သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ နဲ႔ ၿဗိတိန္ထုတ္ ကိုဗစ္ကာကြယ္ေဆး တင္သြင္းမႈ အီရန္ ပိတ္ပင္ 


ကိုဗစ္ကာကြယ္ေဆး

(Zawgyi/Unicode)

COVID 19 အတြက္ အေမရိကန္နဲ႔ ၿဗိတိန္က ထုတ္တဲ့ ကာကြယ္ေဆးေတြဟာ လံုးဝယံုၾကည္စရာ မရွိတဲ့အတြက္ အီရန္ႏိုင္ငံတြင္း မတင္သြင္းဖို႔ အီရန္ေခါင္းေဆာင္ႀကီး Ayatollah Ali Khamenei က ေသာၾကာေန႔မွာ ပိတ္ပင္လုိက္ပါတယ္။

အေမရိကန္နဲ႔ ၿဗိတိန္ႏိုင္ငံေတြက ကာကြယ္ေဆးတင္သြင္းမႈကို ပိတ္ပင္ေၾကာင္းနဲ႔ ဒီႏိုင္ငံေတြဟာ တျခားႏိုင္ငံေတြကို ထိခိုက္ေအာင္ လုပ္လိုစိတ္ မရွိဘူးလို႔ မေျပာႏုိင္ေၾကာင္းလည္း အီရန္ေခါင္းေဆာင္က တြစ္တာမွာ ေရးပါတယ္။

အီရန္ႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ အကူးစက္ခံရသူ ၁.၂ သန္းေက်ာ္ရွိၿပီး ဒီေရာဂါနဲ႔ ေသဆံုးရသူက ၅၆၀၀၀ ေက်ာ္ရွိေနတာပါ။

သူ႔ရဲ့ မဟာရန္သူႀကီးျဖစ္တဲ့ အေမရိကန္ႏိုင္ငံက အေရးယူဒဏ္ခတ္မႈေတြ ခ်မွတ္ၿပီး ဒီေရာဂါအတြက္ ကာကြယ္ေဆး မရေအာင္ အတားအဆီးေတြ လုပ္ေနတယ္လို႔ အီရန္က စြပ္စြဲထားပါတယ္။ ဒီအေရးယူ ဒဏ္ခတ္မႈမွာ အစားအေသာက္နဲ႔ ေဆးဝါးအတြက္ ကင္းလြတ္ခြင့္ေပးထားတာ ျဖစ္ေပမယ့္ ႏိုင္ငံတကာဘဏ္ေတြကေတာ့ ေငြအလႊဲအေျပာင္း ကိစၥရပ္ေတြမွာ အီရန္ပါဝင္လာရင္ လက္မခံ ၾကပါဘူး။ ေဆးဖိုးေငြေပးေခ်မႈကို အေမရိကန္ဘဏ္ေတြကေန တဆင့္ လုပ္ေဆာင္ဖို႔ အေမရိကန္ဘက္က ေတာင္းဆိုခဲ့တာ ျဖစ္ၿပီး အီရန္အေနနဲ႔ ဒီေငြေတြကို သိမ္းယူမွာ စိုးရိမ္ေၾကာင္း အီရန္သမၼတ Hassan Rouhani က ၿပီးခဲ့တဲ့ လမွာ ေျပာပါတယ္။

Pfizer-BioNTech နဲ႔ Moderna အျပင္ AstraZeneca-Oxford ကာကြယ္ေဆးေတြ တင္ပို႔မႈကို ပိတ္ပင္ေၾကာင္း အီရန္ေခါင္းေဆာင္ Khamenei ကအမိန္႔ထုတ္ျပန္ခဲ့တာပါ။ ဒီေရာဂါဒဏ္ အျပင္းအထန္ ခံစားရတဲ့ အီရန္ဟာ ကိုယ္ပိုင္ ကာကြယ္ေဆးထုတ္ဖို႔ ျပည္တြင္းမွာပဲ လူနဲ႔ စမ္းသပ္စစ္ေဆးမႈကို ၿပီးခဲ့တဲ့ လမွာ စတင္ခဲ့ပါတယ္။

ဒီကပ္ေရာဂါ ျဖစ္ပြါးေနတဲ့ မႏွစ္က မတ္လထဲမွာ ဒီကပ္ေရာဂါအတြက္ အကူညီေတြ ေပးမယ္လို႔ သမၼတ ေဒၚနယ္ထရမ့္က ကမ္းလွမ္းခဲ့ေပမယ့္ အီရန္ရဲ့. ရန္ဘက္ျဖစ္တဲ့ အေမရိကန္ရဲ့ ရည္ရြယ္ခ်က္ကို အယံုအၾကည္မရွိဘူးလို႔ ေျပာၿပီး Khamenei က လက္မခံပယ္ခ်ခဲ့ပါတယ္။

Pfizer-BioNTech ကာကြယ္ေဆး တသိန္းခဲြ အီရန္ကုိ ပို႔ဖို႔ အေမရိကန္အေျခစိုက္ အီရန္သိပၸံပညာရွင္ေတြက စီစဥ္ထားေပမယ့္ Khamenei ရဲ့ ေျပာၾကားခ်က္ေၾကာင့္ အခု ဖ်က္သိမ္းခဲ့ရတယ္လို႔ အီရန္လျခမ္းနီအဖြဲ႔က ေသာၾကာေန႔မွာ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

အမေရိကန် နဲ့ ဗြိတိန်ထုတ် ကိုဗစ်ကာကွယ်ဆေး တင်သွင်းမှု အီရန် ပိတ်ပင်

(Unicode)

COVID 19 အတွက် အမေရိကန်နဲ့ ဗြိတိန်က ထုတ်တဲ့ ကာကွယ်ဆေးတွေဟာ လုံးဝယုံကြည်စရာ မရှိတဲ့အတွက် အီရန်နိုင်ငံတွင်း မတင်သွင်းဖို့ အီရန်ခေါင်းဆောင်ကြီး Ayatollah Ali Khamenei က သောကြာနေ့မှာ ပိတ်ပင်လိုက်ပါတယ်။

အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေက ကာကွယ်ဆေးတင်သွင်းမှုကို ပိတ်ပင်ကြောင်းနဲ့ ဒီနိုင်ငံတွေဟာ တခြားနိုင်ငံတွေကို ထိခိုက်အောင် လုပ်လိုစိတ် မရှိဘူးလို့ မပြောနိုင်ကြောင်းလည်း အီရန်ခေါင်းဆောင်က တွစ်တာမှာ ရေးပါတယ်။

အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အကူးစက်ခံရသူ ၁.၂ သန်းကျော်ရှိပြီး ဒီရောဂါနဲ့ သေဆုံးရသူက ၅၆၀၀၀ ကျော်ရှိနေတာပါ။

သူ့ရဲ့ မဟာရန်သူကြီးဖြစ်တဲ့ အမေရိကန်နိုင်ငံက အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ပြီး ဒီရောဂါအတွက် ကာကွယ်ဆေး မရအောင် အတားအဆီးတွေ လုပ်နေတယ်လို့ အီရန်က စွပ်စွဲထားပါတယ်။ ဒီအရေးယူ ဒဏ်ခတ်မှုမှာ အစားအသောက်နဲ့ ဆေးဝါးအတွက် ကင်းလွတ်ခွင့်ပေးထားတာ ဖြစ်ပေမယ့် နိုင်ငံတကာဘဏ်တွေကတော့ ငွေအလွှဲအပြောင်း ကိစ္စရပ်တွေမှာ အီရန်ပါဝင်လာရင် လက်မခံ ကြပါဘူး။ ဆေးဖိုးငွေပေးချေမှုကို အမေရိကန်ဘဏ်တွေကနေ တဆင့် လုပ်ဆောင်ဖို့ အမေရိကန်ဘက်က တောင်းဆိုခဲ့တာ ဖြစ်ပြီး အီရန်အနေနဲ့ ဒီငွေတွေကို သိမ်းယူမှာ စိုးရိမ်ကြောင်း အီရန်သမ္မတ Hassan Rouhani က ပြီးခဲ့တဲ့ လမှာ ပြောပါတယ်။

Pfizer-BioNTech နဲ့ Moderna အပြင် AstraZeneca-Oxford ကာကွယ်ဆေးတွေ တင်ပို့မှုကို ပိတ်ပင်ကြောင်း အီရန်ခေါင်းဆောင် Khamenei ကအမိန့်ထုတ်ပြန်ခဲ့တာပါ။ ဒီရောဂါဒဏ် အပြင်းအထန် ခံစားရတဲ့ အီရန်ဟာ ကိုယ်ပိုင် ကာကွယ်ဆေးထုတ်ဖို့ ပြည်တွင်းမှာပဲ လူနဲ့ စမ်းသပ်စစ်ဆေးမှုကို ပြီးခဲ့တဲ့ လမှာ စတင်ခဲ့ပါတယ်။

ဒီကပ်ရောဂါ ဖြစ်ပွါးနေတဲ့ မနှစ်က မတ်လထဲမှာ ဒီကပ်ရောဂါအတွက် အကူညီတွေ ပေးမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ကမ်းလှမ်းခဲ့ပေမယ့် အီရန်ရဲ့. ရန်ဘက်ဖြစ်တဲ့ အမေရိကန်ရဲ့ ရည်ရွယ်ချက်ကို အယုံအကြည်မရှိဘူးလို့ ပြောပြီး Khamenei က လက်မခံပယ်ချခဲ့ပါတယ်။

Pfizer-BioNTech ကာကွယ်ဆေး တသိန်းခွဲ အီရန်ကို ပို့ဖို့ အမေရိကန်အခြေစိုက် အီရန်သိပ္ပံပညာရှင်တွေက စီစဉ်ထားပေမယ့် Khamenei ရဲ့ ပြောကြားချက်ကြောင့် အခု ဖျက်သိမ်းခဲ့ရတယ်လို့ အီရန်လခြမ်းနီအဖွဲ့က သောကြာနေ့မှာ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG