သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

The Hague ၿမိဳ႕လယ္ေခါင္ ဓားနဲ႔တိုက္ခိုက္မႈ သံုးဦး ဒဏ္ရာရ


The Hague ၿမိဳ႕လယ္ေခါင္ ဓားနဲ႔တိုက္ခိုက္မႈ သံုးဦး ဒဏ္ရာရ

(Zawgyi/Unicode)

နယ္သာလန္ႏိုင္ငံ The Hague ၿမိဳ႕လယ္က အဓိက ေစ်းဝယ္ကုန္တိုက္ေတြ ရွိတဲ့ေနရာမွာ လူသံုးဦး ေသာၾကာညက ဓားထိုး တိုက္ခိုက္ခံရပါတယ္။ အဲဒီလူေတြဟာ အသက္မျပည့္ေသးသူေတြျဖစ္တယ္လုိ႔ သတင္းေတြမွာ ေဖာ္ျပၾကပါတယ္။

ကုန္တိုက္ႀကီးတစ္ခုထဲမွာျဖစ္တဲ့ ဒီတိုက္ခုိက္မႈအတြက္ သံသယရွိသူ အမ်ိဳးသားတစ္ဦးထက္ မနည္းကို ရွာေဖြေနတယ္လို႔ ရဲအရာရွိေတြက ဆိုပါတယ္။

အမ်ဳိးသမီးရဲအရာရွိ Marije Kuiper က ဒီတိုက္ခိုက္မူမွာ အၾကမ္းဖက္ရည္ရြယ္ခ်က္ရွိတယ္လို႔ ေျပာဖို႔ ေစာလြန္းေနေသးတယ္လို႔ေျပာေၾကာင္း AP သတင္းတပုဒ္မွာ ေရးထားပါတယ္။

ခရစ္စၥမတ္စ္ အလွဆင္မီးေတြထြန္းထားၿပီး Black Friday ေခၚ ေသာၾကာေန႔ အထူးေလွ်ာ့ေစ်းနဲ႔ ေရာင္းတဲ့ အားလပ္ရက္ပြဲထဲ လူေတြ ႀကိတ္ႀကိတ္တိုး စည္ကားေနခ်ိန္ ည ၇ နာရီ ၄၅ မိနစ္ အခ်ိန္မွာ တိုက္ခိုက္မႈျဖစ္တာပါ။

Grote Marktstraat ကုန္တိုက္ထဲမွာျဖစ္တဲ့ ဓားနဲ႔ တိုက္ခိုက္မႈမွာ ဒဏ္ရာရသြားသူေတြရဲ႕ မိသားစုေတြနဲ႔ အဆက္အသြယ္ရထားၿပီးျဖစ္တယ္လို႔ ရဲေတြက ေျပာေနေပမယ့္ ဘယ္ေလာက္ ဒဏ္ရာျပင္းထန္တယ္၊ ဘယ္လို ဒဏ္ရာရခဲ့တယ္ဆိုတာနဲ႔ သူတို႔အသက္ေတြကို ထုတ္မေျပာ ေသးပါဘူး။

လြန္ခဲ့တဲ့ႏွစ္ကလည္း နယ္သာလန္ႏိုင္ငံမွာ အလားတူ ဓားနဲ႔တိုက္ခိုက္မူျဖစ္ခဲ့ၿပီး အေမရိကန္ ႏုိင္ငံသားႏွစ္ဦး ဦး ဒဏ္ရာရခဲ့ပါတယ္။ အဲဒီတိုက္ခိုက္မႈဟာ အၾကမ္းဖက္ဝါဒစြဲနဲ႔ လုပ္တာလို႔ နယ္သာလန္အစိုးရေရွ႕ေနေတြက ေျပာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

The Hague မြို့လယ်ခေါင် ဓားနဲ့တိုက်ခိုက်မှု သုံးဦး ဒဏ်ရာရ

(Unicode)

နယ်သာလန်နိုင်ငံ The Hague မြို့လယ်က အဓိက ဈေးဝယ်ကုန်တိုက်တွေ ရှိတဲ့နေရာမှာ လူသုံးဦး သောကြာညက ဓားထိုး တိုက်ခိုက်ခံရပါတယ်။အဲဒီလူတွေဟာ အသက်မပြည့်သေးသူတွေဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

ကုန်တိုက်ကြီးတစ်ခုထဲမှာဖြစ်တဲ့ ဒီတိုက်ခိုက်မှုအတွက် သံသယရှိသူ အမျိုးသားတစ်ဦးထက် မနည်းကို ရှာဖွေနေတယ်လို့ ရဲအရာရှိတွေက ဆိုပါတယ်။

အမျိုးသမီးရဲအရာရှိ Marije Kuiper က ဒီတိုက်ခိုက်မူမှာ အကြမ်းဖက်ရည်ရွယ်ချက်ရှိတယ်လို့ ပြောဖို့ စောလွန်းနေသေးတယ်လို့ပြောကြောင်း AP သတင်းတပုဒ်မှာ ရေးထားပါတယ်။

ခရစ်စ္စမတ်စ် အလှဆင်မီးတွေထွန်းထားပြီး Black Friday ခေါ် သောကြာနေ့ အထူးလျှော့ဈေးနဲ့ ရောင်းတဲ့ အားလပ်ရက်ပွဲထဲ လူတွေ ကြိတ်ကြိတ်တိုး စည်ကားနေချိန် ည ၇ နာရီ ၄၅ မိနစ် အချိန်မှာ တိုက်ခိုက်မှုဖြစ်တာပါ။

Grote Marktstraat ကုန်တိုက်ထဲမှာဖြစ်တဲ့ ဓားနဲ့ တိုက်ခိုက်မှုမှာ ဒဏ်ရာရသွားသူတွေရဲ့ မိသားစုတွေနဲ့ အဆက်အသွယ်ရထားပြီးဖြစ်တယ်လို့ ရဲတွေက ပြောနေပေမယ့် ဘယ်လောက် ဒဏ်ရာပြင်းထန်တယ်၊ ဘယ်လို ဒဏ်ရာရခဲ့တယ်ဆိုတာနဲ့ သူတို့အသက်တွေကို ထုတ်မပြော သေးပါဘူး။

လွန်ခဲ့တဲ့နှစ်ကလည်း နယ်သာလန်နိုင်ငံမှာ အလားတူ ဓားနဲ့တိုက်ခိုက်မူဖြစ်ခဲ့ပြီး အမေရိကန် နိုင်ငံသားနှစ်ဦး ဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ အကြမ်းဖက်ဝါဒစွဲနဲ့ လုပ်တာလို့ နယ်သာလန်အစိုးရရှေ့နေတွေက ပြောခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG