သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာပင္လယ္ကူးသေဘၤာသားေတြ ကုိဗစ္ေၾကာင့္ တာ၀န္လႊဲေျပာင္းဖုိ႔ အခက္ႀကံဳ


သီလ၀ါ ဆိပ္ကမ္းတြင္ ရပ္ထားေသာ ပင္လယ္ကူးသေဘၤာမ်ား

(Zawgyi/Unicode)

COVID-19 ကပ္ေရာဂါကာလ ျမန္မာႏုိင္ငံက ပင္လယ္ကူးသေဘၤာသားေတြ သေဘၤာအတက္အဆင္း တာဝန္လႊဲေျပာင္းဖို႔ ယာယီအစီအမံေတြနဲ႔ ေဆာင္ရြက္ေနေပမယ့္ အခက္အခဲေတြ ႀကံဳေနရဆဲ အေျခအေနကုိ ဗြီအုိေအျမန္မာပိုင္း သတင္းေထာက္စုစုက ေျပာျပေပးပါမယ္။

စာခ်ဳပ္သက္တမ္းျပည့္ ပင္လယ္ကူးျမန္မာသေဘၤာသားေတြနဲ႔ သေဘၤာျပန္တက္မယ့္သူေတြ အလဲအလွယ္လုပ္တဲ့ေနရာမွာ အရင္က ရန္ကုန္ဆိပ္ကမ္းနဲ႔ ေလဆိပ္ကေနတဆင့္ တျခားႏိုင္ငံေတြဆီ သြားေရာက္ေလ့ရွိေပမဲ့ အခုလိုကပ္ေရာဂါကာလမွာေတာ့ ပံုမွန္လမ္းေၾကာင္းအတုိင္း သြားဖို႔က အခက္အခဲရွိေနပါတယ္။ ဒီအတြက္လည္း တနသၤာရီတုိင္း ေကာ့ေသာင္းဆိပ္ကမ္းကေန ျမန္မာ့ပင္လယ္ျပင္တြင္း သေဘၤာသားေတြ အလဲအလွယ္လုပ္ႏုိင္ဖုိ႔လည္း တာ၀န္ရွိသူေတြ စီစဥ္ေပးေနပါတယ္။ ကပ္ေရာဂါကာလ ကန္႔သတ္ခ်က္ေတြ ရွိေနတာေၾကာင့္ အခက္အခဲေတြ ရွိေနဆဲျဖစ္တယ္လုိ႔ ကပၸတိန္ဦးဝင္းႏုိင္ညြန္႕က VOA ကိုေျပာပါတယ္။

"အခု Quarantine Facility မရွိလို႔ဆုိၿပီးေတာ့ Q.F ရွိတဲ့အခါမွသာလွ်င္ သေဘၤာကေန Crew Change လုပ္လို႔ရပါမယ္ဆုိၿပီးေတာ့ အမိန္႔စာထုတ္လိုက္တယ္။ Department of Marine Administration - DMA ကေပါ့။ အဲေတာ့ အဲဒါက အခုေတာ္ေတာ္ေလးကို ဂယက္ထသြားတယ္ေပါ့ေနာ္။"

ေလေၾကာင္းလိုင္းေတြ တပတ္ကုိႏွစ္စီးေလာက္ ပ်ံသန္းေျပးဆြဲေပးတာမ်ိဳး၊ ျပည္ဝင္ခြင့္ဗီဇာ အဆင္ေျပေစဖို႔ သံတမန္နည္းနဲ႔ အစုိးရက ၾကားဝင္ေျဖရွင္းေပးတာမ်ိဳးနဲ႔ အစုိးရဘက္က အကုန္က်ခံစရာမလုိဘဲ အဆင္ေျပႏုိင္မယ့္ Hotel Quarantine မ်ိဳးစီစဥ္ေပးႏိုင္မယ္ဆုိရင္ ကိုဗစ္ကာလမွာ အဆင္ေျပႏုိင္မယ္လို႔ သူကဆက္ေျပာပါတယ္။

ေကာ့ေသာင္းဆိပ္ကမ္းကေနတဆင့္ သေဘၤာဆင္းလာမယ့္ သူေတြ အတြက္ Quarantine စီစဥ္ေပးဖို႔ရာ ေနရာ အခက္အခဲရွိတာနဲ႔ တိုက္ဆုိင္ႏုိင္တဲ့ အေျခအေနမ်ိဳးမရွိေစဖို႔ စာထုတ္ထားတဲ့သေဘာျဖစ္တယ္လုိ႔ ေရေၾကာင္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနက ေျပာပါတယ္။

ေကာ့ေသာင္းဆိပ္ကမ္းကေန တာဝန္ယူလဲလွယ္ၿပီး အတက္အဆင္းျပဳခဲ့တဲ့ သေဘၤာသား အေရအတြက္ဟာ ဇူလိုင္လ ဒုတိယပတ္ထိဆိုရင္ ၃၀၀ ေက်ာ္အထိရွိထားတယ္လို႔ ေရေၾကာင္းဦးစီး ညႊန္ၾကားေရးမွဴး ဦးခ်မ္းေျမ႕က ေျပာပါတယ္။

"အဲဒီေနရာမွာ သေဘၤာသားေတြေနရာရရွိေရးအတြက္ MSESF (Myanmar Seafarer Employment Services Federation) အဖြဲ႕ကလည္း သြားၿပီး ညွိေနတာရွိပါတယ္။ အဲဒီမွာ က်န္းမာေရး၊ ဆိပ္ကမ္း၊ ေရေၾကာင္း တာဝန္ရွိသူေတြနဲ႔ ဟုိတယ္ပုိင္ရွင္ေတြပါတယ္။ အဲေတာ့ ေလာေလာဆယ္ သေဘၤာသားေပါင္း ၂၇၀ ေလာက္ထိ ေဆာင္ရြက္ေပးႏုိင္မယ့္ အေနအထားမ်ိဳးေတာ့ အၾကမ္းဖ်ဥ္း ၾကားထားရပါတယ္။"

စာခ်ဳပ္သက္တမ္းျပည့္ေပမယ့္လည္း ျပန္မလာနုိင္ေသးတဲ့ သေဘၤာသားအေရအတြက္ဟာ ၅,၀၀၀ ေက်ာ္အထိ ရွိေနတာပါ။ ၿပီးခဲ့တဲ့ ဇြန္လတုန္းက ကယ္ဆယ္ေရးေလယာဥ္နဲ႔ စင္းလံုးငွား ေလယာဥ္တုိ႔အျပင္ ေကာ့ေသာင္းဆိပ္ကမ္းကေန တဆင့္ သေဘၤာျပန္တက္သူဦးေရ ၄၀၀ ေက်ာ္အထိရွိပါတယ္။

ပံုမွန္ဆုိရင္ေတာ့ ႏုိင္ငံျခားသေဘၤာေတြမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ျမန္မာသေဘၤာသားအေရအတြက္က တလမွာ အတက္အဆင္း ၆,၀၀၀ ဝန္းက်င္ရွိေနတာပါ။

အျပည္ျပည္ဆုိင္ရာ ေရေၾကာင္းသြားလာေရးအဖဲြ႔ (IMO) ကေတာ့ ဇူလုိင္လဆန္းအထိ စာရင္းေတြအရ တာ၀န္ခ်ိန္ကုန္ဆုံးလုိ႔ အလုပ္တာ၀န္ လဲႊေျပာင္းရမယ့္ သေဘၤာသားေပါင္း ကမာၻတ၀န္းမွာ ခန္႔မွန္းေခ် ၂ သိန္းေလာက္ ရွိမယ္လုိ႔ ေျပာပါတယ္။ ကမာၻတ၀န္းက ကုန္သေဘၤာေပါင္း ၆ ေသာင္းေလာက္မွာ သေဘၤာသားေပါင္း ၁ သန္းေလာက္နဲ႔ လည္ပတ္ေနတဲ့ ကုန္သြယ္ေရေၾကာင္း လုပ္ငန္းေတြမွာ ကပ္ေရာဂါေၾကာင့္ အခက္အခဲေတြ ႀကံဳေနရတဲ့အတြက္ ကမာၻ႔ကုန္စည္စီးဆင္းမႈကုိပါ အႀကီးအက်ယ္ ႐ုိက္ခတ္ေနတယ္လုိ႔လည္း IMO ကေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္



.........

မြန်မာပင်လယ်ကူးသင်္ဘောသားတွေ ကိုဗစ်ကြောင့် တာဝန်လွှဲပြောင်းဖို့ အခက်ကြုံ
(Unicode)

COVID-19 ကပ်ရောဂါကာလ မြန်မာနိုင်ငံက ပင်လယ်ကူးသင်္ဘောသားတွေ သင်္ဘောအတက်အဆင်း တာဝန်လွှဲပြောင်းဖို့ ယာယီအစီအမံတွေနဲ့ ဆောင်ရွက်နေပေမယ့် အခက်အခဲတွေ ကြုံနေရဆဲ အခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြပေးပါမယ်။

စာချုပ်သက်တမ်းပြည့် ပင်လယ်ကူးမြန်မာသင်္ဘောသားတွေနဲ့ သင်္ဘောပြန်တက်မယ့်သူတွေ အလဲအလှယ်လုပ်တဲ့နေရာမှာ အရင်က ရန်ကုန်ဆိပ်ကမ်းနဲ့ လေဆိပ်ကနေတဆင့် တခြားနိုင်ငံတွေဆီ သွားရောက်လေ့ရှိပေမဲ့ အခုလိုကပ်ရောဂါကာလမှာတော့ ပုံမှန်လမ်းကြောင်းအတိုင်း သွားဖို့က အခက်အခဲရှိနေပါတယ်။ ဒီအတွက်လည်း တနင်္သာရီတိုင်း ကော့သောင်းဆိပ်ကမ်းကနေ မြန်မာ့ပင်လယ်ပြင်တွင်း သင်္ဘောသားတွေ အလဲအလှယ်လုပ်နိုင်ဖို့လည်း တာဝန်ရှိသူတွေ စီစဉ်ပေးနေပါတယ်။ ကပ်ရောဂါကာလ ကန့်သတ်ချက်တွေ ရှိနေတာကြောင့် အခက်အခဲတွေ ရှိနေဆဲဖြစ်တယ်လို့ ကပ္ပတိန်ဦးဝင်းနိုင်ညွန့်က VOA ကိုပြောပါတယ်။

"အခု Quarantine Facility မရှိလို့ဆိုပြီးတော့ Q.F ရှိတဲ့အခါမှသာလျှင် သင်္ဘောကနေ Crew Change လုပ်လို့ရပါမယ်ဆိုပြီးတော့ အမိန့်စာထုတ်လိုက်တယ်။ Department of Marine Administration - DMA ကပေါ့။ အဲတော့ အဲဒါက အခုတော်တော်လေးကို ဂယက်ထသွားတယ်ပေါ့နော်။"

လေကြောင်းလိုင်းတွေ တပတ်ကိုနှစ်စီးလောက် ပျံသန်းပြေးဆွဲပေးတာမျိုး၊ ပြည်ဝင်ခွင့်ဗီဇာ အဆင်ပြေစေဖို့ သံတမန်နည်းနဲ့ အစိုးရက ကြားဝင်ဖြေရှင်းပေးတာမျိုးနဲ့ အစိုးရဘက်က အကုန်ကျခံစရာမလိုဘဲ အဆင်ပြေနိုင်မယ့် Hotel Quarantine မျိုးစီစဉ်ပေးနိုင်မယ်ဆိုရင် ကိုဗစ်ကာလမှာ အဆင်ပြေနိုင်မယ်လို့ သူကဆက်ပြောပါတယ်။

ကော့သောင်းဆိပ်ကမ်းကနေတဆင့် သင်္ဘောဆင်းလာမယ့် သူတွေ အတွက် Quarantine စီစဉ်ပေးဖို့ရာ နေရာ အခက်အခဲရှိတာနဲ့ တိုက်ဆိုင်နိုင်တဲ့ အခြေအနေမျိုးမရှိစေဖို့ စာထုတ်ထားတဲ့သဘောဖြစ်တယ်လို့ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။

ကော့သောင်းဆိပ်ကမ်းကနေ တာဝန်ယူလဲလှယ်ပြီး အတက်အဆင်းပြုခဲ့တဲ့ သင်္ဘောသား အရေအတွက်ဟာ ဇူလိုင်လ ဒုတိယပတ်ထိဆိုရင် ၃၀၀ ကျော်အထိရှိထားတယ်လို့ ရေကြောင်းဦးစီး ညွှန်ကြားရေးမှူး ဦးချမ်းမြေ့က ပြောပါတယ်။

"အဲဒီနေရာမှာ သင်္ဘောသားတွေနေရာရရှိရေးအတွက် MSESF (Myanmar Seafarer Employment Services Federation) အဖွဲ့ကလည်း သွားပြီး ညှိနေတာရှိပါတယ်။ အဲဒီမှာ ကျန်းမာရေး၊ ဆိပ်ကမ်း၊ ရေကြောင်း တာဝန်ရှိသူတွေနဲ့ ဟိုတယ်ပိုင်ရှင်တွေပါတယ်။ အဲတော့ လောလောဆယ် သင်္ဘောသားပေါင်း ၂၇၀ လောက်ထိ ဆောင်ရွက်ပေးနိုင်မယ့် အနေအထားမျိုးတော့ အကြမ်းဖျဉ်း ကြားထားရပါတယ်။"

စာချုပ်သက်တမ်းပြည့်ပေမယ့်လည်း ပြန်မလာနိုင်သေးတဲ့ သင်္ဘောသားအရေအတွက်ဟာ ၅,၀၀၀ ကျော်အထိ ရှိနေတာပါ။ ပြီးခဲ့တဲ့ ဇွန်လတုန်းက ကယ်ဆယ်ရေးလေယာဉ်နဲ့ စင်းလုံးငှား လေယာဉ်တို့အပြင် ကော့သောင်းဆိပ်ကမ်းကနေ တဆင့် သင်္ဘောပြန်တက်သူဦးရေ ၄၀၀ ကျော်အထိရှိပါတယ်။

ပုံမှန်ဆိုရင်တော့ နိုင်ငံခြားသင်္ဘောတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာသင်္ဘောသားအရေအတွက်က တလမှာ အတက်အဆင်း ၆,၀၀၀ ဝန်းကျင်ရှိနေတာပါ။

အပြည်ပြည်ဆိုင်ရာ ရေကြောင်းသွားလာရေးအဖွဲ့ (IMO) ကတော့ ဇူလိုင်လဆန်းအထိ စာရင်းတွေအရ တာဝန်ချိန်ကုန်ဆုံးလို့ အလုပ်တာဝန် လွဲှပြောင်းရမယ့် သင်္ဘောသားပေါင်း ကမ္ဘာတဝန်းမှာ ခန့်မှန်းချေ ၂ သိန်းလောက် ရှိမယ်လို့ ပြောပါတယ်။ ကမ္ဘာတဝန်းက ကုန်သင်္ဘောပေါင်း ၆ သောင်းလောက်မှာ သင်္ဘောသားပေါင်း ၁ သန်းလောက်နဲ့ လည်ပတ်နေတဲ့ ကုန်သွယ်ရေကြောင်း လုပ်ငန်းတွေမှာ ကပ်ရောဂါကြောင့် အခက်အခဲတွေ ကြုံနေရတဲ့အတွက် ကမ္ဘာ့ကုန်စည်စီးဆင်းမှုကိုပါ အကြီးအကျယ် ရိုက်ခတ်နေတယ်လို့လည်း IMO ကပြောဆိုထားပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG