သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်သံမဏိလုပ်ငန်းနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေ လူပုဂ္ဂိုလ်တွေကို ကန်ဒဏ်ခတ်အရေးယူ


(Zawgyi/Unicode)

အီရန်နိုင်ငံရဲ့ သံမဏိလုပ်ငန်းနဲ့ ပတ်သက်နေတဲ့ စီးပွားရေးကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေကို ပိတ်ဆို့အရေးယူလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။

Donald Trump အစိုးရ လက်ထက် အီရန်အစိုးရကို ဖိအားပေးလာခဲ့တဲ့ နောက်ဆုံးလုပ်ဆောင်မှုအနေနဲ့ Trump က သူ့သမ္မတ သက်တမ်းကုန်ခါနီး အခုလို ဆောင်ရွက်ခဲ့တာပါ။ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်အရ ကုမ္ပဏီပေါင်း တဒါဇင်ကျော်နဲ့ လူပုဂ္ဂိုလ် တဦးကို နာမည်ပျက်စာရင်းထဲ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

အီရန်နဲ့ ပတ်သက်လို့ ပိတ်ဆို့ အရေးယူခံရတဲ့ ကုမ္ပဏီတွေထဲမှာ- သံမဏိထုတ်လုပ်မှုမှာ အဓိကပါဝင်နေတဲ့ ကာဗွန်ပစ္စည်းထုတ်လုပ်တဲ့ တရုတ်ပိုင် Kaifeng Pingmei နယူးကာဗွန်ပစ္စည်းများနည်းပညာကုမ္ပဏီလီမိတက် (KFCC) လည်းပါဝင်ပါတယ်။

အမေရိကန် ဘဏ္ဍာရေးဌာနရဲ့ ထုတ်ဖေါ်ချက်အရ- တရုတ်ကုမ္ပဏီဟာ အီရန်ကုန်သွယ်ရေး ကုမ္ပဏီတခုကို အသုံးပြုပြီး ၂၀၁၁ ကနေ ၂၀၂၀ ခုနှစ်ထိ အီရန်မှာရှိတဲ့ သံမဏိကုမ္ပဏီကို ပစ္စည်းကိရိယာတွေရောင်းချခဲ့တာဖြစ်ပါတယ်။

Trump အစိုးရအဖွဲ့အနေနဲ့ အကြမ်းဖက်အုပ်စုတွေကို ဆက်လက်ပံ့ပိုးကူညီနေတာ၊ ဖိနှိပ်အုပ်ချုပ်တဲ့ အစိုးရတွေကို ထောက်ပံ့တာ၊ အစုလိုက် အပြုံလိုက် သေစေတဲ့ လက်နက်တွေပြုလုပ်ဖို့ ကြိုးစားနေတာ စတာတွေကြောင့် အီရန် အာဏာရှင်အစိုးရရဲ့ ဝင်ငွေကို ပိတ်ဆို့ရေးကို Trump အစိုးရအဖွဲ့အနေနဲ့ တစိုက်မတ်မတ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး Steven T. Mnuchin ကလည်း ပြောကြားခဲ့ပါတယ်။

အခြားအီရန်သံမဏိထုတ်လုပ်သူ ၉ ဦး နဲ့ အီရန်အခြေစိုက် သင်္ဘောကုမ္ပဏီဖြစ်တဲ့ Hafez Darya Arya ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Majid Sajdeh ကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူထားကြောင်း အင်္ဂါနေ့က ထုတ်ပြန်တဲ့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


............

(Unicode)







XS
SM
MD
LG