(Zawgyi / Unicode)
COVID-19 ေရာဂါကာကြယ္ေဆး ျပည္ပတင္ပို႔တာနဲ႔ ပတ္သက္ၿပီး ဥေရာပသမဂၢ (EU) က ေသာၾကာေန႔မွာ တင္းက်ပ္တဲ့စည္းမ်ဥ္းေတြ ခ်မွတ္လိုက္ပါတယ္။
ဒါဟာျဖင့္ ၿဗိတိန္လိုႏုိင္ငံမ်ဳိးေတြဆီ ကာကြယ္ေဆးပို႔မယ့္ကိစၥ ထိခိုက္သြားႏုိင္ၿပီး EU နဲ႔ ၿဗိတိန္အၾကား အျငင္းပြားမႈ ျပင္းထန္လာႏုိင္ပါတယ္။
ဒါေပမယ့္လည္း EU အဖြဲ႔ဝင္ ၂၇ ႏုိင္ငံထဲမွာ ထုတ္လုပ္တဲ့ ကာကြယ္ေဆးေတြ ေျမာက္ပိုင္းအိုင္ယာလန္ဆီ တင္ပို႔တာကို ထိန္းခ်ဳပ္ဖို႔ေတာ့ အခုစည္းမ်ဥ္းသစ္မွာ မပါရွိဘူးလို႔ ဥေရာပေကာ္မရွင္က ရွင္းလင္း ေျပာဆိုပါတယ္။ ေျမာက္ပိုင္းအိုင္ယာလန္ေဒသဟာ ၿဗိတိန္ႏုိင္ငံထဲမွာပါရွိၿပီး EU အဖြဲ႔ဝင္ႏုိင္ငံတခုျဖစ္တဲ့ အိုင္ယာလန္ႏုိင္ငံနဲ႔ နယ္နိမိတ္ခ်င္း ထိစပ္ေနတာပါ။
EU ထဲကေန ၿဗိတိန္ႏုိင္ငံ ႏုတ္ထြက္ခ်ိန္က ရထားတဲ့ သေဘာတူညီခ်က္အရ EU အဖြဲ႔ဝင္ႏုိင္ငံေတြမွာ ထုတ္လုပ္တဲ့ ကုန္ပစၥည္းေတြကို ေျမာက္ပိုင္း အိုင္ယာလန္ေဒသဆီ အတားအဆီး အကန္႔အသတ္မရွိ ဆက္ၿပီး ေပးပို႔ႏိုင္ပါတယ္။
ၿဗိတိန္-ဆြီဒင္ ေဆးကုမၸဏီတခုျဖစ္တဲ့ AstraZeneca နဲ႔ EU အၾကား အျငင္းပြားမႈ ျဖစ္ေနခ်ိန္မွာပဲ EU ရဲ႕ အခုကန္႔သတ္ခ်က္ ထြက္လာတာပါ။
AstraZeneca ကေန သူတို႔ဝယ္ထားတဲ့ ကာကြယ္ေဆးေတြ တျခားေနရာကို ေျပာင္းၿပီး ပို႔လိုက္မလားဆိုတဲ့ စိုးရိမ္ခ်က္မ်ဳိး EU ႏုိင္ငံေတြၾကား ထြက္ေပၚေနခ်ိန္မွာပဲ EU ထဲမွာထုတ္တဲ့ ကာကြယ္ေဆး ျပည္ပတင္ပို႔တာအေပၚ စည္းမ်ဥ္း တင္းက်ပ္လိုက္တာပါ။
အခုလို တင္းက်ပ္လိုက္တာေၾကာင့္ EU အဖြဲ႔ဝင္မဟုတ္တဲ့ ႏုိ္င္ငံေတြဆီ COVID-19 ေရာဂါကာကြယ္ေဆး တင္ပို႔တာကို ပိတ္ပင္ႏုိင္သလို EU ထဲမွာ အေျခစိုက္တဲ့ ဘယ္လို ျပည္ပပို႔ကုမၸဏီမဆို သူတို႔ရဲ႕ အစီအစဥ္ေတြနဲ႔ ပတ္သက္ၿပီး သက္ဆိုင္ရာႏုိင္ငံေတြရဲ႕ အာဏာပိုင္ေတြဆီ အရင္ဆံုး တင္ျပၾကရမွာ ျဖစ္ပါတယ္။
-----------------------------
(Unicode)
ကိုဗစ်ကာကွယ်ဆေး ပြည်ပတင်ပို့မှု EU တင်းကျပ်
COVID-19 ရောဂါကာကွယ်ဆေး ပြည်ပတင်ပို့တာနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂ (EU) က သောကြာနေ့မှာ တင်းကျပ်တဲ့စည်းမျဉ်းတွေ ချမှတ်လိုက်ပါတယ်။
ဒါဟာဖြင့် ဗြိတိန်လိုနိုင်ငံမျိုးတွေဆီ ကာကွယ်ဆေးပို့မယ့်ကိစ္စ ထိခိုက်သွားနိုင်ပြီး EU နဲ့ ဗြိတိန်အကြား အငြင်းပွားမှု ပြင်းထန်လာနိုင်ပါတယ်။
ဒါပေမယ့်လည်း EU အဖွဲ့ဝင် ၂၇ နိုင်ငံထဲမှာ ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေ မြောက်ပိုင်းအိုင်ယာလန်ဆီ တင်ပို့တာကို ထိန်းချုပ်ဖို့တော့ အခုစည်းမျဉ်းသစ်မှာ မပါရှိဘူးလို့ ဥရောပကော်မရှင်က ရှင်းလင်း ပြောဆိုပါတယ်။ မြောက်ပိုင်းအိုင်ယာလန်ဒေသဟာ ဗြိတိန်နိုင်ငံထဲမှာပါရှိပြီး EU အဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့ အိုင်ယာလန်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာပါ။
EU ထဲကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်ချိန်က ရထားတဲ့ သဘောတူညီချက်အရ EU အဖွဲ့ဝင်နိုင်ငံတွေမှာ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို မြောက်ပိုင်း အိုင်ယာလန်ဒေသဆီ အတားအဆီး အကန့်အသတ်မရှိ ဆက်ပြီး ပေးပို့နိုင်ပါတယ်။
ဗြိတိန်-ဆွီဒင် ဆေးကုမ္ပဏီတခုဖြစ်တဲ့ AstraZeneca နဲ့ EU အကြား အငြင်းပွားမှု ဖြစ်နေချိန်မှာပဲ EU ရဲ့ အခုကန့်သတ်ချက် ထွက်လာတာပါ။
AstraZeneca ကနေ သူတို့ဝယ်ထားတဲ့ ကာကွယ်ဆေးတွေ တခြားနေရာကို ပြောင်းပြီး ပို့လိုက်မလားဆိုတဲ့ စိုးရိမ်ချက်မျိုး EU နိုင်ငံတွေကြား ထွက်ပေါ်နေချိန်မှာပဲ EU ထဲမှာထုတ်တဲ့ ကာကွယ်ဆေး ပြည်ပတင်ပို့တာအပေါ် စည်းမျဉ်း တင်းကျပ်လိုက်တာပါ။
အခုလို တင်းကျပ်လိုက်တာကြောင့် EU အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေဆီ COVID-19 ရောဂါကာကွယ်ဆေး တင်ပို့တာကို ပိတ်ပင်နိုင်သလို EU ထဲမှာ အခြေစိုက်တဲ့ ဘယ်လို ပြည်ပပို့ကုမ္ပဏီမဆို သူတို့ရဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံတွေရဲ့ အာဏာပိုင်တွေဆီ အရင်ဆုံး တင်ပြကြရမှာ ဖြစ်ပါတယ်။