သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တရုတ္အစုိးရက Sinovac ကုိဗစ္ကာကြယ္ေဆးကုိ အမ်ားျပည္သူသုံးခြင့္ျပဳ


Sinovac ကုိဗစ္ကာကြယ္ေဆးထုတ္ စက္႐ုံ ( Beijing on September 24, 2020. )

တ႐ုတ္ ေဆးဝါးပစၥည္း ႀကီးၾကပ္ကြပ္ကဲေရး အဖြဲ႕က တ႐ုတ္လုပ္ Sinovac ကိုဗစ္ကာကြယ္ေဆးကို အမ်ားျပည္သူ အသုံးျပဳဖို႔ အတည္ျပဳ ခြင့္ျပဳလိုက္ၿပီလို႔ အဲဒီ ကာကြယ္ေဆး ထုတ္လုပ္တဲ့ Sinovac Biotech ေဆးကုမၸဏီ က ေျပာပါတယ္။

Zawgyi/ Uncode

(Zawgyi)

တ႐ုတ္ ေဆးဝါးပစၥည္း ႀကီးၾကပ္ကြပ္ကဲေရး အဖြဲ႕က တ႐ုတ္လုပ္ Sinovac ကိုဗစ္ကာကြယ္ေဆးကို အမ်ားျပည္သူ အသုံးျပဳဖို႔ အတည္ျပဳ ခြင့္ျပဳလိုက္ၿပီလို႔ အဲဒီ ကာကြယ္ေဆး ထုတ္လုပ္တဲ့ Sinovac Biotech ေဆးကုမၸဏီ က ေျပာပါတယ္။ ဒါေၾကာင့္ Sinovac Biotech ေဆးကုမၸဏီထုတ္ ကိုဗစ္ကာကြယ္ေဆးက တ႐ုတ္နိုင္ငံမွာ အသုံးျပဳခြင့္ ရရွိတဲ့ ဒုတိယေျမာက္ ကိုဗစ္ ကာကြယ္ေဆး ျဖစ္လာပါတယ္။

တ႐ုတ္အမ်ိဳးသား ေဆးဝါးထုတ္လုပ္ေရး အဖြဲ႕(Sinopharm) က ထုတ္လုပ္တဲ့ ကာကြယ္ေဆးကို တ႐ုတ္နိုင္ငံထဲ သုံးစြဲဖို႔ ပထမဆုံး အတည္ျပဳ ခြင့္ျပဳေပးထားခဲ့တာပါ။

အဲဒီ ကာကြယ္ေဆး ႏွစ္မ်ိဳးစလုံးနဲ႔ Sinopharm ကပဲ ထုတ္လုပ္တဲ့ တတိယေျမာက္ ကာကြယ္ေဆးကို တ႐ုတ္နိုင္ငံရဲ့ COVID 19ကာကြယ္ထိုးေဆး အစီအစဥ္ေတြမွာ အရင္ကတည္းက အသုံးျပဳေနတာပါ။ ေရာဂါေၾကာင့္ အသက္အႏၲရာယ္ အမ်ားဆုံး ရွိနိုင္တဲ့ တ႐ုတ္နိုင္ငံသားေတြ ကို ဦးစားေပး ထိုးေပးခဲ့တာ ျဖစ္ၿပီး ထိုးေဆးေပါင္း ၃၁ သန္း ေက်ာ္ ထိုးႏွံေပးခဲ့ၿပီး ျဖစ္ပါတယ္။ CanSino Biologics က ထုတ္လုပ္တဲ့ စတုတၳေျမာက္ ကာကြယ္ေဆးကိုေတာ့ တ႐ုတ္ စစ္မႈထမ္းေတြကို ထိုးႏွံေပးခဲ့ပါတယ္။

Sinovac Life Sciences က ထုတ္လုပ္တဲ့ CoronaVacလို႔ ေခၚတဲ့ ကိုဗစ္ကာကြယ္ေဆးကို အင္ဒိုနီးရွား၊ တူရကီ၊ ဘရာဇီးလ္၊ ခ်ီလီ၊ ကိုလံဘီယာ၊ ဥ႐ုေဂြး နဲ႔ လာအိုနိုင္ငံေတြက အတည္ျပဳ သုံးစြဲခြင့္ ေပးထားတယ္လို႔ Sinovac က သတင္းထုတ္ျပန္ထားပါတယ္။

ကမၻာ့က်န္းမာေရးအဖြဲ႕ WHO က ေထာက္ခံမႈေပးထားတဲ့ COVAX လို႔ေခၚတဲ့ ကမၻာတစ္ဝွမ္း ကိုဗစ္ ကာကြယ္ေဆး ရရွိေရး အစီအစဥ္ ကို တ႐ုတ္တို႔က ကာကြယ္ထိုးေဆး ၁၀ သန္း ေထာက္ပံ့ေပးမယ့္အထဲ Sinovac, Sinopharm နဲ႔ CanSino ေဆး ၃ မ်ိဳး စလုံး ပါဝင္မယ္လို႔ တ႐ုတ္နိုင္ငံျခားေရး ဝန္ႀကီးဌာနက ေျပာပါတယ္။

COVAX အစီအစဥ္အရ အေရွ႕ေတာင္ အာရွနိုင္ငံေတြအေနနဲ႔ ထိုးေဆးအလုံးေရ စုစုေပါင္း ၃၂ ဒႆမ ၃ သန္းေက်ာ္ကို ဒီႏွစ္ ပထမနဲ႔ ဒုတိယ သုံးလပတ္ကာလေတြမွာ ရရွိမွာ ျဖစ္ပါတယ္။​အဲဒီအထဲ အင္ဒိုနီးရွားနိုင္ငံက ထိုးေဆး ၁၃ သန္းခြဲေက်ာ္နဲ႔ အမ်ားဆုံး ရရွိမွာ ျဖစ္ၿပီး ျမန္မာနိုင္ငံက ထိုးေဆး ၄ သန္းေက်ာ္ ရရွိမွာ ျဖစ္တယ္လို႔ ဗန္ေကာက္ပို႔စ္ သတင္းဌာနက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္



(Unicode)

တရုတ် ဆေးဝါးပစ္စည်း ကြီးကြပ်ကွပ်ကဲရေး အဖွဲ့က တရုတ်လုပ် Sinovac ကိုဗစ်ကာကွယ်ဆေးကို အများပြည်သူ အသုံးပြုဖို့ အတည်ပြု ခွင့်ပြုလိုက်ပြီလို့ အဲဒီ ကာကွယ်ဆေး ထုတ်လုပ်တဲ့ Sinovac Biotech ဆေးကုမ္ပဏီ က ပြောပါတယ်။ ဒါကြောင့် Sinovac Biotech ဆေးကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေးက တရုတ်နိုင်ငံမှာ အသုံးပြုခွင့် ရရှိတဲ့ ဒုတိယမြောက် ကိုဗစ် ကာကွယ်ဆေး ဖြစ်လာပါတယ်။

တရုတ်အမျိုးသား ဆေးဝါးထုတ်လုပ်ရေး အဖွဲ့ (Sinopharm) က ထုတ်လုပ်တဲ့ ကာကွယ်ဆေးကို တရုတ်နိုင်ငံထဲ သုံးစွဲဖို့ ပထမဆုံး အတည်ပြု ခွင့်ပြုပေးထားခဲ့တာပါ။

အဲဒီ ကာကွယ်ဆေး နှစ်မျိုးစလုံးနဲ့ Sinopharm ကပဲ ထုတ်လုပ်တဲ့ တတိယမြောက် ကာကွယ်ဆေးကို တရုတ်နိုင်ငံရဲ့ COVID 19 ကာကွယ်ထိုးဆေး အစီအစဥ်တွေမှာ အရင်ကတည်းက အသုံးပြုနေတာပါ။ ရောဂါကြောင့် အသက်အန္တရာယ် အများဆုံး ရှိနိုင်တဲ့ တရုတ်နိုင်ငံသားတွေ ကို ဦးစားပေး ထိုးပေးခဲ့တာ ဖြစ်ပြီး ထိုးဆေးပေါင်း ၃၁ သန်း ကျော် ထိုးနှံပေးခဲ့ပြီး ဖြစ်ပါတယ်။ CanSino Biologics က ထုတ်လုပ်တဲ့ စတုတ္ထမြောက် ကာကွယ်ဆေးကိုတော့ တရုတ် စစ်မှုထမ်းတွေကို ထိုးနှံပေးခဲ့ပါတယ်။

Sinovac Life Sciences က ထုတ်လုပ်တဲ့ CoronaVac လို့ ခေါ်တဲ့ ကိုဗစ်ကာကွယ်ဆေးကို အင်ဒိုနီးရှား၊ တူရကီ၊ ဘရာဇီးလ်၊ ချီလီ၊ ကိုလံဘီယာ၊ ဥရုဂွေး နဲ့ လာအိုနိုင်ငံတွေက အတည်ပြု သုံးစွဲခွင့် ပေးထားတယ်လို့ Sinovac က သတင်းထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထောက်ခံမှုပေးထားတဲ့ COVAX လို့ခေါ်တဲ့ ကမ္ဘာတစ်ဝှမ်း ကိုဗစ် ကာကွယ်ဆေး ရရှိရေး အစီအစဥ် ကို တရုတ်တို့က ကာကွယ်ထိုးဆေး ၁၀ သန်း ထောက်ပံ့ပေးမယ့်အထဲ Sinovac, Sinopharm နဲ့ CanSino ဆေး ၃ မျိုး စလုံး ပါဝင်မယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

COVAX အစီအစဥ်အရ အရှေ့တောင် အာရှနိုင်ငံတွေအနေနဲ့ ထိုးဆေးအလုံးရေ စုစုပေါင်း ၃၂ ဒဿမ ၃ သန်းကျော်ကို ဒီနှစ် ပထမနဲ့ ဒုတိယ သုံးလပတ်ကာလတွေမှာ ရရှိမှာ ဖြစ်ပါတယ်။​အဲဒီအထဲ အင်ဒိုနီးရှားနိုင်ငံက ထိုးဆေး ၁၃ သန်းခွဲကျော်နဲ့ အများဆုံး ရရှိမှာ ဖြစ်ပြီး မြန်မာနိုင်ငံက ထိုးဆေး ၄ သန်းကျော် ရရှိမှာ ဖြစ်တယ်လို့ ဗန်ကောက်ပို့စ် သတင်းဌာနက ပြောပါတယ်။

XS
SM
MD
LG