သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗီဇေျပာင္းကိုဗစ္ဗိုင္းရပ္ျပႆနာ WHO အေရးေပၚ ေဆြးေႏြး


ပံုႀကီးခ်ဲ႕ထားေသာ 2019 Novel Coronavirus (2019-nCoV) ပိုးပံု။ (TPX IMAGES OF THE DAY - RC2WPE9B0G2T)

(Zawgyi/Unicode)

ကူးစက္မႈသိပ္ျမန္တဲ့ ဗီဇေျပာင္း ကိုရိုနာဗိုင္းရပ္စ္ပိုးအမ်ိဳးစားသစ္ေတြရဲ့ ႀကီးမားတဲ့အႏၱရာယ္ေၾကာင့္ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ရဲ့ ၃ လတႀကိမ္က်င္းပတဲ့ အေရးေပၚေကာ္မတီအစည္းေဝးကို သတ္မွတ္ခ်ိန္ထက္ သီတင္း ၂ ပတ္ေစာၿပီး ၾကာသပေတးေန႔မွာ က်င္းပခဲ့ပါတယ္။

အရင္ေတြ႔ရတဲ့ ပိုးထက္ ကူးစက္မႈအေတာ္ျမန္ဆန္တဲ့ ဗီဇေျပာင္းမ်ိဳးသစ္ေတြေၾကာင့္ ကူးစက္မႈေတြ တိုးျမင့္လာသလို ႏိုင္ငံအမ်ားအျပားမွာ ကန္႔သတ္မႈအသစ္ေတြ ခ်မွတ္လာၾကတာေၾကာင့္ ဒီအသြင္ေျပာင္းပိုးသစ္နဲ႔ ပတ္သက္ၿပီး ေဆြးေႏြးဖို႔ အေရးေပၚေကာ္မတီ အစည္းေဝးကိုေခၚယူရတာ ျဖစ္ေၾကာင္း WHO အႀကီးအကဲ Tedros Adhanom Ghebreyesus ကေျပာပါတယ္။

အေရးတႀကီးေဆြးေႏြးရမယ့္ ျပႆနာက ၂ ခုရွိေနၿပီး ဒီ့အတြက္ အႀကံဥာဏ္ရယူဖုိ႔ျဖစ္ေၾကာင္း COVID-19 နဲ႔ ပတ္သက္ၿပီး WHO ႏိုင္္ငံတကာ က်န္းမာေရးစည္းမ်ဥ္းစည္းကမ္းဆိုင္ရာ အေရးေပၚေကာ္မတီရဲ့ ၆ ႀကမ္ေျမာက္ အစည္းေဝး အဖြင့္မိန္႔ခြန္းမွာ ေျပာပါတယ္။

ပထမအေနနဲ႔ SARS-CoV-2 ဗိုင္းရပ္စ္ အတြက္ မၾကာေသးခင္ကမွ ေတြ႔လာရတဲ့ အသြင္ေျပာင္း အမ်ိဳးအစားသစ္ေတြနဲ႔ ပတ္သက္တာ၊ ဒုတိယအခ်က္က ႏိုင္ငံတကာ ခရီးသြားလာေရး အတြက္သံုးဖို႔ ကာကြယ္ေဆးထုိးတာနဲ႔ ေရာဂါစစ္ေဆးၿပီးေၾကာင္း လက္မွတ္ေတြ အသံုးျပဳလာႏိုင္ေျခရွိတာ ေတြကို ေဆြးေႏြးမွာ ျဖစ္ေၾကာင္း ေျပာပါတယ္။ ဒီျပႆနာ ၂ ခု စလံုးနဲ႔ပတ္သက္ၿပီး ဘယ္ႏိုင္ငံ ဘယ္အဖြဲ႔အစည္း အတြက္မွ သီးျခားခြဲစဥ္းစားတာမ်ိဳး မလုပ္ပဲ အတူတကြေပါင္းစည္း ေဆာင္ရြက္ရမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

တရုတ္ႏိုင္ငံမွာစတင္ျဖစ္ပြါးတဲ့ ကိုရိုနာဗိုင္းရပ္စ္ ေရာဂါအတြက္ မႏွစ္က ဇန္နဝါရီလ ၃၀ မွာ က်င္းပတဲ့ ဒုတိယအႀကိမ္ေျမာက္ အေရးေပၚေကာ္မတီ အစည္းအေဝးမွာ Tedros က WHO ရဲ့ အဆင့္အျမင့္ဆံုး သတိေပးခ်က္ကို ေၾကညာခဲ့တာပါ။

အခု ဆဌမအႀကိမ္ေျမာက္ အစည္းေဝး က်င္းပခ်ိန္မွာေတာ့ ကမာၻတလႊား ဒီေရာဂါကူးစက္မႈ ၉ ၂ သန္းရွိၿပီး လူေပါင္း ၂ သန္းနီးပါး ေသဆံုးေနရၿပီျဖစ္သလို ႏိုင္ငံအစိုးရေတြကလည္း ေနာက္တခ်ီျပန္ၿပီး lockdown ခ်ကန္႔သတ္မႈေတြ လုပ္ေနရပါတယ္။

ၿဗိတိန္မွာ စေတြ႔ခဲ့တဲ့ ကူးစက္ျမန္ပိုးသစ္ က အခုအခါ ႏိုင္ငံေပါင္း ၅၀ ေလာက္ကို ျပန္႔ႏွံ႔ေနၿပီျဖစ္သလို အလားတူ ေတာင္အာဖရိကမွာ ေတြ႔ရတဲ့ ပိုးသစ္က ႏိုင္ငံေပါင္း ၂၀ ေလာက္ကို ျပန္႔ေနတာပါ။ တတိယ အသြင္ေျပာင္းပိုးသစ္ကိုေတာ့ ဘရာဇီးလ္ ႏိုင္ငံ အေမဇံုေဒသက ျပန္လာတဲ့ ဂ်ပန္ႏိုင္ငံသားမွာ ေတြ႔ရတယ္လို႔ တနဂၤေႏြေန႔မွပဲ ဂ်ပန္က ေၾကညာခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


.............

ဗီဇပြောင်းကိုဗစ်ဗိုင်းရပ်ပြဿနာ WHO အရေးပေါ် ဆွေးနွေး
(Unicode)

ကူးစက်မှုသိပ်မြန်တဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးစားသစ်တွေရဲ့ ကြီးမားတဲ့အန္တရာယ်ကြောင့် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ၃ လတကြိမ်ကျင်းပတဲ့ အရေးပေါ်ကော်မတီအစည်းဝေးကို သတ်မှတ်ချိန်ထက် သီတင်း ၂ ပတ်စောပြီး ကြာသပတေးနေ့မှာ ကျင်းပခဲ့ပါတယ်။

အရင်တွေ့ရတဲ့ ပိုးထက် ကူးစက်မှုအတော်မြန်ဆန်တဲ့ ဗီဇပြောင်းမျိုးသစ်တွေကြောင့် ကူးစက်မှုတွေ တိုးမြင့်လာသလို နိုင်ငံအများအပြားမှာ ကန့်သတ်မှုအသစ်တွေ ချမှတ်လာကြတာကြောင့် ဒီအသွင်ပြောင်းပိုးသစ်နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ အရေးပေါ်ကော်မတီ အစည်းဝေးကိုခေါ်ယူရတာ ဖြစ်ကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus ကပြောပါတယ်။

အရေးတကြီးဆွေးနွေးရမယ့် ပြဿနာက ၂ ခုရှိနေပြီး ဒီ့အတွက် အကြံဉာဏ်ရယူဖို့ဖြစ်ကြောင်း COVID-19 နဲ့ ပတ်သက်ပြီး WHO နိုင်ငံတကာ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းဆိုင်ရာ အရေးပေါ်ကော်မတီရဲ့ ၆ ကြမ်မြောက် အစည်းဝေး အဖွင့်မိန့်ခွန်းမှာ ပြောပါတယ်။

ပထမအနေနဲ့ SARS-CoV-2 ဗိုင်းရပ်စ် အတွက် မကြာသေးခင်ကမှ တွေ့လာရတဲ့ အသွင်ပြောင်း အမျိုးအစားသစ်တွေနဲ့ ပတ်သက်တာ၊ ဒုတိယအချက်က နိုင်ငံတကာ ခရီးသွားလာရေး အတွက်သုံးဖို့ ကာကွယ်ဆေးထိုးတာနဲ့ ရောဂါစစ်ဆေးပြီးကြောင်း လက်မှတ်တွေ အသုံးပြုလာနိုင်ခြေရှိတာ တွေကို ဆွေးနွေးမှာ ဖြစ်ကြောင်း ပြောပါတယ်။ ဒီပြဿနာ ၂ ခု စလုံးနဲ့ပတ်သက်ပြီး ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်း အတွက်မှ သီးခြားခွဲစဉ်းစားတာမျိုး မလုပ်ပဲ အတူတကွပေါင်းစည်း ဆောင်ရွက်ရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

တရုတ်နိုင်ငံမှာစတင်ဖြစ်ပွါးတဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါအတွက် မနှစ်က ဇန်နဝါရီလ ၃၀ မှာ ကျင်းပတဲ့ ဒုတိယအကြိမ်မြောက် အရေးပေါ်ကော်မတီ အစည်းအဝေးမှာ Tedros က WHO ရဲ့ အဆင့်အမြင့်ဆုံး သတိပေးချက်ကို ကြေညာခဲ့တာပါ။

အခု ဆဌမအကြိမ်မြောက် အစည်းဝေး ကျင်းပချိန်မှာတော့ ကမ္ဘာတလွှား ဒီရောဂါကူးစက်မှု ၉ ၂ သန်းရှိပြီး လူပေါင်း ၂ သန်းနီးပါး သေဆုံးနေရပြီဖြစ်သလို နိုင်ငံအစိုးရတွေကလည်း နောက်တချီပြန်ပြီး lockdown ချကန့်သတ်မှုတွေ လုပ်နေရပါတယ်။

ဗြိတိန်မှာ စတွေ့ခဲ့တဲ့ ကူးစက်မြန်ပိုးသစ် က အခုအခါ နိုင်ငံပေါင်း ၅၀ လောက်ကို ပြန့်နှံ့နေပြီဖြစ်သလို အလားတူ တောင်အာဖရိကမှာ တွေ့ရတဲ့ ပိုးသစ်က နိုင်ငံပေါင်း ၂၀ လောက်ကို ပြန့်နေတာပါ။ တတိယ အသွင်ပြောင်းပိုးသစ်ကိုတော့ ဘရာဇီးလ် နိုင်ငံ အမေဇုံဒေသက ပြန်လာတဲ့ ဂျပန်နိုင်ငံသားမှာ တွေ့ရတယ်လို့ တနင်္ဂနွေနေ့မှပဲ ဂျပန်က ကြေညာခဲ့တာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG