သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလ ဂ်ပန္ေရာက္ ျမန္မာေတြ အခက္အခဲႀကီးမား


တိုက်ိဳၿမိဳ႕တေနရာ

(Zawgyi/Unicode)

ဂ်ပန္ႏိုင္ငံမွာ ႏွစ္သစ္ကူးကာလ ကိုဗစ္ကပ္ေရာဂါ တေက်ာ့ျပန္ကူးစက္မႈ ျမင့္မားလာေနတဲ့အတြက္ ၿမိဳ႕ေတာ္တိုက်ိဳနဲ႔ အနီးတဝိုက္က ခရိုင္သံုးခု ကို အေရးေပၚအေျခအေနေၾကညာဖို႔ျပင္လာေနတာေၾကာင့္ ဂ်ပန္ေရာက္ျမန္မာေတြၾကား စိုးရိမ္မႈေတြျမင့္တက္ေနပါတယ္။ ကိုဗစ္ကာလ စီးပြားေရးလုပ္ငန္းေတြနဲ႔ အလုပ္အကိုင္ေတြ ထိခုိက္ရတဲ့ ရိုက္ခတ္မႈေတြထဲ ဂ်ပန္ေရာက္ျမန္မာေတြ ရင္ဆိုင္ေနရတဲ့ အခက္အခဲ အေျခအေနေတြကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က စုစည္းတင္ျပထားပါတယ္။

ကိုဗစ္ ၁၉ ကူးစက္ျမန္ကပ္ေရာဂါ တေက်ာ့ျပန္ကူးစက္မႈေတြ ျမင့္တက္လာေနတဲ့ ဂ်ပန္ႏုိင္ငံမွာ- တိုက်ိဳၿမိဳ႕ေတာ္တခုတည္းမွာတင္ ႏွစ္သစ္ကူးအၾကိဳေန႔ တေန႔တည္း လူေပါင္းတစ္ေထာင့္သံုးရာေက်ာ္ ကူးစက္ခံလိုက္ရတဲ့ အေျခအေနေၾကာင့္ ဂ်ပန္ႏုိင္ငံရဲ႕ၿမိဳ႕ေတာ္ တိုက်ိဳနဲ႔ အနီးတဝိုက္က Saitama၊ Chiba နဲ႔ Kanagawa ေဒသသံုးခုကို အေရးေပၚအေျခအေနေၾကညာၿပီး ထိန္းခ်ဳပ္ဖို႔ျပင္ဆင္ေနတယ္လို႔ ဂ်ပန္ဝန္ၾကီးခ်ဳပ္ Yoshihide Suga က ႏိုင္ငံကိုေျပာဆိုထားပါတယ္။

အခုလိုဂ်ပန္ႏိုင္ငံရဲ႕ၿမိဳ႕ေတာ္တုိက်ဳိအပါအဝင္အနီးဝန္းက်င္က ေဒသတခ်ိဳ႕ အေရးေပၚအေျခအေနေၾကညာဖို႔ အထိျဖစ္လာရတဲ့ အေနအထားအေပၚ ဂ်ပန္ေရာက္ျမန္မာေတြ စိုးရိမ္လာေနတဲ့အေၾကာင္း ျပည္ေထာင္စုျမန္မာႏုိင္ငံမ်ားအသင္းဂ်ပန္အဖြဲ႔က ဦးသန္းေဆြက အေျခအေန ရွင္းျပပါတယ္။

"တိုက်ိဳဧရိယာအပါအဝင္ေပါ့ေလ တိုက်ိဳနဲ႔ဆက္စပ္ေနတဲ့ဧရိယာေတြမွာ ကိုဗစ္ပိုးစစ္ေဆးေတြ႔ရွိရတဲ့ႏႈန္းက နယူးရီးယားကာလမတိုင္ခင္ကတည္းက တေျဖးေျဖး တရိပ္ရိပ္တက္လာၿပီး ဒီဇင္ဘာ၃၁ရက္ေန႔မွာ တိုက်ိဳတၿမိဳ႕တည္းမွာတင္ ေထာင္ဂဏန္းေက်ာ္သြားတယ္။ ေနာက္ၿပီးေတာ့ တုိက်ိဳနဲ႔ထိဆက္ေနတဲ့ ဒီ Saitama ရယ္၊ Chiba ရယ္ Kanagawa ရယ္ တုိက်ိဳရယ္ အဲ့ေလးေနရာမွာ ကူးတဲ့လူေတြ အရမ္းမ်ားလာတဲ့အတြက္ ဒါေတြကို သူတို႔ထိန္းခ်ဳပ္ႏို္င္ဖို႔ဆိုၿပီး တိုက်ိဳၿမိဳ႕ေတာ္ဝန္ အပါအဝင္ ၿမိဳ႕ေတာ္အုပ္ခ်ဳပ္ေရးပိုင္း အာဏာပိုင္ေတြ ကေနၿပီးေတာ့ အစိုးရကိုတိုက္တြန္းေနတာ။ အခုနကေျပာတဲ့တိုက်ိဳအပါအဝင္ ေလးေနရာက စားေသာက္ဆုိင္ေတြကို ထိန္းခ်ဳပ္နိုင္ဖို႔အတြက္ အခုခ်ိန္မွာ သူတို႔ Chiba ဧရိယာရယ္ Kanagawa ဧရိယာ ၊ Saitama ဧရိယာမွာရွိေနတဲ့ ည၈နာရီအထိပဲ ဖြင့္ဖို႔ အရက္ေရာင္းတဲ့ဆိုင္ေတြဆိုရင္ ည ၇နာရီအထိပဲဖြင့္ဖို႔ တုိက်ိဳအပါအဝင္ ေနရပ္ေဒသမွာ ရွိတဲ့လူထုေတြကို ည ၈နာရီေက်ာ္ရင္ အျပင္မထြက္ဖို႔ ေမတၱာရပ္ခံတဲ့ အေရးေပၚအေျခအေနကို ထုတ္ျပန္ေၾကညာမယ္လို႔ သူတို႔ေျပာထားပါတယ္။"

အခုလို ကပ္ေရာဂါကိုဗစ္ကာလ ဂ်ပန္ႏုိင္ငံရဲ႕စီးပြားေရးလုပ္ငန္းေတြ စားေသာက္ဆိုင္ေတြ စက္ရံုေတြ ပိတ္သိမ္းရပ္နားလိုက္ရတဲ့ အေနအထားမ်ိဳးေတြရွိလာလို႔ ဂ်ပန္ေရာက္ျမန္မာေတာ္ေတာ္မ်ားမ်ား အေတာ္ေလးကို အခက္အခဲေတြနဲ ႔ရင္ဆိုင္ေနၾကရတယ္လို႔လည္း ဦးသန္းေဆြက ဆက္ေျပာျပပါတယ္။

" နိုင္ငံျခားသားအလုပ္သမားေတြအတြက္ အေျခအေနေတြက ပိုၿပီးဆိုးဝါးလာမယ့္ အလားအလာ အေျခအေနမွာရွိေနပါတယ္။ အထူးသျဖင့္ ဂ်ပန္ႏုိင္ငံတိုက်ိဳၿမိဳ႕ေတာ္ရဲ႕ စားေသာက္ဆုိင္ ၂၀%ေလာက္ ပိတ္သိမ္းရတဲ့ အေျခအေနျဖစ္လာတယ္။ ျမန္မာေတြ လုပ္ေနကိုင္ေနတဲ့စားေသာက္ဆိုင္ေတြက ၈နာရီထိုး ပိတ္သိမ္းရေတာ့မယ္ အေနအထားရွိလာလို႔ရွိရင္ အဲ့ဒီ့ဆုိင္မွာ လုပ္ေနတဲ့ ျမန္မာအပါအဝင္ ႏုိင္ငံျခားသား အလုပ္သမားေတြအေနနဲ႔ အစိုးရအေနနဲ႔ ဒီလိုအေနအထားေတြကို ထည့္သြင္းစဥ္းစားၿပီး ေထာက္ပံ့မႈ မေပးႏိုင္ဘူးဆိုရင္ေတာ့ ႏုိင္ငံျခားသားလုပ္သားေတြရဲ႕ စားဝတ္ေနေရး အလုပ္အကိုင္အခက္ခဲက ပိုၾကီးမားလာမယ္လို႔ ခန္႔မွန္းရပါတယ္။ ဒီမွာရွိေနၾကတဲ့ ျမန္မာႏုိင္ငံသားအခ်င္းခ်င္းကေတာ့ အျပန္အလွန္ေပါ့ေလ ရရွိတဲ့ သတင္း အခ်က္အလက္ေတြကိုေပးပို႔ၿပီးေတာ့ အထူးသျဖင့္ ဂ်ပန္အစိုးရ ကေနၿပီးေတာ့ ကိုဗစ္၁၉နဲ႔ပတ္သက္ၿပီး ေၾကညာတဲ့သတင္းေတြကို ဘာသာျပန္ၿပီးေတာ့ သတင္း အခ်က္အလက္ေတြကို တတ္နိုင္သေလာက္ မွ်ေဝေပးေနၾကပါတယ္။"

ကပ္ေရာဂါကာလ ဂ်ပန္မွာ စီးပြားေရးအေျခအေနဆိုးလာလို႔ စားဝတ္ေနေရးနဲ႔ ေနထိုင္ဖို႔ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနၾကရတဲ့ျမန္မာတခ်ိဳ႕ ျမန္မာႏိုင္ငံကို ျပန္ဖို႔ ဂ်ပန္ႏိုင္ငံဆိုင္ရာ ျမန္မာသံရံုးကို ေတာ္ေတာ္မ်ားမ်ား ဆက္သြယ္ေနၾကတဲ့အေၾကာင္း ဂ်ပန္ေရာက္တုိင္းရင္းသားေတြ စုဖြဲ႔ထားတဲ့ ညီညြတ္ေသာ တုိင္းရင္းသားမ်ား အဖြဲ႔အစည္း (ဂ်ပန္) ရဲ႕ ဥကၠ႒ ဦးမိုင္ေက်ာ္ဦးကေျပာျပပါတယ္။

" အမ်ားၾကီးထိခုိက္မႈရွိတာေပါ့ အဓိက ဒီတိုက်ိဳဧရိယာမွာဆိုရင္ ျမန္မာအမ်ားစုက စားေသာက္ဆိုင္တို႔ကို မွီခိုတဲ့လုပ္သားေတြ အင္မတန္မ်ားတယ္။ အားလံုး အလုပ္ေတြက အခ်ိန္ေတြ ေလွ်ာ့တယ္ ျပဳတ္တယ္ က်ေနာ္ဆိုရင္လည္း မႏွစ္တႏွစ္လံုး က်ေနာ္တို႔ အလုပ္လုပ္ရတဲ့အခ်ိန္က ရာခိုင္ႏႈန္း ၅၀%ပဲရွိတယ္ လာမယ့္ႏွစ္ဆို ဒီ့ထက္ပိုေလ်ာ့ဖို႔ရွိတယ္။ ဒီေထာက္ပံ့ေၾကးကလည္း ဒုတိယအၾကိမ္ေပးဖို႔ အရင္လို ဆယ္ေသာင္းေပးဖို႔ျဖစ္ႏုိင္ေျခေတာ့ နည္းတယ္ေပါ့ေနာ္။ က်ေနာ္သိသေလာက္ေတာ့ ျမန္မာေတာ္ေတာ္မ်ားမ်ား အလုပ္ေတြ အဆင္မေျပလို႔ ျပန္စျပဳလာၾကတာ မ်ားလာတယ္။ သံရံုးမွာ ျပန္ခ်င္လို႔စာရင္းေပးတဲ့သူေတြလည္း အမ်ားၾကီးပဲေလ။ ျမန္မာႏုိင္ငံက သူေတြျပန္ခ်င္ေတာ့ သံရံုးကိုအေၾကာင္းၾကားၾကတယ္။ သံရံုးကေနၿပီးေတာ့မွ အစီအစဥ္ေတြဆြဲၿပီးေတာ့ ဦးစားေပး ၁- ဦးစားေပး ၂ ဆိုၿပီး မျဖစ္မေနျပန္ရမယ့္သူ က်န္းမာေရးအရ ေနာက္ အလုပ္အကိုင္အခက္အခဲ ေက်ာင္းသား ဘယ္လိုမွ ေနလို႔မရေတာ့မယ့္သူေတြ ဦးစားေပးစဥ္းစားၿပီးေတာ့ ကယ္ဆယ္ေရး ေလယာဥ္လိုင္းေတြနဲ႔ခ်ိတ္ၿပီး ျပန္ပို႔ေနတာရွိလာပါတယ္။"

အေမရိကန္ျပည္ေထာင္စု ေဆးတကၠသိုလ္Johns Hopkins ရဲ႕ ၂၀၂၁ခုႏွစ္ ဇန္နဝါရီလ ၄ရက္ေန႔ ေနာက္ဆံုး ထုတ္ျပန္ခ်က္ စာရင္းအရ ဂ်ပန္တနုိင္ငံလံုး အတုိင္းအတာနဲ႔ ကိုဗစ္၁၉ ကူးစက္ျမန္ကပ္ေရာဂါ ကူးစက္မႈေပါင္း ႏွစ္သိန္းေလးေသာင္းေျခာက့္ေထာင့္ေျခာက္ရာေက်ာ္ရွိသြားၿပီျဖစ္ၿပီး ကိုဗစ္ေၾကာင့္ ေသဆံုးသူက သံုးေထာင္ေျခာက္ရာေက်ာ္အထိ ရွိေနၿပီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

ကိုဗစ်ကာလ ဂျပန်ရောက် မြန်မာတွေ အခက်အခဲကြီးမား
(Unicode)

ဂျပန်နိုင်ငံမှာ နှစ်သစ်ကူးကာလ ကိုဗစ်ကပ်ရောဂါ တကျော့ပြန်ကူးစက်မှု မြင့်မားလာနေတဲ့အတွက် မြို့တော်တိုကျိုနဲ့ အနီးတဝိုက်က ခရိုင်သုံးခု ကို အရေးပေါ်အခြေအနေကြေညာဖို့ပြင်လာနေတာကြောင့် ဂျပန်ရောက်မြန်မာတွေကြား စိုးရိမ်မှုတွေမြင့်တက်နေပါတယ်။ ကိုဗစ်ကာလ စီးပွားရေးလုပ်ငန်းတွေနဲ့ အလုပ်အကိုင်တွေ ထိခိုက်ရတဲ့ ရိုက်ခတ်မှုတွေထဲ ဂျပန်ရောက်မြန်မာတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲ အခြေအနေတွေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က စုစည်းတင်ပြထားပါတယ်။

ကိုဗစ် ၁၉ ကူးစက်မြန်ကပ်ရောဂါ တကျော့ပြန်ကူးစက်မှုတွေ မြင့်တက်လာနေတဲ့ ဂျပန်နိုင်ငံမှာ- တိုကျိုမြို့တော်တခုတည်းမှာတင် နှစ်သစ်ကူးအကြိုနေ့ တနေ့တည်း လူပေါင်းတစ်ထောင့်သုံးရာကျော် ကူးစက်ခံလိုက်ရတဲ့ အခြေအနေကြောင့် ဂျပန်နိုင်ငံရဲ့မြို့တော် တိုကျိုနဲ့ အနီးတဝိုက်က Saitama၊ Chiba နဲ့ Kanagawa ဒေသသုံးခုကို အရေးပေါ်အခြေအနေကြေညာပြီး ထိန်းချုပ်ဖို့ပြင်ဆင်နေတယ်လို့ ဂျပန်ဝန်ကြီးချုပ် Yoshihide Suga က နိုင်ငံကိုပြောဆိုထားပါတယ်။

အခုလိုဂျပန်နိုင်ငံရဲ့မြို့တော်တိုကျိုအပါအဝင်အနီးဝန်းကျင်က ဒေသတချို့ အရေးပေါ်အခြေအနေကြေညာဖို့ အထိဖြစ်လာရတဲ့ အနေအထားအပေါ် ဂျပန်ရောက်မြန်မာတွေ စိုးရိမ်လာနေတဲ့အကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံများအသင်းဂျပန်အဖွဲ့က ဦးသန်းဆွေက အခြေအနေ ရှင်းပြပါတယ်။

"တိုကျိုဧရိယာအပါအဝင်ပေါ့လေ တိုကျိုနဲ့ဆက်စပ်နေတဲ့ဧရိယာတွေမှာ ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိရတဲ့နှုန်းက နယူးရီးယားကာလမတိုင်ခင်ကတည်းက တဖြေးဖြေး တရိပ်ရိပ်တက်လာပြီး ဒီဇင်ဘာ၃၁ရက်နေ့မှာ တိုကျိုတမြို့တည်းမှာတင် ထောင်ဂဏန်းကျော်သွားတယ်။ နောက်ပြီးတော့ တိုကျိုနဲ့ထိဆက်နေတဲ့ ဒီ Saitama ရယ်၊ Chiba ရယ် Kanagawa ရယ် တိုကျိုရယ် အဲ့လေးနေရာမှာ ကူးတဲ့လူတွေ အရမ်းများလာတဲ့အတွက် ဒါတွေကို သူတို့ထိန်းချုပ်နိုင်ဖို့ဆိုပြီး တိုကျိုမြို့တော်ဝန် အပါအဝင် မြို့တော်အုပ်ချုပ်ရေးပိုင်း အာဏာပိုင်တွေ ကနေပြီးတော့ အစိုးရကိုတိုက်တွန်းနေတာ။ အခုနကပြောတဲ့တိုကျိုအပါအဝင် လေးနေရာက စားသောက်ဆိုင်တွေကို ထိန်းချုပ်နိုင်ဖို့အတွက် အခုချိန်မှာ သူတို့ Chiba ဧရိယာရယ် Kanagawa ဧရိယာ ၊ Saitama ဧရိယာမှာရှိနေတဲ့ ည၈နာရီအထိပဲ ဖွင့်ဖို့ အရက်ရောင်းတဲ့ဆိုင်တွေဆိုရင် ည ၇နာရီအထိပဲဖွင့်ဖို့ တိုကျိုအပါအဝင် နေရပ်ဒေသမှာ ရှိတဲ့လူထုတွေကို ည ၈နာရီကျော်ရင် အပြင်မထွက်ဖို့ မေတ္တာရပ်ခံတဲ့ အရေးပေါ်အခြေအနေကို ထုတ်ပြန်ကြေညာမယ်လို့ သူတို့ပြောထားပါတယ်။"

အခုလို ကပ်ရောဂါကိုဗစ်ကာလ ဂျပန်နိုင်ငံရဲ့စီးပွားရေးလုပ်ငန်းတွေ စားသောက်ဆိုင်တွေ စက်ရုံတွေ ပိတ်သိမ်းရပ်နားလိုက်ရတဲ့ အနေအထားမျိုးတွေရှိလာလို့ ဂျပန်ရောက်မြန်မာတော်တော်များများ အတော်လေးကို အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့လည်း ဦးသန်းဆွေက ဆက်ပြောပြပါတယ်။

" နိုင်ငံခြားသားအလုပ်သမားတွေအတွက် အခြေအနေတွေက ပိုပြီးဆိုးဝါးလာမယ့် အလားအလာ အခြေအနေမှာရှိနေပါတယ်။ အထူးသဖြင့် ဂျပန်နိုင်ငံတိုကျိုမြို့တော်ရဲ့ စားသောက်ဆိုင် ၂၀%လောက် ပိတ်သိမ်းရတဲ့ အခြေအနေဖြစ်လာတယ်။ မြန်မာတွေ လုပ်နေကိုင်နေတဲ့စားသောက်ဆိုင်တွေက ၈နာရီထိုး ပိတ်သိမ်းရတော့မယ် အနေအထားရှိလာလို့ရှိရင် အဲ့ဒီ့ဆိုင်မှာ လုပ်နေတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေအနေနဲ့ အစိုးရအနေနဲ့ ဒီလိုအနေအထားတွေကို ထည့်သွင်းစဉ်းစားပြီး ထောက်ပံ့မှု မပေးနိုင်ဘူးဆိုရင်တော့ နိုင်ငံခြားသားလုပ်သားတွေရဲ့ စားဝတ်နေရေး အလုပ်အကိုင်အခက်ခဲက ပိုကြီးမားလာမယ်လို့ ခန့်မှန်းရပါတယ်။ ဒီမှာရှိနေကြတဲ့ မြန်မာနိုင်ငံသားအချင်းချင်းကတော့ အပြန်အလှန်ပေါ့လေ ရရှိတဲ့ သတင်း အချက်အလက်တွေကိုပေးပို့ပြီးတော့ အထူးသဖြင့် ဂျပန်အစိုးရ ကနေပြီးတော့ ကိုဗစ်၁၉နဲ့ပတ်သက်ပြီး ကြေညာတဲ့သတင်းတွေကို ဘာသာပြန်ပြီးတော့ သတင်း အချက်အလက်တွေကို တတ်နိုင်သလောက် မျှဝေပေးနေကြပါတယ်။"

ကပ်ရောဂါကာလ ဂျပန်မှာ စီးပွားရေးအခြေအနေဆိုးလာလို့ စားဝတ်နေရေးနဲ့ နေထိုင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတဲ့မြန်မာတချို့ မြန်မာနိုင်ငံကို ပြန်ဖို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကို တော်တော်များများ ဆက်သွယ်နေကြတဲ့အကြောင်း ဂျပန်ရောက်တိုင်းရင်းသားတွေ စုဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း (ဂျပန်) ရဲ့ ဥက္ကဋ္ဌ ဦးမိုင်ကျော်ဦးကပြောပြပါတယ်။

" အများကြီးထိခိုက်မှုရှိတာပေါ့ အဓိက ဒီတိုကျိုဧရိယာမှာဆိုရင် မြန်မာအများစုက စားသောက်ဆိုင်တို့ကို မှီခိုတဲ့လုပ်သားတွေ အင်မတန်များတယ်။ အားလုံး အလုပ်တွေက အချိန်တွေ လျှော့တယ် ပြုတ်တယ် ကျနော်ဆိုရင်လည်း မနှစ်တနှစ်လုံး ကျနော်တို့ အလုပ်လုပ်ရတဲ့အချိန်က ရာခိုင်နှုန်း ၅၀%ပဲရှိတယ် လာမယ့်နှစ်ဆို ဒီ့ထက်ပိုလျော့ဖို့ရှိတယ်။ ဒီထောက်ပံ့ကြေးကလည်း ဒုတိယအကြိမ်ပေးဖို့ အရင်လို ဆယ်သောင်းပေးဖို့ဖြစ်နိုင်ခြေတော့ နည်းတယ်ပေါ့နော်။ ကျနော်သိသလောက်တော့ မြန်မာတော်တော်များများ အလုပ်တွေ အဆင်မပြေလို့ ပြန်စပြုလာကြတာ များလာတယ်။ သံရုံးမှာ ပြန်ချင်လို့စာရင်းပေးတဲ့သူတွေလည်း အများကြီးပဲလေ။ မြန်မာနိုင်ငံက သူတွေပြန်ချင်တော့ သံရုံးကိုအကြောင်းကြားကြတယ်။ သံရုံးကနေပြီးတော့မှ အစီအစဉ်တွေဆွဲပြီးတော့ ဦးစားပေး ၁- ဦးစားပေး ၂ ဆိုပြီး မဖြစ်မနေပြန်ရမယ့်သူ ကျန်းမာရေးအရ နောက် အလုပ်အကိုင်အခက်အခဲ ကျောင်းသား ဘယ်လိုမှ နေလို့မရတော့မယ့်သူတွေ ဦးစားပေးစဉ်းစားပြီးတော့ ကယ်ဆယ်ရေး လေယာဉ်လိုင်းတွေနဲ့ချိတ်ပြီး ပြန်ပို့နေတာရှိလာပါတယ်။"

အမေရိကန်ပြည်ထောင်စု ဆေးတက္ကသိုလ်Johns Hopkins ရဲ့ ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့ နောက်ဆုံး ထုတ်ပြန်ချက် စာရင်းအရ ဂျပန်တနိုင်ငံလုံး အတိုင်းအတာနဲ့ ကိုဗစ်၁၉ ကူးစက်မြန်ကပ်ရောဂါ ကူးစက်မှုပေါင်း နှစ်သိန်းလေးသောင်းခြောက့်ထောင့်ခြောက်ရာကျော်ရှိသွားပြီဖြစ်ပြီး ကိုဗစ်ကြောင့် သေဆုံးသူက သုံးထောင်ခြောက်ရာကျော်အထိ ရှိနေပြီဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG