သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္က လူေနထူထပ္တဲ့အရပ္မွာ ကုိဗစ္ေၾကာင့္ သြားလာမႈပိတ္ပင္


ေဟာင္ေကာင္မွာ အသြားအလာ ကန္႔သတ္ Lockdown လုပ္ထားတဲ့ေနရာမွာ ေစာင့္ၾကပ္ေနတဲ့ ရဲတပ္ဖြဲ႔ဝင္မ်ား။ (ဇန္နဝါရီ ၂၄၊ ၂၀၂၁)

(Zawgyi / Unicode)

ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈ မ်ားျပားလာေနတဲ့ ေဟာင္ေကာင္မွာ ေထာင္နဲ႔ခ်ီတဲ့ လူေတြ ေနထိုင္တဲ့ Yau Tsim Mong အရပ္ကို စေနေန႔ကစၿပီး အသြားအလာ ပိတ္ပင္လိုက္ပါတယ္။ ဒါက ကူးစက္မႈအေျခအေန ဆိုးရြားလာေနတဲ့ ေဟာင္ေကာင္မွာ မႀကဳံစဘူး အသြားအလာ တင္းတင္းက်ပ္က်ပ္ ပိတ္ပင္လိုက္တာပါ။

ေရာဂါကူးစက္မႈေတြ ျဖစ္ပြားေနတဲ့အေပၚ ေဒသခံျပည္သူေတြ စိုးရိမ္စိတ္ေတြ ေလ်ာ့ပါးေစဖို႔ အသြားအလာ ပိတ္ပင္ Lockdown လုပ္ရတာလို႔ ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမွဴးက ေျပာပါတယ္။

“ေရာဂါပ်ံ႕ႏွံ႔ေနတဲ့ ဒီေနရာကို အႏၲရာယ္မ်ားလြန္းတဲ့ ေနရာလို႔ ဒီဧရိယာျပင္ပက လူေတြ ထင္ျမင္လာမယ္ဆိုတဲ့ စိုးရိမ္စိတ္ေတြကို ဖယ္ရွားႏုိင္ဖို႔အတြက္ အခုလို လုပ္ရတာပါ။ ဒီေနရာကို ေရာဂါ အဓိကျဖန္႔ရာ ေနရာအျဖစ္ ေျပာဆိုေနတာေတြေတာင္ ရွိပါတယ္။ ဒီက စီးပြားေရးလုပ္ငန္းေတြနဲ႔ ေဒသခံေတြရဲ႕ ေန႔စဥ္ဘဝနဲ႔ စိတ္ပိုင္းဆိုင္ရာကို တကယ္ပဲ ထိခိုက္ေစပါတယ္။” လို႔ အုပ္ခ်ဳပ္ေရးမွဴး Carrie Lam က ေျပာပါတယ္။

Yau Tsim Mong အရပ္က အသြားအလာ ပိတ္ပင္ခံရတဲ့ေနရာထဲ လူအမ်ားအျပား ေနထိုင္တဲ့ အေဆာက္အဦးေပါင္း ၁၆ ခု ပါဝင္ပါတယ္။ အဲဒီအေဆာက္အဦးေတြမွာ ေနထိုင္သူအားလုံး ဗိုင္းရပ္စ္ပိုး ရွိမရွိ စမ္းသပ္စစ္ေဆးမႈ မၿပီးမခ်င္း ဒီအရပ္ရဲ႕ ျပင္ပကို ထြက္ခြင့္ရမွာ မဟုတ္ဘူးလို႔ ေဟာင္ေကာင္အာဏာပိုင္ေတြက ေၾကညာထားပါတယ္။

ေဟာင္ေကာင္မွာ ႏုိဝင္ဘာလကစလို႔ ေရာဂါကူးစက္မႈအသစ္ေတြ ျဖစ္ေပၚေနခဲ့ၿပီး ၿပီးခဲ့တဲ့ ႏွစ္လအတြင္း ကူးစက္မႈ ၄,၃၀၀ ေက်ာ္ အတည္ျပဳခဲ့တာေၾကာင့္ တၿမိဳ႕လုံး ေရာဂါျဖစ္ပြားမႈ အားလုံးရဲ႕ ၄၀ ရာခိုင္ႏႈန္းနီးပါး ရွိပါတယ္။

ၿပီးခဲ့တဲ့သီတင္းပတ္က ကူးစက္မႈထက္ဝက္က Yau Tsim Mong အရပ္မွာ ျဖစ္ပြားခဲ့တာပါ။

အလုပ္သမားလူတန္းစား အမ်ားစုေနထိုင္တဲ့ အရပ္ျဖစ္လို႔ အေဆာက္အဦးေဟာင္းေတြထဲ အိမ္ခန္းငယ္ေတြနဲ႔ အငွားထပ္ခ်ထားတဲ့ အိမ္ခန္းေတြမွာ ေနထိုင္သူေတြထဲ ေရာဂါျဖစ္ပြားမႈ မ်ားလာခဲ့တာ ျဖစ္ပါတယ္။

ေလာေလာဆယ္ Yau Tsim Mong အရပ္က လူ ၃,၀၀၀ ေလာက္ ေရာဂါစမ္းသပ္ စစ္ေဆးမႈေတြ ျပဳလုပ္ၿပီးၿပီလို႔ ေဟာင္ေကာင္အာဏာပိုင္ေတြက ေျပာပါတယ္။

ကပ္ေရာဂါျဖစ္ပြားခ်ိန္ တေလၽွာက္လုံး လူဦးေရ ၇.၅ သန္းရွိတဲ့ လူေနထူထပ္တဲ့ ေဟာင္ေကာင္ၿမိဳ႕မွာ အရင္က Lockdown လို အသြားအလာ ပိတ္ပင္မႈမ်ိဳး မလုပ္ဖူးပါဘူး။ အခုအခ်ိန္အထိ ေဟာင္ေကာင္မွာ COVID-19 ကူးစက္မႈ ၁၀,၀၀၀ နီးပါးရွိၿပီး ေသဆုံးသူ ၁၆၈ ေယာက္ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

ဟောင်ကောင်က လူနေထူထပ်တဲ့အရပ်မှာ ကိုဗစ်ကြောင့် သွားလာမှုပိတ်ပင်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု များပြားလာနေတဲ့ ဟောင်ကောင်မှာ ထောင်နဲ့ချီတဲ့ လူတွေ နေထိုင်တဲ့ Yau Tsim Mong အရပ်ကို စနေနေ့ကစပြီး အသွားအလာ ပိတ်ပင်လိုက်ပါတယ်။ ဒါက ကူးစက်မှုအခြေအနေ ဆိုးရွားလာနေတဲ့ ဟောင်ကောင်မှာ မကြုံစဘူး အသွားအလာ တင်းတင်းကျပ်ကျပ် ပိတ်ပင်လိုက်တာပါ။

ရောဂါကူးစက်မှုတွေ ဖြစ်ပွားနေတဲ့အပေါ် ဒေသခံပြည်သူတွေ စိုးရိမ်စိတ်တွေ လျော့ပါးစေဖို့ အသွားအလာ ပိတ်ပင် Lockdown လုပ်ရတာလို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

“ရောဂါပျံ့နှံ့နေတဲ့ ဒီနေရာကို အန္တရာယ်များလွန်းတဲ့ နေရာလို့ ဒီဧရိယာပြင်ပက လူတွေ ထင်မြင်လာမယ်ဆိုတဲ့ စိုးရိမ်စိတ်တွေကို ဖယ်ရှားနိုင်ဖို့အတွက် အခုလို လုပ်ရတာပါ။ ဒီနေရာကို ရောဂါ အဓိကဖြန့်ရာ နေရာအဖြစ် ပြောဆိုနေတာတွေတောင် ရှိပါတယ်။ ဒီက စီးပွားရေးလုပ်ငန်းတွေနဲ့ ဒေသခံတွေရဲ့ နေ့စဉ်ဘဝနဲ့ စိတ်ပိုင်းဆိုင်ရာကို တကယ်ပဲ ထိခိုက်စေပါတယ်။” လို့ အုပ်ချုပ်ရေးမှူး Carrie Lam က ပြောပါတယ်။

Yau Tsim Mong အရပ်က အသွားအလာ ပိတ်ပင်ခံရတဲ့နေရာထဲ လူအများအပြား နေထိုင်တဲ့ အဆောက်အဦးပေါင်း ၁၆ ခု ပါဝင်ပါတယ်။ အဲဒီအဆောက်အဦးတွေမှာ နေထိုင်သူအားလုံး ဗိုင်းရပ်စ်ပိုး ရှိမရှိ စမ်းသပ်စစ်ဆေးမှု မပြီးမချင်း ဒီအရပ်ရဲ့ ပြင်ပကို ထွက်ခွင့်ရမှာ မဟုတ်ဘူးလို့ ဟောင်ကောင်အာဏာပိုင်တွေက ကြေညာထားပါတယ်။

ဟောင်ကောင်မှာ နိုဝင်ဘာလကစလို့ ရောဂါကူးစက်မှုအသစ်တွေ ဖြစ်ပေါ်နေခဲ့ပြီး ပြီးခဲ့တဲ့ နှစ်လအတွင်း ကူးစက်မှု ၄,၃၀၀ ကျော် အတည်ပြုခဲ့တာကြောင့် တမြို့လုံး ရောဂါဖြစ်ပွားမှု အားလုံးရဲ့ ၄၀ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ကူးစက်မှုထက်ဝက်က Yau Tsim Mong အရပ်မှာ ဖြစ်ပွားခဲ့တာပါ။

အလုပ်သမားလူတန်းစား အများစုနေထိုင်တဲ့ အရပ်ဖြစ်လို့ အဆောက်အဦးဟောင်းတွေထဲ အိမ်ခန်းငယ်တွေနဲ့ အငှားထပ်ချထားတဲ့ အိမ်ခန်းတွေမှာ နေထိုင်သူတွေထဲ ရောဂါဖြစ်ပွားမှု များလာခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ် Yau Tsim Mong အရပ်က လူ ၃,၀၀၀ လောက် ရောဂါစမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ်ပြီးပြီလို့ ဟောင်ကောင်အာဏာပိုင်တွေက ပြောပါတယ်။

ကပ်ရောဂါဖြစ်ပွားချိန် တလျှောက်လုံး လူဦးရေ ၇.၅ သန်းရှိတဲ့ လူနေထူထပ်တဲ့ ဟောင်ကောင်မြို့မှာ အရင်က Lockdown လို အသွားအလာ ပိတ်ပင်မှုမျိုး မလုပ်ဖူးပါဘူး။ အခုအချိန်အထိ ဟောင်ကောင်မှာ COVID-19 ကူးစက်မှု ၁၀,၀၀၀ နီးပါးရှိပြီး သေဆုံးသူ ၁၆၈ ယောက် ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG