သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္-ျမန္မာနယ္စပ္ ကုန္စည္တင္ပို႔စရိတ္သက္သာလာ


တရုတ္ ျမန္မာ နယ္စပ္ ကုန္သြယ္ေရးဂိတ္။ (မွတ္တမ္းဓာတ္ပံု)

[Zawgyi/Unicode]

တ႐ုတ္ႏုိင္ငံနဲ႔ အဓိကနယ္စပ္ ကုန္သြယ္ေရးလမ္းေၾကာင္းျဖစ္တဲ့ မူဆယ္ဂိတ္မွာ ကပ္ေရာဂါကာလ ကန္႔သတ္ခ်က္ေတြကုိ ေလွ်ာ့ေပါ့လုိက္တဲ့အတြက္ ကုန္စည္တင္ပုိ႔ စရိတ္ေတြ သက္သာလာတာေၾကာင့္ ပုံမွန္ဆက္ဖြင့္ေပးဖုိ႔ ကုန္သည္ေတြ လုိလားေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအဂၢႏြန္က သတင္းေပးပို႔ထားပါတယ္။

ကုိဗစ္ကပ္ေရာဂါကာလမွာ ကန္႔သတ္ထားတဲ့ တ႐ုတ္ ျမန္မာ နယ္စပ္ကုန္သြယ္ေရးျဖစ္တဲ့ မူဆယ္-မန္ဝိန္းဂိတ္ကို ၂၄ နာရီအျပည့္ ဖြင့္လွစ္ခဲ့ၿပီးေနာက္ ကုန္တင္စရိတ္ေတြ သက္သာလာတာေၾကာင့္ ပုံမွန္ဖြင့္လွစ္ဖို႔ လုပ္ငန္းရွင္ေတြ တုိက္တြန္းေနတာ ျဖစ္ပါတယ္။

အေစာပုိင္း ကန္႔သတ္ထားခ်ိန္မွာ ရန္ကုန္-မူဆယ္ အသြားအျပန္ ကုန္ကားခဟာ တစင္းကုိ က်ပ္သိန္း ၄၀ နီးနီးရွိရာကေန ထက္၀က္ေလာက္အထိ က်ဆင္းသြားတယ္လုိ႔လည္း ရန္ကုန္ မူဆယ္ ကုန္သြယ္ေရး သယ္ယူပို႔ေဆာင္ေနတဲ့ ဦးရွိန္က ေျပာပါတယ္။

“သယ္ယူပို႔ေဆာင္ေရး ကားေတြ ဝန္ေဆာင္ခေတာ့ ထက္ဝက္ေလာက္ကို က်သြားတယ္ခင္ဗ်။ သယ္ယူပို႔ေဆာင္ေရးစရိတ္က က်ေနာ္တို႔ကားေတြကေတာ့ အၾကမ္းဖ်င္း အသြားအျပန္ဆုိရင္ ၁၂ ဘီးဆိုရင္ အၾကမ္းဖ်င္း (က်ပ္သိန္း) ၂၀ ဝန္းက်င္ေလာက္ကုန္တာေပါ့ေနာ္... ဒါက်ေနာ္တို႔ ကုန္က်စရိတ္ပါ၊ အခုဒီတန္ေဆာင္ခေတြ က်သြားတဲ့အခါက်ေတာ့ တစ္ဘက္ကေတာ့ ဝင္ေငြကေတာ့ က်ေနာ္တို႔ ကားဝန္ေဆာင္မႈနဲ႔ ပတ္သက္ရင္ေတာ့ ဝင္ေငြကေတာ့သြားတာေပါ့... တန္ဆာခေတြ က်သြားတဲ့အခါေတာ့။ ဒါေပမဲ့ စားသံုးသူေတြဘက္က ျပန္ၾကည့္ရင္ေတာ့ ပစၥည္းေတြ အေပၚမွာ စားသံုးသူေတြ အတြက္ကေတာ့ အရင္လိုေတာ့ ေစ်းမႀကီးေတာ့ဘူးလို႔ ေျပာရမယ္ေပါ့ေနာ္။”

တ႐ုတ္ႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါကူးစက္မႈေတြ ႀကံဳခဲ့ရၿပီးေနာက္ ၿပီးခဲ့တဲ့ ႏွစ္ဆန္းပုိင္းကစၿပီး တ႐ုတ္-ျမန္မာ နယ္စပ္ အ၀င္အထြက္ေတြကုိ ကန္႔သတ္ထားတာပါ။ နယ္စပ္ဂိတ္ေတြထဲက မူဆယ္-မန္း၀ိန္းဂိတ္ကုိေတာ့ ၂၄ နာရီၾကာ ဖြင့္လွစ္ဖုိ႔ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာ တ႐ုတ္အာဏာပုိင္ေတြ ေၾကညာခဲ့ပါတယ္။ စမ္းသပ္ကာလအျဖစ္ ၁၀ ရက္ ခြင့္ျပဳထားတာ မနက္ျဖန္ ၾကာသပေတးေန႔မွာ အဆုံးသတ္မွာ ျဖစ္တာေၾကာင့္ ကုန္စည္စီးဆင္းမႈေတြ မထိခုိက္ေအာင္ ဆက္လက္ ဖြင့္ေပးထားေစခ်င္တယ္လုိ႔လည္း မူဆယ္သစ္သီးဝလံကုန္စည္ဒိုင္ ဒုဥကၠ႒ စိုင္းခင္ေမာင္က ေျပာပါတယ္။

“ယာဥ္ဝင္ေရာက္မႈက ၃၅ ရာခိုင္းႏႈန္းေလာက္ပိုလာတယ္ေပါ့ေနာ္။ အဲ့ဒါကိုေတာ့ ယာဥ္ပိုဝင္ႏိုင္တယ္။ တန္းစီးေစာင့္ဆိုင္းေနရတဲ့ ရက္ၾကာေနတဲ့ဟာေတြ ရက္ေလွ်ာ့ခ်ႏိုင္တယ္။ လမ္းေပၚမွာလည္း ကားအေရအတြက္ ေတာ္ေတာ္ေလ်ာ့သြားၿပီ။ ဆိုေတာ့ စမ္းသပ္ကာလၿပီးရင္ ရက္တိုးျမွင့္မႈေပါ့ေနာ္.. ရက္တိုးျမွင့္မႈက ထပ္ၿပီးလုပ္ေပးမယ္။ ဒါမွမဟုတ္ ေရရွည္လုပ္ေပးသြားႏိုင္မယ္ ဆိုရင္ေတာ့ ေကာင္းတာေပါ့။ ဒါေပမဲ့ ၂၄ နာရီလံုးေတာ့ ျဖစ္ႏိုင္မယ္ေတာ့ မထင္ဘူးေပါ့ေလးေနာ္။ ဆိုလိုတာက အခ်ိန္ကို ပိုျပီးတိုးျမွင့္ေပးမယ္။ လက္ရွိစစ္ေဆးတဲ့အခ်ိန္ကို ပိုတိုးျမွင့္တယ္ဆိုရင္ အားလံုးပိုၿပီးေတာ့ အဆင္ေျပတာေပါ့။”

စမ္းသပ္ကာလမွာပဲ ၂ ႏုိင္ငံစလုံးအတြက္ အက်ဳိးရွိတာ ေတြ႔ရတာေၾကာင့္ ဆက္လက္ခြင့္ျပဳသြားဖုိ႔ တာ၀န္ရွိသူေတြၾကား ေဆြးေႏြးေနတယ္လုိ႔လည္း ရွမ္းျပည္နယ္အစိုးရအဖြဲ႔ အတြင္းေရးမွဴး ဦးေနလင္းက ဗီြအိုေအကို ေျပာပါတယ္။

“က်ေနာ္တို႔ ေတာ္ေတာ္သက္ေရာက္မႈေကာင္းတယ္ေပါ့ေနာ္။ အရင္တုန္းက က်ေနာ္တို႔ ယာဥ္တန္းႀကီးက ေတာ္ေတာ္ေစာင့္ရတယ္ေလ။ ဒီကာလမွာ ဒီလိုလုပ္လိုက္တဲ့အတြက္ေၾကာင့္ ေတာ္ေတာ္ကိုေလ်ာ့သြားတယ္ေပါ့ေနာ္။ အရင္တုန္းက ႏွစ္ပတ္ေစာင့္ရတဲ့ အေျခအေန ၁၅ ရက္ေစာင့္ရတဲ့အေျခအေနက အခု တစ္ပတ္ေလာက္ပဲေစာင့္ရတယ္။ ၂၄ နာရီေဆာင္ရြက္တဲ့ အစီစဥ္ေပါ့။ အဲ့ဒါကုိ ရက္ထပ္တိုးဖို႔ကိုလည္း က်ေနာ္တို႔ဆီက ခ႐ုိင္အုပ္ခ်ဳပ္ေရးမွဴးဘက္ကေနၿပီးေတာ့ ေနာက္ထပ္ ငါးရက္ေလာက္ စမ္းသပ္ဖို႔ အစီအစဥ္ သူတို႔ကမ္းလွမ္းဖို႔ လုပ္ေနၾကပါတယ္ခင္ဗ်။ ေနာက္ကာလတစ္ခုအထိ သူတို႔ဆက္လက္ေဆာင္ရြက္ေပးမယ္ဆိုရင္ေတာ့ က်ေနာ္တို႔ဘက္က အမ်ားႀကီး သက္သာသြားမယ္ဗ်ာ။”

ကပ္ေရာဂါကာလ ကန္႔သတ္ခ်က္ေတြေၾကာင့္ ကုန္စည္စီးဆင္းမႈေတြနဲ႔ စီးပြားေရးလုပ္ငန္းေတြ ထိခုိက္ေနခ်ိန္မွာပဲ တ႐ုတ္ႏုိင္ငံ အပါအ၀င္ အိမ္နီးခ်င္းႏုိင္ငံေတြနဲ႔ နယ္စပ္ကုန္သြယ္ေရးေတြကုိ ပုံမွန္ျပန္ျဖစ္ေအာင္လည္း ျမန္မာတာ၀န္ရွိသူေတြ ႀကိဳးပမ္းေနၾကပါတယ္။

မူဆယ္နယ္စပ္ ျမန္မာ- တ႐ုတ္ ကုန္သြယ္မႈပမာဏဟာ ၂၀၁၈ - ၂၀၁၉ ဘ႑ာႏွစ္မွာ အေမရိကန္ေဒၚလာ သန္း ၄,၉၀၀ ေက်ာ္ရွိၿပီး ၂၀၁၉ - ၂၀၂၀ မွာေတာ့ သန္း ၄,၈၀၀ ေက်ာ္ရွိတယ္လို႔လည္း ျမန္မာကုန္သြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တရုတ်-မြန်မာနယ်စပ် ကုန်စည်တင်ပို့စရိတ်သက်သာလာ

တရုတ်နိုင်ငံနဲ့ အဓိကနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မူဆယ်ဂိတ်မှာ ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကို လျှော့ပေါ့လိုက်တဲ့အတွက် ကုန်စည်တင်ပို့ စရိတ်တွေ သက်သာလာတာကြောင့် ပုံမှန်ဆက်ဖွင့်ပေးဖို့ ကုန်သည်တွေ လိုလားနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်။

ကိုဗစ်ကပ်ရောဂါကာလမှာ ကန့်သတ်ထားတဲ့ တရုတ် မြန်မာ နယ်စပ်ကုန်သွယ်ရေးဖြစ်တဲ့ မူဆယ်-မန်ဝိန်းဂိတ်ကို ၂၄ နာရီအပြည့် ဖွင့်လှစ်ခဲ့ပြီးနောက် ကုန်တင်စရိတ်တွေ သက်သာလာတာကြောင့် ပုံမှန်ဖွင့်လှစ်ဖို့ လုပ်ငန်းရှင်တွေ တိုက်တွန်းနေတာ ဖြစ်ပါတယ်။

အစောပိုင်း ကန့်သတ်ထားချိန်မှာ ရန်ကုန်-မူဆယ် အသွားအပြန် ကုန်ကားခဟာ တစင်းကို ကျပ်သိန်း ၄၀ နီးနီးရှိရာကနေ ထက်ဝက်လောက်အထိ ကျဆင်းသွားတယ်လို့လည်း ရန်ကုန် မူဆယ် ကုန်သွယ်ရေး သယ်ယူပို့ဆောင်နေတဲ့ ဦးရှိန်က ပြောပါတယ်။

“သယ်ယူပို့ဆောင်ရေး ကားတွေ ဝန်ဆောင်ခတော့ ထက်ဝက်လောက်ကို ကျသွားတယ်ခင်ဗျ။ သယ်ယူပို့ဆောင်ရေးစရိတ်က ကျနော်တို့ကားတွေကတော့ အကြမ်းဖျင်း အသွားအပြန်ဆိုရင် ၁၂ ဘီးဆိုရင် အကြမ်းဖျင်း (ကျပ်သိန်း) ၂၀ ဝန်းကျင်လောက်ကုန်တာပေါ့နော်... ဒါကျနော်တို့ ကုန်ကျစရိတ်ပါ၊ အခုဒီတန်ဆောင်ခတွေ ကျသွားတဲ့အခါကျတော့ တစ်ဘက်ကတော့ ဝင်ငွေကတော့ ကျနော်တို့ ကားဝန်ဆောင်မှုနဲ့ ပတ်သက်ရင်တော့ ဝင်ငွေကတော့သွားတာပေါ့... တန်ဆာခတွေ ကျသွားတဲ့အခါတော့။ ဒါပေမဲ့ စားသုံးသူတွေဘက်က ပြန်ကြည့်ရင်တော့ ပစ္စည်းတွေ အပေါ်မှာ စားသုံးသူတွေ အတွက်ကတော့ အရင်လိုတော့ ဈေးမကြီးတော့ဘူးလို့ ပြောရမယ်ပေါ့နော်။”

တရုတ်နိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ ကြုံခဲ့ရပြီးနောက် ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းကစပြီး တရုတ်-မြန်မာ နယ်စပ် အဝင်အထွက်တွေကို ကန့်သတ်ထားတာပါ။ နယ်စပ်ဂိတ်တွေထဲက မူဆယ်-မန်းဝိန်းဂိတ်ကိုတော့ ၂၄ နာရီကြာ ဖွင့်လှစ်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ တရုတ်အာဏာပိုင်တွေ ကြေညာခဲ့ပါတယ်။ စမ်းသပ်ကာလအဖြစ် ၁၀ ရက် ခွင့်ပြုထားတာ မနက်ဖြန် ကြာသပတေးနေ့မှာ အဆုံးသတ်မှာ ဖြစ်တာကြောင့် ကုန်စည်စီးဆင်းမှုတွေ မထိခိုက်အောင် ဆက်လက် ဖွင့်ပေးထားစေချင်တယ်လို့လည်း မူဆယ်သစ်သီးဝလံကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ စိုင်းခင်မောင်က ပြောပါတယ်။

“ယာဉ်ဝင်ရောက်မှုက ၃၅ ရာခိုင်းနှုန်းလောက်ပိုလာတယ်ပေါ့နော်။ အဲ့ဒါကိုတော့ ယာဉ်ပိုဝင်နိုင်တယ်။ တန်းစီးစောင့်ဆိုင်းနေရတဲ့ ရက်ကြာနေတဲ့ဟာတွေ ရက်လျှော့ချနိုင်တယ်။ လမ်းပေါ်မှာလည်း ကားအရေအတွက် တော်တော်လျော့သွားပြီ။ ဆိုတော့ စမ်းသပ်ကာလပြီးရင် ရက်တိုးမြှင့်မှုပေါ့နော်.. ရက်တိုးမြှင့်မှုက ထပ်ပြီးလုပ်ပေးမယ်။ ဒါမှမဟုတ် ရေရှည်လုပ်ပေးသွားနိုင်မယ် ဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ ၂၄ နာရီလုံးတော့ ဖြစ်နိုင်မယ်တော့ မထင်ဘူးပေါ့လေးနော်။ ဆိုလိုတာက အချိန်ကို ပိုပြီးတိုးမြှင့်ပေးမယ်။ လက်ရှိစစ်ဆေးတဲ့အချိန်ကို ပိုတိုးမြှင့်တယ်ဆိုရင် အားလုံးပိုပြီးတော့ အဆင်ပြေတာပေါ့။”

စမ်းသပ်ကာလမှာပဲ ၂ နိုင်ငံစလုံးအတွက် အကျိုးရှိတာ တွေ့ရတာကြောင့် ဆက်လက်ခွင့်ပြုသွားဖို့ တာဝန်ရှိသူတွေကြား ဆွေးနွေးနေတယ်လို့လည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ တော်တော်သက်ရောက်မှုကောင်းတယ်ပေါ့နော်။ အရင်တုန်းက ကျနော်တို့ ယာဉ်တန်းကြီးက တော်တော်စောင့်ရတယ်လေ။ ဒီကာလမှာ ဒီလိုလုပ်လိုက်တဲ့အတွက်ကြောင့် တော်တော်ကိုလျော့သွားတယ်ပေါ့နော်။ အရင်တုန်းက နှစ်ပတ်စောင့်ရတဲ့ အခြေအနေ ၁၅ ရက်စောင့်ရတဲ့အခြေအနေက အခု တစ်ပတ်လောက်ပဲစောင့်ရတယ်။ ၂၄ နာရီဆောင်ရွက်တဲ့ အစီစဉ်ပေါ့။ အဲ့ဒါကို ရက်ထပ်တိုးဖို့ကိုလည်း ကျနော်တို့ဆီက ခရိုင်အုပ်ချုပ်ရေးမှူးဘက်ကနေပြီးတော့ နောက်ထပ် ငါးရက်လောက် စမ်းသပ်ဖို့ အစီအစဉ် သူတို့ကမ်းလှမ်းဖို့ လုပ်နေကြပါတယ်ခင်ဗျ။ နောက်ကာလတစ်ခုအထိ သူတို့ဆက်လက်ဆောင်ရွက်ပေးမယ်ဆိုရင်တော့ ကျနော်တို့ဘက်က အများကြီး သက်သာသွားမယ်ဗျာ။”

ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြောင့် ကုန်စည်စီးဆင်းမှုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ထိခိုက်နေချိန်မှာပဲ တရုတ်နိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ်ကုန်သွယ်ရေးတွေကို ပုံမှန်ပြန်ဖြစ်အောင်လည်း မြန်မာတာဝန်ရှိသူတွေ ကြိုးပမ်းနေကြပါတယ်။

မူဆယ်နယ်စပ် မြန်မာ- တရုတ် ကုန်သွယ်မှုပမာဏဟာ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၄,၉၀၀ ကျော်ရှိပြီး ၂၀၁၉ - ၂၀၂၀ မှာတော့ သန်း ၄,၈၀၀ ကျော်ရှိတယ်လို့လည်း မြန်မာကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG