သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေပၚတူဂီ ကိုဗစ္ကူးစက္မႈ တရက္အတြင္း တေသာင္းခဲြခန္႔နဲ႔ အမ်ားဆံုးစံခ်ိန္သစ္


(Zawgyi/Unicode)

ကမၻာ့ႏိုင္ငံတခ်ဳိ႕မွာ ကိုဗစ္ကူးစက္မႈ ျပင္းထန္ေနဆဲျဖစ္ၿပီး ေပၚတူဂီႏို္င္ငံမွာေတာ့ ဗုဒၶဟူးေန႔ တရက္ထဲမွာတင္ ကူးစက္မႈအသစ္ (၁၄,၆၄၇ - ၁ ေသာင္း ၄ ေထာင္ ၆ ရာေက်ာ္)နဲ႔ စံခ်ိန္တင္ခဲ့ပါတယ္။ လြန္ခဲ့တဲ့ ၄ ရက္က ကူးစက္လူနာ (၃၆၀၀)ေက်ာ္အထိ မ်ားျပားခဲ့တာကို ထပ္ၿပီး စံခ်ိန္ခ်ဳိးလိုက္တာပါ။

ဒီအေျခအေနကို ၾကည့္ျခင္းအားျဖင့္ ေပၚတူဂီႏိုင္ငံမွာ ကူးစက္မႈ ေလ်ာ့က်မယ့္ လကၡဏာမရွိပဲ၊ အကန္႔အသတ္ lockdownေတြ ခ်ထားတဲ့ၾကားက လာမယ့္သီတင္းပတ္ထဲ ကူးစက္မႈ ပိုျမင့္တက္လာႏိုင္တယ္လို႔ အစိုးရနဲ႔ က်န္းမာေရးကၽြမ္းက်င္သူေတြကပါ ခန္႔မွန္ထားပါတယ္။ ေဆးရုံေတြမွာ အထူးသျဖင့္ ICU အထူးၾကပ္မတ္ကုသေဆာင္ေတြမွာ ကိုဗစ္လူနာေတြနဲ႔ အရမ္းကို ျပည့္ၾကပ္ေနပါတယ္။ ခရစၥမတ္ အားလပ္ရက္ကာလ ေနာက္ပိုင္း ေပၚတူဂီႏိုင္ငံမွာ ကုိဗစ္ကူးစက္မႈေတြ အရွိန္အဟုန္နဲ႔ ျမင့္တက္လာခဲ့တာပါ။

လူဦးေရ (၁၀.၃)သန္းဝန္းက်င္ရွိတဲ့ ေပၚတူဂီႏိုင္ငံမွာ ခုခ်ိန္ထိ ကိုဗစ္ကူးစက္ခဲ့သူေပါင္း ( ၅ သိန္း ၈ ေသာင္းေက်ာ္) နဲ႔ ကိုဗစ္ေၾကာင့္ေသဆုံးသူ (၁)ေသာင္းနီးပါး ရွိသြားၿပီျဖစ္ပါတယ္။

ဒီအေတာအတြင္း ကုိဗစ္ကူးစက္မႈ အမ်ားဆုံးျဖစ္ေနတဲ့ အေမရိကန္ ျပည္ေထာင္စုမွာေတာ့ ေဒသစံေတာ္ခ်ိန္ ဇန္နဝါရီ(၂၀) မနက္ထိ ကုိဗစ္ကူးစက္မႈအသစ္( ၁ သိန္း ၈ ေသာင္းခဲြ ေက်ာ္)ရွိခဲ့တာေၾကာင့္ အခုဆိုရင္ အေမရိကန္မွာ ကိုဗစ္ေၾကာင့္ ေသဆုံးသူ( ၄ သိန္း ၁ ေသာင္း)ေက်ာ္ရွိလာၿပီး ၊ ကူးစက္ခဲ့သူ စုစုေပါင္း (၂၄.၃)သန္းေက်ာ္ ရွိပါတယ္။

အသစ္တက္လာတဲ့ အေမရိကန္ သမၼတ ဂ်ဳိးဘိုင္ဒန္ကေတာ့ သူ႔အစိုးရရဲ႕ ပထမဆုံးရက္(၁၀၀)ကာလအတြင္း ကိုဗစ္ကာကြယ္ေဆးသန္း(၁၀၀) ထုိးေပးဖို႔ ရည္ရြယ္ထားပါတယ္။

စပိန္ႏိုင္ငံမွာလည္း ၿပီးခဲ့တဲ့ တပတ္အတြင္း ကိုဗစ္ေၾကာင့္ ေသဆုံးသူ ၁၁၄၆ ရွိခဲ့ၿပီး ၿပီးခဲ့တဲ့ ႏိုဝင္ဘာေနာက္ပိုင္း စံခ်ိန္တင္ အမ်ားဆုံးျဖစ္ပါတယ္။

တကမၻာလုံးမွာေတာ့ ဗုဒၶဟူးေန႔ထိ ကိုဗစ္ကူးစက္ခဲ့သူေပါင္း(၉၆)သန္းေက်ာ္နဲ႔ နဲ႔ ေသဆုံးသူ ( ၂)သန္းေက်ာ္ ရွိေနပါတယ္။

...............................................................

တိုက္႐ိုက္ လင့္ခ္


(Unicode)

ပေါ်တူဂီ ကိုဗစ်ကူးစက်မှု တရက်အတွင်း တသောင်းခွဲခန့်နဲ့ အများဆုံးစံချိန်သစ်
ကမ္ဘာ့နိုင်ငံတချို့မှာ ကိုဗစ်ကူးစက်မှု ပြင်းထန်နေဆဲဖြစ်ပြီး ပေါ်တူဂီနိုင်ငံမှာတော့ ဗုဒ္ဓဟူးနေ့ တရက်ထဲမှာတင် ကူးစက်မှုအသစ် (၁၄,၆၄၇ - ၁ သောင်း ၄ ထောင် ၆ ရာကျော်)နဲ့ စံချိန်တင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၄ ရက်က ကူးစက်လူနာ (၃၆၀၀)ကျော်အထိ များပြားခဲ့တာကို ထပ်ပြီး စံချိန်ချိုးလိုက်တာပါ။

ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် ပေါ်တူဂီနိုင်ငံမှာ ကူးစက်မှု လျော့ကျမယ့် လက္ခဏာမရှိပဲ၊ အကန့်အသတ် lockdownတွေ ချထားတဲ့ကြားက လာမယ့်သီတင်းပတ်ထဲ ကူးစက်မှု ပိုမြင့်တက်လာနိုင်တယ်လို့ အစိုးရနဲ့ ကျန်းမာရေးကျွမ်းကျင်သူတွေကပါ ခန့်မှန်ထားပါတယ်။ ဆေးရုံတွေမှာ အထူးသဖြင့် ICU အထူးကြပ်မတ်ကုသဆောင်တွေမှာ ကိုဗစ်လူနာတွေနဲ့ အရမ်းကို ပြည့်ကြပ်နေပါတယ်။ ခရစ္စမတ် အားလပ်ရက်ကာလ နောက်ပိုင်း ပေါ်တူဂီနိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေ အရှိန်အဟုန်နဲ့ မြင့်တက်လာခဲ့တာပါ။

လူဦးရေ (၁၀.၃)သန်းဝန်းကျင်ရှိတဲ့ ပေါ်တူဂီနိုင်ငံမှာ ခုချိန်ထိ ကိုဗစ်ကူးစက်ခဲ့သူပေါင်း ( ၅ သိန်း ၈ သောင်းကျော်) နဲ့ ကိုဗစ်ကြောင့်သေဆုံးသူ (၁)သောင်းနီးပါး ရှိသွားပြီဖြစ်ပါတယ်။

ဒီအတောအတွင်း ကိုဗစ်ကူးစက်မှု အများဆုံးဖြစ်နေတဲ့ အမေရိကန် ပြည်ထောင်စုမှာတော့ ဒေသစံတော်ချိန် ဇန်နဝါရီ(၂၀) မနက်ထိ ကိုဗစ်ကူးစက်မှုအသစ်( ၁ သိန်း ၈ သောင်းခွဲ ကျော်)ရှိခဲ့တာကြောင့် အခုဆိုရင် အမေရိကန်မှာ ကိုဗစ်ကြောင့် သေဆုံးသူ( ၄ သိန်း ၁ သောင်း)ကျော်ရှိလာပြီး ၊ ကူးစက်ခဲ့သူ စုစုပေါင်း (၂၄.၃)သန်းကျော် ရှိပါတယ်။

အသစ်တက်လာတဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကတော့ သူ့အစိုးရရဲ့ ပထမဆုံးရက်(၁၀၀)ကာလအတွင်း ကိုဗစ်ကာကွယ်ဆေးသန်း(၁၀၀) ထိုးပေးဖို့ ရည်ရွယ်ထားပါတယ်။

စပိန်နိုင်ငံမှာလည်း ပြီးခဲ့တဲ့ တပတ်အတွင်း ကိုဗစ်ကြောင့် သေဆုံးသူ (၁၁၄၆)ရှိခဲ့ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာနောက်ပိုင်း စံချိန်တင် အများဆုံးဖြစ်ပါတယ်။

တကမ္ဘာလုံးမှာတော့ ဗုဒ္ဓဟူးနေ့ထိ ကိုဗစ်ကူးစက်ခဲ့သူပေါင်း(၉၆)သန်းကျော်နဲ့ နဲ့ သေဆုံးသူ ( ၂)သန်းကျော် ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG