သုံးရလွယ်ကူစေသည့် Link များ
logo-print
နောက်ဆုံးရသတင်း
လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွပ်စွဲခံရသူ ရ၀မ်ဒါစီးပွားရေးလုပ်ငန်းရှင် the Hague လွှဲပြောင်းယူ
ပြင်သစ်နိုင်ငံ Paris မြို့က တရားခွင် မြင်ကွင်း။ (မေ ၂၀၊ ၂၀၂၀)
[Zawgyi/Unicode]
၁၉၉၄ ခုနှစ်က ရ၀မ်ဒါနိုင်ငံမှာဖြစ်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ငွေကြေးထောက်ပံ့ခဲ့တယ်လို့ သံသယနဲ့ စွဲချက်တင်ခံထားရတဲ့ ရ၀မ်ဒါ စီးပွားရေးလုပ်ငန်းရှင်တဦးကို နယ်သာလန်နိုင်ငံက The Hague နိုင်ငံတကာ ခုံရုံးကို လွှဲပြောင်းပေးလိုက်ပါပြီ။ ရ၀မ်ဒါနိုင်ငံက နိုင်ငံတကာပြစ်မှုတွေ အရေးယူရာမှာ ကျန်နေသေးတဲ့ အမှုတွေအတွက် ကိုင်တွယ်ရတဲ့ IRMCT ခေါ်တဲ့ နိုင်ငံတကာတရားရုံးကို လွှဲပြောင်းပေးလိုက်တာဖြစ်ပြီး အသက် ၈၇ နှစ်အရွယ် Felicien Kabuga ကို မကြာခင်ပဲ တရားရုံးမှာ စစ်ဆေးကြားနာမယ်လို့ IRMCT က တနလာင်္နေ့က ကြေညာချက်ထုတ်ပါတယ်။
တိုက်ရိုက် လင့်ခ်
[Unicode Version]
လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွပ်စွဲခံရသူ ရဝမ်ဒါစီးပွားရေးလုပ်ငန်းရှင် the Hague လွဲှပြောင်းယူ
၁၉၉၄ ခုနှစ်က ရဝမ်ဒါနိုင်ငံမှာဖြစ်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ငွေကြေးထောက်ပံ့ခဲ့တယ်လို့ သံသယနဲ့ စွဲချက်တင်ခံထားရတဲ့ ရဝမ်ဒါ စီးပွားရေးလုပ်ငန်းရှင်တဦးကို နယ်သာလန်နိုင်ငံက The Hague နိုင်ငံတကာ ခုံရုံးကို လွဲှပြောင်းပေးလိုက်ပါပြီ။ ရဝမ်ဒါနိုင်ငံက နိုင်ငံတကာပြစ်မှုတွေ အရေးယူရာမှာ ကျန်နေသေးတဲ့ အမှုတွေအတွက် ကိုင်တွယ်ရတဲ့ IRMCT ခေါ်တဲ့ နိုင်ငံတကာတရားရုံးကို လွဲှပြောင်းပေးလိုက်တာဖြစ်ပြီး အသက် ၈၇ နှစ်အရွယ် Felicien Kabuga ကို မကြာခင်ပဲ တရားရုံးမှာ စစ်ဆေးကြားနာမယ်လို့ IRMCT က တနလာၤနေ့က ကြေညာချက်ထုတ်ပါတယ်။
Kabuga ဟာ ၂၂ နှစ်ကျော်ကြာ ရှောင်ပြေးနေပြီးတဲ့နောက် မေလတုန်းက ပြင်သစ်နိုင်ငံပဲရစ်မြို့အနီးမှာ ဖမ်းဆီးရမိခဲ့တာပါ။ အဲဒီနောက် ပြင်သစ်ကနေ အခု တနလာၤေ န့မှာ the Hague ကို လွဲှပြောင်းပေးလိုက်တာဖြစ်ပါတယ်။ သူ့ကို မူလတုန်းကတော့ ပြင်သစ်မှာပဲ တရားစီရင်ခွင့်ရအောင် သူ့ရှေနေတွေက ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့လတုန်းကတော့ ပြင်သစ်တရားရုံးချုပ်ကနေ သူ့ကို the Hague နိုင်ငံတကာခုံရုံးကို လွဲှပြောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
Kabuga ဟာ လူမျိုးတုံး သတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်မှု၊ လူမျိုးတုံး သတ်ဖြတ်မှုဖြစ်အောင်လို့ လူသိရှင်ကြား တိုက်ရိုက်သွေးထိုး လှုံဆော်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ တရားရင်ဆိုင်ရဖို့ရှိပါတယ်။ Kabuga ဟာ ဟူတူစစ်သွေးကြွအုပ်စုနဲ့ သတ်ဖြတ်မှုတွေ ကျူးလွန်အောင် လှုံဆော်လွှင့်ထုတ်မှုတွေလုပ်တဲ့ Libre des Mile Collines ရေဒီယိုရုပ်သံဌာနတို့ကို ငွေကြေးထောက်ပံ့ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ Kabuga အမှု စစ်ဆေးကြားနာမယ့် တရားသူကြီးတွေကိုလည်း ကုလသမဂ္ဂတရားရုံးက သတ်မှတ်ပေးထားပါပြီ။
၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ
XS
SM
MD
LG