သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print

တ႐ုတ္ထုတ္ ကိုဗစ္ကာကြယ္ေဆး ၂၀၂၁ ႏွစ္ဆန္းမွာရဖို႔ ျမန္မာအစိုးရစီစဥ္ေန


ကိုဗစ္ကာကြယ္ေဆး ထုတ္လုပ္တဲ့ စက္ရံုကို ျမန္မာသံရံုးက သြားေရာက္ စစ္ေဆးၾကည့္ရႈတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ျမန္မာသံရံုး - ဒီဇင္ဘာ ၃၁၊ ၂၀၂၀)

[Zawgyi/Unicode]

တ႐ုတ္ႏိုင္ငံမွာ တရား၀င္အတည္ျပဳ သုံးစဲြခြင့္ျပဳလုိက္တဲ့ ကိုဗစ္ေရာဂါ ကာကြယ္ေဆးကုိ ျမန္မာႏုိင္ငံက ၀ယ္ယူဖို႔ ျမန္မာအစိုးရ တာ၀န္ရွိသူေတြ စီစဥ္ေနၿပီး အေစာဆုံး ေရွ႕ႏွစ္ဆန္းမွာ ရလိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပေပးမွာပါ။

တ႐ုတ္ႏိုင္ငံထုတ္ ကိုဗစ္ကာကြယ္ေဆးဝယ္ယူဖို႔ ျမန္မာတာ၀န္ရွိသူေတြနဲ႔ တ႐ုတ္ႏုိင္ငံက ေဆးထုတ္လုပ္တဲ့ကုမၸဏီတို႔ ေဆြးေႏြးေနၿပီး ဇန္န၀ါရီလဆန္းပိုင္းမွာ ရလိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေၾကာင္းလည္း တ႐ုတ္ႏုိင္ငံေပက်င္းၿမိဳ႕ေတာ္၊ ျမန္မာသံ႐ုံးက ေျပာလိုက္ပါတယ္။ တ႐ုတ္ႏုိင္ငံထုတ္ ကုိဗစ္ေရာဂါ ကာကြယ္ေဆးကုိ ဝယ္ယူဖို႔ စီစဥ္ေနသလို အကူအညီအျဖစ္ ရရွိဖို႔လည္း ေဆာင္႐ြက္ေနေၾကာင္း သံမႉးႀကီး ဦးဟန္ဝင္းေအာင္က ဗြီအိုေအကို ေျပာပါတယ္။

“သူတို႔ကေတာ့ ကုမၸဏီေတြကေတာ့ သူတို႔အစိုးရရဲ႕ ခြင့္ျပဳခ်က္ ရရင္ေတာ့ ေရာင္းခ်ေပးမယ့္ အေနအထားေပါ့။ ေထာက္ပံ့ေပးတာလည္း တပိုင္းပါဗ်၊ ေထာက္ပံ့ေပးတာက ႏိုင္ငံေတာ္ေကာင္စီ ေအာက္မွာရွိတဲ့ ေအဂ်င္စီတခုကေန ကိုင္ထားပါတယ္။ ဒါလည္း အရင္တုန္းကလည္း တ႐ုတ္ေခါင္းေဆာင္ေတြ ေျပာၾကားထားတာ ရွိပါတယ္။ အေရွ႕ေတာင္အာရွ ႏိုင္ငံေတြ အိမ္နီးခ်င္းႏိုင္ငံေတြကို (ကာကြယ္ေဆး) ထြက္လာရင္ အေစာဆုံး ေထာက္ပံ့ေပးဖို႔ ဆိုတဲ့ဟာလည္း သူတို႔ေျပာၾကားထားတာရွိေတာ့ ဒါလည္းရႏိုင္ပါတယ္။ အကုန္အမ်ားႀကီးလည္း သူတို႔ ေထာက္ပံ့ခ်င္မွ ေထာက္ပံ့ႏိုင္မွာေပါ့ေနာ္။ အဓိကေတာ့ ေထာက္ပံ့ေပးရင္လည္း ျမန္မာႏိုင္ငံ အေစာဆုံးရဖို႔အတြက္ စၿပီးေတာ့ ဝယ္ယူခြင့္ ရၿပီဆိုရင္လည္း ျမန္မာႏိုင္ငံ အေစာဆုံးရဖို႔အတြက္ က်ေနာ္တို႔ ညႇိႏႈိင္း ေဆာင္႐ြက္ေနတာ ရွိပါတယ္။”

ကမာၻအ၀န္း ကုိဗစ္ကပ္ေရာဂါႀကံဳေနရတာေၾကာင့္ ကာကြယ္ေဆးရဖုိ႔ ႀကိဳးစားေနၾကခ်ိန္မွာ ျမန္မာႏိုင္ငံကလည္း ကာကြယ္ေဆးရဖုိ႔ COVAX နဲ႔ UNICEF တို႔လုိ ႏုိင္ငံတကာ အဖဲြ႔အစည္းေတြ အကူအညီနဲ႔ လူဦးေရ သန္း ၂၀ စာ ကာကြယ္ေဆးဝယ္ဖို႔ စီစဥ္ေနပါတယ္။ ကာကြယ္ေဆး ထုတ္လုပ္မယ့္ အိမ္နီးခ်င္း အိႏိၵယႏုိင္ငံကုိလည္း မၾကာေသးခင္ကပဲ ျမန္မာကုိယ္စားလွယ္ေတြ သြားေရာက္ခဲ့ၿပီး အိႏၵိယႏုိင္ငံထုတ္ ကုိဗစ္ကာကြယ္ေဆး ထုိးေဆး အလုံးေရ ၁၅ သန္းဝယ္ဖို႔လည္း လက္မွတ္ထိုးထားပါတယ္။

ျမန္မာတာ၀န္ရွိသူေတြကေတာ့ ကမာၻ႔က်န္းမာေရးအဖဲြ႔ WHO ကေထာက္ခံခ်က္ရတဲ့ ကာကြယ္ေဆး၊ ဒါမွမဟုတ္ရင္လည္း သက္ဆိုင္ရာႏိုင္ငံက အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဌာန FDA အသိအမွတ္ျပဳ ကာကြယ္ေဆး၊ ဒါမွမဟုတ္ အေရးေပၚ အသုံးျပဳခြင့္ရထားတဲ့ေဆး အမ်ဳိးအစားေတြကုိ ၀ယ္ယူဖုိ႔ ဆုံးျဖတ္ထားတာပါ။

တ႐ုတ္ႏုိင္ငံထုတ္ Sinopharm ကာကြယ္ေဆးဟာလည္း တရား၀င္ ခြင့္ျပဳခ်က္ရၿပီးျဖစ္တာေၾကာင့္ ျမန္မာႏုိင္ငံက ၀ယ္ယူဖုိ႔ စီစဥ္ေနတာလုိ႔ ျမန္မာႏုိင္ငံ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန ျပည္သူ႔က်န္းမာေရး ဦးစီးဌာန၊ ကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက ဗြီအိုေအကို ေျပာပါတယ္။

“ဒီဇင္ဘာ ၃၀ ရက္မွာ China Sinopharm ကို တ႐ုတ္ကေန အသုံးျပဳဖို႔အတြက္ ေထာက္ခံခ်က္ ေပးလိုက္ၿပီဆိုၿပီဆိုၿပီး က်မတို႔ရဲ႕ vaccine tracker ေပါ့ေနာ္... ကာကြယ္ေဆးနဲ႔ ပတ္သက္တဲ့ tracker ကေနၿပီးေတာ့ သိရပါတယ္။ ဒါဆို ဒီဇင္ဘာ ၃၀ ရက္မွာ approve ေပးလိုက္တာ China Sinopharm ရယ္၊ UK ကေနၿပီးေတာ့ Oxford Vaccine AstraZeneca ကို အေရးေပၚအသုံးျပဳခြင့္ ေပးလိုက္တာ တရက္တည္း ျဖစ္ပါတယ္။ ဒါအေျခအေနေကာင္း တခုကို မၾကာမီရရွိမယ္လို႔ ေမွ်ာ္လင့္လို႔ရပါတယ္။ သက္ဆိုင္ရာလူႀကီးေတြ တာဝန္ရွိပုဂၢိဳလ္ေတြ အေနနဲ႔ ေဆာင္႐ြက္ေနဆဲျဖစ္ပါတယ္။ အတိအက် သိရရင္ေတာ့ သတင္းထုတ္ျပန္ေပးမွာ ျဖစ္ပါတယ္။”

တ႐ုတ္ႏိုင္ငံထုတ္ ကိုဗစ္ကာကြယ္ေဆးကို ျမန္မာက အေရအတြက္ ဘယ္ေလာက္ ဝယ္မယ္ဆိုတာေတာ့ မသိရေသးပါဘူး။ လက္ရွိမွာ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ခြင့္ျပဳၿပီး ကာကြယ္ေဆးမရွိေသးေပမဲ့ ႏိုင္ငံအလိုက္ အေရးေပၚသုံးစြဲခြင့္ရထားတဲ့ ေဆးေတြကို တခ်ိဳ႕ႏိုင္ငံေတြမွာ စတင္ထိုးေပးေနပါၿပီ။ ၂၀၂၁ ပထမသုံးလပတ္ထဲမွာ က်န္းမာေရးဝန္ထမ္းေတြကို ဦးစားေပးအေနနဲ႔ ကာကြယ္ေဆးထိုးေပးမယ္လို႔ ျမန္မာအစိုးရက သတင္းထုတ္ျပန္ထားပါတယ္။ အေမရိကန္၊ တ႐ုတ္၊ ယူေက၊ ႐ုရွား၊ အိႏၵိယ ဒီႏိုင္ငံေတြနဲ႔ သံတမန္အရ ဆက္သြယ္ၿပီး ကာကြယ္ေဆးရဖို႔ စီစဥ္သြားမယ္ဆိုၿပီး မၾကာေသးခင္ကလုပ္တဲ့ ျမန္မာႏုိင္ငံ က်န္းမာေရး ဝန္ႀကီးဌာနရဲ႕ ကာကြယ္ေဆးထိုး စီမံခ်က္အစည္းအေဝးမွာ ေျပာၾကားထားပါတယ္။

တ႐ုတ္အစုိးရက တရား၀င္သုံးစဲြခြင့္ျပဳလုိက္တဲ့ Sinopharm ကုိဗစ္ေရာဂါကာကြယ္ေဆးကုိေတာ့ တ႐ုတ္ႏုိင္ငံသားအားလုံးကုိ အခမဲ့ ထုိးေပးမွာျဖစ္ေၾကာင္း ဒီကေန႔ပဲ တ႐ုတ္အာဏာပုိင္ေတြက ေၾကညာထားပါတယ္။ တ႐ုတ္အစုိးရပုိင္ Sinopharm ေဆးကုမၸဏီကေတာ့ သူတုိ႔စမ္းသပ္ထုတ္လုပ္ထားတဲ့ ကာကြယ္ေဆးဟာ ၇၉ ရာခုိင္ႏႈန္းေက်ာ္ ထိေရာက္မႈရွိေၾကာင္း ေျပာဆုိထားပါတယ္။ အေနာက္ႏုိင္ငံေတြက ထုတ္လုပ္တဲ့ ကာကြယ္ေဆးေတြထဲက Moderna ေဆးကေတာ့ ထိေရာက္မႈ ၉၄ ရာခုိင္ႏႈန္းနဲ႔ Pfizer/BioNTech ကထုတ္လုပ္တဲ့ ေဆးက ၉၅ ရာခုိင္ႏႈန္း ထိေရာက္မႈ ရွိတယ္လုိ႔လည္း သက္ဆုိင္ရာ ေဆးကုမၸဏီေတြက သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး ၂၀၂၁ နှစ်ဆန်းမှာရဖို့ မြန်မာအစိုးရစီစဉ်နေ

တရုတ်နိုင်ငံမှာ တရားဝင်အတည်ပြု သုံးစွဲခွင့်ပြုလိုက်တဲ့ ကိုဗစ်ရောဂါ ကာကွယ်ဆေးကို မြန်မာနိုင်ငံက ဝယ်ယူဖို့ မြန်မာအစိုးရ တာဝန်ရှိသူတွေ စီစဉ်နေပြီး အစောဆုံး ရှေ့နှစ်ဆန်းမှာ ရလိမ့်မယ်လို့ မျှော်လင့်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာပါ။

တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးဝယ်ယူဖို့ မြန်မာတာဝန်ရှိသူတွေနဲ့ တရုတ်နိုင်ငံက ဆေးထုတ်လုပ်တဲ့ကုမ္ပဏီတို့ ဆွေးနွေးနေပြီး ဇန်နဝါရီလဆန်းပိုင်းမှာ ရလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း တရုတ်နိုင်ငံပေကျင်းမြို့တော်၊ မြန်မာသံရုံးက ပြောလိုက်ပါတယ်။ တရုတ်နိုင်ငံထုတ် ကိုဗစ်ရောဂါ ကာကွယ်ဆေးကို ဝယ်ယူဖို့ စီစဉ်နေသလို အကူအညီအဖြစ် ရရှိဖို့လည်း ဆောင်ရွက်နေကြောင်း သံမှူးကြီး ဦးဟန်ဝင်းအောင်က ဗွီအိုအေကို ပြောပါတယ်။

“သူတို့ကတော့ ကုမ္ပဏီတွေကတော့ သူတို့အစိုးရရဲ့ ခွင့်ပြုချက် ရရင်တော့ ရောင်းချပေးမယ့် အနေအထားပေါ့၊ ထောက်ပံ့ပေးတာလည်း တပိုင်းပါဗျ၊ ထောက်ပံ့ပေးတာက နိုင်ငံတော်ကောင်စီ အောက်မှာရှိတဲ့ အေဂျင်စီတခုကနေ ကိုင်ထားပါတယ်။ ဒါလည်း အရင်တုန်းကလည်း တရုတ်ခေါင်းဆောင်တွေ ပြောကြားထားတာ ရှိပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေ အိမ်နီးချင်းနိုင်ငံတွေကို (ကာကွယ်ဆေး) ထွက်လာရင် အစောဆုံး ထောက်ပံ့ပေးဖို့ ဆိုတဲ့ဟာလည်း သူတို့ပြောကြားထားတာရှိတော့ ဒါလည်းရနိုင်ပါတယ်။ အကုန်အများကြီးလည်း သူတို့ ထောက်ပံ့ချင်မှ ထောက်ပံ့နိုင်မှာပေါ့နော်။ အဓိကတော့ ထောက်ပံ့ပေးရင်လည်း မြန်မာနိုင်ငံ အစောဆုံးရဖို့အတွက် စပြီးတော့ ဝယ်ယူခွင့် ရပြီဆိုရင်လည်း မြန်မာနိုင်ငံ အစောဆုံးရဖို့အတွက် ကျနော်တို့ ညှိနှိုင်း ဆောင်ရွက်နေတာ ရှိပါတယ်။”

ကမ္ဘာအဝန်း ကိုဗစ်ကပ်ရောဂါကြုံနေရတာကြောင့် ကာကွယ်ဆေးရဖို့ ကြိုးစားနေကြချိန်မှာ မြန်မာနိုင်ငံကလည်း ကာကွယ်ဆေးရဖို့ COVAX နဲ့ UNICEF တို့လို နိုင်ငံတကာ အဖွဲ့အစည်းတွေ အကူအညီနဲ့ လူဦးရေ သန်း ၂၀ စာ ကာကွယ်ဆေးဝယ်ဖို့ စီစဉ်နေပါတယ်။ ကာကွယ်ဆေး ထုတ်လုပ်မယ့် အိမ်နီးချင်း အိန္ဒိယနိုင်ငံကိုလည်း မကြာသေးခင်ကပဲ မြန်မာကိုယ်စားလှယ်တွေ သွားရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး ထိုးဆေး အလုံးရေ ၁၅ သန်းဝယ်ဖို့လည်း လက်မှတ်ထိုးထားပါတယ်။

မြန်မာတာဝန်ရှိသူတွေကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကထောက်ခံချက်ရတဲ့ ကာကွယ်ဆေး၊ ဒါမှမဟုတ်ရင်လည်း သက်ဆိုင်ရာနိုင်ငံက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA အသိအမှတ်ပြု ကာကွယ်ဆေး၊ ဒါမှမဟုတ် အရေးပေါ် အသုံးပြုခွင့်ရထားတဲ့ဆေး အမျိုးအစားတွေကို ဝယ်ယူဖို့ ဆုံးဖြတ်ထားတာပါ။

တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးဟာလည်း တရားဝင် ခွင့်ပြုချက်ရပြီးဖြစ်တာကြောင့် မြန်မာနိုင်ငံက ဝယ်ယူဖို့ စီစဉ်နေတာလို့ မြန်မာနိုင်ငံ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေကို ပြောပါတယ်။

“ဒီဇင်ဘာ ၃၀ ရက်မှာ China Sinopharm ကို တရုတ်ကနေ အသုံးပြုဖို့အတွက် ထောက်ခံချက် ပေးလိုက်ပြီဆိုပြီဆိုပြီး ကျမတို့ရဲ့ vaccine tracker ပေါ့နော်... ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ tracker ကနေပြီးတော့ သိရပါတယ်။ ဒါဆို ဒီဇင်ဘာ ၃၀ ရက်မှာ approve ပေးလိုက်တာ China Sinopharm ရယ်၊ UK ကနေပြီးတော့ Oxford Vaccine AstraZeneca ကို အရေးပေါ်အသုံးပြုခွင့် ပေးလိုက်တာ တရက်တည်း ဖြစ်ပါတယ်။ ဒါအခြေအနေကောင်း တခုကို မကြာမီရရှိမယ်လို့ မျှော်လင့်လို့ရပါတယ်။ သက်ဆိုင်ရာလူကြီးတွေ တာဝန်ရှိပုဂ္ဂိုလ်တွေ အနေနဲ့ ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ အတိအကျ သိရရင်တော့ သတင်းထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။”

တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးကို မြန်မာက အရေအတွက် ဘယ်လောက် ဝယ်မယ်ဆိုတာတော့ မသိရသေးပါဘူး။ လက်ရှိမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ခွင့်ပြုပြီး ကာကွယ်ဆေးမရှိသေးပေမဲ့ နိုင်ငံအလိုက် အရေးပေါ်သုံးစွဲခွင့်ရထားတဲ့ ဆေးတွေကို တချို့နိုင်ငံတွေမှာ စတင်ထိုးပေးနေပါပြီ။ ၂၀၂၁ ပထမသုံးလပတ်ထဲမှာ ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေးအနေနဲ့ ကာကွယ်ဆေးထိုးပေးမယ်လို့ မြန်မာအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ အမေရိကန်၊ တရုတ်၊ ယူကေ၊ ရုရှား၊ အိန္ဒိယ ဒီနိုင်ငံတွေနဲ့ သံတမန်အရ ဆက်သွယ်ပြီး ကာကွယ်ဆေးရဖို့ စီစဉ်သွားမယ်ဆိုပြီး မကြာသေးခင်ကလုပ်တဲ့ မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ကာကွယ်ဆေးထိုး စီမံချက်အစည်းအဝေးမှာ ပြောကြားထားပါတယ်။

တရုတ်အစိုးရက တရားဝင်သုံးစွဲခွင့်ပြုလိုက်တဲ့ Sinopharm ကိုဗစ်ရောဂါကာကွယ်ဆေးကိုတော့ တရုတ်နိုင်ငံသားအားလုံးကို အခမဲ့ ထိုးပေးမှာဖြစ်ကြောင်း ဒီကနေ့ပဲ တရုတ်အာဏာပိုင်တွေက ကြေညာထားပါတယ်။ တရုတ်အစိုးရပိုင် Sinopharm ဆေးကုမ္ပဏီကတော့ သူတို့စမ်းသပ်ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးဟာ ၇၉ ရာခိုင်နှုန်းကျော် ထိရောက်မှုရှိကြောင်း ပြောဆိုထားပါတယ်။ အနောက်နိုင်ငံတွေက ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေထဲက Moderna ဆေးကတော့ ထိရောက်မှု ၉၄ ရာခိုင်နှုန်းနဲ့ Pfizer/BioNTech ကထုတ်လုပ်တဲ့ ဆေးက ၉၅ ရာခိုင်နှုန်း ထိရောက်မှု ရှိတယ်လို့လည်း သက်ဆိုင်ရာ ဆေးကုမ္ပဏီတွေက သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG