သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမာၻတဝန္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္သူ ၉၃ သန္း ေက်ာ္သြားၿပီ


ႏွာေခါင္းစည္းတပ္လမ္းသြားလမ္းလာတခ်ိဳ႕ကို နယူးေယာက္ၿမိဳ႕မွာ ေတြ႔ရ။ (ဇန္နဝါရီ ၀၈၊ ၂၀၂၁)

[Zawgyi/Unicode]

ကမာၻတ၀န္းမွာ ကို႐ုိနာဗုိင္းရပ္စ္ကူးစက္မႈ ဆက္လက္တုိးလာေနၿပီး အခုဆုိရင္ ဗုိင္းရပ္စ္ကူးစက္ခံရသူ အေရအတြက္ ၉၃ သန္းေက်ာ္နဲ႔ ေသဆုံးသူဦးေရ ၂,၀၀၀,၀၀၀ နီးပါးရွိသြားၿပီျဖစ္တယ္လို႔ Johns Hopkins တကၠသိုလ္က ေျပာပါတယ္။

အဲဒီထဲမွာ အေမရိကန္ျပည္ေထာင္စုကေတာ့ ကူးစက္မႈနဲ႔ ေသဆုံးမႈ အမ်ားဆုံးႏုိင္ငံအျဖစ္ ဆက္လက္ရွိေနၿပီး အေမရိကန္မွာ စုစုေပါင္း ဗုိင္းရပ္စ္ကူးစက္သူ ၂၃ သန္း ေက်ာ္၊ ေသဆုံးသူကလည္း ၄၀၀,၀၀၀ နားကို အလ်င္အျမန္ကပ္လာေနတယ္လို႔ ေျပာပါတယ္။ က်န္းမာေရး၀န္ထမ္းေတြကို ကာကြယ္ေဆးထုိးေပးထားတဲ့ တခ်ိဳ႕ျပည္နယ္ေတြကေတာ့ သက္ႀကီးပိုင္းေတြကို ကာကြယ္ေဆး ထုိးဖို႔အတြက္ စတင္လုပ္ေဆာင္လာေနေပမဲ့ ကာကြယ္ေဆးထိုးဖို႔ ေတာင္းဆုိတဲ့သူေတြ မ်ားေနတာေၾကာင့္ မလိုက္နုိင္ဘဲ ျဖစ္ေနၿပီး ေဆး႐ုံေဆးခန္းေတြဟာလည္း ကာကြယ္ေဆးျပတ္မယ့္ အေျခအေနနဲ႔ ရင္ဆုိင္ေနရပါတယ္။ ဒါ့အျပင္ ကာကြယ္ေဆးထိုးဖို႔အတြက္ အင္တာနက္အြန္လိုင္းေတြလုိမ်ိဳး နည္းပညာေတြအသုံးျပဳၿပီး လုပ္ရတာေတြမွာလည္း အဆင္မေျပမႈေတြနဲ႔ ရင္ဆုိင္ေနရပါတယ္။

ေရြးေကာက္ခံသမၼတ ဂ်ိဳး ဘိုင္ဒန္ကေတာ့ ကပ္ေရာဂါနဲ႔ အေမရိကန္စီးပြားေရး အၾကပ္အတည္းကို ေျဖရွင္းဖို႔အတြက္ ေဒၚလာ ၂ ထရီလီယံနီးပါးရွိတဲ့ အကူအညီေပးေရးအစီအစဥ္တရပ္ကို ေၾကျငာလိုက္ၿပီး အဲဒီထဲမွာ ကပ္ေရာဂါအတြက္အသုံးျပဳဖို႔ ေဒၚလာ ဘီလီယံ ၄၀၀ ပါ၀င္တယ္လို႔ ေျပာပါတယ္။

အာရွဘက္က ဂ်ပန္ႏုိင္ငံမွာေတာ့ ဗုိင္းရပ္စ္ကူးစက္မႈ တုိးလာေနတာကို ရပ္တန္႔ဖို႔အတြက္ အာဏာပိုင္ေတြက ႏုိင္ငံေတာ္အေရးအေပၚ အေျခအေန ေၾကညာတာကို ေနာက္ထပ္ေဒသႀကီး ၇ ခုကိုပါ ထပ္ၿပီးေတာ့ တိုးလိုက္ပါတယ္။ ၿပီးခဲ့တဲ့လက ဂ်ပန္ႏုိင္ငံမွာ ဗုိင္းရပ္စ္ကူးစက္သူနဲ႔ ေသဆုံးသူဦးေရဟာ ၂ ဆေလာက္ တုိးလာခဲ့ၿပီး ကူးစက္သူ ၃၁၀,၀၀၀ ေလာက္အထိျဖစ္လာခဲ့ပါတယ္။ အင္ဒိုနီးရွားႏုိင္ငံမွာေတာ့ ဒီေန႔မွာ ေနာက္ထပ္ ဗုိင္းရပ္စ္ကူးစက္သူ ၁၂,၈၁၈ ေယာက္ရွိခဲ့ၿပီး ဒါဟာ ေန႔စဥ္ကူးစက္မႈမွာ အမ်ားဆုံးျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၉၃ သန်း ကျော်သွားပြီ

ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆက်လက်တိုးလာနေပြီး အခုဆိုရင် ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် ၉၃ သန်းကျော်နဲ့ သေဆုံးသူဦးရေ ၂,၀၀၀,၀၀၀ နီးပါးရှိသွားပြီဖြစ်တယ်လို့ Johns Hopkins တက္ကသိုလ်က ပြောပါတယ်။

အဲဒီထဲမှာ အမေရိကန်ပြည်ထောင်စုကတော့ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်ရှိနေပြီး အမေရိကန်မှာ စုစုပေါင်း ဗိုင်းရပ်စ်ကူးစက်သူ ၂၃ သန်း ကျော်၊ သေဆုံးသူကလည်း ၄၀၀,၀၀၀ နားကို အလျင်အမြန်ကပ်လာနေတယ်လို့ ပြောပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်ဆေးထိုးပေးထားတဲ့ တချို့ပြည်နယ်တွေကတော့ သက်ကြီးပိုင်းတွေကို ကာကွယ်ဆေး ထိုးဖို့အတွက် စတင်လုပ်ဆောင်လာနေပေမဲ့ ကာကွယ်ဆေးထိုးဖို့ တောင်းဆိုတဲ့သူတွေ များနေတာကြောင့် မလိုက်နိုင်ဘဲ ဖြစ်နေပြီး ဆေးရုံဆေးခန်းတွေဟာလည်း ကာကွယ်ဆေးပြတ်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးထိုးဖို့အတွက် အင်တာနက်အွန်လိုင်းတွေလိုမျိုး နည်းပညာတွေအသုံးပြုပြီး လုပ်ရတာတွေမှာလည်း အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ရွေးကောက်ခံသမ္မတ ဂျိုး ဘိုင်ဒန်ကတော့ ကပ်ရောဂါနဲ့ အမေရိကန်စီးပွားရေး အကြပ်အတည်းကို ဖြေရှင်းဖို့အတွက် ဒေါ်လာ ၂ ထရီလီယံနီးပါးရှိတဲ့ အကူအညီပေးရေးအစီအစဉ်တရပ်ကို ကြေငြာလိုက်ပြီး အဲဒီထဲမှာ ကပ်ရောဂါအတွက်အသုံးပြုဖို့ ဒေါ်လာ ဘီလီယံ ၄၀၀ ပါဝင်တယ်လို့ ပြောပါတယ်။

အာရှဘက်က ဂျပန်နိုင်ငံမှာတော့ ဗိုင်းရပ်စ်ကူးစက်မှု တိုးလာနေတာကို ရပ်တန့်ဖို့အတွက် အာဏာပိုင်တွေက နိုင်ငံတော်အရေးအပေါ် အခြေအနေ ကြေညာတာကို နောက်ထပ်ဒေသကြီး ၇ ခုကိုပါ ထပ်ပြီးတော့ တိုးလိုက်ပါတယ်။ ပြီးခဲ့တဲ့လက ဂျပန်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်သူနဲ့ သေဆုံးသူဦးရေဟာ ၂ ဆလောက် တိုးလာခဲ့ပြီး ကူးစက်သူ ၃၁၀,၀၀၀ လောက်အထိဖြစ်လာခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာတော့ ဒီနေ့မှာ နောက်ထပ် ဗိုင်းရပ်စ်ကူးစက်သူ ၁၂,၈၁၈ ယောက်ရှိခဲ့ပြီး ဒါဟာ နေ့စဉ်ကူးစက်မှုမှာ အများဆုံးဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG