(Zawgyi / Unicode)
တကမာၻလံုး ကိုဗစ္ပိုးကူးစက္သူေပါင္း သန္း ၉၀ နီးပါးအထိ ျမင့္တက္လာေနတယ္လို႔ အေမရိကန္ႏုိင္ငံရွိ Johns Hopkins တကၠသိုလ္ ကို႐ုိနာဗိုင္းရပ္စ္ ေလ့လာေရးဌာနက ဒီေန႔ ထုတ္ျပန္လိုက္ပါတယ္။
ဒီကူးစက္မႈ အမ်ားဆံုးျဖစ္ေနတဲ့ အေမရိကန္ႏိုင္ငံမွာေတာ့ ကူးစက္ခံရသူေပါင္း ၂၂ သန္းနီးပါးအထိ တိုးလာေနၿပီး ဒုတိယအမ်ားဆံုး အိႏိၵယမွာလည္း အေမရိကန္ရဲ႕ ထက္ဝက္ခန္႔အျဖစ္ လူေပါင္း ၁၀.၅ သန္း ကူးစက္ခံထားရတယ္လို႔ ဒီဌာနက ထုတ္ျပန္ထားပါတယ္။
အေမရိကန္မွာဆိုရင္ ကူးစက္ခံရသူက မေန႔တရက္တည္း ၃ သိန္းေက်ာ္အထိ စံခ်ိန္သစ္ခ်ိဳးခဲ့ၿပီး ျပည္နယ္တခ်ိဳ႕မွာ အမ်ားႀကီး ျမင့္တက္လာေနခ်ိန္မွာ ေရြးခ်ယ္ခံသမၼတ Joe Biden ကလည္း ကာကြယ္ေဆးအျမန္ရဖို႔၊ ထုိးခ်င္သူတိုင္းရဖို႔နဲ႔ သီတင္းပတ္ေတြအတြင္း ဒုတိယတႀကိမ္ အျမန္ထိုးႏိုင္ဖို႔ ယံုၾကည္ထားတယ္လို႔ ဆိုလိုက္ပါတယ္။
အေမရိကန္က ကူးစက္ေရာဂါဆိုင္ရာ ကၽြမ္းက်င္သူ Anthony Fauci ကလည္း မၾကာခင္ Mr. Biden သမၼတအျဖစ္ တာဝန္စယူခ်ိန္မွာ သူေျပာထားတဲ့အတိုင္း ႏိုင္ငံထဲမွာ တေန႔ကို လူေပါင္းတသန္း ကာကြယ္ေဆးထိုးႏိုင္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ ဒီအပတ္အေစာပိုင္းတုန္းက ေျပာခဲ့ပါေသးတယ္။
ဒါေပမယ့္ အခုလိုအခ်ိန္မွာ အံ့ၾသစရာျဖစ္လာတာက တခ်ိဳ႕ေဒသေတြမွာ ေဆး႐ုံနဲ႔ သက္ႀကီးေစာင့္ေရွာက္ေရး ေဂဟာေတြက က်န္းမာေရးလုပ္သားေတြအေနနဲ႔ ဒီကာကြယ္ေဆးထိုးဖို႔ ေနာက္တြန္႔ေနၾကတယ္လို႔ AP သတင္းဌာနမွာ ေဖာ္ျပခဲ့တာပါ။
ဒီ AP သတင္းဌာနရဲ႕ ေလ့လာေတြ႔ရွိခ်က္အရ တခ်ိဳ႕ေဒသေတြမွာ က်န္းမာေရးလုပ္သား ၈၀ ရာခုိင္ႏႈန္းအထိေတာင္ ကာကြယ္ေဆးမထိုးဖို႔ ေျပာေနၾကၿပီး ဆရာဝန္တေယာက္ကဆိုရင္ စမ္းသပ္ထိုးခံသူ မျဖစ္ခ်င္လို႔ လအနည္းငယ္ ေစာင့္ၾကည့္ခ်င္တယ္လို႔ ေျပာခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။
-------------------------
(Unicode)
ကမ္ဘာတဝန်း ကိုဗစ်ကူးစက်မှု သန်း ၉၀ နီးပါးရှိလာ
တကမ္ဘာလုံး ကိုဗစ်ပိုးကူးစက်သူပေါင်း သန်း ၉၀ နီးပါးအထိ မြင့်တက်လာနေတယ်လို့ အမေရိကန်နိုင်ငံရှိ Johns Hopkins တက္ကသိုလ် ကိုရိုနာဗိုင်းရပ်စ် လေ့လာရေးဌာနက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
ဒီကူးစက်မှု အများဆုံးဖြစ်နေတဲ့ အမေရိကန်နိုင်ငံမှာတော့ ကူးစက်ခံရသူပေါင်း ၂၂ သန်းနီးပါးအထိ တိုးလာနေပြီး ဒုတိယအများဆုံး အိန္ဒိယမှာလည်း အမေရိကန်ရဲ့ ထက်ဝက်ခန့်အဖြစ် လူပေါင်း ၁၀.၅ သန်း ကူးစက်ခံထားရတယ်လို့ ဒီဌာနက ထုတ်ပြန်ထားပါတယ်။
အမေရိကန်မှာဆိုရင် ကူးစက်ခံရသူက မနေ့တရက်တည်း ၃ သိန်းကျော်အထိ စံချိန်သစ်ချိုးခဲ့ပြီး ပြည်နယ်တချို့မှာ အများကြီး မြင့်တက်လာနေချိန်မှာ ရွေးချယ်ခံသမ္မတ Joe Biden ကလည်း ကာကွယ်ဆေးအမြန်ရဖို့၊ ထိုးချင်သူတိုင်းရဖို့နဲ့ သီတင်းပတ်တွေအတွင်း ဒုတိယတကြိမ် အမြန်ထိုးနိုင်ဖို့ ယုံကြည်ထားတယ်လို့ ဆိုလိုက်ပါတယ်။
အမေရိကန်က ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ Anthony Fauci ကလည်း မကြာခင် Mr. Biden သမ္မတအဖြစ် တာဝန်စယူချိန်မှာ သူပြောထားတဲ့အတိုင်း နိုင်ငံထဲမှာ တနေ့ကို လူပေါင်းတသန်း ကာကွယ်ဆေးထိုးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဒီအပတ်အစောပိုင်းတုန်းက ပြောခဲ့ပါသေးတယ်။
ဒါပေမယ့် အခုလိုအချိန်မှာ အံ့သြစရာဖြစ်လာတာက တချို့ဒေသတွေမှာ ဆေးရုံနဲ့ သက်ကြီးစောင့်ရှောက်ရေး ဂေဟာတွေက ကျန်းမာရေးလုပ်သားတွေအနေနဲ့ ဒီကာကွယ်ဆေးထိုးဖို့ နောက်တွန့်နေကြတယ်လို့ AP သတင်းဌာနမှာ ဖော်ပြခဲ့တာပါ။
ဒီ AP သတင်းဌာနရဲ့ လေ့လာတွေ့ရှိချက်အရ တချို့ဒေသတွေမှာ ကျန်းမာရေးလုပ်သား ၈၀ ရာခိုင်နှုန်းအထိတောင် ကာကွယ်ဆေးမထိုးဖို့ ပြောနေကြပြီး ဆရာဝန်တယောက်ကဆိုရင် စမ်းသပ်ထိုးခံသူ မဖြစ်ချင်လို့ လအနည်းငယ် စောင့်ကြည့်ချင်တယ်လို့ ပြောခဲ့ကြောင်း ဖော်ပြထားပါတယ်။