သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ကပ္ေရာဂါ တံု႔ျပန္ေဆာင္ရြက္မယ့္အစီအစဥ္ Joe Biden ခ်ျပ


အေမရိကန္ေ႐ြးေကာက္ခံသမၼတ Joe Biden (ယာ) နဲ႔ ေရြးေကာက္ခံ ဒုသမၼတ Kamala Harris (ဝဲ) ။ (ဇန္နဝါရီ ၁၄၊ ၂၀၂၁)

[Zawgyi/Unicode]

အေမရိကန္ေ႐ြးေကာက္ခံသမၼတ Joe Biden က သူ႔အစုိးရသစ္ေဆာင္႐ြက္မယ့္ COVID-19 ကပ္ေရာဂါ တံု႔ျပန္ေရးအစီအစဥ္ေတြကို ၾကာသပေတးေန႔က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ေဒၚလာ ၂ ထရီလီယံနီးပါး အသံုးျပဳၿပီး ကယ္ဆယ္ေရးနဲ႔ ျပန္လည္ထူေထာင္ေရးအတြက္ အဆင့္ ၂ ဆင့္နဲ႔ ေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔ ေျပာၾကားပါတယ္။

"ပထအဆင့္အေနနဲ႔ အေမရိကန္ေတြကို ကယ္တင္မယ့္အစီအစဥ္က ကပ္ေရာဂါ တိုက္ဖ်က္ေရးနဲ႔ ေငြေၾကးေထာက္ပံ့မႈ အလိုအပ္ဆံုး အေမရိကန္ေတြကို တိုက္႐ိုက္အကူအညီေပးသြားမွာျဖစ္ပါတယ္။" လို႔ ေ႐ြးေကာက္ခံသမၼတ Biden ေျပာၾကားသြားတာျဖစ္ပါတယ္။

ျပည္သူတေယာက္ကို ေဒၚလာ ၁,၄၀၀ ထပ္တိုးၿပီးေတာ့ ေထာက္ပံ့ေငြေပးေရး၊ ေဘးအႏၱရာယ္ကင္းကင္းနဲ႔ ေက်ာင္းေတြျပန္ဖြင့္ႏိုင္ေအာင္ေဆာင္႐ြက္ေရး၊ တႏိုင္ငံလံုး ကိုဗစ္ကာကြယ္ေဆးထိုး အစီအစဥ္ေဆာင္႐ြက္ေရးနဲ႔ အလုပ္လက္မဲ့ျဖစ္ေနသူေတြကို ျပည္ေထာင္စုအစိုးရေထာက္ပံ့ေငြ တပတ္ ေဒၚလာ ၄၀၀ စက္တင္ဘာလအထိ ေပးေရးတို႔ အစီအစဥ္ထဲမွာ ပါဝင္ပါတယ္။

အေသးစား စီးပြာေရးလုပ္ငန္းေတြ၊ အထူးသျဖင့္ လူျဖဴမဟုတ္သူေတြ ပိုင္တဲ့ လုပ္ငန္းငယ္ေတြအေပၚ စီးပြားေရး က်ားကန္ေပးေရးကိုလည္း အစီအစဥ္ထဲမွာ အေသးစိတ္ ထည့္သြင္းထားပါတယ္။ ေဒၚလာ ၁.၉ ထရီလီယံ သံုးစြဲမယ့္အစီအစဥ္ဟာ ရည္မွန္းခ်က္ႀကီးမားေပမဲ့ ေအာင္ျမင္ႏိုင္တယ္လို႔ ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။ ဒီအစီအစဥ္ ဥပေဒၾကမ္းကို လႊတ္ေတာ္မွာ အျမန္ဆံုး အတည္ျပဳႏိုင္ဖုိ႔ လိုအပ္ေၾကာင္းလည္း ေ႐ြးေကာက္ခံသမၼတ Biden ရဲ႕ မိန္႔ခြန္းထဲမွာ အေလးထား ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

COVID-19 ကပ်ရောဂါ တုံ့ပြန်ဆောင်ရွက်မယ့်အစီအစဉ် Joe Biden ချပြ

အမေရိကန်ရွေးကောက်ခံသမ္မတ Joe Biden က သူ့အစိုးရသစ်ဆောင်ရွက်မယ့် COVID-19 ကပ်ရောဂါ တုံ့ပြန်ရေးအစီအစဉ်တွေကို ကြာသပတေးနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒေါ်လာ ၂ ထရီလီယံနီးပါး အသုံးပြုပြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် အဆင့် ၂ ဆင့်နဲ့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောကြားပါတယ်။

"ပထအဆင့်အနေနဲ့ အမေရိကန်တွေကို ကယ်တင်မယ့်အစီအစဉ်က ကပ်ရောဂါ တိုက်ဖျက်ရေးနဲ့ ငွေကြေးထောက်ပံ့မှု အလိုအပ်ဆုံး အမေရိကန်တွေကို တိုက်ရိုက်အကူအညီပေးသွားမှာဖြစ်ပါတယ်။" လို့ ရွေးကောက်ခံသမ္မတ Biden ပြောကြားသွားတာဖြစ်ပါတယ်။

ပြည်သူတယောက်ကို ဒေါ်လာ ၁,၄၀၀ ထပ်တိုးပြီးတော့ ထောက်ပံ့ငွေပေးရေး၊ ဘေးအန္တရာယ်ကင်းကင်းနဲ့ ကျောင်းတွေပြန်ဖွင့်နိုင်အောင်ဆောင်ရွက်ရေး၊ တနိုင်ငံလုံး ကိုဗစ်ကာကွယ်ဆေးထိုး အစီအစဉ်ဆောင်ရွက်ရေးနဲ့ အလုပ်လက်မဲ့ဖြစ်နေသူတွေကို ပြည်ထောင်စုအစိုးရထောက်ပံ့ငွေ တပတ် ဒေါ်လာ ၄၀၀ စက်တင်ဘာလအထိ ပေးရေးတို့ အစီအစဉ်ထဲမှာ ပါဝင်ပါတယ်။

အသေးစား စီးပွာရေးလုပ်ငန်းတွေ၊ အထူးသဖြင့် လူဖြူမဟုတ်သူတွေ ပိုင်တဲ့ လုပ်ငန်းငယ်တွေအပေါ် စီးပွားရေး ကျားကန်ပေးရေးကိုလည်း အစီအစဉ်ထဲမှာ အသေးစိတ် ထည့်သွင်းထားပါတယ်။ ဒေါ်လာ ၁.၉ ထရီလီယံ သုံးစွဲမယ့်အစီအစဉ်ဟာ ရည်မှန်းချက်ကြီးမားပေမဲ့ အောင်မြင်နိုင်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒီအစီအစဉ် ဥပဒေကြမ်းကို လွှတ်တော်မှာ အမြန်ဆုံး အတည်ပြုနိုင်ဖို့ လိုအပ်ကြောင်းလည်း ရွေးကောက်ခံသမ္မတ Biden ရဲ့ မိန့်ခွန်းထဲမှာ အလေးထား ပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG