သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အနာဂတ္ကေလးငယ္မ်ား က်န္းမာေရး ကၽြမ္းက်င္သူေတြ သတိေပး


(Zawgyi/Unicode)

ကမာၻ႔ရာသီဥတု ေျပာင္းလဲေဖာက္ျပန္မႈ၊ ေၾကာ္ျငာအားေကာင္းတဲ့ က်န္းမာေရးနဲ႔ မညီၫြတ္တဲ့ အစားအေသာက္ေတြေၾကာင့္ အနာဂတ္ကေလးငယ္ေတြရဲ႕ က်န္းမာေရး အႏၱရာယ္႐ွိတယ္လို႔ ကမာၻတဝန္းက ကေလးငယ္နဲ႔ ဆယ္ေက်ာ္သက္ က်န္းမာေရးဆိုင္ရာ ကၽြမ္းက်င္သူေတြက သတိေပးလိုက္ၾကပါတယ္။

WHO ကမာၻ႔က်န္းမာေရးအဖဲြ႔၊ UNICEF အဖဲြ႔နဲ႔ Lancet ေဆးသိပၸံဂ်ာနယ္တို႔ရဲ တာဝန္ေပးခ်က္နဲ႔ သီးျခားလြတ္လပ္တဲ့ သိပၸံပညာ႐ွင္ ၄၀ က အစီရင္ခံစာ ျပဳစုခဲ့ၾကတာပါ။ ရာသီဥတုေျပာင္းလဲမႈ၊ သဘာဝပတ္ဝန္းက်င္ ပ်က္စီးယိုယြင္းလာမႈ၊ ကေလးေတြကို ပစ္မွတ္ထား အျမတ္ထုတ္ဖုိ႔ရည္႐ြယ္တဲ့ ေၾကာ္ျငာေတြေၾကာင့္ ကမာၻတဝန္းက ကေလးေတြ အဝလြန္ျပႆနာျဖစ္ေနတယ္လို႔ အစီရင္ခံစာထဲမွာ ေထာက္ျပထားပါတယ္။ ကမာၻႀကီးပူေႏြးေစတဲ့ ဖန္လံုအိမ္ဓါတ္ေငြ႔ေတြကို ႐ွဴ႐ႈိက္ေနၾကရတဲ့ ကေလးငယ္ေတြ အခုထဲကသက္ေရာက္မႈေတြကို ခံစားေနၾကရၿပီလို႔ သိပၸံပညာ႐ွင္ေတြက ေျပာပါတယ္။

မိုးေခါင္မႈ၊ ေရႀကီးမႈ၊ အပူလႈိင္းျဖတ္မႈလို ျပင္းထန္တဲ့ရာသီဥတုအေျခအေန၊ ငွက္ဖ်ားေရာဂါ၊ တုပ္ေကြးေရာဂါလို ကူးစက္ျမန္တဲ့ေရာဂါေတြကို ကမာၻတဝန္းခံစားေနၾကရတယ္လို႔ အစီရင္ခံစာကို ဦးေဆာင္ေရးသားသူ ပါေမာကၡ Anthony Costello က ေျပာပါတယ္။ ဆင္းရဲတဲ့ႏုိင္ငံေတြမွာ ကေလးငယ္ေတြရဲ႕ က်န္းမာေရးကို အာ႐ံုစိုက္ႏိုင္ဖို႔ အေဝးႀကီးလိုေသးတယ္လို႔ သူကေထာက္ျပပါတယ္။ ခ်မ္းသာတဲ့ႏိုင္ငံေတြမွာလည္း က်န္းမာေရး အႏၱရာယ္ျဖစ္ေစတဲ့ ကာဗြန္ဓါတ္ေငြ႔ေတြ ႐ႈ႐ႈိက္ေနၾကရတဲ့အတြက္ ကေလးေတြရဲ႕ အနာဂါက်န္းမာေရးကို ၿခိမ္းေျခာက္ေနတယ္လို႔ ပါေမာကၡ Costello ကေျပာၾကားခဲ့ပါတယ္။ ကေလးငယ္ေတြ ဆယ္ေက်ာ္သက္ေတြကို အဓိကရည္႐ြယ္ၿပီး သၾကားမ်ားတဲ့ အခ်ဳိရည္ေတြ၊ အသင့္စားႏုိင္တဲ့ အစားအေသာက္ေတြ၊ ေဆးလိပ္ေတြ၊ အရက္ေတြ၊ ဂိ္မ္းေတြ၊ ေလာင္းကစားေတြကို ေၾကာ္ျငာေနၾကတာေၾကာင့္ ကေလးေတြရဲ႕ ဖြံ႔ၿဖိဳးမႈနဲ႔ က်န္းမာေရးကို ၿခိမ္းေျခာက္ေနတယ္လို႔ အစီရင္ခံစာထဲမွာ မီးေမာင္းထုိးျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

အနာဂတ်ကလေးငယ်များ ကျန်းမာရေး ကျွမ်းကျင်သူတွေ သတိပေး

(Unicode)

ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖောက်ပြန်မှု၊ ကြော်ငြာအားကောင်းတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကြောင့် အနာဂါတ်ကလေးငယ်တွေရဲ့ ကျန်းမာရေး အန္တရာယ်ရှိတယ်လို့ ကမ္ဘာတဝန်းက ကလေးငယ်နဲ့ဆယ်ကျော်သက်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက သတိပေးလိုက်ကြပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ UNICEF အဖွဲ့နဲ့ Lancet ဆေးသိပ္ပံဂျာနယ်တို့ရဲ တာဝန်ပေးချက်နဲ့ သီးခြားလွတ်လပ်တဲ့ သိပ္ပံပညာရှင် ၄၀ က အစီရင်ခံစာ ပြုစုခဲ့ကြတာပါ။ ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းလာမှု၊ ကလေးတွေကို ပစ်မှတ်ထား အမြတ်ထုတ်ဖို့ရည်ရွယ်တဲ့ ကြော်ငြာတွေကြောင့် ကမ္ဘာတဝန်းက ကလေးတွေ အဝလွန်ပြဿနာဖြစ်နေတယ်လို့ အစီရင်ခံစာထဲမှာ ထောက်ပြထားပါတယ်။ ကမ္ဘာကြီးပူနွေးစေတဲ့ ဖန်လုံအိမ်ဓါတ်ငွေ့တွေကို ရှူရှိုက်နေကြရတဲ့ ကလေးငယ်တွေ အခုထဲကသက်ရောက်မှုတွေကို ခံစားနေကြရပြီလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

မိုးခေါင်မှု၊ ရေကြီးမှု၊ အပူလှိုင်းဖြတ်မှုလို ပြင်းထန်တဲ့ရာသီဥတုအခြေအနေ၊ ငှက်ဖျားရောဂါ၊ တုပ်ကွေးရောဂါလို ကူးစက်မြန်တဲ့ရောဂါတွေကို ကမ္ဘာတဝန်းခံစားနေကြရတယ်လို့ အစီရင်ခံစာကို ဦးဆောင်ရေးသားသူ ပါမောက္ခ Anthony Costello က ပြောပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေမှာ ကလေးငယ်တွေရဲ့ ကျန်းမာရေးကို အာရုံစိုက်နိုင်ဖို့ အဝေးကြီးလိုသေးတယ်လို့ သူကထောက်ပြပါတယ်။ ချမ်းသာတဲ့နိုင်ငံတွေမှာလည်း ကျန်းမာရေး အန္တရာယ်ဖြစ်စေတဲ့ ကာဗွန်ဓါတ်ငွေ့တွေ ရှုရှိုက်နေကြရတဲ့အတွက် ကလေးတွေရဲ့ အနာဂါကျန်းမာရေးကို ခြိမ်းခြောက်နေတယ်လို့ ပါမောက္ခ Costello ကပြောကြားခဲ့ပါတယ်။ ကလေးငယ်တွေ ဆယ်ကျော်သက်တွေကို အဓိကရည်ရွယ်ပြီး သကြားများတဲ့ အချိုရည်တွေ၊ အသင့်စားနိုင်တဲ့ အစားအသောက်တွေ၊ ဆေးလိပ်တွေ၊ အရက်တွေ၊ ဂိမ်းတွေ၊ လောင်းကစားတွေကို ကြော်ငြာနေကြတာကြောင့် ကလေးတွေရဲ့ ဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေတယ်လို့ အစီရင်ခံစာထဲမှာ မီးမောင်းထိုးပြထားပါတယ်။

XS
SM
MD
LG