(Zawgyi / Unicode)
ကမာၻတဝန္းမွာ COVID-19 ေရာဂါေၾကာင့္ ေသဆံုးရသူ ၂ သန္းေက်ာ္သြားခ်ိန္မွာ ကပ္ေရာဂါ တိုက္ဖ်က္ေရးအတြက္ ပူးေပါင္းေဆာင္ရြက္မႈ အားနည္းေနတဲ့အေပၚ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က သတိေပးေျပာဆိုပါတယ္။
"COVID-19 ေရာဂါေၾကာင့္ လူ ၂ သန္း ေသဆံုးခဲ့ရပါၿပီ။ မယံုႏိုင္ဖြယ္ ဒီကိန္းဂဏန္းရဲ႕ေနာက္မွာ နာမည္ေတြနဲ႔ မ်က္ႏွာေတြရယ္၊ အခုအခါမွာ အမွတ္ရစရာတခုအျဖစ္သာ ရွိေတာ့တဲ့ အၿပံဳးရယ္၊ ညစာစားပြဲမွာ အၿမဲတမ္း လစ္လပ္သြားေတာ့မယ့္ ထိုင္ခံုရယ္၊ ခ်စ္ခင္ျမတ္ႏုိးရသူတေယာက္ရဲ႕ ဆိတ္ၿငိမ္မႈ ပဲ့တင္ထပ္ေနေတာ့မယ့္ အခန္းရယ္ စတာေတြ ရွိေနပါတယ္။ ဝမ္းနည္းဖို႔ေကာင္းတာကေတာ့ ဆိုးရြားတဲ့ ကပ္ေရာဂါရဲ႕ ႐ိုက္ခတ္မႈဟာ ကမာၻလံုးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ အားထုတ္မႈ မရွိတာေၾကာင့္ ပိုၿပီး ဆိုးသြားရတာပါပဲ။ ေသဆံုးသူ ၂ သန္းေက်ာ္ကို အမွတ္ရၿပီးေတာ့ ကမာၻႀကီးအေနနဲ႔ အမ်ားႀကီး ပိုႀကီးမားတဲ့ ေသြးစည္းညီၫြတ္မႈနဲ႔ လုပ္ေဆာင္ရပါမယ္" လို႔ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က ေသာၾကာေန႔မွာ သတင္းေထာက္ေတြကို ေျပာပါတယ္။
အေမရိကန္ျပည္ေထာင္စုဟာ ကူးစက္သူနဲ႔ ေသဆံုးသူ အမ်ားဆံုးႏိုင္ငံအျဖစ္ ဆက္ရွိေနၿပီး ကူးစက္သူ ၂၃ သန္းေက်ာ္၊ ေသဆံုးသူ ၄၀၀,၀၀၀ နီးပါး ကပ္လာေနၿပီလို႔ Johns Hopkins တကၠသိုလ္က ထုတ္ျပန္ထားပါတယ္။
ကိုဗစ္အေရး ေရွ႕တန္းကေန လုပ္ေဆာင္ေနရသူေတြကို ကာကြယ္ေဆး ထိုးေပးေနတဲ့ ျပည္နယ္တခ်ဳိ႕မွာ အသက္အရြယ္ ႀကီးရင့္သူေတြကို ထိုးေပးေနေပမယ့္လည္း ထိုးခ်င္တဲ့သူမ်ားတာေၾကာင့္ မေလာက္မင ျဖစ္ေနပါတယ္။ ေဆးဘက္ဆိုင္ရာ ဌာနေတြမွာ ကာကြယ္ေဆး ျပတ္လုနီးျဖစ္ေနပါၿပီ။ တခ်ဳိ႕ျဖစ္ရပ္ေတြမွာဆိုရင္ ကာကြယ္ေဆးထိုးဖို႔ မွတ္ပံုတင္တဲ့ အြန္လိုင္းစနစ္ ပ်က္သြားရတဲ့ထိ ႀကံဳခဲ့ရတာေတြ ရွိပါတယ္။
-----------------------
(Unicode)
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝန်း သေဆုံးသူ ၂ သန်းကျော်
ကမ္ဘာတဝန်းမှာ COVID-19 ရောဂါကြောင့် သေဆုံးရသူ ၂ သန်းကျော်သွားချိန်မှာ ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု အားနည်းနေတဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သတိပေးပြောဆိုပါတယ်။
"COVID-19 ရောဂါကြောင့် လူ ၂ သန်း သေဆုံးခဲ့ရပါပြီ။ မယုံနိုင်ဖွယ် ဒီကိန်းဂဏန်းရဲ့နောက်မှာ နာမည်တွေနဲ့ မျက်နှာတွေရယ်၊ အခုအခါမှာ အမှတ်ရစရာတခုအဖြစ်သာ ရှိတော့တဲ့ အပြုံးရယ်၊ ညစာစားပွဲမှာ အမြဲတမ်း လစ်လပ်သွားတော့မယ့် ထိုင်ခုံရယ်၊ ချစ်ခင်မြတ်နိုးရသူတယောက်ရဲ့ ဆိတ်ငြိမ်မှု ပဲ့တင်ထပ်နေတော့မယ့် အခန်းရယ် စတာတွေ ရှိနေပါတယ်။ ဝမ်းနည်းဖို့ကောင်းတာကတော့ ဆိုးရွားတဲ့ ကပ်ရောဂါရဲ့ ရိုက်ခတ်မှုဟာ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက် အားထုတ်မှု မရှိတာကြောင့် ပိုပြီး ဆိုးသွားရတာပါပဲ။ သေဆုံးသူ ၂ သန်းကျော်ကို အမှတ်ရပြီးတော့ ကမ္ဘာကြီးအနေနဲ့ အများကြီး ပိုကြီးမားတဲ့ သွေးစည်းညီညွတ်မှုနဲ့ လုပ်ဆောင်ရပါမယ်" လို့ အတွင်းရေးမှူးချုပ် Antonio Guterres က သောကြာနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ကူးစက်သူနဲ့ သေဆုံးသူ အများဆုံးနိုင်ငံအဖြစ် ဆက်ရှိနေပြီး ကူးစက်သူ ၂၃ သန်းကျော်၊ သေဆုံးသူ ၄၀၀,၀၀၀ နီးပါး ကပ်လာနေပြီလို့ Johns Hopkins တက္ကသိုလ်က ထုတ်ပြန်ထားပါတယ်။
ကိုဗစ်အရေး ရှေ့တန်းကနေ လုပ်ဆောင်နေရသူတွေကို ကာကွယ်ဆေး ထိုးပေးနေတဲ့ ပြည်နယ်တချို့မှာ အသက်အရွယ် ကြီးရင့်သူတွေကို ထိုးပေးနေပေမယ့်လည်း ထိုးချင်တဲ့သူများတာကြောင့် မလောက်မင ဖြစ်နေပါတယ်။ ဆေးဘက်ဆိုင်ရာ ဌာနတွေမှာ ကာကွယ်ဆေး ပြတ်လုနီးဖြစ်နေပါပြီ။ တချို့ဖြစ်ရပ်တွေမှာဆိုရင် ကာကွယ်ဆေးထိုးဖို့ မှတ်ပုံတင်တဲ့ အွန်လိုင်းစနစ် ပျက်သွားရတဲ့ထိ ကြုံခဲ့ရတာတွေ ရှိပါတယ်။