သုံးရလွယ်ကူစေသည့် Link များ

ကိုဗစ်ကပ်ရောဂါပြဿနာ ဒုတိယနှစ် ပိုဆိုးမည့်အရေး WHO သတိပေး


ဇန်နဝါရီ ၆ ရက် ၂၀၂၀ တုန်းက Hebei ပြည်နယ်မှာ COVID စစ်နေစဉ်
ဇန်နဝါရီ ၆ ရက် ၂၀၂၀ တုန်းက Hebei ပြည်နယ်မှာ COVID စစ်နေစဉ်

(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါရဲ့ ဒဏ်ကို ဒုတိယမြောက်နှစ်မှာ ပိုပြီး ခံစားရဖို့ ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြော ပါတယ်။

ရောဂါ ကူးစက်မှု အခြေအနေနဲ့ အခြေအနေ တစ်ချို့ကို ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုင်ရင် ကပ်ရောဂါ ခံစားရတဲ့ ဒုတိယနှစ် မှာ ဒိထက်ပိုပြီး ခက်ခဲဖို့ ရှိပါတယ်။ ဒါကြောင့် အခု အခြေအနေကနေ ဘယ်နိုင်ငံမှာ အလုပ်ဖြစ်နေသလဲဆိုတာနဲ့ ရှာဖွေ တွေ့ရှိထား သတင်းအချက်အလက် အသိပညာတွေကို လွှဲပြောင်းပေးဖို့ လိုပါတယ် လို့ WHO အရေးပေါ် အခြေအနေဌာန အကြီးအကဲ Mike Ryan က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အနည်းဆုံး ၂ မျိုးကို ဗြိတိန်နဲ့ တောင်အာဖရိက နိုင်ငံမှာ တွေ့ရှိခဲ့တာပါ။

တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံ မြောက်ပိုင်း Hebei ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုတွေ ထပ်မံ တွေ့လာရပြီးတဲ့နောက် တရုတ်နိုင်ငံထဲ ရောဂါ ကူးစက်မှုနှုန်း စံချိန်တင်မြင့်တက်လာနေပါတယ်။

မနေ့အင်္ဂါတရက်တည်း ကူးစက်သူ ၁၁၅ ယောက်ရှိတဲ့အထဲမှာ လူ ၉၀ က မြို့တော် Beijing ကို ဝိုင်းရံထားတဲ့ Hebei ပြည်နယ်က ဖြစ်ပါတယ်။ ကူးစက်သူ ၁၀၀ ကျော်ထဲက ၁၀၇ ယောက်က ပြည်တွင်းကူးစက်မှုတွေဖြစ်ပြီး ဒါဟာ ဇူလိုင် ၃၀ ရက်နောက်ပိုင်း တရက်တာ ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်တယ်လို့ အမျိုးသားကျန်းမာရေး ကော်မရှင်က ပြောပါတယ်။

ဒါကြောင့် လောလောဆယ် Hebei ပြည်နယ်တွင်း မြို့အတော်များများမှာ အိမ်ပြင်မထွက်ရ အမိန့်ချမှတ်ထားပါတယ်။ အရှေ့မြောက်ပိုင်း Heilongjiang ပြည်နယ်မှာလည်း မနေ့တုန်းက ကူးစက်ခံရသူအသစ် ၁၆ ယောက်ရှိတာကြောင့် ပြည်နယ်အရေး ပေါ် အခြေအနေ ကြေညာထားပါတယ်။

တချိန်တည်းမှာပဲ ဘရာဇီးနိုင်ငံမှာ လူတွေနဲ့ စမ်းသပ်မှုအဆင့်တွေကို ပြုလုပ်နေတဲ့ တရုတ် Sinovac Biotech ဆေးကုမ္ပဏီထုတ် COVID-19 ကာကွယ်ဆေးက ၅၀ ရာခိုင်နှုန်းကျော်ကျော်လောက်ပဲ ထိရောက်မှုရှိတာကို တွေ့ရတယ်လို့ ဘရာဇီးသုတေသန ပညာရှင်တွေက ပြောပါတယ်။

ဒီ Sinovac ကာကွယ်ဆေးကို အင်ဒိုနီးရှားနိုင်ငံမှာ အရေးပေါ် အသုံးပြုခွင့်ပေးထားပြီး ဗုဒ္ဓဟူးနေ့ကပဲ သမ္မတ Joko Widodoကိုယ်တိုင် ကာကွယ်ဆေး ပထမအကြိမ် အထိုးခံခဲ့တာပါ။ အင်ဒိုနီးရှားနိုင်ငံအနှံ့ ကာကွယ်ဆေး ထိုးနှံပေးရေး အစီအစဉ်မှာ ပြည်သူ ၁၈၁ သန်းကို ဆေးထိုးနှံပေးသွားဖို့ စီစဉ်ထားပါတယ်။ အင်ဒိုနီးရှားမှာ ရောဂါကူးစက်သူ စုစုပေါင်း ၈၅၈,၀၀၀ ကျော်နဲ့ သေဆုံးသူ ၂၅,၀၀၀ နီးပါးရှိပြီး အရှေ့တောင်အာရှဒေသမှာ ရောဂါ ကူးစက်ခံရမှု အများဆုံး နိုင်ငံ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုမှာတော့ နိုင်ငံအတွင်း ဝင်ရောက်မယ့် ပြည်ပခရီးသွားတွေအနေနဲ့ မလာရောက်ခင်မှာ COVID-19 ကင်းစင် ကြောင်း အထောက်အထားပြဖို့လိုအပ်တယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးဌာနက အင်္ဂါနေ့ကပြောပါတယ်။

ဇန်နဝါရီလ ၂၆ ရက်နေ့က စပြီး အသက်ဝင်မယ့် စည်းကမ်း သတ်မှတ်ချက်အသစ်အရ အမေရိကန်ကိုလာရောက်သူတွေဟာ နိုင်ငံတွင်း မဝင်ရောက်မီ ၇၂ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးကင်းရှင်းရမှာဖြစ်ပါတယ်။

အင်္ဂါတရက်တည်းမှာ အမေရိကန်မှာ COVID-19 ကြောင့်သေဆုံးသူက၄,၃၀၀ ကျော်ရှိတာကြောင့် စံချိန်တင် သွားခဲ့ပါတယ်။ အခုထိသေဆုံးသူ ၃၈၀,၆၇၀ ကျော်နဲ့ ကူးစက်သူပေါင်းက ၂၂.၈ သန်းရှိပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ COVID-19 ကူးစက်သူ ၉၁ သန်းကျော်ရှိပြီး သေဆုံးသူ ၁.၉ သန်းကျော်နေပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


..............

ကိုဗဈကပျရောဂါပွူနာ ဒုတိယနှဈ ပိုဆိုးမည့ျအရေး WHO သတိပေး

(Unicode)

ကိုရိုနာဗိုငျးရပျဈ ကပျရောဂါရဲ့ ဒဏျကို ဒုတိယမွောကျနှဈမှာ ပိုပွီး ခံစားရဖို့ ရှိတယျလို့ကမ်ဘာ့ကနြျးမာရေးအဖှဲ့ WHO က ပွော ပါတယျ။












XS
SM
MD
LG