သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆး မွ်မွ်တတ ျဖန္႔ေ၀ဖို႔ WHO နဲ႔ UNICEF ပန္ၾကား


(Zawgyi/Unicode)

ကမၻာ့က်န္းမာေရးအဖြဲ ့WHO နဲ ့ကုလသမဂၢကေလးမ်ားဆိုင္ရာ ရန္ပံုေငြအဖြဲ ့UNICEF ေခါင္းေဆာင္ပိုင္းေတြက COVID-19 ကာကြယ္ေဆးအေျမာက္အမ်ား ထုတ္လုပ္ၾကဖို ့နဲ ့မ်ွမ်ွတတ ျဖန္ ့ေ၀ၾကဖို ့ေမတၱာရပ္ခံ လိုက္ၾကပါတယ္။

ပူးတြဲထုတ္ျပန္ခ်က္ထဲမွာ WHO အႀကီးအကဲ Dr. Tedros Adhanom Ghebreyesus ကေတာ့ လက္ရွိ ထုတ္လုပ္ျဖန္႔ခ်ီေနတဲ့ ကာကြယ္ေဆး ၁၂၈ သန္းဟာ ကမၻာ့ ျပည္တြင္းထုတ္ကုန္ ၆၀ ရာခိုင္ႏႈန္းကို ထုတ္လုပ္ေနတဲ့ တိုင္းျပည္ ၁၀ ခုရဲ႕ လူဦးေရ သံုးပံုနွစ္ပံုေက်ာ္ေလာက္ကိုပဲ ကာကြယ္ေဆး ရရွိေစတယ္လို ့ေျပာဆိုသြားပါတယ္။ ထို ့အတူ UNICEF အႀကီးအကဲ Henrietta Fore ကလည္း ဒီကေန ့အထိ ကမၻာ့ႏိုင္ငံ ၁၃၀ က လူ ၂.၅ ဘီလ်ံကိုပဲ ပထမအေက်ာ့ ကာကြယ္ေဆး ထိုးႏွံရေသးတယ္လို ့ဆိုပါတယ္။

ဒီလိုပဲ ဆက္ျဖစ္ေနမယ္ဆိုရင္ လူ ့ဘ၀နဲ ့အသက္ေမြး၀မ္းေၾကာင္းမႈေတြဆက္ၿပီး ဆံုးရံႈးမွာျဖစ္ၿပီး ကမၻာ့စီးပြားေရးကို ျပန္လည္ကုစားဖို ့ေႏွးေကြးေနဦးမွာလည္း ျဖစ္တယ္လို ့ပူးတြဲ ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။ အစိုးရေတြဟာ နယ္နိမိတ္ကန္ ့သတ္ခ်က္ေတြကို ေက်ာ္ၿပီး ၾကည့္ျမင္ဖို ့လိုၿပီး ေနာက္ထပ္ဗိုင္းရပ္စ္မ်ိဳးကြဲေတြကို ကန္႔သတ္ဖို ့နဲ ့ကပ္ေဘးကို ရပ္တန္ ့ဖို ့ကာကြယ္ေဆး မဟာဗ်ဴဟာကို ခ်မွတ္က်င့္သံုးဖို ့ တိုက္တြန္းထားပါတယ္။

နိုင္ငံအားလံုးမွာရွိတဲ့ ေရွ ့တန္းမွာ တာ၀န္ထမ္းေဆာင္ေနၾကတဲ့ က်န္းမာေရး လုပ္သားေတြနဲ ့ထိလြယ္ ခိုက္လြယ္တဲ့လူေတြကို ကာကြယ္ေဆးဦးစားေပးထိုးဖို႔ တိုက္တြန္းထားၿပီး ကာကြယ္ေဆး ထုတ္လုပ္သူေတြ ကိုလည္း မ်ွမ်ွတတ ေ၀ေပးေထာက္ပံဖို ့နဲ ့ နည္းပညာေတြ ျဖန္ ့ေ၀ေပးဖို ့တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ကိုဗစ်ကာကွယ်ဆေး မျှမျှတတ ဖြန့်ဝေဖို့ WHO နဲ့ UNICEF ပန်ကြား

(Unicode)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO နဲ့ကုလသမဂ္ဂကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့UNICEF ခေါင်းဆောင်ပိုင်းတွေက COVID-19 ကာကွယ်ဆေးအမြောက်အများ ထုတ်လုပ်ကြဖို့နဲ့မျှမျှတတ ဖြန့်ဝေကြဖို့မေတ္တာရပ်ခံ လိုက်ကြပါတယ်။

ပူးတွဲထုတ်ပြန်ချက်ထဲမှာ WHO အကြီးအကဲ Dr. Tedros Adhanom Ghebreyesus ကတော့ လက်ရှိ ထုတ်လုပ်ဖြန့်ချီနေတဲ့ ကာကွယ်ဆေး ၁၂၈ သန်းဟာ ကမ္ဘာ့ ပြည်တွင်းထုတ်ကုန် ၆၀ ရာခိုင်နှုန်းကို ထုတ်လုပ်နေတဲ့ တိုင်းပြည် ၁၀ ခုရဲ့ လူဦးရေ သုံးပုံနှစ်ပုံကျော်လောက်ကိုပဲ ကာကွယ်ဆေး ရရှိစေတယ်လို့ပြောဆိုသွားပါတယ်။ ထို့အတူ UNICEF အကြီးအကဲ Henrietta Fore ကလည်း ဒီကနေ့အထိ ကမ္ဘာ့နိုင်ငံ ၁၃၀ က လူ ၂.၅ ဘီလျံကိုပဲ ပထမအကျော့ ကာကွယ်ဆေး ထိုးနှံရသေးတယ်လို့ဆိုပါတယ်။

ဒီလိုပဲ ဆက်ဖြစ်နေမယ်ဆိုရင် လူ့ဘဝနဲ့အသက်မွေးဝမ်းကြောင်းမှုတွေဆက်ပြီး ဆုံးရှုံးမှာဖြစ်ပြီး ကမ္ဘာ့စီးပွားရေးကို ပြန်လည်ကုစားဖို့နှေးကွေးနေဦးမှာလည်း ဖြစ်တယ်လို့ပူးတွဲ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ အစိုးရတွေဟာ နယ်နိမိတ်ကန့်သတ်ချက်တွေကို ကျော်ပြီး ကြည့်မြင်ဖို့လိုပြီး နောက်ထပ်ဗိုင်းရပ်စ်မျိုးကွဲတွေကို ကန့်သတ်ဖို့နဲ့ကပ်ဘေးကို ရပ်တန့်ဖို့ကာကွယ်ဆေး မဟာဗျူဟာကို ချမှတ်ကျင့်သုံးဖို့ တိုက်တွန်းထားပါတယ်။

နိုင်ငံအားလုံးမှာရှိတဲ့ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ကျန်းမာရေး လုပ်သားတွေနဲ့ထိလွယ် ခိုက်လွယ်တဲ့လူတွေကို ကာကွယ်ဆေးဦးစားပေးထိုးဖို့ တိုက်တွန်းထားပြီး ကာကွယ်ဆေး ထုတ်လုပ်သူတွေ ကိုလည်း မျှမျှတတ ဝေပေးထောက်ပံဖို့နဲ့ နည်းပညာတွေ ဖြန့်ဝေပေးဖို့တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG