါတယ္။

“ေဆး႐ုံကေနၾကားရတဲ့ စကားေတြက က်ေနာ္တုိ႔ဆီက အသည္းအသန္ လူနာေတြကို ကုသေပးတဲ့ ဆရာဝန္ေတြ ေျပာတဲ့ စကားေတြနဲ႔ သိပ္ကြာျခားမႈ မရွိဘူး” လို႔ ေဆး႐ုံကေန ျပန္လာအၿပီး ဒတ္ခ်္လူမ်ိဳး ဗိုင္းရပ္စ္ေရာဂါပိုးဆိုင္ရာ ကၽြမ္းက်င္ပညာရွင္ Marion Koopmans က တြစ္တာမွာ ေရးပါတယ္။

WHO ကိုယ္စားလွယ္အဖြဲ႔ တ႐ုတ္ သိပၸံပညာရွင္ေတြနဲ႔ အခုလို ပထမဆုံးအႀကိမ္ မ်က္ႏွာခ်င္းဆိုင္ ေတြ႔ဆုံခြင့္ကို ေသာၾကာေန႔မွာ ပထမဆုံး စတင္ရရွိခဲ့တာပါ။

WHO ကိုယ္စားလွယ္အဖြဲ႔အေနနဲ႔ ဝူဟန္ၿမိဳ႕တြင္းက ေဆး႐ုံေတြကို သြားေရာက္မွာျဖစ္သလို ပထမဆုံး ေရာဂါျဖစ္ပြားမႈေတြနဲ႔ ဆက္စပ္ေနတဲ့ Huanan ပင္လယ္စာေဈးလို ေနရာေတြကို သြားေရာက္မွာျဖစ္တယ္လို႔လည္း ေၾကညာထားပါတယ္။

ေရာဂါပိုးရဲ႕ ဇာစ္ျမစ္ကို သိရွိနားလည္ႏိုင္ေရး သိပၸံဆိုင္ရာ ေတြ႔ရွိခ်က္ေတြအေပၚ အေျခခံတဲ့ ယူဆခ်က္ေတြ ေတာ္ေတာ္မ်ားမ်ား ရရွိထားၿပီး ျဖစ္ေၾကာင္းလည္း WHO က တြစ္တာမွာ ေရးသားထားပါတယ္။

ဒါေပမယ့္ ေရာဂါ စတင္ျဖစ္ပြားရာ ေနရာကို တႀကိမ္သြားေရာက္ စစ္ေဆး႐ုံနဲ႔ ေရာဂါ​ဇာစ္ျမစ္ကို အတည္ျပဳ ေျပာၾကားႏိုင္ဖြယ္ မရွိဘူးလို႔လည္း AFP သတင္းက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ဝူဟန်ရောက် WHO စုံစမ်းရေးအဖွဲ့ ကိုဗစ်လူနာတွေ ပထမဆုံး ကုသပေးခဲ့တဲ့ ဆေးရုံသွား

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စတင်ဖြစ်ပွားတဲ့ ဇာစ်မြစ်ကို စုံစမ်းစစ်ဆေးနေတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကိုယ်စားလှယ်အဖွဲ့က COVID-19 လူနာတွေကို ပထမဆုံး ကုသပေးခဲ့တဲ့ ဝူဟန်မြို့က ဆေးရုံနောက်တရုံကို စနေနေ့က သွားရောက်ခဲ့ပါတယ်။

WHO ကိုယ်စားလှယ်အဖွဲ့ သွားရောက်ခဲ့တဲ့ Wuhan Jinyintan ဆေးရုံက အဲဒီအချိန်က ဘာမှန်းမသိသေးတဲ့ ဗိုင်းရပ်စ်ဒဏ် ခံစားခဲ့ရတဲ့ လူနာတွေကို ဦးဦးဖျားဖျား ရင်ဆိုင်ကုသပေးခဲ့တဲ့ ဆေးရုံတခုဖြစ်သလို COVID-19 ရောဂါ ပျံ့နှံ့မှု ရာဇဝင်မှာ အရေးပါတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။ အဲဒီဆေးရုံကို သွားရောက်ခွင့်ရတဲ့နေ့ဟာ WHO ကိုယ်စားလှယ်အဖွဲ့ရဲ့ တနေ့တာအပြည့် အလုပ်လုပ်နိုင်ခွင့်ရတဲ့ ဒုတိယမြောက်နေ့လည်း ဖြစ်ပါတယ်။

“ဆေးရုံကနေကြားရတဲ့ စကားတွေက ကျနော်တို့ဆီက အသည်းအသန် လူနာတွေကို ကုသပေးတဲ့ ဆရာဝန်တွေ ပြောတဲ့ စကားတွေနဲ့ သိပ်ကွာခြားမှု မရှိဘူး” လို့ ဆေးရုံကနေ ပြန်လာအပြီး ဒတ်ချ်လူမျိုး ဗိုင်းရပ်စ်ရောဂါပိုးဆိုင်ရာ ကျွမ်းကျင်ပညာရှင် Marion Koopmans က တွစ်တာမှာ ရေးပါတယ်။

WHO ကိုယ်စားလှယ်အဖွဲ့ တရုတ် သိပ္ပံပညာရှင်တွေနဲ့ အခုလို ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံခွင့်ကို သောကြာနေ့မှာ ပထမဆုံး စတင်ရရှိခဲ့တာပါ။

WHO ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ဝူဟန်မြို့တွင်းက ဆေးရုံတွေကို သွားရောက်မှာဖြစ်သလို ပထမဆုံး ရောဂါဖြစ်ပွားမှုတွေနဲ့ ဆက်စပ်နေတဲ့ Huanan ပင်လယ်စာဈေးလို နေရာတွေကို သွားရောက်မှာဖြစ်တယ်လို့လည်း ကြေညာထားပါတယ်။

ရောဂါပိုးရဲ့ ဇာစ်မြစ်ကို သိရှိနားလည်နိုင်ရေး သိပ္ပံဆိုင်ရာ တွေ့ရှိချက်တွေအပေါ် အခြေခံတဲ့ ယူဆချက်တွေ တော်တော်များများ ရရှိထားပြီး ဖြစ်ကြောင်းလည်း WHO က တွစ်တာမှာ ရေးသားထားပါတယ်။

ဒါပေမယ့် ရောဂါ စတင်ဖြစ်ပွားရာ နေရာကို တကြိမ်သွားရောက် စစ်ဆေးရုံနဲ့ ရောဂါဇာစ်မြစ်ကို အတည်ပြု ပြောကြားနိုင်ဖွယ် မရှိဘူးလို့လည်း AFP သတင်းက ပြောပါတယ်။

XS
SM
MD
LG