သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ျပည္ေထာင္စုတြင္း ကိုဗစ္အတည္ျပဳလူနာ ၂၅ သန္းေက်ာ္ၿပီ


California ျပည္နယ္ Los Angeles ၿမိဳ႕က ကိုဗစ္ေရာဂါစစ္ေဆးေပးတဲ့ေနရာတခု။ (ႏိုဝင္ဘာ ၂၃၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စုမွာ COVID-19 အတည္ျပဳလူနာ တနဂၤေႏြေန႔က ၂၅ သန္းေက်ာ္သြားပါၿပီ။ ဒီအေျခအေနမွာပဲ ျပည္သူသန္းနဲ႔ခ်ီအတြက္ ကိုဗစ္ကာကြယ္ေဆးထိုးေပးဖုိ႔ အစိုးရသစ္ရဲ႕ ေဆာင္႐ြက္မႈေတြ ေႏွာင့္ေႏွးေနေသးတယ္လို႔ သမၼတသစ္ Joe Biden အစိုးရက တနဂၤေႏြေန႔က ေျပာၾကားပါတယ္။ ဒါေပမဲ့ ကိုဗစ္တိုက္ဖ်က္ေရး ေဆာင္႐ြက္မႈေတြေၾကာင့္ ေ႐ွ႕ ၃ လအတြင္း တိုးတက္မႈေတြ ႐ွိလာႏိုင္တယ္လို႔ က်န္းမာေရးနဲ႔ လူသားရင္းျမစ္ဝန္ႀကီးအျဖစ္ သမၼတ Biden ေ႐ြးခ်ယ္ထားတဲ့ Xavier Becerra က CNN ႐ုပ္သံကို ေျပာၾကားခဲ့ပါတယ္။ ျဖစ္ေနတဲ့ ကပ္ေရာဂါျပႆနာကို ခ်က္ခ်င္း ေျဖ႐ွင္းလို႔ မရေပမဲ့ အေျခအေန ပံုမွန္ျပန္ျဖစ္ေအာင္ အစိုးရသစ္အေနနဲ႔ ပိုႀကိဳးစားလုပ္ႏိုင္ပါတယ္လို႔ သူကေျပာပါတယ္။

Biden အစိုးရက သူ႔သမၼတ တာဝန္ယူၿပီး ရက္ ၁၀၀ အတြင္း ျပည္သူ သန္း ၁၀၀ ကို ကိုဗစ္ကာကြယ္ေဆးထိုးေပးမယ္လို႔ ရည္မွန္းခ်က္ ခ်မွတ္ထားပါတယ္။ ကိုဗစ္ကာကြယ္ေဆးထုိး အစီအစဥ္ျမန္ျမန္ဆန္ဆန္ လုပ္ရမွာျဖစ္ေပမဲ့ ကာကြယ္ေဆး ေလာေလာဆယ္ အလံုအေလာက္မ႐ွိဘူးလို႔ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဌာန CDC ၫႊန္ၾကားေရးမွဴးသစ္ Dr. Rochelle Walensky ကလည္း Fox News Sunday အစီအစဥ္မွာ ေျပာၾကားခဲ့ပါတယ္။ အစိုးရဆီမွာ ကိုဗစ္ကာကြယ္ေဆး ဘယ္ေလာက္႐ွိေနသလဲဆိုတာ မေျပာႏိုင္တာက အဓိကျပႆနာႀကီးတခုျဖစ္တယ္လို႔ သူကေျပာပါတယ္။ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးေတြ၊ က်န္းမာေရးဆုိင္ရာ တာဝန္႐ွိသူေတြဘက္က ကိုဗစ္ေရာဂါ ကာကြယ္ေဆးထိုးအစီအစဥ္ေတြ လုပ္ႏိုင္ဖုိ႔အတြက္ ကာကြယ္ေဆး ဘယ္ေလာက္ရမလဲဆိုတာ သူတို႔ကို လက္႐ွိမွာ မေျပာႏိုင္ဘူးလို႔ သူကေျပာပါတယ္။

မတ္လ မကုန္ခင္ အေျခအေနေတြ တိုးတက္လာမယ္လို႔ေတာ့ သူကေမ ွ်ာ္လင့္ထားပါတယ္။ အေမရိကန္အစိုးရ အတည္ျပဳထားတဲ့ ကိုဗစ္ကာကြယ္ေဆး ႏွစ္ မ်ဳိးနဲ႔ ကိုဗစ္ေရာဂါ ကုသေရးအတြက္လိုအပ္တဲ့ ပစၥည္းကိရိယာေတြ တိုးျမွင့္ထုတ္လုပ္ဖုိ႔ သမၼတအမိန္႔ ၂ ခုကို သမၼတသစ္ Biden ၿပီးခဲ့တဲ့သီတင္းပတ္ကေတာ့ လက္မွတ္ထိုး ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အမေရိကန်ပြည်ထောင်စုတွင်း ကိုဗစ်အတည်ပြုလူနာ ၂၅ သန်းကျော်ပြီ

အမေရိကန်ပြည်ထောင်စုမှာ COVID-19 အတည်ပြုလူနာ တနင်္ဂနွေနေ့က ၂၅ သန်းကျော်သွားပါပြီ။ ဒီအခြေအနေမှာပဲ ပြည်သူသန်းနဲ့ချီအတွက် ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ အစိုးရသစ်ရဲ့ ဆောင်ရွက်မှုတွေ နှောင့်နှေးနေသေးတယ်လို့ သမ္မတသစ် Joe Biden အစိုးရက တနင်္ဂနွေနေ့က ပြောကြားပါတယ်။ ဒါပေမဲ့ ကိုဗစ်တိုက်ဖျက်ရေး ဆောင်ရွက်မှုတွေကြောင့် ရှေ့ ၃ လအတွင်း တိုးတက်မှုတွေ ရှိလာနိုင်တယ်လို့ ကျန်းမာရေးနဲ့ လူသားရင်းမြစ်ဝန်ကြီးအဖြစ် သမ္မတ Biden ရွေးချယ်ထားတဲ့ Xavier Becerra က CNN ရုပ်သံကို ပြောကြားခဲ့ပါတယ်။ ဖြစ်နေတဲ့ ကပ်ရောဂါပြဿနာကို ချက်ချင်း ဖြေရှင်းလို့ မရပေမဲ့ အခြေအနေ ပုံမှန်ပြန်ဖြစ်အောင် အစိုးရသစ်အနေနဲ့ ပိုကြိုးစားလုပ်နိုင်ပါတယ်လို့ သူကပြောပါတယ်။

Biden အစိုးရက သူ့သမ္မတ တာဝန်ယူပြီး ရက် ၁၀၀ အတွင်း ပြည်သူ သန်း ၁၀၀ ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးမယ်လို့ ရည်မှန်းချက် ချမှတ်ထားပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုး အစီအစဉ်မြန်မြန်ဆန်ဆန် လုပ်ရမှာဖြစ်ပေမဲ့ ကာကွယ်ဆေး လောလောဆယ် အလုံအလောက်မရှိဘူးလို့ ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန CDC ညွှန်ကြားရေးမှူးသစ် Dr. Rochelle Walensky ကလည်း Fox News Sunday အစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။ အစိုးရဆီမှာ ကိုဗစ်ကာကွယ်ဆေး ဘယ်လောက်ရှိနေသလဲဆိုတာ မပြောနိုင်တာက အဓိကပြဿနာကြီးတခုဖြစ်တယ်လို့ သူကပြောပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေ၊ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေဘက်က ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးအစီအစဉ်တွေ လုပ်နိုင်ဖို့အတွက် ကာကွယ်ဆေး ဘယ်လောက်ရမလဲဆိုတာ သူတို့ကို လက်ရှိမှာ မပြောနိုင်ဘူးလို့ သူကပြောပါတယ်။

မတ်လ မကုန်ခင် အခြေအနေတွေ တိုးတက်လာမယ်လို့တော့ သူကမေ ျှာ်လင့်ထားပါတယ်။ အမေရိကန်အစိုးရ အတည်ပြုထားတဲ့ ကိုဗစ်ကာကွယ်ဆေး နှစ် မျိုးနဲ့ ကိုဗစ်ရောဂါ ကုသရေးအတွက်လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ တိုးမြှင့်ထုတ်လုပ်ဖို့ သမ္မတအမိန့် ၂ ခုကို သမ္မတသစ် Biden ပြီးခဲ့တဲ့သီတင်းပတ်ကတော့ လက်မှတ်ထိုး ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG