သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿဗိတိန္မွာ ကိုဗစ္ေၾကာင္႔ေသဆံုးသူ ၂၈ ရက္အတြင္း ၁ သိန္းေက်ာ္ရွိၿပီ


COVID-19 ေရာဂါ အႀကီးအက်ယ္ကူးစက္ေနတဲ့ လန္ဒန္ၿမိဳ႕မွာရွိေနတဲ့ St Thomas' ေဆးရံုမွာ အေရးေပၚလူနာ တင္ယာဥ္က လူနာ တဦးကို သယ္ယူေနတဲ့ ကာကြယ္ေရး၀တ္စံု ၀တ္ဆင္ထားတဲ့ က်န္းမာေရး၀န္ထမ္းမ်ား

(Zawgyi/Unicode)

ၿဗိတိန္ႏိုင္ငံမွာ အဂၤါေန႔က ထုတ္ျပန္တဲ့ တရားဝင္ကိန္းဂဏန္း အခ်က္အလက္ေတြအရ ရက္ေပါင္း ၂၈ ရက္အတြင္း COVID-19 ေရာဂါေၾကာင့္ လူေပါင္း ၁၀၀,၀၀၀ ေက်ာ္ေသဆုံးခဲ့ၿပီ ျဖစ္ပါတယ္။ ကာကြယ္ေဆး ျဖန႔္ေဝမႈကို အရွိန္ျမႇင့္ဖို႔နဲ႔ ဗီဇေျပာင္းကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈကို ထိန္းခ်ဳပ္ဖို႔ အစိုးရက ႐ုန္းကန္ေဆာင္႐ြက္ေနခ်ိန္မွာ အခုလို လူေသတဲ့ႏႈန္း အမ်ားဆုံး စံခ်ိန္သစ္ကို ေရာက္ရွိခဲ့တာပါ။

ဒါနဲ႔ပတ္သက္လို႔ ၿဗိတိန္ ဝန္ႀကီးခ်ဳပ္ Boris Johnson က အဂၤါေန႔က အခုလို ေျပာၾကားခဲ့ပါတယ္။

" ဒါကမ်ိဳးဆက္တဆက္ အတြက္အဆိုး႐ြားဆုံးေသာ ျပည္သူ႔က်န္းမာေရးအက်ပ္အတည္းျဖစ္ပါတယ္။ အခ်ိဳ႕လူေတြက ဒါကို ရာသီအလိုက္တုပ္ေကြးေရာဂါနဲ႔ ႏႈိင္းယွဥ္ၾကပါတယ္။ ဒါက လုံးဝမမွန္ပါဘူး။ ကိုယ္ခံစြမ္းအားကင္းမဲ့မႈေၾကာင့္ ဒီေရာဂါကပိုၿပီးအႏၲရာယ္မ်ားၿပီး ေနာက္ထပ္လည္း ျပန႔္ပြားသြားမွာျဖစ္ပါတယ္။”

လက္ရွိၿဗိတိန္ႏိုင္ငံဟာ ကမာၻေပၚမွာ COVID-19 ေၾကာင့္ ေသဆုံးတဲ့ အမ်ားဆုံးႏိုင္ငံေတြ စာရင္းမွာ ပၪၥမေျမာက္ ရွိေနပါတယ္။ အဂၤါေန႔တေန႔တည္း ေနာက္ထပ္ ေသဆုံးသူေပါင္း ၁,၆၃၁ ေယာက္ရွိခဲ့ၿပီး၊ ကူးစက္ခံရသူေပါင္း ၂၀,၀၈၉ ထိရွိခဲ့တယ္လို႔ ၿဗိတိန္အစိုးရ ထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။

ၿဗိတိန္မွာ ကိုဗစ္ေၾကာင့္ ေသဆုံးသူ ေပါင္း တသိန္းေက်ာ္ အေရအတြက္ဟာ ဒုတိယကမာၻစစ္ကာလက ေသဆုံးခဲ့တဲ့ အရပ္သားအေရအတြက္ထက္ မ်ားျပားသလို ၁၉၄၀-၄၁ခုႏွစ္ တဝိုက္က ၿဗိတိန္ကို ဆန႔္က်င္တဲ့ ဂ်ာမနီရဲ႕ဗုံးခြဲတိုက္ခိုက္မႈေတြမွာ ေသဆုံးခဲ့သူအေရအတြက္ထက္ ႏွစ္ဆ မ်ားျပားပါတယ္။

ဇန္နဝါရီလ ၅ ရက္ေန႔ကစၿပီး ၿဗိတိန္တႏိုင္ငံလုံး lockdown ျပန္လုပ္ခဲ့ၿပီး၊ ေက်ာင္းေတြ၊ စားေသာက္ဆိုင္ေတြနဲ႔ မလိုအပ္တဲ့ အေရာင္းဆိုင္ေတြကို ပိတ္ပစ္ခဲ့ပါတယ္။ ဒါအျပင္ ခရီးသြားလာခြင့္ ကန႔္သတ္ခ်က္ေတြကိုလည္း ခ်မွတ္ခဲ့ပါတယ္။

ၿဗိတိန္ဟာ Pfizer ကထုတ္တဲ့ COVID-19 ကာကြယ္ေဆးကို ကမာၻမွာ ပထမဆုံး အတည္ျပဳတဲ့ ႏိုင္ငံျဖစ္ခဲ့ၿပီး၊ ဒီဇင္ဘာလမွာ စတင္ အသုံးျပဳခဲ့သလို အသက္ (၇၀) နဲ႔အထက္ လူအားလုံးအပါအဝင္ ေရွ႕တန္းက်န္းမာေရးလုပ္သားေတြ၊လူမႈေစာင့္ေရွာက္ေရးလုပ္သားေတြကို ေဖေဖၚဝါရီလလယ္ ေနာက္ဆုံးထားၿပီး ကာကြယ္ေဆးထိုးႏွံေပးဖို႔လည္း ကမ္းလွမ္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

ဗြိတိန်မှာ ကိုဗစ်ကြောင့်သေဆုံးသူ ၂၈ ရက်အတွင်း ၁ သိန်းကျော်ရှိပြီ

(Unicode)

ဗြိတိန်နိုင်ငံမှာ အင်္ဂါနေ့က ထုတ်ပြန်တဲ့ တရားဝင်ကိန်းဂဏန်း အချက်အလက်တွေအရ ရက်ပေါင်း ၂၈ ရက်အတွင်း COVID-19 ရောဂါကြောင့် လူပေါင်း ၁၀၀,၀၀၀ ကျော်သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။ ကာကွယ်ဆေး ဖြန့်ဝေမှုကို အရှိန်မြှင့်ဖို့နဲ့ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ဖို့ အစိုးရက ရုန်းကန်ဆောင်ရွက်နေချိန်မှာ အခုလို လူသေတဲ့နှုန်း အများဆုံး စံချိန်သစ်ကို ရောက်ရှိခဲ့တာပါ။

ဒါနဲ့ပတ်သက်လို့ ဗြိတိန် ဝန်ကြီးချုပ်Boris Johnson က အင်္ဂါနေ့က အခုလို ပြောကြားခဲ့ပါတယ်။

" ဒါကမျိုးဆက်တဆက် အတွက်အဆိုးရွားဆုံးသော ပြည်သူ့ကျန်းမာရေးအကျပ်အတည်းဖြစ်ပါတယ်။ အချို့လူတွေက ဒါကို ရာသီအလိုက်တုပ်ကွေးရောဂါနဲ့ နှိုင်းယှဉ်ကြပါတယ်။ ဒါက လုံးဝမမှန်ပါဘူး။ ကိုယ်ခံစွမ်းအားကင်းမဲ့မှုကြောင့် ဒီရောဂါကပိုပြီးအန္တရာယ်များပြီး နောက်ထပ်လည်း ပြန့်ပွားသွားမှာဖြစ်ပါတယ်။”

လက်ရှိဗြိတိန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ COVID-19 ကြောင့် သေဆုံးတဲ့ အများဆုံးနိုင်ငံတွေ စာရင်းမှာ ပဉ္စမမြောက် ရှိနေပါတယ်။ အင်္ဂါနေ့တနေ့တည်း နောက်ထပ် သေဆုံးသူပေါင်း ၁,၆၃၁ ယောက်ရှိခဲ့ပြီး၊ ကူးစက်ခံရသူပေါင်း ၂၀,၀၈၉ ထိရှိခဲ့တယ်လို့ ဗြိတိန်အစိုးရ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဗြိတိန်မှာ ကိုဗစ်ကြောင့် သေဆုံးသူ ပေါင်း တသိန်းကျော် အရေအတွက်ဟာ ဒုတိယကမ္ဘာစစ်ကာလက သေဆုံးခဲ့တဲ့ အရပ်သားအရေအတွက်ထက် များပြားသလို ၁၉၄၀-၄၁ခုနှစ် တဝိုက်က ဗြိတိန်ကို ဆန့်ကျင်တဲ့ ဂျာမနီရဲ့ဗုံးခွဲတိုက်ခိုက်မှုတွေမှာ သေဆုံးခဲ့သူအရေအတွက်ထက် နှစ်ဆ များပြားပါတယ်။

ဇန်နဝါရီလ ၅ ရက်နေ့ကစပြီး ဗြိတိန်တနိုင်ငံလုံး lockdown ပြန်လုပ်ခဲ့ပြီး၊ ကျောင်းတွေ၊ စားသောက်ဆိုင်တွေနဲ့ မလိုအပ်တဲ့ အရောင်းဆိုင်တွေကို ပိတ်ပစ်ခဲ့ပါတယ်။ ဒါအပြင် ခရီးသွားလာခွင့် ကန့်သတ်ချက်တွေကိုလည်း ချမှတ်ခဲ့ပါတယ်။

ဗြိတိန်ဟာPfizer ကထုတ်တဲ့ COVID-19 ကာကွယ်ဆေးကို ကမ္ဘာမှာ ပထမဆုံး အတည်ပြုတဲ့ နိုင်ငံဖြစ်ခဲ့ပြီး၊ ဒီဇင်ဘာလမှာ စတင် အသုံးပြုခဲ့သလို အသက် (၇၀) နဲ့အထက် လူအားလုံးအပါအဝင် ရှေ့တန်းကျန်းမာရေးလုပ်သားတွေ၊လူမှုစောင့်ရှောက်ရေးလုပ်သားတွေကို ဖေဖေါ်ဝါရီလလယ် နောက်ဆုံးထားပြီး ကာကွယ်ဆေးထိုးနှံပေးဖို့လည်း ကမ်းလှမ်းထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG