သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print

ကိုဗစ္ကာကြယ္ေဆးျဖန္႔ျဖဴးေရး ႀကီးမားတဲ့ မမွ်တမႈျဖစ္ေပၚေန


McKesson ျဖန္ ့ခ်ီေရးဌာနကိုေရာက္ရွိလာတဲ့ COVID-19 ကာကြယ္ေဆးမ်ား (ဓာတ္ပံု-Reuters)

(Zawgyi/Unicode)
ကမာၻတလႊား ျဖန္႔ျဖဴးတဲ့ Covid 19 ကာကြယ္ေဆးေတြထဲက ၇၅ % ဟာ ႏိုင္ငံေပါင္း ၁၀ ႏိုင္ငံကိုပဲ ေရာက္ေနတာ ျဖစ္ၿပီး ႏိုင္ငံေပါင္း ၁၃၀ ေလာက္အတြက္ေတာ့ ေဆးတလံုးမွ မရေသးဘူးလို႔ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ အႀကီးအကဲ Tedros Adhanom Ghebreyesus က ေသာၾကာေန႔ ဂ်နီဗာ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

ကာကြယ္ေဆး သံုးပံုတပံုေလာက္ဟာ ႏိုင္ငံေပါင္း ၁၀ ႏိုင္ငံေလာက္ကိုပဲ ေရာက္သြားၿပီး ႏိုင္ငံေပါင္း ၁၃၀ ေလာက္မွာ ရွိတဲ့ လူေပါင္း ၂.၅ ဘီလီယံ အတြက္ေတာ့ အခုအခ်ိန္အထိ ကာကြယ္ေဆး တလံုးမွ ထုိးမေပးႏိုင္ေသးပါဘူး။ တခ်ိဳ႕ႏိုင္ငံေတြမွာ ဒီေရာဂါအျပင္းအထန္ခံစားရတာတို႔ ေသဆံုးတာတို႔လို အႏၱရာယ္နဲ႔ႀကံဳရႏိုင္ေျခ သိပ္မရွိတဲ့ သူတုိ႔ ႏိုင္ငံသား အေတာ္မ်ားမ်ားအတြက္ ကာကြယ္ေဆး ထုိးေပးၿပီးတာ ေတြ႔ရေၾကာင္း ေျပာသြားတာပါ။

အခုအခိ်န္မွာ ကမာၻတလႊား Covid 19 ကူးစက္သူ အေရအတြက္ထက္ ကာကြယ္ေဆး ထုိးၿပီးသူ အေရအတြက္က ပိုမ်ားေနတာဟာ သတင္းေကာင္း တခု ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။ တိုေတာင္းတဲ့ အခ်ိန္အတြင္း အခုလို ေတြ႔ရတာကို ထူးျခားတဲ့ ေအာင္ျမင္မႈတခု အျဖစ္ ေယဘူယ် သတ္မွတ္ရမွာ ျဖစ္ေပမယ့္ ႏိုင္ငံေပါင္း ၁၃၀ ေလာက္က ေဒသခံေတြအတြက္ေတာ့ ေဆးတလံုးမွ ထိုးမေပးႏိုင္ေသးဘူးလို႔လည္း သတိေပးပါတယ္။ ဒါေပမယ့္ခ်မ္းသာတဲ့ ႏိုင္ငံေတြမွာ ခ်က္ခ်င္းအႏၱရာယ္ျဖစ္ႏိုင္ေျခ မရွိသူ အေတာ္မ်ားမ်ားကိုပါ ကာကြယ္ေဆးထိုးေပးႏိုင္တာ ေတြ႔ရတယ္လို႔ ေျပာပါတယ္။

ကမာၻ႔ႏိုင္ငံ အစိုးရအားလံုးက သူတို႔ ႏိုင္ငံသားေတြ အတြက္ ကာကြယ္ရမွာ ျဖစ္ေပမယ့္ ခ်မ္းသာတဲ့ ႏိုင္ငံေတြ အေနနဲ႔ က်န္းမာေရးလုပ္သားေတြ၊ အသက္ႀကီးရင့္သူေတြ လို ဦးစားေပးရမယ့္ သူေတြကို ေဆးထိုးေပးၿပီးရင္ တျခားႏိုင္ငံေတြမွာ အလားတူဦးစားေပးရမယ့္ သူေတြကို ေဆးထိုးေပး ႏိုင္ေအာင္ မွ်ေဝေပးဖို႔ ပါ တုိက္တြန္းခဲ့ပါတယ္။

ကာကြယ္ေဆးထုတ္တဲ့ ကုမဏီေတြ အေနနဲ႔လည္း ကမာၻတလႊား ကာကြယ္ေဆး ညီတူညီမွ် လက္လွမ္း မီေစေရး အတြက္ သူတုိ႔ရဲ့ နည္းပညာေတြကို မွ်ေဝေပးၾကဖုိ႔လည္း WHO အႀကီးအကဲက ပန္ၾကားခဲ့ပါတယ္။

.............................................................

တိုက္႐ိုက္ လင့္ခ္


ကိုဗစ်ကာကွယ်ဆေးဖြန့်ဖြူးရေး ကြီးမားတဲ့ မမျှတမှုဖြစ်ပေါ်နေ

(Unicode)
ကမ္ဘာတလွှား ဖြန့်ဖြူးတဲ့ Covid 19 ကာကွယ်ဆေးတွေထဲက ၇၅ % ဟာ နိုင်ငံပေါင်း ၁၀ နိုင်ငံကိုပဲ ရောက်နေတာ ဖြစ်ပြီး နိုင်ငံပေါင်း ၁၃၀ လောက်အတွက်တော့ ဆေးတလုံးမှ မရသေးဘူးလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus က သောကြာနေ့ ဂျနီဗာ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကာကွယ်ဆေး သုံးပုံတပုံလောက်ဟာ နိုင်ငံပေါင်း ၁၀ နိုင်ငံလောက်ကိုပဲ ရောက်သွားပြီး နိုင်ငံပေါင်း ၁၃၀ လောက်မှာ ရှိတဲ့ လူပေါင်း ၂.၅ ဘီလီယံ အတွက်တော့ အခုအချိန်အထိ ကာကွယ်ဆေး တလုံးမှ ထိုးမပေးနိုင်သေးပါဘူး။ တချို့နိုင်ငံတွေမှာ ဒီရောဂါအပြင်းအထန်ခံစားရတာတို့ သေဆုံးတာတို့လို အန္တရာယ်နဲ့ကြုံရနိုင်ခြေ သိပ်မရှိတဲ့ သူတို့ နိုင်ငံသား အတော်များများအတွက် ကာကွယ်ဆေး ထိုးပေးပြီးတာ တွေ့ရကြောင်း ပြောသွားတာပါ။

အခုအချိန်မှာ ကမ္ဘာတလွှား Covid 19 ကူးစက်သူ အရေအတွက်ထက် ကာကွယ်ဆေး ထိုးပြီးသူ အရေအတွက်က ပိုများနေတာဟာ သတင်းကောင်း တခု ဖြစ်ကြောင်းလည်း ပြောပါတယ်။ တိုတောင်းတဲ့ အချိန်အတွင်း အခုလို တွေ့ရတာကို ထူးခြားတဲ့ အောင်မြင်မှုတခု အဖြစ် ယေဘူယျ သတ်မှတ်ရမှာ ဖြစ်ပေမယ့် နိုင်ငံပေါင်း ၁၃၀ လောက်က ဒေသခံတွေအတွက်တော့ ဆေးတလုံးမှ ထိုးမပေးနိုင်သေးဘူးလို့လည်း သတိပေးပါတယ်။ ဒါပေမယ့်ချမ်းသာတဲ့ နိုင်ငံတွေမှာ ချက်ချင်းအန္တရာယ်ဖြစ်နိုင်ခြေ မရှိသူ အတော်များများကိုပါ ကာကွယ်ဆေးထိုးပေးနိုင်တာ တွေ့ရတယ်လို့ ပြောပါတယ်။

ကမ္ဘာ့နိုင်ငံ အစိုးရအားလုံးက သူတို့ နိုင်ငံသားတွေ အတွက် ကာကွယ်ရမှာ ဖြစ်ပေမယ့် ချမ်းသာတဲ့ နိုင်ငံတွေ အနေနဲ့ ကျန်းမာရေးလုပ်သားတွေ၊ အသက်ကြီးရင့်သူတွေ လို ဦးစားပေးရမယ့် သူတွေကို ဆေးထိုးပေးပြီးရင် တခြားနိုင်ငံတွေမှာ အလားတူဦးစားပေးရမယ့် သူတွေကို ဆေးထိုးပေး နိုင်အောင် မျှဝေပေးဖို့ ပါ တိုက်တွန်းခဲ့ပါတယ်။

ကာကွယ်ဆေးထုတ်တဲ့ ကုမဏီတွေ အနေနဲ့လည်း ကမ္ဘာတလွှား ကာကွယ်ဆေး ညီတူညီမျှ လက်လှမ်း မီစေရေး အတွက် သူတို့ရဲ့ နည်းပညာတွေကို မျှဝေပေးကြဖို့လည်း WHO အကြီးအကဲက ပန်ကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG