သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာလ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပုံမှန်ကာကွယ်ဆေးထိုးရေး အခက်ကြုံ


ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးနေသည့် ကျန်းမာရေးဝန်ထမ်းတဦး။ (ဖေဖော်ဝါရီ ၁၁၊ ၂၀၂၀)
ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးနေသည့် ကျန်းမာရေးဝန်ထမ်းတဦး။ (ဖေဖော်ဝါရီ ၁၁၊ ၂၀၂၀)

(Zawgyi / Unicode)

COVID-19 ကပ်ရောဂါကာလ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ကလေးငယ်တွေအတွက် ပုံမှန်ကာကွယ်ဆေးတွေ ပေးပို့ဖို့ အဟန့်အတားတွေ ရှိနေတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ကပြောပါတယ်။

COVID-19 ရောဂါထိန်းချုပ်ရေး ကန့်သတ်ချက်တွေကြောင့် ကာကွယ်ဆေး တင်ပို့ရာမှာ ကြန့်ကြာမှုတွေ ရှိနေတဲ့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေက သန်းနဲ့ချီတဲ့ ကလေးငယ်တွေရဲ့ အသက်အန္တရာယ် စိုးရိမ်ရကြောင်း UNICEF က သတိပေးလိုက်တာပါ။

ပြီးခဲ့တဲ့နှစ်အတွင်းက တင်ပို့ခဲ့တဲ့ ကာကွယ်ဆေး ၂.၅ ဘီလီယံကို နိုင်ငံပေါင်း ၁၀၀ လောက်က အသက် ၅ နှစ်အောက် ကလေးငယ် ၄၅ ရာခိုင်နှုန်းအတွက် အလုံအလောက် အသုံးပြုနိုင်ခဲ့ကြောင်းလည်း UNICEF က ပြောပါတယ်။

အခု ကပ်ရောဂါကျရောက်နေတဲ့အချိန် စီးပွားရေးအရ ကျဆင်းမှုတွေနဲ့ လေယာဉ်ခရီးစဉ်တွေလည်း ရပ်နားထားတာကြောင့် ကာကွယ်ဆေးတွေကို တင်ပို့ဖို့ အခက်အခဲရှိနေပြီး ဆေးတွေ သိုလှောင်ရုံတွေမှာပဲ ရှိနေသေးတယ်လို့ UNICEF အဖွဲ့က ပြောတာပါ။

နိုင်ငံအတော်များများ ကလေးငယ်တွေအတွက် လိုအပ်တဲ့ ကာကွယ်ဆေးတွေ ပြတ်လပ်နေသလို အာဖရိကတိုက်နိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံက ကလေးငယ်တွေအတွက် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ ပြောပါတယ်။

ကန့်သတ်ချက်တွေကြား ကုန်ပစ္စည်းတင်ပို့ခ အဆမတန် မြင့်တက်နေတာကလည်း အခက်အခဲတခု ဖြစ်နေတယ်လို့ UNICEF ပြောခွင့်ရ Marixie Mercado က ပြောပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ အဆမတန်မြင့်တဲ့ ကုန်တင်ပို့ခကို ပေးချေဖို့ အဆင်မပြေနိုင်တဲ့အတွက် ကလေးငယ်တွေအတွက် ဝက်သက်နဲ့ ပိုလီယိုရောဂါလို ကာကွယ်ဆေးတွေကို တင်ပို့ဖို့ နှောင့်နှေးနေရကြောင်းလည်း ပြောခွင့်ရ Marixie Mercado ကပြောပါတယ်။

COVID-19 ကပ်ရောဂါ မတိုင်မီကာလမှာတောင် အသက် ၁ နှစ်အောက်ကလေး သန်း ၂၀၀ ကျော်လောက် ဝက်သက်၊ ပိုလီယိုနဲ့ တခြားကာကွယ်ဆေးတွေကို ရရှိဖို့ အခက်အခဲတွေ ရှိခဲ့ကြောင်းလည်း သူကပြောပါတယ်။

အခုလို ကာကွယ်ဆေးအစီအစဉ်တွေကို ရပ်ဆိုင်းထားတာကြောင့် အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် အားနည်းတဲ့ နိုင်ငံတွေအတွက် အခုနှစ်နဲ့ နောင်နှစ်တွေမှာ ကလေးငယ်တွေ အသက်အန္တရာယ် စိုးရိမ်ရတဲ့ ရောဂါတွေ ကြုံတွေ့လာရနိုင်တယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)


(Zawgyi / Unicode)










XS
SM
MD
LG