သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆးျဖန္႔ျဖဴးမႈ အမွားအယြင္း EU ဥကၠဌ ၀န္ခံ


ဥေရာပေကာ္မရွင္ ဥကၠ႒ Ursula Von der Leyen

(Zawgyi/Unicode)

ဥေရာပအေနနဲ ့ COVID-19 ကာကြယ္ေဆးေတြကို အတည္ျပဳေပးရာမွာေရာ ထိုးႏွံေပးရာမွာပါ ေနာက္က်ခဲ့တယ္လို ့ဥေရာပေကာ္မရွင္ ဥကၠ႒ Ursula Von der Leyen က ဗုဒၶဟူးေန ့မွာ ေျပာဆိုပါတယ္။ သူတို ့အေနနဲ ့ကာကြယ္ေဆးေတြကို အခ်ိန္မီ ထိုးနွံေပးနိုင္မယ္လို ့ အထင္ၾကီးခဲ့တယ္လို ့ဆိုပါတယ္။

Von der Leyen က ဥေရာပ ပါလီမန္ထဲမွာ ေကာ္မရွင္ရဲ႕ ဆံုးျဖတ္ခ်က္ကို ကာကြယ္ေျပာဆိုရမွာေတာ့ EU အုပ္ခ်ဳပ္ေရးပိုင္းက အဖြဲ ့၀င္ ၂၇ နိုင္ငံကို ကာကြယ္ေဆး တၿပိဳင္နက္ထဲ ထိုးမယ္လို ့ဆံုးျဖတ္ထားၿပီး နိုင္ငံႀကီးေတြက ကိုယ့္သေဘာနဲ ့ကိုယ္လုပ္သြားတာဟာ က်မတို ့လူ ့အဖြဲ ့အစည္းကို အဆံုးသတ္ေစတယ္လို ့ဆိုပါတယ္။

ဥေရာပ ေဆး၀ါးနဲ ့လုပ္ထံုးလုပ္နည္းဆိုင္ရာ ေအဂ်င္စီေတြဆီက ေထာက္ခံခ်က္ရဖို ့ေနာက္ထပ္ သံုးေလးပတ္ေလာက္ ေစာင့္ေနခ်ိန္မွာ ဒီကိစၥဟာ အသက္ေဘးလံုျခံဳေရးျဖစ္တာေၾကာင့္ အဆင့္ေက်ာ္ၿပီးလုပ္တာမ်ိဳးမဟုတ္ဘူးလို ့လည္း သူမ က ကာကြယ္ေျပာဆိုသြားပါတယ္။

EU အေနနဲ ့ ကာကြယ္ေဆးသစ္ေတြထုတ္လုပ္ဖို ့အဓိကအာရံုစိုက္ေနၿပီး ကာကြယ္ေဆး အေျမာက္အျမားကို အလ်င္အျမန္ထုတ္လုပ္ေရး ေလ်ာ့ေပါ့တြက္ဆခဲ့ၾကတယ္လို ့လည္း ေျပာဆိုခဲ့ပါတယ္။

ဥေရာပေကာ္မရွင္နာမင္းႀကီးကလည္း ၿဗိတိသွ်အုပ္စိုးထားတဲ့ ေျမာက္အိုင္ယာလန္ကို ပို ့ကုန္ေတြ တင္းၾကပ္ထားတဲ့ ကိစၥအေပၚ ၀မ္းနည္းမႈကို ျပသခဲ့ၿပီး ဒီလို ေျမာက္အိုင္ယာလန္နဲ ့EU အဖြဲ ့၀င္ျဖစ္တဲ့ အိုင္ယာလန္နိင္ငံအၾကား နယ္စပ္ေတြတင္းၾကပ္ထားတာဟာ ဒီေဒသကို တင္းမာမႈေတြျပန္ၿပီး ျဖစ္လာေစတယ္လို ့ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ကိုဗစ်ကာကွယ်ဆေးဖြန့်ဖြူးမှု အမှားအယွင်း EU ဥက္ကဌ ဝန်ခံ

(Unicode)

ဥရောပအနေနဲ့ COVID-19 ကာကွယ်ဆေးတွေကို အတည်ပြုပေးရာမှာရော ထိုးနှံပေးရာမှာပါ နောက်ကျခဲ့တယ်လို့ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula Von der Leyen က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုပါတယ်။ သူတို့အနေနဲ့ကာကွယ်ဆေးတွေကို အချိန်မီ ထိုးနှံပေးနိုင်မယ်လို့ အထင်ကြီးခဲ့တယ်လို့ဆိုပါတယ်။

Von der Leyen က ဥရောပ ပါလီမန်ထဲမှာ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုရမှာတော့ EU အုပ်ချုပ်ရေးပိုင်းက အဖွဲ့ဝင် ၂၇ နိုင်ငံကို ကာကွယ်ဆေး တပြိုင်နက်ထဲ ထိုးမယ်လို့ဆုံးဖြတ်ထားပြီး နိုင်ငံကြီးတွေက ကိုယ့်သဘောနဲ့ကိုယ်လုပ်သွားတာဟာ ကျမတို့လူ့အဖွဲ့အစည်းကို အဆုံးသတ်စေတယ်လို့ဆိုပါတယ်။

ဥရောပ ဆေးဝါးနဲ့လုပ်ထုံးလုပ်နည်းဆိုင်ရာ အေဂျင်စီတွေဆီက ထောက်ခံချက်ရဖို့နောက်ထပ် သုံးလေးပတ်လောက် စောင့်နေချိန်မှာ ဒီကိစ္စဟာ အသက်ဘေးလုံခြုံရေးဖြစ်တာကြောင့် အဆင့်ကျော်ပြီးလုပ်တာမျိုးမဟုတ်ဘူးလို့လည်း သူမ က ကာကွယ်ပြောဆိုသွားပါတယ်။

EU အနေနဲ့ ကာကွယ်ဆေးသစ်တွေထုတ်လုပ်ဖို့အဓိကအာရုံစိုက်နေပြီး ကာကွယ်ဆေး အမြောက်အမြားကို အလျင်အမြန်ထုတ်လုပ်ရေး လျော့ပေါ့တွက်ဆခဲ့ကြတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ဥရောပကော်မရှင်နာမင်းကြီးကလည်း ဗြိတိသျှအုပ်စိုးထားတဲ့ မြောက်အိုင်ယာလန်ကို ပို့ကုန်တွေ တင်းကြပ်ထားတဲ့ ကိစ္စအပေါ် ဝမ်းနည်းမှုကို ပြသခဲ့ပြီး ဒီလို မြောက်အိုင်ယာလန်နဲ့EU အဖွဲ့ဝင်ဖြစ်တဲ့ အိုင်ယာလန်နိင်ငံအကြား နယ်စပ်တွေတင်းကြပ်ထားတာဟာ ဒီဒေသကို တင်းမာမှုတွေပြန်ပြီး ဖြစ်လာစေတယ်လို့ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG