[Zawgyi/Unicode]
ကိုဗစ္ ၁၉ ကပ္ေရာဂါ စတင္ခ့ဲပုံကို စုံစမ္းစစ္ေဆးဖို႔အတြက္ ကမာၻ႔က်န္းမာေရးအဖဲြ႔ခ်ဳပ္ (WHO) ပညာရွင္အဖြဲ႔တဖြဲ႔ တ႐ုတ္ႏုိင္ငံကိုေရာက္ရွိသြားခ်ိန္မွာပဲ တ႐ုတ္နုိင္ငံ အေရွ႕ေျမာက္ပိုင္းမွာ ဗုိင္းရပ္စ္ကူးစက္မႈေတြ တုိးလာေနပါတယ္။ တ႐ုတ္ႏုိင္ငံမွာ ဒီေန႔ဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၁ ေယာက္ ရွိခဲ့ၿပီး ဒါဟာ လေပါင္းမ်ားစြာအတြင္းမွာ ပထမဆုံးေသဆုံးတာျဖစ္ပါတယ္။ ဒါ့အျပင္ ကူးစက္သူ ၄,၆၃၅ ေယာက္ရွိတာေၾကာင့္ ကူးစက္သူ စုုစုေပါင္း ၈၇,၈၄၄ ေယာက္ရွိသြားၿပီျဖစ္ပါတယ္။
ေဟလုံဂ်န္းျပည္နယ္မွာေတာ့ ကူးစက္သူ ၄၃ ေယာက္ရွိခဲ့ၿပီး အမ်ားစုက Suihua ၿမိဳ႕ကျဖစ္တယ္လို႔ တ႐ုတ္အမ်ိဳးသား က်န္းမာေရးေကာ္မရွင္က ေျပာပါတယ္။ အခုလတ္တေလာကူးစက္မႈေတြ စိုးရိမ္စရာအေကာင္းဆုံးျဖစ္ေနတဲ့ Hebei ျပည္နယ္မွာေတာ့ ေနာက္ထပ္ ကူးစက္သူ ၈၁ ေယာက္ရွိခဲ့ၿပီး ၁၄ ေယာက္ကေတာ့ ျပည္ပက ျပန္လာသူေတြျဖစ္တယ္လို႔ ေျပာပါတယ္။ တ႐ုတ္ႏုိင္ငံမွာ လာမယ့္ တ႐ုတ္ႏွစ္သစ္ကူးပဲြေတာ္ မတုိင္ခင္မွာ ကူးစက္မႈေတြမျဖစ္ေအာင္ ကာကြယ္တဲ့အေနနဲ႔ ေဘဂ်င္း အပါအ၀င္ Hebei ျပည္နယ္နဲ႔ တျခားေနရာေတြက လူေပါင္း သန္း ၂၀ ေက်ာ္ကို အျပင္မထြက္ဘဲ အိမ္ထဲမွာပဲေနဖို႔ အသြားအလာကန္႔သတ္မႈ အမ်ိဳးမ်ိဳး ခ်မွတ္ထားပါတယ္။
အင္ဒိုနီးရွားႏုိင္ငံမွာေတာ့ က်န္းမာေရး၀န္ထမ္းေတြနဲ႔ အစိုးရ၀န္ထမ္းေတြကို တ႐ုတ္ႏုိင္ငံ Sinovac ေဆးကုမၸဏီက ထုတ္တဲ့ ကိုဗစ္ ၁၉ ကာကြယ္ေဆးေတြကို စတင္ထုိးေပးေနၿပီျဖစ္ပါတယ္။ ပထမအဆင့္ ကာကြယ္ေဆးထုိးတဲ့အေနနဲ႔ က်န္းမာေရး၀န္ထမ္း ၁.၃ သန္းေက်ာ္ နဲ႔ အစိုးရ၀န္ထမ္း ၁၇.၄ သန္း ေက်ာ္ကို ထိုးေပးသြားဖို႔ စီစဥ္ထားၿပီး လူဦးေရ စုုစုေပါင္း သန္း ၂၇၀ ထဲက ၃ ပုံ ၂ ပုံကို ထုိးေပးသြားဖုိ႔ ရည္ရြယ္ထားတယ္လို႔ အင္ဒိုနီးရွားက်န္းမာေရး၀န္ႀကီးဌာနက ေျပာပါတယ္။ ဒီေန႔ ပထမဆုံးထုိးခဲ့တဲ့ က်န္းမာေရး၀န္ထမ္း ၂၅ ေယာက္ကေတာ့ ဂ်ကာတာၿမိဳ႕ Cipto Mangunkusumo ေဆး႐ုံက ျဖစ္ပါတယ္။
[Unicode Version]
တရုတ်မှာ COVID-19 ကူးစက်မှု ပြန်များနေ၊ အင်ဒိုနီးရှားမှာ ကာကွယ်ဆေး စထိုး
ကိုဗစ် ၁၉ ကပ်ရောဂါ စတင်ခဲ့ပုံကို စုံစမ်းစစ်ဆေးဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ပညာရှင်အဖွဲ့တဖွဲ့ တရုတ်နိုင်ငံကိုရောက်ရှိသွားချိန်မှာပဲ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ တိုးလာနေပါတယ်။ တရုတ်နိုင်ငံမှာ ဒီနေ့ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁ ယောက် ရှိခဲ့ပြီး ဒါဟာ လပေါင်းများစွာအတွင်းမှာ ပထမဆုံးသေဆုံးတာဖြစ်ပါတယ်။ ဒါ့အပြင် ကူးစက်သူ ၄,၆၃၅ ယောက်ရှိတာကြောင့် ကူးစက်သူ စုစုပေါင်း ၈၇,၈၄၄ ယောက်ရှိသွားပြီဖြစ်ပါတယ်။
ဟေလုံဂျန်းပြည်နယ်မှာတော့ ကူးစက်သူ ၄၃ ယောက်ရှိခဲ့ပြီး အများစုက Suihua မြို့ကဖြစ်တယ်လို့ တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်က ပြောပါတယ်။ အခုလတ်တလောကူးစက်မှုတွေ စိုးရိမ်စရာအကောင်းဆုံးဖြစ်နေတဲ့ Hebei ပြည်နယ်မှာတော့ နောက်ထပ် ကူးစက်သူ ၈၁ ယောက်ရှိခဲ့ပြီး ၁၄ ယောက်ကတော့ ပြည်ပက ပြန်လာသူတွေဖြစ်တယ်လို့ ပြောပါတယ်။ တရုတ်နိုင်ငံမှာ လာမယ့် တရုတ်နှစ်သစ်ကူးပွဲတော် မတိုင်ခင်မှာ ကူးစက်မှုတွေမဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ ဘေဂျင်း အပါအဝင် Hebei ပြည်နယ်နဲ့ တခြားနေရာတွေက လူပေါင်း သန်း ၂၀ ကျော်ကို အပြင်မထွက်ဘဲ အိမ်ထဲမှာပဲနေဖို့ အသွားအလာကန့်သတ်မှု အမျိုးမျိုး ချမှတ်ထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာတော့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အစိုးရဝန်ထမ်းတွေကို တရုတ်နိုင်ငံ Sinovac ဆေးကုမ္ပဏီက ထုတ်တဲ့ ကိုဗစ် ၁၉ ကာကွယ်ဆေးတွေကို စတင်ထိုးပေးနေပြီဖြစ်ပါတယ်။ ပထမအဆင့် ကာကွယ်ဆေးထိုးတဲ့အနေနဲ့ ကျန်းမာရေးဝန်ထမ်း ၁.၃ သန်းကျော် နဲ့ အစိုးရဝန်ထမ်း ၁၇.၄ သန်း ကျော်ကို ထိုးပေးသွားဖို့ စီစဉ်ထားပြီး လူဦးရေ စုစုပေါင်း သန်း ၂၇၀ ထဲက ၃ ပုံ ၂ ပုံကို ထိုးပေးသွားဖို့ ရည်ရွယ်ထားတယ်လို့ အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီနေ့ ပထမဆုံးထိုးခဲ့တဲ့ ကျန်းမာရေးဝန်ထမ်း ၂၅ ယောက်ကတော့ ဂျကာတာမြို့ Cipto Mangunkusumo ဆေးရုံက ဖြစ်ပါတယ်။