သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ HIV ပိုးကူးစက်မှု ကျဆင်း


၂၀၁၂ မြန်မာနိုင်ငံတွင်း AIDS တိုက်ဖျက်ရေးလှုပ်ရှားမှု

မြန်မာနိုင်ငံမှာ HIV/AIDS ရောဂါပိုးကူးစက်မှု နောက်တိုးအရေအတွက် ၁၅ နှစ် ဆက်တိုက် ကျဆင်းလာတာကို AIDS ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့ UNAIDS က နောက်ဆုံးထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေမှာ တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ HIV ပိုးကူးစက်မှု ကျဆင်း
မြန်မာနိုင်ငံမှာ HIV ပိုးကူးစက်မှု ကျဆင်း

ရောဂါပိုးကူးစက်မှု နောက်တိုးအရေအတွက်ဟာ ၂၀၀၀ ပြည့်နှစ်က ပျှမ်းမျှခြင်း အားဖြင့် ၂၉,၀၀၀ ရှိရာ ကနေ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် မှာ ၁၁,၀၀၀ ပဲရှိတော့တာကို UNAIDS အင်တာနက်စာမျက်နှာမှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေမှာ တွေ့ရပါ တယ်။

AIDS ရောဂါနဲ့ဆက်နွယ်ပြီး သေဆုံးသူအရေအတွက်ဟာလည်း ၂၀၀၇ ခုနှစ်မှာ ပျှမ်းမျှခြင်း ၁၄,၀၀၀ ရှိရာက နေ ၂၀၁၇ ခုနှစ်မှာ ၆,၇၀၀ အထိ ထက်ဝက်ကျော် ကျဆင်းသွားပါတယ်။

HIV ရောဂါပိုးရှိသူအရေအတွက် စုစုပေါင်းကတော့ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ၄ နှစ်ဆက်တိုက် အပြောင်းအလဲမရှိဘဲ ပျှမ်းမျှခြင်းအားဖြင့် လူပေါင်း ၂၂,၀၀၀ ရှိနေပါတယ်။

ART ဆေးဝါးရရှိသူ HIV/AIDS ရောဂါသည်အရေအတွက်ဟာလည်း ၇ နှစ်အတွင်း ၅၀% ကျော် တိုးတက်လာပြီး ၂၀၁၀ ပြည့်နှစ် မှာ ရောဂါသည်အရေအတွက် စုစုပေါင်းရဲ့ ၁၄% ပဲ ART ဆေးကိုရခဲ့ရာက ၂၀၁၇ ခုနှစ်မှာ ၆၆% အထိ ဆေးဝါးရလာတာကို UNAIDS ကိန်းဂဏန်းတွေက ပြနေပါတယ်။

HIV/AIDS ရောဂါတိုက်ဖျက်ရေးမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေအဖြစ် ဖော်ပြထားတဲ့ထဲမှာ အားနည်းပြီး သိပ်ကိုရှုပ်ထွေးတဲ့ ကျန်းမာရေးစနစ်၊ Global Fund အဖွဲ့အပါအဝင် အလှူရှင်တွေက ရန်ပုံငွေတွေ သိသိသာသာ လျှော့ချ ဖြတ်တောက်ပစ်တာနဲ့ မြန်မာနိုင်ငံမှာ လူသားအရင်းအမြစ် လျော့နည်းတာတွေ ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ HIV ပိုးကူးစက်မှု ကျဆင်း
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG