သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေနံတင်သင်္ဘောကိစ္စ ဆွေးနွေးဖို့ တောင်ကိုရီးယား အဖွဲ့ အီရန်ကိုရောက်ရှိ


ရေနံတင်သင်္ဘောကိစ္စ ဆွေးနွေးဖို့ တောင်ကိုရီးယား အဖွဲ့ အီရန်ကိုရောက်ရှိ
ရေနံတင်သင်္ဘောကိစ္စ ဆွေးနွေးဖို့ တောင်ကိုရီးယား အဖွဲ့ အီရန်ကိုရောက်ရှိ

(Zawgyi/Unicode)

ပါရှန်း ပင်လယ်ကွေ့ထဲ အီရန်တို့က တောင်ကိုရီးယား ရေနံတင် သင်္ဘောတစ်စင်းကို ဖမ်းဆီးထားတာကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေချိန်မှာပဲ တောင်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ အီရန်နိုင်ငံကို ကြာသပတေးနေ့က ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ ပင်လယ်ပြင် ညစ်ညမ်းမှုကို ဖြစ်ပေါ်စေတယ်ဆိုပြီး အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ က တောင်ကိုရီးယားသင်္ဘောကို တနင်္လာ နေ့ က ဖမ်းဆီးခဲ့တာပါ။

အဲဒီ သင်္ဘောဟာ ရေနံဓါတုပစ္စည်း တန်ချိန် ၇၂၀၀ တင်ဆောင်လာတယ်လို့ အီရန် တော်လှန်ရေး အစောင့် တပ်ဖွဲ့က ပြောပြီး တောင် ကိုရီးယား ၅ ဦး၊ မြန်မာ သင်္ဘောသား ၁၁ ဦး၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ် ၂ ဦးစီပါတဲ့ သင်္ဘောအမှုထမ်းတွေကိုလည်းဖမ်းဆီး ထိန်းသိမ်း ထားတာ ဖြစ်ပါတယ်။

တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကို တောင်ကိုရီး ယား နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် Koh Kyung-sok က ဦးဆောင်လာ တာ ဖြစ်ပါတယ်။

ဖမ်းဆီးထားတဲ့ သင်္ဘောနဲ့ သင်္ဘောသားတွေ ပြန်လွှတ်ပေးဖို့ အီရန်က သံတမန်တွေနဲ့ ဆွေးနွေးသွားမှာ ဖြစ်သလို ဖြစ်နိုင်တဲ့ လမ်းကြောင်းတွေနဲ့ ချဉ်းကပ်ဆွေးနွေးသွားမယ်လို့လည်း Koh Kyung-sok က ပြောပါတယ်။

အီရန်တို့ ဘက်ကတော့ ဒီ ခရီးစဉ်က တောင်ကိုရီးယား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Choi Jong-Kun အီရန်ကို မလာရောက်ခင် အကြို ရှေ့ပြေး ခရီးစဉ်သာဖြစ်တယ်လို့ ပြောပါတယ်။ သင်္ဘောကို မဖမ်းဆီးခင်ကတည်းက ဒီ ခရီးစဉ်ကို စီစဉ်ထားပြီး ဖြစ်တယ်လို့လည်း အီရန် အစိုးရ ပြောခွင့်ရ Said Khatibzadeh က ပြောပါတယ်။

အမေရိကန်ရဲ့ အီရန် အပေါ် အရေးယူ ပိတ်ဆို့မှုကြောင့် တောင်ကိုရီးယား ဘဏ်တွေက အီရန်ပိုင် အမေရိကန် ဒေါ်လာ ၇.၁ ဘီလီယံ ကို ထိန်းချုပ်ထားတာကိုပြန်ဖွင့်ပေးဖို့ အီရန်တို့ တောင်းဆိုချက် ထွက်ပေါ်လာ အပြီးမှာ အခုလို သင်္ဘောကိုသိမ်းယူဖမ်းဆီးလိုက်တာ လည်း ဖြစ်ပါတယ်။

နှစ်နိုင်ငံ ဆက်ဆံရေး အခြေအနေက ဒီထက် ပိုပြီး တင်းမာလာနိုင်စရာ မရှိဘူးလို့တော့ လေ့လာသူတွေက ပြောပါတယ်။

အမေရိကန်မှာ နောက်တက်လာမယ့် Joe Biden အစိုးရနဲ့ စေ့စပ်ဆွေးနွေးဖို့ အခွင့်အလမ်းတွေ ရှိနေတာကြောင့် အီရန်တို့ အနေနဲ့ တင်းမာမှု မြင့်တက်မှာကို လိုလားမှာ မဟုတ်ဘူးလို့ ကိုရီးယား Handong တက္ကသိုလ်ကလေ့လာသူ ပါမောက္ခ Park Won-gon က ပြော ပါတယ်။

ပါရှန်း ပင်လယ်ကွေ့ထဲ တောင်ကိုရီးယား ရေနံတင် သင်္ဘော Hankuk Chemi ကို အီရန်တို့ ဖမ်းဆီးလိုက်တာဟာ တနှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ် ဖမ်းဆီးမှုလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)










XS
SM
MD
LG