သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဗီဇေျပာင္း ကိုဗစ္ကူးစက္မႈ ျမင့္မားလာေနတဲ့ Los Angeles


COVID-19 ကာကြယ္ေဆးထိုးေပးတဲ့ Los Angeles က Dodger Stadium အနီး လာေရာက္ၾကည့္႐ႈေနသူႏွစ္ဦး။ (ဇန္နဝါရီ ၁၅၊ ၂၀၂၁)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စု ကယ္လီဖိုးနီးယားျပည္နယ္ Los Angeles ခ႐ုိင္ဟာ ႏုိင္ငံတြင္း COVID-19 ျဖစ္ပြားသူ အေရအတြက္ ၁ သန္းေက်ာ္ကို ေရာက္သြားတဲ့ ပထမဆံုးခ႐ုိင္ ျဖစ္ပါတယ္။ ၿဗိတိန္မွာစျဖစ္တဲ့ ကူးစက္ျမန္ မ်ိဳးဗီဇေျပာင္း ကို႐ုိနာဗိုင္းရပ္စ္လည္း Los Angeles မွာ ျဖစ္ေနေၾကာင္း ခ႐ုိင္ရဲ႕ အမ်ားျပည္သူ က်န္းမာေရးဆိုင္ရာ ညႊန္ၾကားေရးမွဴးက ေျပာဆိုထားပါတယ္။ အျပည့္အစုံကုိ မသိဂႌထုိက္ စုစည္းတင္ျပထားပါတယ္။

ကယ္လီဖိုးနီးယားျပည္နယ္ Los Angeles ေကာင္တီဟာ တနဂၤေႏြေန႔မွာ COVID-19 ျဖစ္ပြားသူ ၁ သန္းထိ စံခ်ိန္တင္ ေရာက္ရွိခဲ့တာပါ။ ၿဗိတိန္က ဗီဇေျပာင္း ကို႐ုိနာဗိုင္းရပ္စ္ေၾကာင့္ ခ႐ုိင္တြင္းမွာ အခက္အခဲေတြ႔ေနေၾကာင္း၊ လူေပါင္း ၇,၅၀၀ ေက်ာ္ ေဆး႐ုံတင္ထားရတာနဲ႔အတူ Los Angeles ခ႐ုိင္ရဲ႕ က်န္းမာေရးေစာင့္ေရွာက္မႈစနစ္မွာ အခက္ေတြ႔ေနေၾကာင္း ခ႐ုိင္က်န္းမာေရးဌာန ညႊန္ၾကားေရးမွဴး ေဒါက္တာ Barbara Ferrer က ေၾကညာခ်က္ထုတ္ ေျပာဆိုခဲ့တာပါ။

Los Angeles ခ႐ုိင္မွာ ၿပီးခဲ့တဲ့ ေႏြရာသီအတြင္း COVID-19 ေၾကာင့္ ေဆး႐ုံတင္ရမႈနဲ႔ ေသဆံုးမႈထက္ အခု ၅ ဆေလာက္ ပိုမ်ားေနတာနဲ႔ ႀကံဳေနရတယ္လို႔လည္း ေဒါက္တာ Ferrer က ေျပာပါတယ္။ COVID-19 ကာကြယ္ေဆးထိုး လုပ္ငန္းေတြ အရွိန္ျမႇင့္ဖို႔ ကယ္လီဖိုးနီးယား အုပ္ခ်ဳပ္ေရးမွဴး Gavin Newsom က ၿပီးခဲ့တဲ့ ေသာၾကာေန႔က Los Angeles မွာရွိတဲ့ Dodger Stadium မွာ အခုလို ေျပာဆိုခဲ့ပါတယ္။

“ကာကြယ္ေဆးေတြကို အေအးခန္းထဲကထုတ္ၿပီး လူေတြကို ထိုးေပးဖို႔ လိုအပ္ေနတာပါ။”

COVID-19 ကာကြယ္ေရး စည္းမ်ဥ္းေတြကိုလည္း ဆက္လက္ လိုက္နာၾကဖို႔လည္း အုပ္ခ်ဳပ္ေရးမွဴးက တိုက္တြန္းသြားပါတယ္။

Los Angeles က Dodger Stadium မွာလည္း အခု COVID-19 ကာကြယ္ေဆးထိုးေပးတဲ့ ေနရာအျဖစ္ အသံုးျပဳေနၿပီး တရက္ကို လူ ၁၀,၀၀၀ ထိ ထိုးေပးႏုိင္ပါတယ္။ Los Angeles မွာ COVID-19 ျဖစ္မႈ တိုးလာခ်ိန္ ေနထိုင္သြားလာမႈ ဂ႐ုစိုက္ေနၾကရတဲ့အေၾကာင္း ကယ္လီဖိုးနီးယားတကၠသိုလ္ Los Angeles UCLA က ျမန္မာေက်ာင္းသားမ်ားအဖြဲ႔ရဲ႕ ဒုဥကၠ႒ ကိုစြမ္းရဲထြဋ္ကလည္း ေျပာျပပါတယ္။

ကိုစြမ္းရဲထြဋ္ - “LA မွာေနေတာ့ လူေတြလည္းမ်ားေတာ့၊ ၿပီးေတာ့ ေက်ာင္းသားေတြမ်ားတဲ့ ရပ္ကြက္ဆုိေတာ့ စုိးရိမ္စရာေတြေတာ့ ရွိတာေပါ့။ Situation ေၾကာင့္မုိ႔ေလ။ ဒါေပမယ့္ ဒီမွာ က်ေနာ္နဲ႔ေနတဲ့ သူငယ္ခ်င္းေတြက ကုိဗစ္အေၾကာင္းကို စကားအမ်ားႀကီး ေျပာၿပီးေတာ့ သူငယ္ခ်င္းနဲ႔ ေတြ႔တာကို ေလွ်ာ့၊ ၿပီးေတာ့ အျပင္ေတြ ဘာေတြ မသြားတာမ်ဳိး အဲဒါမ်ဳိး၊ သိပ္ေတာ့ စိတ္မပူဘူးဗ်။”

မသိဂႌထုိက္ - အခုေလာေလာဆယ္ ေက်ာင္းလည္း မတက္ရဘူး၊ အျပင္ Apartment မွာပဲ ေနေနၾကရတယ္ဆုိေတာ့ ေက်ာင္းစာေတြ ဘယ္လို ဆက္လုပ္ေနၾကပါလဲ။

ကိုစြမ္းရဲထြဋ္ - “က်ေနာ္တုိ႔က တျခားေက်ာင္းသားေတြလိုမ်ဳိး၊ အေမရိကားမွာတက္တဲ့ တျခားႏုိင္ငံေတြက ေက်ာင္းသားေတြလိုမ်ဳိး အြန္လုိင္းကေနပဲ ဆက္တက္ေနရတယ္။ က်ေနာ္တုိ႔ရဲ႕ Apartment အခန္းေတြထဲမွာ ကြန္ပ်ဴတာနဲ႔ Zoom ေတြေပၚမွာ အခန္းတက္ေနရတယ္။ စာေတြဆိုလည္း အြန္လုိင္းမွာ စာလုပ္တာတုိ႔၊ စာသင္တာတုိ႔၊ စာေမးပြဲေျဖတာ အကုန္လုံး Remote Learning ျဖစ္ေနတယ္ဗ်။ ျမန္မာျပည္မွာရွိေနတဲ့ UCLA ေက်ာင္းသားေတြကလည္း အြန္လုိင္းကေန တက္ေနရတယ္။”

မသိဂႌထိုက္ - ဒီေက်ာင္းသားေတြ အားလုံးက အေမရိကားမွာေနတဲ့ ေက်ာင္းသားေတြလား၊ ဒါမွမဟုတ္ ဗမာျပည္ကလာတဲ့သူေတြေရာ ပါပါသလား။

ကိုစြမ္းရဲထြဋ္ - “ေတာ္ေတာ္မ်ားမ်ားက ဗမာျပည္က အင္တာေနရွင္နယ္ ေက်ာင္းေတြက လာတဲ့လူေတြမ်ားတယ္။ အေမရိကားမွာေမြးတဲ့ ဒါမွမဟုတ္ အေမရိကားမွာ ႀကီးလာတဲ့ က်ေနာ့္လုိမ်ဳိး ဗမာလူငယ္ေတြက နည္းနည္းေတာ့ ပိုနည္းတယ္။ ဆုိေတာ့ က်ေနာ္တုိ႔အဖြဲ႔အစည္းက အပိုအခက္အခဲတခုက ဘာရွိလဲဆုိေတာ့ အကုန္လုံး Campus (တကၠသိုလ္ပရဝုဏ္) မွာ မေတြ႔ႏိုင္ေတာ့ အြန္လုိင္းမွာ Meeting ေတြဘာေတြ လုပ္ရတယ္ေလ။ တခ်ဳိ႕ေက်ာင္းသားေတြက ဗမာျပည္ကို ဒီအခ်ိန္မွာ ျပန္ေရာက္ေနေတာ့ Meeting လုပ္တာ အခ်ိန္ေတြဘာေတြ မတူေတာ့ အခ်ိန္လြဲေနေတာ့ အခက္အခဲေတာ့ ရွိတာေပါ့။”

မသိဂႌထိုက္ - ဒီ UCLA မွာတက္ေနတဲ့ ျမန္မာျပည္က လာတဲ့သူေတြကေတာ့ ဒီအခ်ိန္မွာ ျမန္မာျပည္ကို ျပန္ေနၾကရတယ္ဆုိတဲ့ သေဘာလား၊ ဒီမွာဆက္ၿပီး ေနလို႔ရတဲ့ အေျခအေနေရာ ရွိပါသလား။

ကိုစြမ္းရဲထြဋ္ - “ေတာ္ေတာ္မ်ားမ်ားကေတာ့ ဗမာျပည္ကို ျပန္ၿပီးေတာ့မွ ကိုယ့္မိဘေတြနား ေတာ္ေတာ္မ်ားမ်ား ျပန္သြားတယ္။ တခ်ဳိ႕ကေတာ့ က်ေနာ့္လိုမ်ဳိး ေက်ာင္းေဘးနားက ရပ္ကြက္မွာ Apartment နဲ႔ေနတဲ့လူမ်ဳိး တေယာက္ႏွစ္ေယာက္ပဲရွိတယ္။ ဒါေပမယ့္ ေတာ္ေတာ္မ်ားမ်ားက ဗမာျပည္ကုိ ျပန္လို႔ရရင္ ျပန္သြားၾကတယ္ဗ်။”

Los Angeles က UCLA တကၠသုိလ္ ေနာက္ဆံုးႏွစ္ေက်ာင္းသား ကိုစြမ္းရဲထြဋ္ ေျပာျပခဲ့တာပါ။

ကမာၻတဝန္းမွာ COVID-19 ေရာဂါ ကူးစက္ခံရသူ အေရအတြက္ ၉၄ သန္းခဲြ ေက်ာ္သြားၿပီျဖစ္တယ္လို႔ Johns Hopkins တကၠသိုလ္ရဲ႕ တနဂၤေႏြေန႔စာရင္းက ေဖာ္ျပပါတယ္။ အေမရိကန္ျပည္ေထာင္စုက ေရာဂါကူးစက္ခံရသူ အမ်ားဆုံးျဖစ္ၿပီး ကူးစက္သူ စုစုေပါင္း ၂၃.၇ သန္း ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

ဗီဇပြောင်း ကိုဗစ်ကူးစက်မှု မြင့်မားလာနေတဲ့ Los Angeles

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Los Angeles ခရိုင်ဟာ နိုင်ငံတွင်း COVID-19 ဖြစ်ပွားသူ အရေအတွက် ၁ သန်းကျော်ကို ရောက်သွားတဲ့ ပထမဆုံးခရိုင် ဖြစ်ပါတယ်။ ဗြိတိန်မှာစဖြစ်တဲ့ ကူးစက်မြန် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်လည်း Los Angeles မှာ ဖြစ်နေကြောင်း ခရိုင်ရဲ့ အများပြည်သူ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားရေးမှူးက ပြောဆိုထားပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် Los Angeles ကောင်တီဟာ တနင်္ဂနွေနေ့မှာ COVID-19 ဖြစ်ပွားသူ ၁ သန်းထိ စံချိန်တင် ရောက်ရှိခဲ့တာပါ။ ဗြိတိန်က ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရိုင်တွင်းမှာ အခက်အခဲတွေ့နေကြောင်း၊ လူပေါင်း ၇,၅၀၀ ကျော် ဆေးရုံတင်ထားရတာနဲ့အတူ Los Angeles ခရိုင်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ အခက်တွေ့နေကြောင်း ခရိုင်ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ Barbara Ferrer က ကြေညာချက်ထုတ် ပြောဆိုခဲ့တာပါ။

Los Angeles ခရိုင်မှာ ပြီးခဲ့တဲ့ နွေရာသီအတွင်း COVID-19 ကြောင့် ဆေးရုံတင်ရမှုနဲ့ သေဆုံးမှုထက် အခု ၅ ဆလောက် ပိုများနေတာနဲ့ ကြုံနေရတယ်လို့လည်း ဒေါက်တာ Ferrer က ပြောပါတယ်။ COVID-19 ကာကွယ်ဆေးထိုး လုပ်ငန်းတွေ အရှိန်မြှင့်ဖို့ ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူး Gavin Newsom က ပြီးခဲ့တဲ့ သောကြာနေ့က Los Angeles မှာရှိတဲ့ Dodger Stadium မှာ အခုလို ပြောဆိုခဲ့ပါတယ်။

“ကာကွယ်ဆေးတွေကို အအေးခန်းထဲကထုတ်ပြီး လူတွေကို ထိုးပေးဖို့ လိုအပ်နေတာပါ။”

COVID-19 ကာကွယ်ရေး စည်းမျဉ်းတွေကိုလည်း ဆက်လက် လိုက်နာကြဖို့လည်း အုပ်ချုပ်ရေးမှူးက တိုက်တွန်းသွားပါတယ်။

Los Angeles က Dodger Stadium မှာလည်း အခု COVID-19 ကာကွယ်ဆေးထိုးပေးတဲ့ နေရာအဖြစ် အသုံးပြုနေပြီး တရက်ကို လူ ၁၀,၀၀၀ ထိ ထိုးပေးနိုင်ပါတယ်။ Los Angeles မှာ COVID-19 ဖြစ်မှု တိုးလာချိန် နေထိုင်သွားလာမှု ဂရုစိုက်နေကြရတဲ့အကြောင်း ကယ်လီဖိုးနီးယားတက္ကသိုလ် Los Angeles UCLA က မြန်မာကျောင်းသားများအဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ ကိုစွမ်းရဲထွဋ်ကလည်း ပြောပြပါတယ်။

ကိုစွမ်းရဲထွဋ် - “LA မှာနေတော့ လူတွေလည်းများတော့၊ ပြီးတော့ ကျောင်းသားတွေများတဲ့ ရပ်ကွက်ဆိုတော့ စိုးရိမ်စရာတွေတော့ ရှိတာပေါ့။ Situation ကြောင့်မို့လေ။ ဒါပေမယ့် ဒီမှာ ကျနော်နဲ့နေတဲ့ သူငယ်ချင်းတွေက ကိုဗစ်အကြောင်းကို စကားအများကြီး ပြောပြီးတော့ သူငယ်ချင်းနဲ့ တွေ့တာကို လျှော့၊ ပြီးတော့ အပြင်တွေ ဘာတွေ မသွားတာမျိုး အဲဒါမျိုး၊ သိပ်တော့ စိတ်မပူဘူးဗျ။”

မသိင်္ဂီထိုက် - အခုလောလောဆယ် ကျောင်းလည်း မတက်ရဘူး၊ အပြင် Apartment မှာပဲ နေနေကြရတယ်ဆိုတော့ ကျောင်းစာတွေ ဘယ်လို ဆက်လုပ်နေကြပါလဲ။

ကိုစွမ်းရဲထွဋ် - “ကျနော်တို့က တခြားကျောင်းသားတွေလိုမျိုး၊ အမေရိကားမှာတက်တဲ့ တခြားနိုင်ငံတွေက ကျောင်းသားတွေလိုမျိုး အွန်လိုင်းကနေပဲ ဆက်တက်နေရတယ်။ ကျနော်တို့ရဲ့ Apartment အခန်းတွေထဲမှာ ကွန်ပျူတာနဲ့ Zoom တွေပေါ်မှာ အခန်းတက်နေရတယ်။ စာတွေဆိုလည်း အွန်လိုင်းမှာ စာလုပ်တာတို့၊ စာသင်တာတို့၊ စာမေးပွဲဖြေတာ အကုန်လုံး Remote Learning ဖြစ်နေတယ်ဗျ။ မြန်မာပြည်မှာရှိနေတဲ့ UCLA ကျောင်းသားတွေကလည်း အွန်လိုင်းကနေ တက်နေရတယ်။”

မသိင်္ဂီထိုက် - ဒီကျောင်းသားတွေ အားလုံးက အမေရိကားမှာနေတဲ့ ကျောင်းသားတွေလား၊ ဒါမှမဟုတ် ဗမာပြည်ကလာတဲ့သူတွေရော ပါပါသလား။

ကိုစွမ်းရဲထွဋ် - “တော်တော်များများက ဗမာပြည်က အင်တာနေရှင်နယ် ကျောင်းတွေက လာတဲ့လူတွေများတယ်။ အမေရိကားမှာမွေးတဲ့ ဒါမှမဟုတ် အမေရိကားမှာ ကြီးလာတဲ့ ကျနော့်လိုမျိုး ဗမာလူငယ်တွေက နည်းနည်းတော့ ပိုနည်းတယ်။ ဆိုတော့ ကျနော်တို့အဖွဲ့အစည်းက အပိုအခက်အခဲတခုက ဘာရှိလဲဆိုတော့ အကုန်လုံး Campus (တက္ကသိုလ်ပရဝုဏ်) မှာ မတွေ့နိုင်တော့ အွန်လိုင်းမှာ Meeting တွေဘာတွေ လုပ်ရတယ်လေ။ တချို့ကျောင်းသားတွေက ဗမာပြည်ကို ဒီအချိန်မှာ ပြန်ရောက်နေတော့ Meeting လုပ်တာ အချိန်တွေဘာတွေ မတူတော့ အချိန်လွဲနေတော့ အခက်အခဲတော့ ရှိတာပေါ့။”

မသိင်္ဂီထိုက် - ဒီ UCLA မှာတက်နေတဲ့ မြန်မာပြည်က လာတဲ့သူတွေကတော့ ဒီအချိန်မှာ မြန်မာပြည်ကို ပြန်နေကြရတယ်ဆိုတဲ့ သဘောလား၊ ဒီမှာဆက်ပြီး နေလို့ရတဲ့ အခြေအနေရော ရှိပါသလား။

ကိုစွမ်းရဲထွဋ် - “တော်တော်များများကတော့ ဗမာပြည်ကို ပြန်ပြီးတော့မှ ကိုယ့်မိဘတွေနား တော်တော်များများ ပြန်သွားတယ်။ တချို့ကတော့ ကျနော့်လိုမျိုး ကျောင်းဘေးနားက ရပ်ကွက်မှာ Apartment နဲ့နေတဲ့လူမျိုး တယောက်နှစ်ယောက်ပဲရှိတယ်။ ဒါပေမယ့် တော်တော်များများက ဗမာပြည်ကို ပြန်လို့ရရင် ပြန်သွားကြတယ်ဗျ။”

Los Angeles က UCLA တက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား ကိုစွမ်းရဲထွဋ် ပြောပြခဲ့တာပါ။

ကမ္ဘာတဝန်းမှာ COVID-19 ရောဂါ ကူးစက်ခံရသူ အရေအတွက် ၉၄ သန်းခွဲ ကျော်သွားပြီဖြစ်တယ်လို့ Johns Hopkins တက္ကသိုလ်ရဲ့ တနင်္ဂနွေနေ့စာရင်းက ဖော်ပြပါတယ်။ အမေရိကန်ပြည်ထောင်စုက ရောဂါကူးစက်ခံရသူ အများဆုံးဖြစ်ပြီး ကူးစက်သူ စုစုပေါင်း ၂၃.၇ သန်း ရှိပါတယ်။

XS
SM
MD
LG