သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကပ္ေရာဂါကူးစက္ပ်ံ႔ႏွံ႔မႈ ကို တုံ႔ျပန္ဖို႔ WHO ဘာေၾကာင္႔ေႏွာင္႔ေႏွးခဲ႔ရသလဲ


(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ ကနဦး စတင္ ပ်ံ႕ပြားမႈကို တုံ႔ျပန္တာနဲ႔ ကပ္ေရာဂါကို ေရွာင္လႊဲနိုင္ဖို႔ လုပ္ေဆာင္ရာမွာ ေႏွးေကြးခဲ့ေၾကာင္း ကမၻာ့ က်န္းမာေရးအဖြဲ႕ WHO ရဲ့ ပညာရွင္ကိုယ္စားလွယ္အဖြဲ႕က ေျပာပါတယ္။ WHO အဖြဲ႕အေနနဲ႔ COVID- 19 ေရာဂါကို ကမၻာ့ ကပ္ေရာဂါအျဖစ္ အေရးေပၚ အေျခအေန ေၾကညာတာ အခုထက္အခ်ိန္ေစာၿပီး ေၾကညာနိုင္ခဲ့ေျခ ရွိမရွိအေပၚမွာလည္း အဲဒီပညာရွင္အဖြဲ႕က ေမးခြန္းထုတ္လိုက္ ပါတယ္။

ဒီဂ်စ္တယ္ေခတ္ႀကီးထဲမွာ နိုင္ငံတကာက သတိေပးခ်က္နဲ႔ တုံ႔ျပန္ေဆာင္ရြက္ခ်က္ေတြက ဒီဂ်စ္တယ္ေခတ္မတိုင္မီကလို စနစ္ထဲ မွာ ပိတ္မိေနခဲ့ေၾကာင္း၊ ေရာဂါပိုးမႊားေတြက ရက္ေတြ လေတြ မေစာင့္ဘဲ မိနစ္ပိုင္း နာရီပိုင္းအတြင္းမွာ ပ်ံ႕ႏွံ့တာ ျဖစ္ေၾကာင္း၊ COIVD 19 ရဲ့ အႏၲရာယ္ကို ေလ်ာ့ပါးေစဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း အႏၲရာယ္ရွိတဲ့ သတိေပးခ်က္ ဝူဟန္ၿမိဳ႕မွာထြက္ေပၚလာအၿပီး တစ္လအၾကာမွာမွ တကမၻာလုံးကို သတိေပးနိုင္ခဲ့ေၾကာင္း WHO ပညာရွင္အဖြဲ႕ရဲ့ ဒုတိယေခါင္းေဆာင္ နယူးဇီလန္ ဝန္ႀကီးခ်ဳပ္ ေဟာင္း Helen Clark က အဂၤါေန႔က ဗီြဒီယိုကတဆင့္ ရွင္းလင္းပြဲမွာ ေျပာပါတယ္။

ကိုရိုနာ ဗိုင္းရပ္စ္ စတင္ ျဖစ္ပြားမႈနဲ႔ ဇစ္ျမစ္ကို စုံစမ္းစစ္ေဆးဖို႔ ၿပီးခဲ့တဲ့ အပတ္ထဲ တ႐ုတ္နိုင္ငံကို သြားၿပီးတဲ့ေနာက္ အစီ ရင္ခံစာတစ္ေစာင္ကို တနလၤာေန႔က ထုတ္ျပန္အၿပီးမွာ WHO ရဲ့ ပညာရွင္အဖြဲ႕ ေခါင္းေဆာင္ေတြက အခုလို ေျပာလိုက္တာျဖစ္ ပါတယ္။

လိုင္ေဘးရီးယားနိုင္ငံ သမၼတ ေဟာင္း Ellen Johnson Sirleaf နဲ႔ နယူးဇီလန္ ဝန္ႀကီးခ်ဳပ္ေဟာင္း Helen Clark တို႔ ဦးေဆာင္တဲ့ ပညာ ရွင္ အဖြဲ႕ကထုတ္ျပန္တဲ့ အဲဒီ အစီရင္ခံစာမွာ တ႐ုတ္နိုင္ငံကို ေဝဖန္ထားသလို တျခားနိုင္ငံေတြဆီ ပ်ံ႕ႏွံ့သြားၿပီးတဲ့ေနာက္ေတြ႕ရွိတဲ့အေထာက္ အထားေတြအရ ေရာဂါျပန္႔ပြားနိုင္ေျခရွိခဲ့တဲ့နိုင္ငံေတြမွာ ေရာဂါကာကြယ္ေရးေဆာင္ရြက္ခ်က္ေတြကို အလ်င္အျမန္လုပ္ေဆာင္သင့္ခဲ့ တယ္လို႔လည္း ေဖာ္ျပထားပါတယ္။

ဒါေပမဲ့ အခုလို ေႏွာင့္ေႏွးရတာနဲ႔ ေရာဂါကို ေရွာင္ရွားနိုင္ဖို႔ ပ်က္ကြက္ခဲ့ရတာက WHO ရဲ့ အေနအထားကိုယ္က အားနည္းေနတာ ေၾကာင့္လို႔လည္း ပညာရွင္အဖြဲ႕ ေခါင္းေဆာင္ေတြက ေျပာပါတယ္။

ဒါေၾကာင့္ WHO ကို ျပဳျပင္ေျပာင္းလဲဖို႔နဲ႔ ရန္ပုံေငြ ထည့္ဝင္တဲ့ စနစ္ကို ျပင္ဆင္ဖို႔ လိုအပ္တယ္လို႔လည္း ေျပာပါတယ္။

COVID 19 ေရာဂါကို ကပ္ေရာဂါအျဖစ္ ေၾကညာတာ၊ ဒီေရာဂါက ေလထဲကတဆင့္ ပ်ံ႕နိုင္တဲ့အေၾကာင္း သတိေပး တာနဲ႔ အကာ အကြယ္အျဖစ္ ႏွာေခါင္းစည္း ဝတ္ဆင္ေရး တိုက္တြန္းဖို႔ရာမွာ အခ်ိန္ေႏွာင့္ေႏွးခဲ့တာေၾကာင့္ WHO အဖြဲ႕ ေဝဖန္ ျပစ္တင္ ခံခဲ့ရပါတယ္။ ဒါ့အျပင္၊​ ေရာဂါဇစ္ျမစ္ သတင္းေတြ တိတိက်က် သိရဖို႔ တ႐ုတ္နိုင္ငံကို လုံေလာက္တဲ့ ဖိအား မေပးခဲ့ဖူးဆိုၿပီးေတာ့လည္း ျပစ္တင္ ေျပာဆိုခံခဲ့ရပါတယ္။

COVID 19 ကပ္ေရာဂါေၾကာင့္ ကမၻာတစ္ဝွမ္း လူ ၂ သန္းေက်ာ္ ေသဆုံးခဲ့ရၿပီး ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ကပ်ရောဂါကူးစက်ပျံ့နှံ့မှု ကို တုံ့ပြန်ဖို့ WHO ဘာကြောင့်နှောင့်နှေးခဲ့ရသလဲ

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ကနဦး စတင် ပျံ့ပွားမှုကို တုံ့ပြန်တာနဲ့ ကပ်ရောဂါကို ရှောင်လွှဲနိုင်ဖို့ လုပ်ဆောင်ရာမှာ နှေးကွေးခဲ့ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO ရဲ့ ပညာရှင်ကိုယ်စားလှယ်အဖွဲ့က ပြောပါတယ်။ WHO အဖွဲ့အနေနဲ့ COVID- 19 ရောဂါကို ကမ္ဘာ့ ကပ်ရောဂါအဖြစ် အရေးပေါ် အခြေအနေ ကြေညာတာ အခုထက်အချိန်စောပြီး ကြေညာနိုင်ခဲ့ခြေ ရှိမရှိအပေါ်မှာလည်း အဲဒီပညာရှင်အဖွဲ့က မေးခွန်းထုတ်လိုက် ပါတယ်။

ဒီဂျစ်တယ်ခေတ်ကြီးထဲမှာ နိုင်ငံတကာက သတိပေးချက်နဲ့ တုံ့ပြန်ဆောင်ရွက်ချက်တွေက ဒီဂျစ်တယ်ခေတ်မတိုင်မီကလို စနစ်ထဲ မှာ ပိတ်မိနေခဲ့ကြောင်း၊ ရောဂါပိုးမွှားတွေက ရက်တွေ လတွေ မစောင့်ဘဲ မိနစ်ပိုင်း နာရီပိုင်းအတွင်းမှာ ပျံ့နှံ့တာ ဖြစ်ကြောင်း၊ COIVD 19 ရဲ့ အန္တရာယ်ကို လျော့ပါးစေဖို့ ကြိုးစားခဲ့ပေမယ့်လည်း အန္တရာယ်ရှိတဲ့ သတိပေးချက် ဝူဟန်မြို့မှာထွက်ပေါ်လာအပြီး တစ်လအကြာမှာမှ တကမ္ဘာလုံးကို သတိပေးနိုင်ခဲ့ကြောင်း WHO ပညာရှင်အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် နယူးဇီလန် ဝန်ကြီးချုပ် ဟောင်း Helen Clark က အင်္ဂါနေ့က ဗွီဒီယိုကတဆင့် ရှင်းလင်းပွဲမှာ ပြောပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ် စတင် ဖြစ်ပွားမှုနဲ့ ဇစ်မြစ်ကို စုံစမ်းစစ်ဆေးဖို့ ပြီးခဲ့တဲ့ အပတ်ထဲ တရုတ်နိုင်ငံကို သွားပြီးတဲ့နောက် အစီ ရင်ခံစာတစ်စောင်ကို တနင်္လာနေ့က ထုတ်ပြန်အပြီးမှာ WHO ရဲ့ ပညာရှင်အဖွဲ့ ခေါင်းဆောင်တွေက အခုလို ပြောလိုက်တာဖြစ် ပါတယ်။

လိုင်ဘေးရီးယားနိုင်ငံ သမ္မတ ဟောင်း Ellen Johnson Sirleaf နဲ့ နယူးဇီလန် ဝန်ကြီးချုပ်ဟောင်း Helen Clark တို့ ဦးဆောင်တဲ့ ပညာ ရှင် အဖွဲ့ကထုတ်ပြန်တဲ့ အဲဒီ အစီရင်ခံစာမှာ တရုတ်နိုင်ငံကို ဝေဖန်ထားသလို တခြားနိုင်ငံတွေဆီ ပျံ့နှံ့သွားပြီးတဲ့နောက်တွေ့ရှိတဲ့အထောက် အထားတွေအရ ရောဂါပြန့်ပွားနိုင်ခြေရှိခဲ့တဲ့နိုင်ငံတွေမှာ ရောဂါကာကွယ်ရေးဆောင်ရွက်ချက်တွေကို အလျင်အမြန်လုပ်ဆောင်သင့်ခဲ့ တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါပေမဲ့ အခုလို နှောင့်နှေးရတာနဲ့ ရောဂါကို ရှောင်ရှားနိုင်ဖို့ ပျက်ကွက်ခဲ့ရတာက WHO ရဲ့ အနေအထားကိုယ်က အားနည်းနေတာ ကြောင့်လို့လည်း ပညာရှင်အဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။

ဒါကြောင့် WHO ကို ပြုပြင်ပြောင်းလဲဖို့နဲ့ ရန်ပုံငွေ ထည့်ဝင်တဲ့ စနစ်ကို ပြင်ဆင်ဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

COVID 19 ရောဂါကို ကပ်ရောဂါအဖြစ် ကြေညာတာ၊ ဒီရောဂါက လေထဲကတဆင့် ပျံ့နိုင်တဲ့အကြောင်း သတိပေး တာနဲ့ အကာ အကွယ်အဖြစ် နှာခေါင်းစည်း ဝတ်ဆင်ရေး တိုက်တွန်းဖို့ရာမှာ အချိန်နှောင့်နှေးခဲ့တာကြောင့် WHO အဖွဲ့ ဝေဖန် ပြစ်တင် ခံခဲ့ရပါတယ်။ ဒါ့အပြင်၊ ရောဂါဇစ်မြစ် သတင်းတွေ တိတိကျကျ သိရဖို့ တရုတ်နိုင်ငံကို လုံလောက်တဲ့ ဖိအား မပေးခဲ့ဖူးဆိုပြီးတော့လည်း ပြစ်တင် ပြောဆိုခံခဲ့ရပါတယ်။

COVID 19 ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝှမ်း လူ ၂ သန်းကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG