သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICJ တရားရံုးမွာ အမႈရင္ဆိုင္ေနရတဲ့ ျမန္မာကိစၥ IIMM ပူးေပါင္းေဆာင္ရြက္ေန


၄၂ ႀကိမ္ေျမာက္ လူ႔အခြင့္အေရးေကာင္စီညီလာခံမွာ အစီရင္ခံတင္ျပေနတဲ့ IIMM ျမန္မာႏိုင္ငံဆိုင္ရာ လြတ္လပ္တဲ့ စံုစမ္းစစ္ေဆးမႈ ယႏၱရား အဖဲြ႔ ဥကၠဌ Nicholas Koumjian

(Zawgyi/Unicode)

ျမန္မာနိုင္ငံဆိုင္ရာသီးျခား လြတ္လပ္တဲ့ စုံစမ္းေရးအဖြဲ႕ (IIMM) က အဖြဲ႕ရဲ့ တစ္ႏွစ္တာ ကာလအတြင္းရရွိခဲ့တဲ့ တိုးတက္မႈေတြကို ကုလသမဂၢလူ႔အခြင့္အေရး ေကာင္စီကို အစီရင္ခံ တင္ျပရင္း ကုလ အဖြဲ႕ ဝင္ နိုင္ငံေတြ အေနနဲ႔ IIMM အဖြဲ႕ကို ဆက္လက္ ေထာက္ခံ အားေပး ဖို႔ကို IIMM အဖြဲ႕ ေခါင္းေဆာင္က ထပ္မံ ေတာင္းဆိုလိုက္ပါတယ္။

IIMMအဖြဲ႕အေနနဲ႔ ျမန္မာနိုင္ငံအတြင္း ရာဇဝတ္မႈက်ဴးလြန္မႈေတြမွာ တာဝန္ခံမႈေတြရွိလာေစဖို႔ အခ်က္ အေရးႀကီးတာကို နားလည္ ေၾကာင္း၊ ဒါေပမဲ့ IIMM အဖြဲ႕တစ္ခုတည္းအေနနဲ႔ ဒီကိစၥကို ေဆာင္ရြက္လို႔ မရတာေၾကာင့္ အဖြဲ႕ တည္ေထာင္ရျခင္းရဲ့ ရည္မွန္းခ်က္ ျပည့္မီေစဖို႔အေရးနိုင္ငံတကာ အသိုက္အဝန္းနဲ႔ ေဒသတြင္းက နိုင္ငံေတြရဲ့ အကူအညီလိုအပ္ေၾကာင္း အဖြဲ႕ရဲ့ ဥကၠဌ Nicholas Koumjian က အဖြဲ႕ရဲ့ ဒုတိယအႀကိမ္ အစီရင္ခံစာကို တင္သြင္းရာမွာ ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

IIMM အဖြဲ႕ဟာ ေခတ္မီ နည္းပညာေတြနဲ႔ အေထာက္အထားေတြ ေကာက္ယူေနဆဲမွာပဲ ျမန္မာနိုင္ငံ အစိုးရဆီကလည္း သတင္း အခ်က္အလက္ေတြ ရရွိဖို႔ ႀကိဳးစားခဲ့ေၾကာင္း၊ အေထာက္အထားေတြ ရယူရာမွာ ဒီ​အေထာက္အထားေတြေၾကာင့္ ျပစ္မႈ က်ဴးလြန္ သူေတြကလြဲရင္ က်န္တဲ့ သူေတြ စိတ္ပူပင္ ေၾကာက္ရြံ့စရာ မလိုတဲ့ အေၾကာင္းကိုလည္း အသိေပးထားေၾကာင္း ေျပာပါတယ္။

IIMM အဖြဲ႕က ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီရဲ့ ၂၀၂၀ ျပည့္ႏွစ္ ဇြန္လ ၂၂ ရက္စြဲပါ ဆုံးျဖတ္ခ်က္အမွတ္ ၄၃/၂၆ ကို ရည္ညႊန္း ေဖာ္ျပထားပါတယ္။ အဲဒီ ဆုံးျဖတ္ခ်က္က ႏိုင္ငံတကာ ရာဇ၀တ္ခံုရံုး (ICC) နဲ႔ နိုင္ငံတကာ တရား႐ုံး (ICJ) အပါအဝင္ အမ်ိဳးသားအဆင့္၊ ေဒသအဆင့္နဲ႔ နိုင္ငံတကာ အဆင့္ တရား႐ုံးေတြနဲ႔ IIMM ယႏၱယားအဖဲြ႔ၾကား စုံစမ္းစစ္ေဆးမႈေတြမွာ အျပန္အလွန္ ပူးေပါင္း ေဆာင္ရြက္ၾကဖို႔ ေတာင္းဆိုထားပါတယ္။ ဒီဆံုးျဖတ္ခ်က္အရ IIMM ကေန ICJ မွာ တရား ရင္ဆိုင္ေနတဲ့ ဂမ္ဘီယာနဲ႔ ျမန္မာနိုင္ငံ ေတြဆီကို သတင္းအခ်က္အလက္ေတြ ေပးပို႔ေပးခဲ့တယ္ လို႔ IIMM ဥကၠဌ Mr. Koumjian က ေျပာပါတယ္။

IIMM အဖြဲ႕ ရရွိခဲ့တဲ့ တိုးတက္မႈေတြထဲ ၂၀၁၁ ခုႏွစ္ကစလို႔ ျမန္မာနိုင္ငံအတြင္း အျပည္ျပည္ဆိုင္ရာ ဥပေဒ ခ်ိဳးေဖာက္ၿပီး နိုင္ငံတကာ ရာဇဝတ္မႈ က်ဴး လြန္တာေတြနဲ႔ ဆက္ႏြယ္တဲ့ အေထာက္အထားေတြ ရယူ စုေဆာင္း သိမ္ဆည္းထားနိုင္ဖို႔အတြက္ အဖြဲ႕တစ္ဖြဲ႕ဖြဲ႕စည္း နိုင္ခဲ့တာ ပါဝင္တယ္လို႔လည္း Mr. Koumjian က အစီရင္ခံထားပါတယ္။

IIMM နဲ႔ လုပ္ငန္း လုပ္ေဆာင္ေနတုန္း သူ႔အတြက္ ေမ့မရနိုင္ဆုံး အခ်က္ကေတာ့ ၿပီးခဲ့တဲ့ နိုဝင္ဘာလတုန္းက ဘဂၤလားေဒ့ရွ္နယ္စပ္ က ဒုကၡသည္ စခန္းေတြက ကိုယ္စားလွယ္ေတြနဲ႔ ဒုကၡသည္ေတြကို ေတြ႕ဆုံရတဲ့ အခ်ိန္ ျဖစ္တယ္လို႔လည္း Mr. Koumjian က ေျပာပါတယ္။

ျမန္မာနိုင္ငံတြင္း ရိုဟင္ဂ်ာနဲ႔ အျခားလူနည္းစု လူမ်ိဳးေတြအေပၚ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြအေပၚ အေရးယူနိုင္ဖို႔ ဒီအဖြဲ႕ ဖြဲ႕စည္းမႈကို ၂၀၁၈ ခုႏွစ္ စက္တင္ဘာ ၂၇ ရက္ေန႔ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီကေန အတည္ျပဳ ဆုံးျဖတ္ခဲ့တာပါ။ ၂၀၁၁ ခုႏွစ္ကတည္းက ျမန္မာနိုင္ငံတြင္းျဖစ္ခဲ့တဲ့ ရာဇဝတ္မႈေတြနဲ႔ နိုင္ငံတကာဥပေဒခ်ိဳးေဖာက္မႈေတြအေပၚ ခိုင္မာတဲ့အခ်က္အလက္ေတြ စုံစမ္းရယူၿပီး အမႈတည္ေဆာက္ထားဖို႔ဆိုတဲ့ လုပ္ပိုင္ခြင့္ေပးထားပါတယ္။

ျမန္မာအစိုးရကေတာ့ ရိုဟင္ဂ်ာ အသုံးအႏႈန္းကို လက္မခံသလို IIMM ကို ဖြဲ႕စည္းတာဟာ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီရဲ့ လုပ္ပိုင္ခြင့္ အာဏာကို ေက်ာ္လြန္ေနတယ္ဆိုၿပီး IIMM အဖြဲ႕ တည္ရွိမႈကိုလည္း လက္မခံပဲ ပယ္ခ်ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ICJ တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ မြန်မာကိစ္စ IIMM ပူးပေါင်းဆောင်ရွက်နေ
(Unicode)

မြန်မာနိုင်ငံဆိုင်ရာသီးခြား လွတ်လပ်တဲ့ စုံစမ်းရေးအဖွဲ့ (IIMM) က အဖွဲ့ရဲ့ တစ်နှစ်တာ ကာလအတွင်းရရှိခဲ့တဲ့ တိုးတက်မှုတွေကို ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီကို အစီရင်ခံ တင်ပြရင်း ကုလ အဖွဲ့ ဝင် နိုင်ငံတွေ အနေနဲ့ IIMM အဖွဲ့ကို ဆက်လက် ထောက်ခံ အားပေး ဖို့ကို IIMM အဖွဲ့ ခေါင်းဆောင်က ထပ်မံ တောင်းဆိုလိုက်ပါတယ်။

IIMMအဖွဲ့အနေနဲ့ မြန်မာနိုင်ငံအတွင်း ရာဇဝတ်မှုကျူးလွန်မှုတွေမှာ တာဝန်ခံမှုတွေရှိလာစေဖို့ အချက် အရေးကြီးတာကို နားလည် ကြောင်း၊ ဒါပေမဲ့ IIMM အဖွဲ့တစ်ခုတည်းအနေနဲ့ ဒီကိစ္စကို ဆောင်ရွက်လို့ မရတာကြောင့် အဖွဲ့ တည်ထောင်ရခြင်းရဲ့ ရည်မှန်းချက် ပြည့်မီစေဖို့အရေးနိုင်ငံတကာ အသိုက်အဝန်းနဲ့ ဒေသတွင်းက နိုင်ငံတွေရဲ့ အကူအညီလိုအပ်ကြောင်း အဖွဲ့ရဲ့ ဥက္ကဌ Nicholas Koumjian က အဖွဲ့ရဲ့ ဒုတိယအကြိမ် အစီရင်ခံစာကို တင်သွင်းရာမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

IIMM အဖွဲ့ဟာ ခေတ်မီ နည်းပညာတွေနဲ့ အထောက်အထားတွေ ကောက်ယူနေဆဲမှာပဲ မြန်မာနိုင်ငံ အစိုးရဆီကလည်း သတင်း အချက်အလက်တွေ ရရှိဖို့ ကြိုးစားခဲ့ကြောင်း၊ အထောက်အထားတွေ ရယူရာမှာ ဒီအထောက်အထားတွေကြောင့် ပြစ်မှု ကျူးလွန် သူတွေကလွဲရင် ကျန်တဲ့ သူတွေ စိတ်ပူပင် ကြောက်ရွံ့စရာ မလိုတဲ့ အကြောင်းကိုလည်း အသိပေးထားကြောင်း ပြောပါတယ်။

IIMM အဖွဲ့က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၂ ရက်စွဲပါ ဆုံးဖြတ်ချက်အမှတ် ၄၃/၂၆ ကို ရည်ညွှန်း ဖော်ပြထားပါတယ်။ အဲဒီ ဆုံးဖြတ်ချက်က နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) နဲ့ နိုင်ငံတကာ တရားရုံး (ICJ) အပါအဝင် အမျိုးသားအဆင့်၊ ဒေသအဆင့်နဲ့ နိုင်ငံတကာ အဆင့် တရားရုံးတွေနဲ့ IIMM ယန္တယားအဖွဲ့ကြား စုံစမ်းစစ်ဆေးမှုတွေမှာ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ကြဖို့ တောင်းဆိုထားပါတယ်။ ဒီဆုံးဖြတ်ချက်အရ IIMM ကနေ ICJ မှာ တရား ရင်ဆိုင်နေတဲ့ ဂမ်ဘီယာနဲ့ မြန်မာနိုင်ငံ တွေဆီကို သတင်းအချက်အလက်တွေ ပေးပို့ပေးခဲ့တယ် လို့ IIMM ဥက္ကဌ Mr. Koumjian က ပြောပါတယ်။

IIMM အဖွဲ့ ရရှိခဲ့တဲ့ တိုးတက်မှုတွေထဲ ၂၀၁၁ ခုနှစ်ကစလို့ မြန်မာနိုင်ငံအတွင်း အပြည်ပြည်ဆိုင်ရာ ဥပဒေ ချိုးဖောက်ပြီး နိုင်ငံတကာ ရာဇဝတ်မှု ကျူး လွန်တာတွေနဲ့ ဆက်နွယ်တဲ့ အထောက်အထားတွေ ရယူ စုဆောင်း သိမ်ဆည်းထားနိုင်ဖို့အတွက် အဖွဲ့တစ်ဖွဲ့ဖွဲ့စည်း နိုင်ခဲ့တာ ပါဝင်တယ်လို့လည်း Mr. Koumjian က အစီရင်ခံထားပါတယ်။

IIMM နဲ့ လုပ်ငန်း လုပ်ဆောင်နေတုန်း သူ့အတွက် မေ့မရနိုင်ဆုံး အချက်ကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ဘင်္ဂလားဒေ့ရှ်နယ်စပ် က ဒုက္ခသည် စခန်းတွေက ကိုယ်စားလှယ်တွေနဲ့ ဒုက္ခသည်တွေကို တွေ့ဆုံရတဲ့ အချိန် ဖြစ်တယ်လို့လည်း Mr. Koumjian က ပြောပါတယ်။

မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာနဲ့ အခြားလူနည်းစု လူမျိုးတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် အရေးယူနိုင်ဖို့ ဒီအဖွဲ့ ဖွဲ့စည်းမှုကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ အတည်ပြု ဆုံးဖြတ်ခဲ့တာပါ။ ၂၀၁၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင်းဖြစ်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေအပေါ် ခိုင်မာတဲ့အချက်အလက်တွေ စုံစမ်းရယူပြီး အမှုတည်ဆောက်ထားဖို့ဆိုတဲ့ လုပ်ပိုင်ခွင့်ပေးထားပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံသလို IIMM ကို ဖွဲ့စည်းတာဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ လုပ်ပိုင်ခွင့် အာဏာကို ကျော်လွန်နေတယ်ဆိုပြီး IIMM အဖွဲ့ တည်ရှိမှုကိုလည်း လက်မခံပဲ ပယ်ချထားပါတယ်။

XS
SM
MD
LG