သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ထိန်းချုပ်ရေးအတွက် ပြည်ပကဝင်လာသူတွေအပေါ် ဗြိတိန်တင်းကျပ်


Heathrow လေဆိပ်
Heathrow လေဆိပ်

(Zawgyi/Unicode)

COVID 19 ကူးစက်ပြန့်ပွား မှုကိုတားဆီးဖို့ နိုင်ငံတွင်း ဝင်ပေါက်အားလုံးကို ပိတ်ထားတော့မှာ ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က သောကြာနေ့မှာ ကြေညာပါတယ်။

ဗြိတိန်နိုင်ငံထဲကို ဝင်မယ်ဆိုရင် COVID- 19 ကင်းရှင်းကြောင်း ၇၂ နာရီအတွင်း စမ်းသပ်စစ်ဆေးထားတာကို ပြသရမှာ ဖြစ်တဲ့အပြင် ကိုယ့်ဟာကိုယ် သီးခြား ခွဲနေတဲ့ self-quarantine လည်း ၁၀ ရက် နေရမှာ ဖြစ်ကြောင်း သူ့နေအိမ်ကနေ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်က ပြောတာပါ။

ဒါ့အပြင် နောက် ၅ ရက် အကြာမှာ ထပ်ပြီး ဒီပိုးရှိမရှိ စမ်းသပ်စစ်ဆေးမှုလုပ်ရမှာ ဖြစ်ပြီး အဲဒီအချိန်မှာလည်း ပိုးမရှိတာ တွေ့ရမှ quarantine ကနေ ထွက်ခွင့်ရမှာ ဖြစ်ကြောင်း ပြောပါတယ်။ ဗြိတိန်နိုင်ငံထဲကိုလာရောက်သူ အားလုံး အတွက် ဒီဥပဒေဟာ တနင်္လာနေ့မနက် ၄ နာရီမှာ စတင်သက်ရောက်မှာ ဖြစ်ပါတယ်။

COVID 19 ကူးစက်ပြန့်နှံ့မှုတားဆီးရေးဆိုင်ရာ ပြဌာန်းချက်တွေကို မလိုက်နာရင် ကြီးမားတဲ့ ဒဏ်ငွေရိုက်အရေးယူမှုတွေလုပ်ပြီး နယ်စပ်အပါအဝင် တနိုင်ငံလုံး အတိုင်းတာနဲ့ အစိုးရက တဆင့်တိုး လုပ်တော့မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

နယ်စပ်တွေကို အနည်းဆုံး ဖေဖေးဝါရီလ ၁၅ ရက်နေ့ အထိ ပိတ်ထားနိုင်ခြေရှိပါတယ်။ အစိုးရဘက် ဒီရောဂါ ကာကွယ်ဆေးထိုးတဲ့ အစီစဉ် စတင်နေချိန်မှာပဲ နိုင်ငံတွင်းကို ဗီဇပြောင်းပိုးသစ်တွေ ဝင်မလာအောင် အခုလို လုပ်ဆောင်ရတာ ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

ဘရာဇီးလ်မှာ ပိုးမျိုးသစ်တွေခဲ့ရတဲ့နောက် ဗြိတိန်က တောင်အမေရိက၊ ပေါ်တူဂီ နဲ့ တခြားနိုင်ငံတချို့ကို ကြာသပတေးနေ့မှာပဲ ဗြိတိန်ထဲ လာရောက်ခွင့် ပိတ်ပင်ခဲ့တာပါ။ ခုရက်ပိုင်းတွေမှာ ဗြိတိန်အတွက် တရက်အတွင်း ဒီရောဂါ ကူးစက်သူအရေအတွက်က ၅ သောင်းဝန်းကျင်ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်


............

(Unicode)







XS
SM
MD
LG