သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကူးစက္မႈျမင္႔လာတဲ႔ ဂ်ပန္ႏိုင္ငံေဒသတခ်ိဳ႕ မွာ အေရးေပၚ ေၾကညာ


ဂ်ပန္၀န္ၾကီးခ်ဳပ္ ဆူဂါ အရေးေပၚ သတင္းစာရွင္းလင္း

(Zawgyi/Unicode)

COVID-19 ကူးစက္မႈႏႈန္း တျဖည္းျဖည္းျမင့္တက္လာေနတာေၾကာင့္ ဂ်ပန္ႏိုင္ငံ တိုက်ိဳေဒသက ေနာက္ထပ္ စီရင္စုေနရာ (၇)ခုမွာ အေရးေပၚအေျခအေနအျဖစ္ ဗုဒၶဟူးေန႔ ဇန္နဝါရီလ ၁၃ ရက္ေန႔က ထပ္ၿပီး တိုးခ်ဲ႕လိုက္ပါတယ္။ ဂ်ပန္ႏိုင္ငံမွာ ေရာဂါကူးစက္မႈႏႈန္း ျပန္ၿပီးဆိုးလာေနတဲ့ အေျခအေနကို ေက်ာ္လႊားႏိုင္ဖို႔ အခုလို အေရးေပၚအေျခအေနအျဖစ္ သတ္မွတ္ ေဆာင္႐ြက္ရတာျဖစ္တယ္လို႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ Yoshihide Suga က ဗုဒၶဟူးေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

"တိုက်ိဳနဲ႔ စီရင္စု (၃) ခုအျပင္ အျခားေဒသေတြမွာ အေျခအေနေတြ ဆိုး႐ြားေနဆဲျဖစ္ပါတယ္။ လူတိုင္း စိုးရိမ္ေနၾကမယ္လို႔ က်ေနာ္ ယုံၾကည္ပါတယ္။ ဒါေပမယ့္ ခက္ခဲတဲ့အေျခအေနေတြကို ေက်ာ္လႊားႏိုင္ဖို႔ (အေရးေပၚအေျခအေနတိုးခ်ဲ႕ဖို႔) လိုအပ္ေနတယ္ဆိုတာကို နားလည္ေပးၾကပါ။"

အိုဆာကာ၊ က်ိဳတိုနဲ႔ အျခား အႀကီးအက်ယ္ ကူးစက္မႈခံေနရတဲ့ စီရင္စုေနရာေတြက အုပ္ခ်ဳပ္ေရးမႉးေတြကေန အစိုးရကို အေရးေပၚ အေျခအေနေၾကညာဖို႔ ေတာင္းဆိုခဲ့ၿပီးေနာက္ အခုလို အေရးေပၚအေျခအေနသတ္မွတ္တဲ့ ေနရာေတြကို တိုးခ်ဲ႕လိုက္တာျဖစ္ပါတယ္။ အဲဒါေၾကာင့္ ေဒသဆိုင္ရာ အုပ္ခ်ဳပ္ေရးမႉးေတြအေနနဲ႔ ေရာဂါကူးစက္မႈကို ထိန္းခ်ဳပ္ဖို႔ စီးပြားေရးဆိုင္ရာ ကန႔္သတ္ခ်က္ေတြကို ျပဌာန္းႏိုင္ဖို႔ လုပ္ပိုင္ခြင့္ပိုမို ရရွိမွာျဖစ္ပါတယ္။

အခုလို ဂ်ပန္ႏိုင္ငံမွာ အေရးေပၚ အေျခအေနကာလအတြင္း ႏိုင္ငံေပါင္း ၁၁ ႏိုင္ငံကစီးပြားေရးသမားေတြ ဝင္ထြက္ခြင့္ကို အစိုးရက ဆိုင္းငံ့ထားဖို႔ရွိတယ္လို႔ ဝန္ႀကီးခ်ဳပ္ Suga ကသတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

အခုတႀကိမ္ အေရးေပၚကာလသတ္မွတ္တဲ့ ေဒသေတြဟာ ဂ်ပန္လူဦးေရ ၅၅% ၁၂၆သန္း ကိုပဲ သက္ေရာက္တာျဖစ္ၿပီး ေဖေဖၚ၀ါရီလ ၇ ရက္အထိၾကာျမင့္မွာျဖစ္ပါတယ္။ ဂ်ပန္ႏိုင္ငံမွာ မႏွစ္ေႏြဦးေပါက္က ေရာဂါကူးစက္မႈႏႈန္းမ်ားတဲ့အခ်ိန္ ကန္႔သတ္ခ်က္က ဒီထက္မက ႀကီးမားခဲ့တာပါ။ အခုတေခါက္ကေတာ့ လူေတြကို ေနအိမ္မွာပဲ ေနၾကဖို႔ တိုက္တြန္းတဲ့အေနနဲ႕ စားေသာက္ဆိုင္ေတြ၊ ဘားေတြမွာ ကူးစက္မႈကို ထိန္းခ်ဳပ္ဖို႔ အာရံုစိုက္လုပ္ေဆာင္ေနတာျဖစ္ပါတယ္။

လက္ရွိဂ်ပန္ႏိုင္ငံမွာ ဗုဒၶဟူးေန႔ထိ ကိုဗစ္ေရာဂါကူးစက္ခံရသူေပါင္း ၃၀၀၀၀၀ ေက်ာ္ရွိေနၿပီး ေသဆံုးသူေပါင္း ၄၁၈၇ ထိရွိေနေၾကာင္း NHK သတင္းဌာနက ထုတ္ျပန္ေၾကညာထားပါတယ္။

...............................

တိုက္႐ိုက္ လင့္ခ္


(Unicode)

COVID-19 ကူးစက်မှုနှုန်း တဖြည်းဖြည်းမြင့်တက်လာနေတာကြောင့် ဂျပန်နိုင်ငံ တိုကျိုဒေသက နောက်ထပ် စီရင်စုနေရာ (၇)ခုမှာ အရေးပေါ်အခြေအနေအဖြစ် ဗုဒ္ဓဟူးနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့က ထပ်ပြီး တိုးချဲ့လိုက်ပါတယ်။ ဂျပန်နိုင်ငံမှာ ရောဂါကူးစက်မှုနှုန်း ပြန်ပြီးဆိုးလာနေတဲ့ အခြေအနေကို ကျော်လွှားနိုင်ဖို့ အခုလို အရေးပေါ်အခြေအနေအဖြစ် သတ်မှတ် ဆောင်ရွက်ရတာဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ် Yoshihide Suga က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

"တိုကျိုနဲ့ စီရင်စု (၃) ခုအပြင် အခြားဒေသတွေမှာ အခြေအနေတွေ ဆိုးရွားနေဆဲဖြစ်ပါတယ်။ လူတိုင်း စိုးရိမ်နေကြမယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဒါပေမယ့္ ခက်ခဲတဲ့အခြေအနေတွေကို ကျော်လွှားနိုင်ဖို့ (အရေးပေါ်အခြေအနေတိုးချဲ့ဖို့) လိုအပ်နေတယ်ဆိုတာကို နားလည်ပေးကြပါ။"

အိုဆာကာ၊ ကျိုတိုနဲ့ အခြား အကြီးအကျယ် ကူးစက်မှုခံနေရတဲ့ စီရင်စုနေရာတွေက အုပ်ချုပ်ရေးမှူးတွေကနေ အစိုးရကို အရေးပေါ် အခြေအနေကြေညာဖို့ တောင်းဆိုခဲ့ပြီးနောက် အခုလို အရေးပေါ်အခြေအနေသတ်မှတ်တဲ့ နေရာတွေကို တိုးချဲ့လိုက်တာဖြစ်ပါတယ်။ အဲဒါကြောင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့ စီးပွားရေးဆိုင်ရာ ကန့်သတ်ချက်တွေကို ပြဌာန်းနိုင်ဖို့ လုပ်ပိုင်ခွင့်ပိုမို ရရှိမှာဖြစ်ပါတယ်။

အခုလို ဂျပန်နိုင်ငံမှာ အရေးပေါ် အခြေအနေကာလအတွင်း နိုင်ငံပေါင်း ၁၁ နိုင်ငံကစီးပွားရေးသမားတွေ ဝင်ထွက်ခွင့်ကို အစိုးရက ဆိုင်းငံ့ထားဖို့ရှိတယ်လို့ ဝန်ကြီးချုပ် Suga ကသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အခုတကြိမ် အရေးပေါ်ကာလသတ်မှတ်တဲ့ ဒေသတွေဟာ ဂျပန်လူဦးရေ ၅၅% ၁၂၆သန်း ကိုပဲ သက်ရောက်တာဖြစ်ပြီး ဖေဖေါ်ဝါရီလ ၇ ရက်အထိကြာမြင့်မှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ မနှစ်နွေဦးပေါက်က ရောဂါကူးစက်မှုနှုန်းများတဲ့အချိန် ကန့်သတ်ချက်က ဒီထက်မက ကြီးမားခဲ့တာပါ။ အခုတခေါက်ကတော့ လူတွေကို နေအိမ်မှာပဲ နေကြဖို့ တိုက်တွန်းတဲ့အနေနဲ့ စားသောက်ဆိုင်တွေ၊ ဘားတွေမှာ ကူးစက်မှုကို ထိန်းချုပ်ဖို့ အာရုံစိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

လက်ရှိဂျပန်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့ထိ ကိုဗစ်ရောဂါကူးစက်ခံရသူပေါင်း ၃၀၀၀၀၀ ကျော်ရှိနေပြီး သေဆုံးသူပေါင်း ၄၁၈၇ ထိရှိနေကြောင်း NHK သတင်းဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG