(Zawgyi / Unicode)
ျမန္မာႏုိင္ငံမွာ ဒီေန႔ COVID-19 ေရာဂါ ေနာက္ထပ္ကူးစက္ခံရသူ ၇၂၉ ေယာက္ရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီေန႔ည ၈ နာရီမွာ ထုတ္ျပန္လိုက္ပါတယ္။ ဒါေၾကာင့္ စုစုေပါင္း ဗုိင္းရပ္စ္ကူးစက္သူ အေရအတြက္ဟာ ၁၂၆,၃၄၅ ေယာက္ ရွိသြားၿပီျဖစ္တယ္လို႔ ေျပာပါတယ္။
လြန္ခဲ့ဲတဲ့ ၂၄ နာရီအတြင္း ဓာတ္ခဲြနမူနာ ၁၇,၀၀၀ ေက်ာ္ကို စစ္ေဆးခဲ့တာမွာ အဲဒီလိုေတြ႔ရွိခဲ့တာျဖစ္ၿပီး အခုခ်ိန္ထိ ဓာတ္ခဲြနမူနာ စုစုေပါင္း ၁.၈ သန္းေက်ာ္ စစ္ေဆးၿပီးသြားၿပီ ျဖစ္ပါတယ္။
ဒီေန႔မွာ ဓာတ္ခဲြနမူနာေတြကို စမ္းသပ္စစ္ေဆးတဲ့ ေရာဂါပိုးေတြ႔ရွိႏႈန္းက ၄.၁ ရာခုိင္ႏႈန္းျဖစ္တာေၾကာင့္ ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၂၅ ရက္ေန႔ကစၿပီး ပိုးေတြ႔ရွိမႈႏႈန္း ပမာဏက အမ်ားဆုံးျဖစ္တယ္လို႔ ေျပာရမွာျဖစ္ပါတယ္။
ဒီေန႔မွာ ေနာက္ထပ္ေသဆုံးသူ ၁၇ ေယာက္ရွိတာေၾကာင့္ ေသဆုံးသူ စုစုေပါင္းက ၂,၇၂၈ ေယာက္ ရွိသြားၿပီျဖစ္ပါတယ္။ အဲဒီ ေသဆုံးသူေတြထဲက ၁၆ ေယာက္ကေတာ့ နဂိုေရာဂါအခံရွိသူေတြ ျဖစ္တယ္လို႔ ေျပာပါတယ္။
ဒါ့အျပင္ ဒီေန႔မွာ ေနာက္ထပ္ ေဆး႐ုံက ဆင္းခြင့္ရတဲ့သူ ၈၈၈ ေယာက္ရွိတာေၾကာင့္ ေရာဂါသက္သာေပ်ာက္ကင္းၿပီး ေဆး႐ုံက ဆင္းခြင့္ရသူ ဦးေရဟာလည္း ၁၀၉,၅၄၈ ေယာက္ရွိသြားၿပီျဖစ္တယ္လို႔ ေျပာပါတယ္။
ဗုိင္းရပ္စ္ကူးစက္မႈေတြကို ထိန္းခ်ဳပ္ႏုိင္ဖို႔အတြက္ ျပည္သူေတြအေနနဲ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက တႏုိင္ငံလုံး အတုိင္းအတာနဲ႔ လုပ္ေဆာင္ေနတဲ့ ႏွာေခါင္းစည္းေတြ မျဖစ္မေနတပ္ဖို႔ လူထုလႈပ္ရွားမႈ စီမံခ်က္ကို ပါဝင္ၾကဖို႔ကိုလည္း တုိက္တြန္းထားပါတယ္။
-------------------------
(Unicode)
မြန်မာကိုဗစ် ဓာတ်ခွဲအတည်ပြု စုစုပေါင်း ၁၂၆,၃၄၅ ဦး၊ သေဆုံး ၂,၇၂၈ ဦး
မြန်မာနိုင်ငံမှာ ဒီနေ့ COVID-19 ရောဂါ နောက်ထပ်ကူးစက်ခံရသူ ၇၂၉ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီမှာ ထုတ်ပြန်လိုက်ပါတယ်။ ဒါကြောင့် စုစုပေါင်း ဗိုင်းရပ်စ်ကူးစက်သူ အရေအတွက်ဟာ ၁၂၆,၃၄၅ ယောက် ရှိသွားပြီဖြစ်တယ်လို့ ပြောပါတယ်။
လွန်ခဲ့ဲတဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၇,၀၀၀ ကျော်ကို စစ်ဆေးခဲ့တာမှာ အဲဒီလိုတွေ့ရှိခဲ့တာဖြစ်ပြီး အခုချိန်ထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁.၈ သန်းကျော် စစ်ဆေးပြီးသွားပြီ ဖြစ်ပါတယ်။
ဒီနေ့မှာ ဓာတ်ခွဲနမူနာတွေကို စမ်းသပ်စစ်ဆေးတဲ့ ရောဂါပိုးတွေ့ရှိနှုန်းက ၄.၁ ရာခိုင်နှုန်းဖြစ်တာကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ကစပြီး ပိုးတွေ့ရှိမှုနှုန်း ပမာဏက အများဆုံးဖြစ်တယ်လို့ ပြောရမှာဖြစ်ပါတယ်။
ဒီနေ့မှာ နောက်ထပ်သေဆုံးသူ ၁၇ ယောက်ရှိတာကြောင့် သေဆုံးသူ စုစုပေါင်းက ၂,၇၂၈ ယောက် ရှိသွားပြီဖြစ်ပါတယ်။ အဲဒီ သေဆုံးသူတွေထဲက ၁၆ ယောက်ကတော့ နဂိုရောဂါအခံရှိသူတွေ ဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဒီနေ့မှာ နောက်ထပ် ဆေးရုံက ဆင်းခွင့်ရတဲ့သူ ၈၈၈ ယောက်ရှိတာကြောင့် ရောဂါသက်သာပျောက်ကင်းပြီး ဆေးရုံက ဆင်းခွင့်ရသူ ဦးရေဟာလည်း ၁၀၉,၅၄၈ ယောက်ရှိသွားပြီဖြစ်တယ်လို့ ပြောပါတယ်။
ဗိုင်းရပ်စ်ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဆောင်နေတဲ့ နှာခေါင်းစည်းတွေ မဖြစ်မနေတပ်ဖို့ လူထုလှုပ်ရှားမှု စီမံချက်ကို ပါဝင်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။