သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

AIDS ေရာဂါနဲ႔ဆက္စပ္ၿပီး ေန႔စဥ္ ကေလးငယ္ ၃၀၀ ေသဆံုးေနရေၾကာင္း ကုလေျပာ


႔ ေတာင္အာဖရိကႏိုင္ငံ Johannesburg ၿမိဳ႕က AIDS ေရာဂါ ခံစားေနရတဲ့ကေလးတဦး

(Zawgyi/Unicode)

ႏွစ္စဥ္ ဒီဇင္ဘာလ ၁ ရက္ေန႔မွာက်ေရာက္တဲ့ ကမာၻ႔ AIDS ေရာဂါတိုက္ဖ်က္ေရးေန႔မွာ ဒီကူးစက္ေရာဂါနဲ႔ ပတ္သက္ၿပီး ပညာေပးလုပ္ငန္းေတြ လုပ္လာတာ ဒီႏွစ္ဆိုရင္ ၃၁ ႏွစ္ျပည့္ပါၿပီ။

ဒီေရာဂါ ကုသမူနဲ႔ ေစာင့္ေရွာက္မူအေပၚ တကမာၻလံုးမွာ ပိုမိုလက္လွမ္းမီလာၿပီး ေရာဂါသည္ေတြ ပုိၿပီး အသက္ရွည္ရွည္ေနႏုိင္လာေပမယ့္ ဒီ AIDS ေရာဂါေၾကာင့္ ေန႔စဥ္ ကေလး ၃၀၀ ေက်ာ္ ေသဆံုး ေနရေသးတာမို႔ ငယ္ရြယ္သူေတြ ေစာေစာေဆးစစ္၊ ကုသမူခံယူၾကဖို႔ ကုလသမဂၢ ကေလးမ်ား ရန္ပံုေငြအဖြဲ႔က သတိေပးလိုက္ပါတယ္။ ကေလးဘဝကတည္းက ဒီေရာဂါနဲ႔ ခက္ခက္ခဲခဲ ျဖတ္သန္း ရွင္သန္ခဲ့ရၿပီး အရြယ္ေရာက္ေနၾကၿပီးျဖစ္သူတခ်ဳိ႕နဲ႔ ေတာင္အာဖရိကႏိုင္ငံ Johannesburg ၿမိဳ႕မွာ ေတြ႔ဆံုေမးျမန္းခဲ့တဲ့ VOA သတင္းေထာက္ Anita Powell ေပးပို႔ထားတဲ့သတင္းလႊာကို ကိုဝင္းမင္းက ေျပာျပပါမယ္။

Jane Mabasa ဟာ AIDS နဲ႔ ေသဆံုးမယ့္သူ ေစာင့္ေရွာက္ေရးေဂဟာကို ေရာက္လာခဲ့တာပါ။ သူမ ၉ ႏွစ္သမီးအရြယ္မွာ AIDS ေရာဂါ ခံစားေနရတဲ့ သူမအေမနဲ႔ ခြဲၿပီး Johannesburg ၿမိဳ႕က ေဂဟာကို လာပို႔ခဲ့တာပါ။ ၁၉၈၇ ကေန ၂၀၀၃ ခုႏွစ္အတြင္း ဒီ ေဂဟာမွာ အပတ္စဥ္ ကေလး ၉ ဦးေသဆံုးခဲ့ရပါတယ္။ Mabasa လည္းသူတို႔ လမ္းလိုက္ရမယ္လို႔ ယူဆခဲ့တာပါ။ သူမက

“ကၽြန္မ အရမ္းကို ဖ်ားေနခဲ့တာပါ။ ဘယ္ေလာက္ဆိုးလဲဆိုရင္ ေသမွွပဲ ေအးေတာ့မယ္လို႔ အထိ ထင္ခဲ့တာပါ။ ကၽြန္မ ဘာေၾကာင့္ ခုလိုျဖစ္ခဲ့တာကို ၁၄ ႏွစ္သမီးအရြယ္မွာ သူတို႔ ကၽြန္မကို စရွင္းျပၾကပါတယ္၊ ေမြးကတဲက ဒီေရာဂါ ပါလာတာေပါ့ေနာ္၊ ဒါကို လက္ခံၿပီး ဆက္ေနသြားဖို႔ပဲရွိတယ္ေပါ့ေနာ္။”

ဒီလိုေနခဲ့ရာကေန အခု Mabasa ၂၂ ႏွစ္ရွိလာပါၿပီ။ ကုသမႈ ခံယူေနၿပီး က်န္းမာေနပါတယ္။ ၂၀၀၃ ခုႏွစ္ကစၿပီး AIDS ေၾကာင့္ ကေလး ၁ ဦးပဲ ေသခဲ့တာေၾကာင့္ ေသဆံုးမယ့္သူ ေစာင့္ေရွာက္ေရး ေဂဟာေလးဟာ ေမွ်ာ္လင့္ခ်က္ ေဂဟာေလး ျဖစ္သြားပါၿပီ။

ဒါေပမယ့္ UNICEF ကုလသမဂၢ ကေလးမ်ား ရန္ပံုေငြအဖြဲ႔ကေတာ့ ဒီေရာဂါေၾကာင့္ တကမာၻလံုးမွာ ေန႔စဥ္ ကေလးေပါင္း ၃၂၀ ႏႈန္းနဲ႔ ေသေနရတယ္လို႔ အစီရင္ခံစာထုတ္ သတိေပး လိုက္ပါတယ္။ ဒီႏႈန္းက တကယ္ေတာ့ ေၾကာက္စရာပါ၊ ေစာေစာသိ ေစာေစာ ကုသမႈ ခံယူႏိုင္ရင္ HIV ပိုးရွိသူေတြဟာ အသက္ရွည္ရွည္ က်န္းက်န္းမာမာ ဆက္ေနႏိုင္လို႔ပါ။

UNICEF က Dr. Chewe Luo က

“ကမာၻတစ္ခုလံုးမွာ ကေလးေတြ ဒီကုသမူကို မရႏိုင္ဘဲ ဆံုးရႈံးေနရပါတယ္။ ဒီေန႔မွာ ကေလး ၅၄% ခန္႔ပဲ ဒီကုသမူကို ရေနတာပါ။ ကေလးအားလံုးရဲ့ တဝက္ပဲ ကုသမူကို လက္လွမ္းမီေနတာေပါ့ေနာ္။

ဒီကေလးအရြယ္ေတြမွာ ေသဆံုးမူက ျမင့္မားေနတုန္းပါ။ ဒါေပမဲ့ အျခားတဖက္မွာရွိေနတာက၊ လူႀကီးေတြကို ကုသမုေပးေနတယ္ဆိုရင္ ဒီက်န္းမာေရး ဝန္ေဆာင္မူေပးတဲ့ပံုစံကို ေျပာင္းဖို႔လိုပါတယ္။ လူႀကီးတိုင္း ကုသမူရေရး အတြက္ လုပ္ေနရာမွာ၊ ကေလးတိုင္း ခုလိုရဖို႔ေရာ ထဲ့ မတြက္ၾကေတာ့ဘူးလား။”

Johannesburg ၿမိဳ႕မွာပဲ HIV/ AIDS ဆိုင္ရာ ေစာင့္ေရွာက္ေရး ေဂဟာမွာ ကေလးေတြအတြက္ အလုပ္လုပ္ ေပးေနတဲ့ Nompumelelo Madonsela က ေဆးက အဓိက က်တာမဟုတ္ပဲ လူငယ္ေတြရဲ႕ အသိတရားကလည္း အခုအထိ ျပႆနာျဖစ္ေနတယ္လို႔ ေျပာပါတယ္။

“လူေတြထင္တာက ေဆးစစ္လိုက္တာနဲ႔ အေျခအေနကို သိသြားမယ္။ ဒီပိုးရွိေနရင္ ေသဖို႔ပဲရွိတယ္။ ဒါေၾကာင့္ ပိုးရွိတာမသိရင္ ေသစရာလဲ မရွိဘူးေတာ့ဘူးေပါ့။ ဒါေၾကာင့္ ကၽြန္မထင္ပါတယ္၊ သူတို႔အတြက္ကေတာ့ မသိထားရင္ အဲ့ဒိပိုး သတ္တာလည္းမခံရေတာ့ဘူးေပါ့ေနာ္။”

ဒါေပမယ့္ ေမြးကင္းစအရြယ္မွာ HIV ပိုးနဲ႔ ဒီေဂဟာမွာ စြန္႔ပစ္ခံခဲ့ရၿပီး အခု အသက္ ၂၀ ရွိလာၿပီျဖစ္တဲ့ Johanna Mogotsi ကေတာ့ တျခားကေလးေတြဆီကေန ေလ့လာႏိုင္ခဲ့တာကို
“ဒီေဆးေတြေသာက္တာေၾကာင့္ ဘဝဆံုးရမဲ့ အေနအထားေရာက္သြားမွာမ်ိဳး မဟုတ္ဘူးဆိုတာကို ဒီကေလးေတြေၾကာင့္ ကၽြန္မ နားလည္လာပါတယ္။ ကၽြန္မရဲ့ေဆးေတြကို ေန႔စဥ္ေသာက္ဖို႔ သူတို႔ဆီက အသိတရား တကယ့္ကို ရေစခဲ့ပါတယ္။ သူတို႔ရဲ့ HIV| AIDS ကိုယ္ေတြ႔ႀကံဳတာအားလံုးကို၊ ကၽြန္မကို လာရွင္းျပၾကပါတယ္။ အဲဒါေၾကာင့္ ကၽြန္မအတြက္ အရမ္းမခက္ခဲေတာ့ပါဘူး၊ ဒါက ကုသလို႔ရတဲ့အရာလို႔ ကၽြန္မ နားလည္လာခဲ့တာေၾကာင့္ေပါ့။ သူတို႔ ဒီ ေဆးေတြေသာက္ေနတာေၾကာင့္ ဆက္က်န္းမာေနတာကို ေတြ႔ေနရတယ္ေလ။”

Mogotsi အေနနဲ႔ သူနာျပဳတဦးျဖစ္ဖို႔ အခုရည္မွန္းထားၿပီး Mabasa ကလည္း ဒီ ေဂဟာ ဘုတ္အဖြဲ႔မွာ ၀င္လုပ္ေနပါၿပီ။ သူမ ျပန္ငယ္သြားခ်င္ၿပီး ဂုဏ္ယူခ်င္ခဲ့ပံုကို Mabasa က

“ကၽြန္မ ၉ ႏွစ္အရြယ္ဘဝကို ျပန္ဂုဏ္ယူေနမိပါတယ္။ ဘာလို႔လဲဆိုေတာ့ အဲ့ဒီအရြယ္မွာ ခုလိုျဖစ္ေနတာကို အရွိအတိုင္း လက္ခံခဲ့ရတယ္ေလ။ ကၽြန္မ ယံုၾကည္တာက ေမြးလာကထဲက အိမ္မက္ေတြ ပါလာခဲ့တယ္၊ ကၽြန္မ ကိုယ္ပိုင္အိမ္မက္ေတြေပါ့။ ဒီအိမ္မက္ေတြကို HIV နဲ႔ AIDS က မဖ်က္ဆီးပစ္ႏိုင္ေအာင္ ကၽြန္မလုပ္ႏိုင္ခဲ့တယ္ေလ။”

အခုေတာ့ ဒီေဂဟာကို ေရာက္လာတဲ့ ကေလးငယ္ေတြကို Mabasa ေျပာေနတာက အသက္ရွည္ရွည္၊ က်န္းက်န္းမာမာ ေနႏိုင္ေတာ့မယ္လို႔ ဆိုတာပါ။

တိုက္႐ိုက္ လင့္ခ္


.....................

AIDS ရောဂါနဲ့ဆက်စပ်ပြီး နေ့စဉ် ကလေးငယ် ၃၀၀ သေဆုံးနေရကြောင်း ကုလပြော

(Unicode)

နှစ်စဉ် ဒီဇင်ဘာလ ၁ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့ AIDS ရောဂါတိုက်ဖျက်ရေးနေ့မှာ ဒီကူးစက်ရောဂါနဲ့ ပတ်သက်ပြီး ပညာပေးလုပ်ငန်းတွေ လုပ်လာတာ ဒီနှစ်ဆိုရင် ၃၁ နှစ်ပြည့်ပါပြီ။ ဒီရောဂါ ကုသမူနဲ့ စောင့်ရှောက်မူအပေါ် တကမ္ဘာလုံးမှာ ပိုမိုလက်လှမ်းမီလာပြီး ရောဂါသည်တွေ ပိုပြီး အသက်ရှည်ရှည်နေနိုင်လာပေမယ့် ဒီ AIDS ရောဂါကြောင့် နေ့စဉ် ကလေး ၃၀၀ ကျော် သေဆုံး နေရသေးတာမို့ ငယ်ရွယ်သူတွေ စောစောဆေးစစ်၊ ကုသမူခံယူကြဖို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့က သတိပေးလိုက်ပါတယ်။ ကလေးဘဝကတည်းက ဒီရောဂါနဲ့ ခက်ခက်ခဲခဲ ဖြတ်သန်း ရှင်သန်ခဲ့ရပြီး အရွယ်ရောက်နေကြပြီးဖြစ်သူတချို့နဲ့ တောင်အာဖရိကနိုင်ငံ Johannesburg မြို့မှာ တွေ့ဆုံမေးမြန်းခဲ့တဲ့ VOA သတင်းထောက် Anita Powell ပေးပို့ထားတဲ့သတင်းလွှာကို ကိုဝင်းမင်းက ပြောပြပါမယ်။

Jane Mabasa ဟာ AIDS နဲ့ သေဆုံးမယ့်သူ စောင့်ရှောက်ရေးဂေဟာကို ရောက်လာခဲ့တာပါ။ သူမ ၉ နှစ်သမီးအရွယ်မှာ AIDS ရောဂါ ခံစားနေရတဲ့ သူမအမေနဲ့ ခွဲပြီး Johannesburg မြို့က ဂေဟာကို လာပို့ခဲ့တာပါ။ ၁၉၈၇ ကနေ ၂၀၀၃ ခုနှစ်အတွင်း ဒီ ဂေဟာမှာ အပတ်စဉ် ကလေး ၉ ဦးသေဆုံးခဲ့ရပါတယ်။ Mabasa လည်းသူတို့ လမ်းလိုက်ရမယ်လို့ ယူဆခဲ့တာပါ။ သူမက

“ကျွန်မ အရမ်းကို ဖျားနေခဲ့တာပါ။ ဘယ်လောက်ဆိုးလဲဆိုရင် သေမှပဲ အေးတော့မယ်လို့ အထိ ထင်ခဲ့တာပါ။ ကျွန်မ ဘာကြောင့် ခုလိုဖြစ်ခဲ့တာကို ၁၄ နှစ်သမီးအရွယ်မှာ သူတို့ ကျွန်မကို စရှင်းပြကြပါတယ်၊ မွေးကတဲက ဒီရောဂါ ပါလာတာပေါ့နော်၊ ဒါကို လက်ခံပြီး ဆက်နေသွားဖို့ပဲရှိတယ်ပေါ့နော်။”

ဒီလိုနေခဲ့ရာကနေ အခု Mabasa ၂၂ နှစ်ရှိလာပါပြီ။ ကုသမှု ခံယူနေပြီး ကျန်းမာနေပါတယ်။ ၂၀၀၃ ခုနှစ်ကစပြီး AIDS ကြောင့် ကလေး ၁ ဦးပဲ သေခဲ့တာကြောင့် သေဆုံးမယ့်သူ စောင့်ရှောက်ရေး ဂေဟာလေးဟာ မျှော်လင့်ချက် ဂေဟာလေး ဖြစ်သွားပါပြီ။

ဒါပေမယ့် UNICEF ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ကတော့ ဒီရောဂါကြောင့် တကမ္ဘာလုံးမှာ နေ့စဉ် ကလေးပေါင်း ၃၂၀ နှုန်းနဲ့ သေနေရတယ်လို့ အစီရင်ခံစာထုတ် သတိပေး လိုက်ပါတယ်။ ဒီနှုန်းက တကယ်တော့ ကြောက်စရာပါ၊ စောစောသိ စောစော ကုသမှု ခံယူနိုင်ရင် HIV ပိုးရှိသူတွေဟာ အသက်ရှည်ရှည် ကျန်းကျန်းမာမာ ဆက်နေနိုင်လို့ပါ။

UNICEF က Dr. Chewe Luo က

“ကမ္ဘာတစ်ခုလုံးမှာ ကလေးတွေ ဒီကုသမူကို မရနိုင်ဘဲ ဆုံးရှုံးနေရပါတယ်။ ဒီနေ့မှာ ကလေး ၅၄% ခန့်ပဲ ဒီကုသမူကို ရနေတာပါ။ ကလေးအားလုံးရဲ့ တဝက်ပဲ ကုသမူကို လက်လှမ်းမီနေတာပေါ့နော်။

ဒီကလေးအရွယ်တွေမှာ သေဆုံးမူက မြင့်မားနေတုန်းပါ။ ဒါပေမဲ့ အခြားတဖက်မှာရှိနေတာက၊ လူကြီးတွေကို ကုသမုပေးနေတယ်ဆိုရင် ဒီကျန်းမာရေး ဝန်ဆောင်မူပေးတဲ့ပုံစံကို ပြောင်းဖို့လိုပါတယ်။ လူကြီးတိုင်း ကုသမူရရေး အတွက် လုပ်နေရာမှာ၊ ကလေးတိုင်း ခုလိုရဖို့ရော ထဲ့ မတွက်ကြတော့ဘူးလား။”

Johannesburg မြို့မှာပဲ HIV/ AIDS ဆိုင်ရာ စောင့်ရှောက်ရေး ဂေဟာမှာ ကလေးတွေအတွက် အလုပ်လုပ် ပေးနေတဲ့ Nompumelelo Madonsela က ဆေးက အဓိက ကျတာမဟုတ်ပဲ လူငယ်တွေရဲ့ အသိတရားကလည်း အခုအထိ ပြဿနာဖြစ်နေတယ်လို့ ပြောပါတယ်။

“လူတွေထင်တာက ဆေးစစ်လိုက်တာနဲ့ အခြေအနေကို သိသွားမယ်။ ဒီပိုးရှိနေရင် သေဖို့ပဲရှိတယ်။ ဒါကြောင့် ပိုးရှိတာမသိရင် သေစရာလဲ မရှိဘူးတော့ဘူးပေါ့။ ဒါကြောင့် ကျွန်မထင်ပါတယ်၊ သူတို့အတွက်ကတော့ မသိထားရင် အဲ့ဒိပိုး သတ်တာလည်းမခံရတော့ဘူးပေါ့နော်။”

ဒါပေမယ့် မွေးကင်းစအရွယ်မှာ HIV ပိုးနဲ့ ဒီဂေဟာမှာ စွန့်ပစ်ခံခဲ့ရပြီး အခု အသက် ၂၀ ရှိလာပြီဖြစ်တဲ့ Johanna Mogotsi ကတော့ တခြားကလေးတွေဆီကနေ လေ့လာနိုင်ခဲ့တာကို
“ဒီဆေးတွေသောက်တာကြောင့် ဘဝဆုံးရမဲ့ အနေအထားရောက်သွားမှာမျိုး မဟုတ်ဘူးဆိုတာကို ဒီကလေးတွေကြောင့် ကျွန်မ နားလည်လာပါတယ်။ ကျွန်မရဲ့ဆေးတွေကို နေ့စဉ်သောက်ဖို့ သူတို့ဆီက အသိတရား တကယ့်ကို ရစေခဲ့ပါတယ်။ သူတို့ရဲ့ HIV| AIDS ကိုယ်တွေ့ကြုံတာအားလုံးကို၊ ကျွန်မကို လာရှင်းပြကြပါတယ်။ အဲဒါကြောင့် ကျွန်မအတွက် အရမ်းမခက်ခဲတော့ပါဘူး၊ ဒါက ကုသလို့ရတဲ့အရာလို့ ကျွန်မ နားလည်လာခဲ့တာကြောင့်ပေါ့။ သူတို့ ဒီ ဆေးတွေသောက်နေတာကြောင့် ဆက်ကျန်းမာနေတာကို တွေ့နေရတယ်လေ။”

Mogotsi အနေနဲ့ သူနာပြုတဦးဖြစ်ဖို့ အခုရည်မှန်းထားပြီး Mabasa ကလည်း ဒီ ဂေဟာ ဘုတ်အဖွဲ့မှာ ဝင်လုပ်နေပါပြီ။ သူမ ပြန်ငယ်သွားချင်ပြီး ဂုဏ်ယူချင်ခဲ့ပုံကို Mabasa က

“ကျွန်မ ၉ နှစ်အရွယ်ဘဝကို ပြန်ဂုဏ်ယူနေမိပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီအရွယ်မှာ ခုလိုဖြစ်နေတာကို အရှိအတိုင်း လက်ခံခဲ့ရတယ်လေ။ ကျွန်မ ယုံကြည်တာက မွေးလာကထဲက အိမ်မက်တွေ ပါလာခဲ့တယ်၊ ကျွန်မ ကိုယ်ပိုင်အိမ်မက်တွေပေါ့။ ဒီအိမ်မက်တွေကို HIV နဲ့ AIDS က မဖျက်ဆီးပစ်နိုင်အောင် ကျွန်မလုပ်နိုင်ခဲ့တယ်လေ။”

အခုတော့ ဒီဂေဟာကို ရောက်လာတဲ့ ကလေးငယ်တွေကို Mabasa ပြောနေတာက အသက်ရှည်ရှည်၊ ကျန်းကျန်းမာမာ နေနိုင်တော့မယ်လို့ ဆိုတာပါ။

XS
SM
MD
LG