သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အီရန္မွာဖမ္းခံရတဲ့ ျမန္မာသေဘၤာသားမ်ားအေျခအေန ျမန္မာအစိုးရစံုစမ္းေန


ပါရွန္ပင္လယ္ေကြ႔မွာ ေတြ႔ရတဲ့ ေတာင္ကိုရီးယား ေရနံတင္သေဘၤာ။ (ဇန္နဝါရီ ၀၄၊ ၂၀၂၁)

[Zawgyi/Unicode]

အီရန္ႏိုင္ငံက ဖမ္းဆီးထားတဲ့ ေတာင္ကိုရီးယား ေရနံတင္သေဘၤာေပၚမွာပါတဲ့ ျမန္မာသေဘၤာသားေတြအတြက္ ျမန္မာအစိုးရဘက္က ကနဦးစုံစမ္းမႈေတြနဲ႔အတူ သက္ဆိုင္ရာႏိုင္ငံေတြနဲ႔ ညႇိႏႈိင္းမႈေတြ စလုပ္ေနတဲ့အေၾကာင္း ေျပာျပေပးမွာပါ။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။

ျမန္မာသေဘၤာသား အမ်ားစုပါတဲ့ ေတာင္ကိုရီးယား ေရနံတင္သေဘၤာကို ပါရွန္ပင္လယ္ေကြ႕ထဲ ေရနံယိုစိမ့္မႈျဖစ္တယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ အီရန္ႏိုင္ငံက ဖမ္းဆီးထားၿပီး သက္ဆိုင္ရာႏိုင္ငံေတြက စုံစမ္းမႈေတြလုပ္ေနသလို ျမန္မာအစိုးရဘက္ကလည္း ကနဦးစုံစမ္းမႈေတြ စလုပ္ေနၿပီ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာန အႀကီးတန္းအရာရွိ တဦးကေတာ့ ျမန္မာသံ႐ုံး နယူးေဒလီနဲ႔ တြဲဖက္တာဝန္ယူေနတဲ့ အီရန္ႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး၊ ထိုင္းႏိုင္ငံ ျမန္မာသံ႐ုံးတုိ႔ကတဆင့္ ဘန္ေကာက္ၿမိဳ႕အေျခစိုက္ အီရန္ႏုိင္ငံဆုိင္ရာ သံ႐ုံးတာဝန္ရွိသူေတြကို ဆက္သြယ္ၿပီး ျမန္မာသေဘၤာသား ၁၁ ေယာက္ကို ေကာင္းေကာင္းမြန္မြန္ ထားေပးဖို႔နဲ႔ အေစာဆုံး ျပန္လႊတ္ေပးဖို႔ ညႇိႏႈိင္းေနေၾကာင္း ဗြီအိုေအကို ေျပာပါတယ္။

အေမရိကန္ရဲ႕ ဘ႑ာေရး ပိတ္ဆုိ႔ဒဏ္ခတ္မႈအရ အီရန္ႏုိင္ငံက ပုိင္ဆုိင္တဲ့ ေဒၚလာသန္း ၇,၀၀၀ ကို ေတာင္ကုိရီးယားႏုိင္ငံက မၾကာေသးခင္ကပဲ ထိန္းခ်ဳပ္လုိက္တာကုိ ျပန္႐ုပ္သိမ္းေပးဖုိ႔ ေတာင္းဆုိေနခ်ိန္မွာပဲ သေဘၤာဖမ္းဆီးမႈျဖစ္ခဲ့ေပမဲ့ ဒါဟာ တမင္သက္သက္ ဖမ္းဆီးမႈ မဟုတ္ေၾကာင္းလည္း အီရန္အစုိးရက ျငင္းဆန္ထားပါတယ္။ ေတာင္ကိုရီးယား ေရနံတင္သေဘၤာ MT Hankuk Chemi ေရနံယိုစိမ့္မႈျဖစ္ခဲ့တာေၾကာင့္ လုပ္႐ိုးလုပ္စဥ္ အေရးယူေဆာင္ရြက္ထားတာာ ျဖစ္ေၾကာင္းလည္း အီရန္အစိုးရ ေျပာခြင့္ရက ေျပာဆုိထားပါတယ္။ ေတာင္ကိုရီးယား ႏုိင္ငံျခားေရး၀န္ႀကီးဌာနကေတာ့ အီရန္သံအမတ္ႀကီးကုိ မေန႔တုန္းကပဲ ဆင့္ေခၚၿပီး၊ သေဘၤာနဲ႔ သေဘၤာသား ၂၀ ကုိ ျပန္လႊတ္ေပးဖုိ႔ ေတာင္းဆုိခဲ့တာပါ။

ျမန္မာေရေၾကာင္းပို႔ေဆာင္ေရး ဦးစီးဌာနကကေတာ့ ဒီျပႆနာကို သေဘၤာသားေစလႊတ္ထားတဲ့ ကုမၸဏီသုံးခုကတဆင့္ အေသးစိတ္စုံစမ္းေနၿပီး လိုအပ္ရင္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနနဲ႔ ဆက္သြယ္ေဆာင္႐ြက္မယ္လို႔ ဌာနရဲ႕ ၫႊန္ၾကားေရးမႉး ဦးခ်မ္းေျမ့က ဗြီအိုေအကို ေျပာပါတယ္။

“သူတို႔ႏိုင္ငံရဲ႕ေရပိုင္နက္မွာ ဆီယိုဖိတ္မႈ ျဖစ္တယ္ဆိုရင္ေတာ့၊ သူတို႔ႏိုင္ငံေတြရဲ႕ ဒီ …၊ က်ေနာ္တို႔ ႏိုင္ငံဘက္မွာလည္း ဆီယိုဖိတ္မႈ ျဖစ္တယ္ဆိုရင္ က်ေနာ္တို႔ႏိုင္ငံက အေရးယူတာမ်ိဳးေတြ ရွိတယ္ေပါ့ေနာ္။ အဲဒီေတာ့ ဒီျဖစ္စဥ္က်ေနာ္တို႔ ဘယ္ေလာက္အတိုင္းအတာအထိ သူတို႔လုပ္မလဲဆိုတာ့ မူတည္ပါတယ္။ ျမန္မာျပည္ဘက္က လႊတ္လိုက္တဲ့ သက္ဆိုင္ရာ ကုမၸဏီေတြနဲ႔ က်ေနာ္တို႔ ေမးထားတာေတာ့ လုပ္ထားပါတယ္၊ သူတို႔ကို ေနာက္ဆုံးသတင္းေတြ က်ေနာ္တို႔ဆီ တင္ခိုင္းထားတယ္ခင္ဗ်။ က်ေနာ္တို႔ သေဘၤာသားေတြ လိုအပ္ရင္ေတာ့ က်ေနာ္တို႔ ႏိုင္ငံျခားေရးကေန တဆင့္ေပါ့ေနာ္ ေမတၱာရပ္ခံေပးမွာေပါ့ေနာ္။”

ျမန္မာသေဘၤာသား ၁၁ ေယာက္ရဲ႕ မိသားစုဝင္တခ်ိဳ႕ကေတာ့ အသင္းကိုအေၾကာင္းၾကား ေမးျမန္းထားတာရွိေၾကာင္း ျမန္မာႏိုင္ငံပင္လယ္ကူး သေဘၤာသား အလုပ္သမားမ်ားအဖြဲ႕ခ်ဳပ္ အတြင္းေရးမႉး ဦးဟုတ္ဆြမ္က ေျပာပါတယ္။

“ေလာေလာဆယ္ မၾကားေသးဘူး update သတင္းေပါ့ေနာ္။ သူတို႔လည္း ဆက္သြယ္လို႔ မရဘူးတို႔ ဘာတို႔ေတာ့ အဲဒီလိုေျပာတဲ့သူရွိတယ္။ သူတို႔လည္း အတတ္ႏိုင္ဆုံး ဆက္သြယ္ေနၾကတယ္။ သူတို႔ကေတာ့ မွာထားတာေပါ့ေနာ္။ သက္ဆိုင္ရာသေဘၤာသားနဲ႔ အဆက္အသြယ္ရရင္ေတာ့ အက်ိဳးအေၾကာင္းေလးေတြ ေျပာခိုင္းထားတာေပါ့ေနာ္။”

ေတာင္ကိုရီးယား အစိုးရကေတာ့ ဒီကိစၥကို သံတမန္နည္းလမ္းအရ ေျဖရွင္းႏုိင္ဖို႔ ကုိယ္စားလွယ္အဖဲြ႔တခု ဒီကေန႔ပဲ ေစလႊတ္လုိက္ပါတယ္။ ေတာင္ကိုရီးယား သမၼတကေတာ့ ဖမ္းဆီးမႈအေပၚ စုိးရိမ္ေၾကာင္း ေျပာဆုိထားၿပီး ကာကြယ္ေရးဝန္ႀကီးဌာနကလည္း Hormuz ေရလက္ၾကားအနီး ဖ်က္သေဘၤာနဲ႔ တပ္ဖြဲ႕ဝင္ ၃၀၀ ပါတဲ့ ပင္လယ္ဓားျပႏွိမ္ႏွင္းေရး တပ္ဖြဲ႕တခုကိုလည္း ေစလႊတ္ခဲ့တာပါ။

အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနကလည္း အီရန္ႏုိင္ငံက ဖမ္းဆီးထားတဲ့ ေတာင္ကုိရီးယား ေရနံတင္သေဘၤာနဲ႔ သေဘၤာသားေတြကုိ အျမန္ဆုံးျပန္လႊတ္ဖို႔ ေတာင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အီရန်နိုင်ငံက ဖမ်းဆီးထားတဲ့ တောင်ကိုရီးယား ရေနံတင်သင်္ဘောပေါ်မှာပါတဲ့ မြန်မာသင်္ဘောသားတွေအတွက် မြန်မာအစိုးရဘက်က ကနဦးစုံစမ်းမှုတွေနဲ့အတူ သက်ဆိုင်ရာနိုင်ငံတွေနဲ့ ညှိနှိုင်းမှုတွေ စလုပ်နေတဲ့အကြောင်း ပြောပြပေးမှာပါ။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

မြန်မာသင်္ဘောသား အများစုပါတဲ့ တောင်ကိုရီးယား ရေနံတင်သင်္ဘောကို ပါရှန်ပင်လယ်ကွေ့ထဲ ရေနံယိုစိမ့်မှုဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အီရန်နိုင်ငံက ဖမ်းဆီးထားပြီး သက်ဆိုင်ရာနိုင်ငံတွေက စုံစမ်းမှုတွေလုပ်နေသလို မြန်မာအစိုးရဘက်ကလည်း ကနဦးစုံစမ်းမှုတွေ စလုပ်နေပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ တဦးကတော့ မြန်မာသံရုံး နယူးဒေလီနဲ့ တွဲဖက်တာဝန်ယူနေတဲ့ အီရန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ထိုင်းနိုင်ငံ မြန်မာသံရုံးတို့ကတဆင့် ဘန်ကောက်မြို့အခြေစိုက် အီရန်နိုင်ငံဆိုင်ရာ သံရုံးတာဝန်ရှိသူတွေကို ဆက်သွယ်ပြီး မြန်မာသင်္ဘောသား ၁၁ ယောက်ကို ကောင်းကောင်းမွန်မွန် ထားပေးဖို့နဲ့ အစောဆုံး ပြန်လွှတ်ပေးဖို့ ညှိနှိုင်းနေကြောင်း ဗွီအိုအေကို ပြောပါတယ်။

အမေရိကန်ရဲ့ ဘဏ္ဍာရေး ပိတ်ဆို့ဒဏ်ခတ်မှုအရ အီရန်နိုင်ငံက ပိုင်ဆိုင်တဲ့ ဒေါ်လာသန်း ၇,၀၀၀ ကို တောင်ကိုရီးယားနိုင်ငံက မကြာသေးခင်ကပဲ ထိန်းချုပ်လိုက်တာကို ပြန်ရုပ်သိမ်းပေးဖို့ တောင်းဆိုနေချိန်မှာပဲ သင်္ဘောဖမ်းဆီးမှုဖြစ်ခဲ့ပေမဲ့ ဒါဟာ တမင်သက်သက် ဖမ်းဆီးမှု မဟုတ်ကြောင်းလည်း အီရန်အစိုးရက ငြင်းဆန်ထားပါတယ်။ တောင်ကိုရီးယား ရေနံတင်သင်္ဘော MT Hankuk Chemi ရေနံယိုစိမ့်မှုဖြစ်ခဲ့တာကြောင့် လုပ်ရိုးလုပ်စဉ် အရေးယူဆောင်ရွက်ထားတာာ ဖြစ်ကြောင်းလည်း အီရန်အစိုးရ ပြောခွင့်ရက ပြောဆိုထားပါတယ်။ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အီရန်သံအမတ်ကြီးကို မနေ့တုန်းကပဲ ဆင့်ခေါ်ပြီး၊ သင်္ဘောနဲ့ သင်္ဘောသား ၂၀ ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တာပါ။

မြန်မာရေကြောင်းပို့ဆောင်ရေး ဦးစီးဌာနကကတော့ ဒီပြဿနာကို သင်္ဘောသားစေလွှတ်ထားတဲ့ ကုမ္ပဏီသုံးခုကတဆင့် အသေးစိတ်စုံစမ်းနေပြီး လိုအပ်ရင် နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ဆက်သွယ်ဆောင်ရွက်မယ်လို့ ဌာနရဲ့ ညွှန်ကြားရေးမှူး ဦးချမ်းမြေ့က ဗွီအိုအေကို ပြောပါတယ်။

“သူတို့နိုင်ငံရဲ့ရေပိုင်နက်မှာ ဆီယိုဖိတ်မှု ဖြစ်တယ်ဆိုရင်တော့၊ သူတို့နိုင်ငံတွေရဲ့ ဒီ …၊ ကျနော်တို့ နိုင်ငံဘက်မှာလည်း ဆီယိုဖိတ်မှု ဖြစ်တယ်ဆိုရင် ကျနော်တို့နိုင်ငံက အရေးယူတာမျိုးတွေ ရှိတယ်ပေါ့နော်။ အဲဒီတော့ ဒီဖြစ်စဉ်ကျနော်တို့ ဘယ်လောက်အတိုင်းအတာအထိ သူတို့လုပ်မလဲဆိုတာ့ မူတည်ပါတယ်။ မြန်မာပြည်ဘက်က လွှတ်လိုက်တဲ့ သက်ဆိုင်ရာ ကုမ္ပဏီတွေနဲ့ ကျနော်တို့ မေးထားတာတော့ လုပ်ထားပါတယ်၊ သူတို့ကို နောက်ဆုံးသတင်းတွေ ကျနော်တို့ဆီ တင်ခိုင်းထားတယ်ခင်ဗျ။ ကျနော်တို့ သင်္ဘောသားတွေ လိုအပ်ရင်တော့ ကျနော်တို့ နိုင်ငံခြားရေးကနေ တဆင့်ပေါ့နော် မေတ္တာရပ်ခံပေးမှာပေါ့နော်။”

မြန်မာသင်္ဘောသား ၁၁ ယောက်ရဲ့ မိသားစုဝင်တချို့ကတော့ အသင်းကိုအကြောင်းကြား မေးမြန်းထားတာရှိကြောင်း မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဟုတ်ဆွမ်က ပြောပါတယ်။

“လောလောဆယ် မကြားသေးဘူး update သတင်းပေါ့နော်။ သူတို့လည်း ဆက်သွယ်လို့ မရဘူးတို့ ဘာတို့တော့ အဲဒီလိုပြောတဲ့သူရှိတယ်။ သူတို့လည်း အတတ်နိုင်ဆုံး ဆက်သွယ်နေကြတယ်။ သူတို့ကတော့ မှာထားတာပေါ့နော်။ သက်ဆိုင်ရာသင်္ဘောသားနဲ့ အဆက်အသွယ်ရရင်တော့ အကျိုးအကြောင်းလေးတွေ ပြောခိုင်းထားတာပေါ့နော်။”

တောင်ကိုရီးယား အစိုးရကတော့ ဒီကိစ္စကို သံတမန်နည်းလမ်းအရ ဖြေရှင်းနိုင်ဖို့ ကိုယ်စားလှယ်အဖွဲ့တခု ဒီကနေ့ပဲ စေလွှတ်လိုက်ပါတယ်။ တောင်ကိုရီးယား သမ္မတကတော့ ဖမ်းဆီးမှုအပေါ် စိုးရိမ်ကြောင်း ပြောဆိုထားပြီး ကာကွယ်ရေးဝန်ကြီးဌာနကလည်း Hormuz ရေလက်ကြားအနီး ဖျက်သင်္ဘောနဲ့ တပ်ဖွဲ့ဝင် ၃၀၀ ပါတဲ့ ပင်လယ်ဓားပြနှိမ်နှင်းရေး တပ်ဖွဲ့တခုကိုလည်း စေလွှတ်ခဲ့တာပါ။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အီရန်နိုင်ငံက ဖမ်းဆီးထားတဲ့ တောင်ကိုရီးယား ရေနံတင်သင်္ဘောနဲ့ သင်္ဘောသားတွေကို အမြန်ဆုံးပြန်လွှတ်ဖို့ တောင်းဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG