သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူေရနီယံသန္႔စင္မႈအဆင့္ အီရန္ တိုးျမႇင့္လုပ္ေဆာင္မည္


အီရန္ရဲ႕ Fordow ႏ်ဴကလီယားစက္ရံု

(Zawgyi/Unicode)

အီရန္က သူ႕ရဲ႕ Fordow ႏ်ဴကလီယားစက္ရံုမွာ ယူေရနီယံ သန္႔စင္မႈကို ၂၀ ရာခိုင္ႏႈန္း ရေအာင္ လုပ္ဖုိ႔ စီစဥ္ေနေၾကာင္း ေျပာၾကားခဲ့တယ္လို႔ IAEA အျပည္ျပည္ဆိုင္ရာ အႏုျမဴစြမ္းအင္ ေအဂ်င္စီက ေသာၾကာေန႔မွာ ေျပာပါတယ္။

အီရန္ႏ်ဴကလီယား အေရးနဲ႔ပတ္သက္ၿပီး ၂၀၁၅ တုန္းက ခ်ဳပ္ဆိုခဲ့တဲ့ ႏိုင္ငံတကာစာခ်ဳပ္ကေန အေမရိကန္ႏုတ္ထြက္ခဲ့ၿပီးး အီရန္အေပၚ အေရးယူ ဒဏ္ခတ္မႈေတြ ျပန္လုပ္လာတာကို လက္စားေခ်တဲ့ အေနနဲ႔ အီရန္က စာခ်ဳပ္ပါ အခ်က္ေတြကို ၂၀၁၉ ခုႏွစ္ကစၿပီး ခ်ိဳးေဖာက္ေနတာ ျဖစ္ပါတယ္။

အခု လုပ္ေဆာင္ခ်က္ကေတာ့ အီရန္ရဲ့ ထိပ္တန္း ႏ်ဴကလီးယာသိပၸံပညာရွင္ အသတ္ခံရတာအတြက္ လက္တုံ႔ျပန္ဖို႔ အီရန္လႊတ္ေတာ္က ၿပီးခဲ့တဲ့ လထဲ ခ်မွတ္ခဲ့တဲ့ ဥပေဒမွာ ပါတဲ့ လုပ္ေဆာင္ခ်က္ အမ်ားအျပားထဲက တခုျဖစ္ပါတယ္။

အီရန္ရဲ့ အခုလို လုပ္ေဆာင္မႈမ်ိဳးဟာ ႏိုင္ငံတကာ သေဘာတူညီခ်က္ထဲ အေမရိကန္ ျပန္ဝင္လာေရး အေရြးေကာက္ခံသမၼတ ဂ်ိဳးဘိုင္ဒန္ ရဲ့ ႀကိဳးပမ္းမႈအတြက္ ရႈပ္ေထြးမႈေတြ ျဖစ္လာေစႏုိင္ပါတယ္။

အခုလို သန္႔စင္မႈကို ဘယ္အခ်ိန္မွာ လုပ္ေဆာင္မယ္ ဆိုတာကိုေတာ့ အီရန္က ေပးပို႔တဲ့ စာထဲမွာ ေဖၚျပ မထားဘူးလို႔ IAEA ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။ ႏ်ဴကလီယားလက္နက္ထုတ္မယ့္ လုပ္ငန္းစဥ္ေတြနဲ႔ပတ္သက္ၿပီး အီရန္က လ ွ်ိဳ႕ဝွက္စြာ ေဆာင္ရြက္ေနတယ္လို႔ အေမရိကန္ေထာက္လွမ္းေရးအဖြဲ႔ေတြနဲ႔ IAEA က ယံုၾကည္ေပမယ့္ အီရန္ကေတာ့ ဒါကို ျငင္းဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

ယူရေနီယံသန့်စင်မှုအဆင့် အီရန် တိုးမြှင့်လုပ်ဆောင်မည်

(Unicode)

အီရန်က သူ့ရဲ့ Fordow နျူကလီယားစက်ရုံမှာ ယူရေနီယံ သန့်စင်မှုကို ၂၀ ရာခိုင်နှုန်း ရအောင် လုပ်ဖို့ စီစဉ်နေကြောင်း ပြောကြားခဲ့တယ်လို့ IAEA အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီက သောကြာနေ့မှာ ပြောပါတယ်။

အီရန်နျူကလီယား အရေးနဲ့ပတ်သက်ပြီး ၂၀၁၅ တုန်းက ချုပ်ဆိုခဲ့တဲ့ နိုင်ငံတကာစာချုပ်ကနေ အမေရိကန်နုတ်ထွက်ခဲ့ပြီးး အီရန်အပေါ် အရေးယူ ဒဏ်ခတ်မှုတွေ ပြန်လုပ်လာတာကို လက်စားချေတဲ့ အနေနဲ့ အီရန်က စာချုပ်ပါ အချက်တွေကို ၂၀၁၉ ခုနှစ်ကစပြီး ချိုးဖောက်နေတာ ဖြစ်ပါတယ်။

အခု လုပ်ဆောင်ချက်ကတော့ အီရန်ရဲ့ ထိပ်တန်း နျူကလီးယာသိပ္ပံပညာရှင် အသတ်ခံရတာအတွက် လက်တုံ့ပြန်ဖို့ အီရန်လွှတ်တော်က ပြီးခဲ့တဲ့ လထဲ ချမှတ်ခဲ့တဲ့ ဥပဒေမှာ ပါတဲ့ လုပ်ဆောင်ချက် အများအပြားထဲက တခုဖြစ်ပါတယ်။

အီရန်ရဲ့ အခုလို လုပ်ဆောင်မှုမျိုးဟာ နိုင်ငံတကာ သဘောတူညီချက်ထဲ အမေရိကန် ပြန်ဝင်လာရေး အရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန် ရဲ့ ကြိုးပမ်းမှုအတွက် ရှုပ်ထွေးမှုတွေ ဖြစ်လာစေနိုင်ပါတယ်။

အခုလို သန့်စင်မှုကို ဘယ်အချိန်မှာ လုပ်ဆောင်မယ် ဆိုတာကိုတော့ အီရန်က ပေးပို့တဲ့ စာထဲမှာ ဖေါ်ပြ မထားဘူးလို့ IAEA ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ နျူကလီယားလက်နက်ထုတ်မယ့် လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး အီရန်က လ ျှို့ဝှက်စွာ ဆောင်ရွက်နေတယ်လို့ အမေရိကန်ထောက်လှမ်းရေးအဖွဲ့တွေနဲ့ IAEA က ယုံကြည်ပေမယ့် အီရန်ကတော့ ဒါကို ငြင်းဆိုပါတယ်။

XS
SM
MD
LG