သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပည္ေထာင္စုအႏွံံ႕ ကူးစက္မႈျမင့္တက္ေနတဲ့ ကန္ ကိုဗစ္အေျခအေန 


(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စု ျပည္နယ္တခ်ဳိ႕မွာ ကိုဗစ္ ကူးစက္မႈေတြ တေၾကာ့ျပန္ ျပန္ျမင့္တက္ ျပင္းထန္လာတဲ့ အေျခအေနကို ကုိဉာဏ္ဝင္းေအာင္က စုစည္း တင္ျပထားပါတယ္။

ကိုဗစ္ကူးစက္မႈ တတိယလႈိင္း ျဖစ္လာတယ္လို႔ ေျပာေနၾကတဲ့ ကာလီဖိုးနီးယား ျပည္နယ္မွာေတာ့ ေဆး႐ုံေတြက အထူးၾကပ္မတ္ ကုသေဆာင္ ICU ေတြမွာ လူနာေတြ ျပည့္ၾကပ္ေနၿပီး ၊ မလိုအပ္ပဲ ေနအိမ္အျပင္ မထြက္ၾကဖို႔ ျပည္နယ္အာဏာပုိင္ေတြက တုိက္တြန္းထားေၾကာင္း ေလာ့စ္အိန္းဂ်လိစ္ၿမဳိ႕ LA မွာ ေနတဲ့ အၿငိမ္းစား ဆရာဝန္ႀကီး ေဒါက္တာ စိုင္းေထြးေမာင္က ေျပာပါတယ္။

“ က်ေနာ္တို႔ ကာလီဖိုးနီးယားမွာ ခုဆိုရင္ တကယ့္ကို စုိးရိမ္ရတဲ့ အေျခအေနမွာ ရွိပါတယ္။ ဘာလို႔လဲဆိုေတာ့ အခုက positive ကုိဗစ္ကူးစက္အတည္ျပဳ လူနာသစ္ေတြက တေန႔ၿပီးတေန႔ ပိုပိုမ်ားလာတယ္။ အထူးသျဖင့္ ခုဆိုရင္ က်ေနာ္တုိ႔ LA ၿမဳိ႕နယ္မွာ ကူးစက္မႈ ေန႔တိုင္းပဲ ေသာင္းဂဏန္း ေက်ာ္တယ္။ မေန႔ကဆို (၁၃,၀၀၀)ေက်ာ္ ရွိတယ္။ ၿပီးေတာ့ က်ေနာ္တို႔ ျပည္နယ္အစိုးရ တာဝန္ရွိသူေတြကလည္း အေျခအေနက ဒီထက္ ပိုဆိုးလာမယ္လို႔ေတာင္ ေျပာထားတယ္။ ဘာလို႔လဲဆိုေတာ့ ခရစၥမတ္ကာလမွာ လူစုလူေဝးေတြ လုပ္ၾကတယ္၊ ခရီးသြားေတြလည္း မ်ားတယ္ဆိုေတာ့ ကူးစက္မႈအသစ္ေတြ ပိုမ်ားလာႏိုင္စရာ ရွိတယ္လို႔ သူတို႔ ေျပာထားတယ္။ ခုဆို ေဆးရုံေတြမွာ ေနရာသိပ္မရွိေတာ့ဘူး။ ေနာက္တခု ကူးစက္မႈ မ်ားလာတာက ဗီဇေျပာင္းတဲ့ ကိုဗစ္ပိုးေၾကာင့္ရယ္လို႔ေတာ့ မဟုတ္ပါဘူး။ ပိုးအသစ္က ေတြ႔ေတာ့ ေတြ႔ေနတယ္ အဲဒီပိုးအသစ္ေၾကာင့္ေတာ့ မဟုတ္ေသးပါဘူး။”

ကာလီဖိုးနီးယားျပည္နယ္ Monrovia ေကာင္တီမွာ အိမ္ေဆာက္ပစၥည္းနဲ႔ အိမ္တြင္းသုံး ပစၥည္းကိရိယာ ေရာင္းတဲ့ Home Depot ကုန္မာဆိုင္ႀကီးမွာ လုပ္ေနသူ မနီနီဦးကေတာ့ သူတို႔အလုပ္ထဲမွာလည္း ကိုဗစ္ကာကြယ္ေရး စည္းကမ္းခ်က္ေတြ ပိုတင္းၾကပ္လာတယ္လို႔ ဆိုပါတယ္။

“ က်မက Home Depot မွာ လုပ္တဲ့အခါက်ေတာ့ သူတို႔က အရမ္း တင္းၾကပ္တားျမစ္ထားတာပါ။ အစား စားေသာက္တဲ့ေနရာ lunch room တို႔ဘာတို႔ဆိုလည္း ကာထားတယ္။ တေယာက္ တေနရာအတြက္ကို Cover ေတြနဲ႔ ကာထားေပးတယ္။ ႏွာေခါင္းစီး mask ေတြ တပ္တာတို႔ လက္အိတ္ေတြ စြပ္တာတို႔ေတာ့ စဥ္ဆက္မျပတ္ပဲ။ အလုံအေလာက္လည္း ထားထားေပးတယ္။ ေစ်းလာဝယ္တဲ့ ဧည့္သည္ေတြကိုဆုိရင္လည္း အဲဒါေတြကို မျဖစ္မေန သုံးခိုင္းတယ္။ က်မတို႔ ဝန္ထမ္းအခ်င္းခ်င္းၾကားမွာလည္း Social Distancing ရွိမရွိ ဆိုတာကို အုပ္ခ်ဳပ္ေရးအဖြဲ႔က မၾကာခဏ လာၾကည့္တယ္။ ၆ ေပခြာရဲ႕လား ... နည္းနည္းေလး ကပ္သ ြားၿပီ ဆိုတာနဲ႔ သတိထားဖို႔ လာၿပီး သတိေပးေတာ့တာပဲ။”

ခုခ်ိန္ထိ ကာလီဖိုးနီးယားမွာ ကိုဗစ္ကူးခဲ့သူေပါင္း (၂)သန္းခဲြ ေက်ာ္နဲ႔ ေသဆုံးသူ (၂၇၅၀၀)နီးပါးရွိပါတယ္။ အေမရိကားမွာ ကူးစက္မႈ အမ်ားဆုံးျပည္နယ္လည္း ျဖစ္ပါတယ္။

ကိုဗစ္ကူးစက္မႈ တေၾကာ့ျပန္တက္လာတဲ့ ေနာက္ျပည္နယ္တခုကေတာ့ နယူးေယာက္ ျဖစ္ပါတယ္။ နယူးေယာက္ၿမိဳ႕ Wyckoff Heights ေဆး႐ုံက ဒု- ေဆး႐ုံအုပ္လည္းျဖစ္ ကုိဗစ္အထူးကု ဆရာဝန္ႀကီးလည္းျဖစ္တဲ့ ေဒါက္တာ ေဇယ်ာသက္က နယူးေယာက္ၿမဳိ႕က လက္ရွိ ကိုဗစ္အေျခအေနကို ရွင္းျပပါတယ္။

“လြန္ခဲ့တဲ့ ၃ လ၊ လြန္ခဲ့တဲ့ ၂ လ တို႔နဲ႔ ႏႈိင္းယွဥ္ရင္ ကူးစက္မႈ case အသစ္ေတြကေတာ့ မ်ားလာတယ္ဗ်။ သိသာတယ္။ ၃ ဆနီးပါးေလာက္ကို တက္လာတယ္ေပါ့။ အေသအေပ်ာက္ ရွိသလားဆိုရင္ေတာ့ ရွိပါတယ္။ ဒါေပမယ့္ အရမ္းႀကီး ဆိုးဆိုးဝါးဝါး အေျခအေနေတာ့ မဟုတ္ေသးဘူး။ က်ေနာ္တို႔မွာ ဘာေကာင္းသြားလည္းဆိုေတာ့ အခုဆိုရင္ က်ေနာ္တို႔ ေဆး႐ုံအေတာ္မ်ားမ်ားမွာ Monoclonal Antibody ဆိုတာ ရွိတယ္ေပါ့ေလ။ ျမန္မာလို အလြယ္ေျပာရရင္ အေၾကာေဆးေပါ့။ က်ေနာ္တုိ႔က အဲဒီ Monoclonic Antibody ကို ကိုဗစ္လူနာေတြကို သြင္းေပးလို႔ ရေနၿပီဗ်။ လူတိုင္းကိုေတာ့ မဟုတ္ဘူးေပါ့။ က်ေနာ္တို႔မွာ ဦးစားေပး အစီအစဥ္နဲ႔ ဆုံးျဖတ္ၿပီး ေပးရတာပါ။ က်ေနာ္လုပ္ေနတဲ့ ေဆး႐ုံတ႐ုံမွာဆိုရင္ လူနာ အေယာက္(၃၀)နီးပါးကို အဲဒီေဆး ေပးထားတာေပါ့။ အဲဒီ ၃၀ ထဲကမွ ၂ ေယာက္ေလာက္ကေတာ့ ေဆး႐ုံ ျပန္တင္ရတယ္။ ဒါေပမယ့္ အဲဒီေဆးသုံးတဲ့လူေတြဆီမွာ ခုထိ အေသအေပ်ာက္ မရွိေသးပါဘူး”

နယူးေယာက္ျပည္နယ္မွာေတာ့ ကုိဗစ္ကူးစက္ခဲ့သူ (၁)သန္းေက်ာ္နဲ႔ ေသဆုံးသူ (၃၈,၀၀၀) ေက်ာ္ရွိၿပီး ကူးစက္မႈအရ စတုတၳအမ်ားဆုံး လိုက္တယ္ဆိုေပမယ့္၊ ကိုဗစ္ေၾကာင့္ လူေသဆုံးမႈမွာ အမ်ားဆုံးျပည္နယ္ ျဖစ္ပါတယ္။

အလားတူ အေမရိကန္ အေရွ႕ေတာင္ပိုင္းက ဖေလာ္ရီဒါ ျပည္နယ္မွာလည္း ဒီရက္ပိုင္းထဲ ကုိဗစ္ကူးစက္မႈ ျပန္တုိးလာတဲ့အတြက္ ေဆး႐ုံေတြမွာ ဆရာဝန္အင္အား တုိးခ်ထားရတယ္လို႔ ဖေလာ္ရီဒါျပည္နယ္ Jacksonvill, Duval County က ဘက္ပ္တစ္ေဆး႐ုံမွာ တာဝန္က်ေနတဲ့ ေဒါက္တာ စိုးပိုင္က VOA ကို ေျပာပါတယ္။

“က်ေနာ္ အလုပ္လုပ္တဲ့ ေဆး႐ုံမွာေတာ့ ကိုဗစ္ကူးစက္မႈေတြ ျပန္တက္ေနတယ္။ ျပန္တက္လာေတာ့ အဲဒီမွာလုပ္ေနတဲ ့ဆရာဝန္ ဦးေရကို အရင္ထက္ပိုတုိးၿပီး တာဝန္ခ်ထားတယ္။ ဒီလို တုိးလာတာ တခ်က္ကေတာ့ အခုေဆာင္းတြင္းက Flu ေပါ့ အေအးမိဖ်ားတတ္တဲ့ ရာသီျဖစ္တာရယ္ ၊ ေနာက္တခုက Immunization ကာကြယ္ေဆးက လူတိုင္းလည္း မထုိးရေသးဘူး ၊ ခုမွ စထုိးၾကတာ ဦးစားေပးရမယ့္သူေတြ နည္းနည္းေလးကုိပဲ ထိုးရေသးတယ္။ ထိုးတဲ့လူေတြ ကုိယ္ႏႈိက္က ကုိယ္ခံအား အျပည့္အဝ မရၾကေသးဘူး။ ေနာက္တခ်က္က က်ေတာ့ ေရာဂါထိန္းခ်ဳပ္ေရးအပုိင္းကလည္း ျဖစ္ခါစေလာက္ မဟုတ္ေတာ့ဘူး။ ေနာက္ပိုင္း ျပန္ေလ်ာ့လာတယ္။ mask တပ္တာတို႔ အလုပ္သြားတာတုိ႔ ဘာတို႔က ျဖစ္ခါစတုန္းက တင္းၾကပ္တယ္။ ခုေနာက္ပိုင္းက ျပန္ေလ်ာ့လာတယ္။ လူစုလူေဝးေတြ ျပန္ျဖစ္လာတယ္။ အဲဒါေၾကာင့္ ျပန္တိုးလာတာလို႔ ထင္ပါတယ္။”

ဖေလာ္ရီဒါျပည္နယ္မွာ ကိုဗစ္ကူးစက္ခဲ့သူ (၁.၄)သန္းနီးပါးနဲ႔ ခုခ်ိန္ထိ အေမရိကန္ႏိုင္ငံတြင္း ကူးစက္မႈ တတိယအမ်ားဆုံးျဖစ္ၿပီး ေသဆုံးသူ (၂၂,၂၀၀)နီးပါးရွိပါတယ္။

ကိုဗစ္ကူးစက္မႈ ဒုတိယ အမ်ားဆုံးကေတာ့ တကၠဆက္ျပည္နယ္ ျဖစ္ၿပီး ကူးစက္သူ (၁.၈၆)သန္းေက်ာ္နဲ႔ ေသဆုံးသူ(၂၉,၀၀၀)ဝန္းက်င္ ရွိပါတယ္။

အေမရိကန္ျပည္ေထာင္စု တႏိုင္ငံလုံး အတုိင္းအတာအရ ခုခ်ိန္ထိ ကိုဗစ္ကူးစက္ခဲ့သူေပါင္း (၂၁)သန္းေက်ာ္နဲ႔ ေသဆုံးသူ (၃၅၇,၀၀၀)ေက်ာ္ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ပြည်ထောင်စုအနှံံ့ ကူးစက်မှုမြင့်တက်နေတဲ့ ကန် ကိုဗစ်အခြေအနေ

(Unicode)

အမေရိကန်ပြည်ထောင်စု ပြည်နယ်တချို့မှာ ကိုဗစ် ကူးစက်မှုတွေ တကြော့ပြန် ပြန်မြင့်တက် ပြင်းထန်လာတဲ့ အခြေအနေကို ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

ကိုဗစ်ကူးစက်မှု တတိယလှိုင်း ဖြစ်လာတယ်လို့ ပြောနေကြတဲ့ ကာလီဖိုးနီးယား ပြည်နယ်မှာတော့ ဆေးရုံတွေက အထူးကြပ်မတ် ကုသဆောင် ICU တွေမှာ လူနာတွေ ပြည့်ကြပ်နေပြီး ၊ မလိုအပ်ပဲ နေအိမ်အပြင် မထွက်ကြဖို့ ပြည်နယ်အာဏာပိုင်တွေက တိုက်တွန်းထားကြောင်း လော့စ်အိန်းဂျလိစ်မြို့ LA မှာ နေတဲ့ အငြိမ်းစား ဆရာဝန်ကြီး ဒေါက်တာ စိုင်းထွေးမောင်က ပြောပါတယ်။

“ ကျနော်တို့ ကာလီဖိုးနီးယားမှာ ခုဆိုရင် တကယ့်ကို စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်။ ဘာလို့လဲဆိုတော့ အခုက positive ကိုဗစ်ကူးစက်အတည်ပြု လူနာသစ်တွေက တနေ့ပြီးတနေ့ ပိုပိုများလာတယ်။ အထူးသဖြင့် ခုဆိုရင် ကျနော်တို့ LA မြို့နယ်မှာ ကူးစက်မှု နေ့တိုင်းပဲ သောင်းဂဏန်း ကျော်တယ်။ မနေ့ကဆို (၁၃,၀၀၀)ကျော် ရှိတယ်။ ပြီးတော့ ကျနော်တို့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေကလည်း အခြေအနေက ဒီထက် ပိုဆိုးလာမယ်လို့တောင် ပြောထားတယ်။ ဘာလို့လဲဆိုတော့ ခရစ္စမတ်ကာလမှာ လူစုလူဝေးတွေ လုပ်ကြတယ်၊ ခရီးသွားတွေလည်း များတယ်ဆိုတော့ ကူးစက်မှုအသစ်တွေ ပိုများလာနိုင်စရာ ရှိတယ်လို့ သူတို့ ပြောထားတယ်။ ခုဆို ဆေးရုံတွေမှာ နေရာသိပ်မရှိတော့ဘူး။ နောက်တခု ကူးစက်မှု များလာတာက ဗီဇပြောင်းတဲ့ ကိုဗစ်ပိုးကြောင့်ရယ်လို့တော့ မဟုတ်ပါဘူး။ ပိုးအသစ်က တွေ့တော့ တွေ့နေတယ် အဲဒီပိုးအသစ်ကြောင့်တော့ မဟုတ်သေးပါဘူး။”

ကာလီဖိုးနီးယားပြည်နယ် Monrovia ကောင်တီမှာ အိမ်ဆောက်ပစ္စည်းနဲ့ အိမ်တွင်းသုံး ပစ္စည်းကိရိယာ ရောင်းတဲ့ Home Depot ကုန်မာဆိုင်ကြီးမှာ လုပ်နေသူ မနီနီဦးကတော့ သူတို့အလုပ်ထဲမှာလည်း ကိုဗစ်ကာကွယ်ရေး စည်းကမ်းချက်တွေ ပိုတင်းကြပ်လာတယ်လို့ ဆိုပါတယ်။

“ ကျမက Home Depot မှာ လုပ်တဲ့အခါကျတော့ သူတို့က အရမ်း တင်းကြပ်တားမြစ်ထားတာပါ။ အစား စားသောက်တဲ့နေရာ lunch room တို့ဘာတို့ဆိုလည်း ကာထားတယ်။ တယောက် တနေရာအတွက်ကို Cover တွေနဲ့ ကာထားပေးတယ်။ နှာခေါင်းစီး mask တွေ တပ်တာတို့ လက်အိတ်တွေ စွပ်တာတို့တော့ စဉ်ဆက်မပြတ်ပဲ။ အလုံအလောက်လည်း ထားထားပေးတယ်။ ဈေးလာဝယ်တဲ့ ဧည့်သည်တွေကိုဆိုရင်လည်း အဲဒါတွေကို မဖြစ်မနေ သုံးခိုင်းတယ်။ ကျမတို့ ဝန်ထမ်းအချင်းချင်းကြားမှာလည်း Social Distancing ရှိမရှိ ဆိုတာကို အုပ်ချုပ်ရေးအဖွဲ့က မကြာခဏ လာကြည့်တယ်။ ၆ ပေခွာရဲ့လား ... နည်းနည်းလေး ကပ်သ ွားပြီ ဆိုတာနဲ့ သတိထားဖို့ လာပြီး သတိပေးတော့တာပဲ။”

ခုချိန်ထိ ကာလီဖိုးနီးယားမှာ ကိုဗစ်ကူးခဲ့သူပေါင်း (၂)သန်းခွဲ ကျော်နဲ့ သေဆုံးသူ (၂၇၅၀၀)နီးပါးရှိပါတယ်။ အမေရိကားမှာ ကူးစက်မှု အများဆုံးပြည်နယ်လည်း ဖြစ်ပါတယ်။

ကိုဗစ်ကူးစက်မှု တကြော့ပြန်တက်လာတဲ့ နောက်ပြည်နယ်တခုကတော့ နယူးယောက် ဖြစ်ပါတယ်။ နယူးယောက်မြို့ Wyckoff Heights ဆေးရုံက ဒု- ဆေးရုံအုပ်လည်းဖြစ် ကိုဗစ်အထူးကု ဆရာဝန်ကြီးလည်းဖြစ်တဲ့ ဒေါက်တာ ဇေယျာသက်က နယူးယောက်မြို့က လက်ရှိ ကိုဗစ်အခြေအနေကို ရှင်းပြပါတယ်။

“လွန်ခဲ့တဲ့ ၃ လ၊ လွန်ခဲ့တဲ့ ၂ လ တို့နဲ့ နှိုင်းယှဉ်ရင် ကူးစက်မှု case အသစ်တွေကတော့ များလာတယ်ဗျ။ သိသာတယ်။ ၃ ဆနီးပါးလောက်ကို တက်လာတယ်ပေါ့။ အသေအပျောက် ရှိသလားဆိုရင်တော့ ရှိပါတယ်။ ဒါပေမယ့် အရမ်းကြီး ဆိုးဆိုးဝါးဝါး အခြေအနေတော့ မဟုတ်သေးဘူး။ ကျနော်တို့မှာ ဘာကောင်းသွားလည်းဆိုတော့ အခုဆိုရင် ကျနော်တို့ ဆေးရုံအတော်များများမှာ Monoclonal Antibody ဆိုတာ ရှိတယ်ပေါ့လေ။ မြန်မာလို အလွယ်ပြောရရင် အကြောဆေးပေါ့။ ကျနော်တို့က အဲဒီ Monoclonic Antibody ကို ကိုဗစ်လူနာတွေကို သွင်းပေးလို့ ရနေပြီဗျ။ လူတိုင်းကိုတော့ မဟုတ်ဘူးပေါ့။ ကျနော်တို့မှာ ဦးစားပေး အစီအစဉ်နဲ့ ဆုံးဖြတ်ပြီး ပေးရတာပါ။ ကျနော်လုပ်နေတဲ့ ဆေးရုံတရုံမှာဆိုရင် လူနာ အယောက်(၃၀)နီးပါးကို အဲဒီဆေး ပေးထားတာပေါ့။ အဲဒီ ၃၀ ထဲကမှ ၂ ယောက်လောက်ကတော့ ဆေးရုံ ပြန်တင်ရတယ်။ ဒါပေမယ့် အဲဒီဆေးသုံးတဲ့လူတွေဆီမှာ ခုထိ အသေအပျောက် မရှိသေးပါဘူး”

နယူးယောက်ပြည်နယ်မှာတော့ ကိုဗစ်ကူးစက်ခဲ့သူ (၁)သန်းကျော်နဲ့ သေဆုံးသူ (၃၈,၀၀၀) ကျော်ရှိပြီး ကူးစက်မှုအရ စတုတ္ထအများဆုံး လိုက်တယ်ဆိုပေမယ့်၊ ကိုဗစ်ကြောင့် လူသေဆုံးမှုမှာ အများဆုံးပြည်နယ် ဖြစ်ပါတယ်။

အလားတူ အမေရိကန် အရှေ့တောင်ပိုင်းက ဖလော်ရီဒါ ပြည်နယ်မှာလည်း ဒီရက်ပိုင်းထဲ ကိုဗစ်ကူးစက်မှု ပြန်တိုးလာတဲ့အတွက် ဆေးရုံတွေမှာ ဆရာဝန်အင်အား တိုးချထားရတယ်လို့ ဖလော်ရီဒါပြည်နယ် Jacksonvill, Duval County က ဘက်ပ်တစ်ဆေးရုံမှာ တာဝန်ကျနေတဲ့ ဒေါက်တာ စိုးပိုင်က VOA ကို ပြောပါတယ်။

“ကျနော် အလုပ်လုပ်တဲ့ ဆေးရုံမှာတော့ ကိုဗစ်ကူးစက်မှုတွေ ပြန်တက်နေတယ်။ ပြန်တက်လာတော့ အဲဒီမှာလုပ်နေတဲ့ဆရာဝန် ဦးရေကို အရင်ထက်ပိုတိုးပြီး တာဝန်ချထားတယ်။ ဒီလို တိုးလာတာ တချက်ကတော့ အခုဆောင်းတွင်းက Flu ပေါ့ အအေးမိဖျားတတ်တဲ့ ရာသီဖြစ်တာရယ် ၊ နောက်တခုက Immunization ကာကွယ်ဆေးက လူတိုင်းလည်း မထိုးရသေးဘူး ၊ ခုမှ စထိုးကြတာ ဦးစားပေးရမယ့်သူတွေ နည်းနည်းလေးကိုပဲ ထိုးရသေးတယ်။ ထိုးတဲ့လူတွေ ကိုယ်နှိုက်က ကိုယ်ခံအား အပြည့်အဝ မရကြသေးဘူး။ နောက်တချက်က ကျတော့ ရောဂါထိန်းချုပ်ရေးအပိုင်းကလည်း ဖြစ်ခါစလောက် မဟုတ်တော့ဘူး။ နောက်ပိုင်း ပြန်လျော့လာတယ်။ mask တပ်တာတို့ အလုပ်သွားတာတို့ ဘာတို့က ဖြစ်ခါစတုန်းက တင်းကြပ်တယ်။ ခုနောက်ပိုင်းက ပြန်လျော့လာတယ်။ လူစုလူဝေးတွေ ပြန်ဖြစ်လာတယ်။ အဲဒါကြောင့် ပြန်တိုးလာတာလို့ ထင်ပါတယ်။”

ဖလော်ရီဒါပြည်နယ်မှာ ကိုဗစ်ကူးစက်ခဲ့သူ (၁.၄)သန်းနီးပါးနဲ့ ခုချိန်ထိ အမေရိကန်နိုင်ငံတွင်း ကူးစက်မှု တတိယအများဆုံးဖြစ်ပြီး သေဆုံးသူ (၂၂,၂၀၀)နီးပါးရှိပါတယ်။

ကိုဗစ်ကူးစက်မှု ဒုတိယ အများဆုံးကတော့ တက္ကဆက်ပြည်နယ် ဖြစ်ပြီး ကူးစက်သူ (၁.၈၆)သန်းကျော်နဲ့ သေဆုံးသူ(၂၉,၀၀၀)ဝန်းကျင် ရှိပါတယ်။

အမေရိကန်ပြည်ထောင်စု တနိုင်ငံလုံး အတိုင်းအတာအရ ခုချိန်ထိ ကိုဗစ်ကူးစက်ခဲ့သူပေါင်း (၂၁)သန်းကျော်နဲ့ သေဆုံးသူ (၃၅၇,၀၀၀)ကျော် ရှိနေပါတယ်။

XS
SM
MD
LG