သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ယူဂန္ဒါ လက္နက္ကိုင္အႀကီးအကဲတဦးကို ICC စစ္ရာဇဝတ္မႈနဲ႔ ျပစ္မႈထင္႐ွားစီရင္လိုက္ျခင္း


LRA တပ္မွုးေဟာင္း Dominic Ongwen နိုင္ငံတကာ ရာဇ၀တ္ခံုရံုး ICC မွာ တရားရင္ဆိုင္စဥ္ (ဓာတ္ပံု- REUTERS)

(Zawgyi/Unicode)

ယူဂန္ဒါ ႏိုင္ငံမွာ ကေလးစစ္သားဘဝကေန LRA (Lord's Resistance Army) ဘုရားသခင္ရဲ႕ တိုက္ခိုက္ေရးတပ္ဖြဲ႔ရဲ႕ တပ္မႈး တဦးျဖစ္လာသူ Dominic Ongwen ကို စစ္ရာဇဝတ္မႈေတြ၊ လူသားမ်ိဳးႏြယ္အေပၚက်ဴးလြန္တဲ့ ရာဇဝတ္ျပစ္မႈေတြနဲ႔ ICC ႏိုင္ငံတကာရာဇဝတ္ခံုရံုးက ၾကာသပေတးေန႔မွာ စီရင္ခ်က္ ခ်မွတ္လိုက္ပါတယ္။

အသက္ ၄၅ ႏွစ္ရွိၿပီျဖစ္တဲ့ Ongwen ဟာ ၂၀၀၀ ခုႏွစ္ အေစာပိုင္းမွာ ကေလးငယ္ေတြ သတ္ျဖတ္မႈအပါအဝင္ ႏွိပ္စက္ညွဥ္းပမ္းမႈ၊ သတ္ျဖတ္မႈ၊ မုဒိမ္းမႈ၊ လိင္ကၽြန္ျပဳမႈ အပါအဝင္ အၾကမ္းဖက္မႈေတြနဲ႔ ဆက္ႏြယ္တဲ့ ျပစ္မႈ ၆၁ ခုကို က်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွား ေတြ႔ရွိရတယ္လို႔ တရားသူႀကီး Bertram Schmitt က စီရင္ခ်က္ကို ေၾကညာရာမွာ ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

Ongwen ဟာ LRA အႀကီးတန္းတပ္မႈးတဦး အေနနဲ႔ ဒုကၡသည္ စခန္းကို တိုက္ခိုက္ဖို႔ အမိန္႔ေပးခဲ့တယ္လို႔လည္း တရားရံုးက ေျပာပါတယ္။ COVID 19 ကပ္ေရာဂါအတြက္ ႏွာေခါင္းစည္း ဝတ္ထားတဲ့ Ongwen ဟာ သူ႔အတြက္ အမိန္႔ခ်ေနစဥ္ အခ်ိန္အတြင္း တခါတရံ မ်က္စိမွိတ္ထားတာ ေတြ႔ရပါတယ္။

သူ႔ေရွ႕ေနေတြကေတာ့ Dominic Ongwen ဟာ သူကိုယ္တိုင္လဲ က်ဳးလြန္မႈဒဏ္ေတြကိုခံစားခဲ့ရတဲ့ ကေလးစစ္သားေဟာင္း တေယာက္သာျဖစ္ေၾကာင္း ျပစ္မႈက်ဴးလြန္ခဲ့ခ်ိန္မွာလဲ အတင္းအၾကပ္ ဖိအားေပးခံရမူေတြရွိေနခဲ့တာျဖစ္ေၾကာင္း ေလွ်ာက္လဲၾကပါတယ္။

တရားသူႀကီးေတြကေတာ့ သူဟာ ၂၀၀၂ ခုႏွစ္ကေန ၂၀၀၅ ခုႏွစ္အတြင္း စစ္သား ရာေပါင္းမ်ားစြာကို အုပ္ခ်ဳပ္ေနခ်ိန္မွာ မေရမတြက္ႏိုင္တဲ့ ရာဇဝတ္ျပစ္မႈေတြကို တာဝန္ရွိသူ လူႀကီး တဦးအျဖစ္နဲ႔ သူ႔ဆႏၵအေလွ်ာက္ က်ဴးလြန္ခဲ့တာ ျဖစ္ေၾကာင္း ေျပာဆိုၿပီး ေရွ႕ေနေတြရဲ႕ ေလွ်ာက္လဲခ်က္ကို လက္မခံ ပယ္ခ်ၾကပါတယ္။

Ongwen ရဲ႕ အထက္အရာရွိတဦးျဖစ္တဲ့ LRA ေခါင္းေဆာင္ Joseph Kony ဟာလည္း ၁၅ ႏွစ္ေက်ာ္ တရားရင္မဆုိင္ပဲ ေရွာင္တိမ္းေနတာေၾကာင့္ သူ႔ကို ဖမ္းဆီးၿပီး The Hague ႏိုင္ငံတကာခံုရံုးကို လႊဲေျပာင္း ေပးၾကဖို႔ကိုလည္း ႏုိင္ငံတကာကို တရားရံုးက ပန္ၾကားခဲ့ပါတယ္။

........................................................

တိုက္႐ိုက္ လင့္ခ္


ယူဂန်ဒါ လက်နက်ကိုင်အကြီးအကဲတဦးကို ICC စစ်ရာဇဝတ်မှုနဲ့ ပြစ်မှုထင်ရှားစီရင်လိုက်ခြင်း

(Unicode)

ယူဂန်ဒါ နိုင်ငံမှာ ကလေးစစ်သားဘဝကနေ LRA (Lord's Resistance Army)ဘုရားသခင်ရဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ရဲ့ တပ်မှုး တဦးဖြစ်လာသူ Dominic Ongwen ကိုစစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှုတွေနဲ့ ICCနိုင်ငံတကာရာဇဝတ်ခုံရုံးက ကြာသပတေးနေ့မှာ စီရင်ချက် ချမှတ်လိုက်ပါတယ်။
အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ Ongwen ဟာ ၂၀၀၀ ခုနှစ် အစောပိုင်းမှာ ကလေးငယ်တွေ သတ်ဖြတ်မှုအပါအဝင် နှိပ်စက်ညှဉ်းပမ်းမှု၊ သတ်ဖြတ်မှု၊ မုဒိမ်းမှု၊ လိင်ကျွန်ပြုမှု အပါအဝင် အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်တဲ့ ပြစ်မှု ၆၁ ခုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား တွေ့ရှိရတယ်လို့ တရားသူကြီး Bertram Schmitt က စီရင်ချက်ကို ကြေညာရာမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

Ongwen ဟာ LRA အကြီးတန်းတပ်မှုးတဦး အနေနဲ့ ဒုက္ခသည် စခန်းကို တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့တယ်လို့လည်း တရားရုံးက ပြောပါတယ်။ COVID 19ကပ်ရောဂါအတွက် နှာခေါင်းစည်း ဝတ်ထားတဲ့Ongwen ဟာ သူ့အတွက် အမိန့်ချနေစဉ် အချိန်အတွင်း တခါတရံ မျက်စိမှိတ်ထားတာ တွေ့ရပါတယ်။

သူ့ရှေ့နေတွေကတော့ Dominic Ongwen ဟာ သူကိုယ်တိုင်လဲ ကျုးလွန်မှုဒဏ်တွေကိုခံစားခဲ့ရတဲ့ ကလေးစစ်သားဟောင်း တယောက်သာဖြစ်ကြောင်း ပြစ်မှုကျူးလွန်ခဲ့ချိန်မှာလဲ အတင်းအကြပ် ဖိအားပေးခံရမူတွေရှိနေခဲ့တာဖြစ်ကြောင်း လျှောက်လဲကြပါတယ်။
တရားသူကြီးတွေကတော့ သူဟာ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အတွင်း စစ်သား ရာပေါင်းများစွာကို အုပ်ချုပ်နေချိန်မှာ မရေမတွက်နိုင်တဲ့ ရာဇဝတ်ပြစ်မှုတွေကို တာဝန်ရှိသူ လူကြီး တဦးအဖြစ်နဲ့ သူ့ဆန္ဒအလျှောက် ကျူးလွန်ခဲ့တာ ဖြစ်ကြောင်း ပြောဆိုပြီး ရှေ့နေတွေရဲ့ လျှောက်လဲချက်ကို လက်မခံ ပယ်ချကြပါတယ်။

Ongwen ရဲ့ အထက်အရာရှိတဦးဖြစ်တဲ့ LRA ခေါင်းဆောင် Joseph Kony ဟာလည်း ၁၅ နှစ်ကျော် တရားရင်မဆိုင်ပဲ ရှောင်တိမ်းနေတာကြောင့် သူ့ကို ဖမ်းဆီးပြီး The Hagueနိုင်ငံတကာခုံရုံးကို လွှဲပြောင်း ပေးကြဖို့ကိုလည်း နိုင်ငံတကာကို တရားရုံးက ပန်ကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG