[Zawgyi/Unicode]
ျမန္မာႏိုင္ငံမွာ ဒီေန႔ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္သူ ၅၉၀ ေယာက္ ထပ္အတည္ျပဳခဲ့တာေၾကာင့္ ကူးစက္သူစုစုေပါင္း ၁၂၆,၉၃၅ ရွိသြားပါၿပီ။
က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဇန္နဝါရီ ၄ ရက္ ညထုတ္ျပန္ခ်က္အရ၊ ဓာတ္ခြဲနမူနာေပါင္း ၁၆,၉၉၀ ခု စစ္ခဲ့ကာ၊ ပိုးေတြ႕ႏႈန္း ၃.၅% အျဖစ္၊ ၄% ေအာက္၊ မေန႔ကလြဲလို႔၊ အရင္ရက္ပိုင္းေတြလို ဆက္က်ၿပီး တန္းေနပါတယ္။
ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေၾကာင့္ ေသဆုံးသူ ၁၆ ေယာက္ရွိတာေၾကာင့္၊ ေသဆုံးသူစုစုေပါင္းကလည္း ၂,၇၄၄ ေယာက္ရွိလာၿပီလို႔ ဆိုပါတယ္။
ဒါ့အျပင္ ဒီေန႔ေသဆုံးသူေတြထဲမွာ ေရာဂါအခံရွိတဲ့သူက အမ်ားစုအျဖစ္ ၁၄ ေယာက္ ရွိခဲ့တယ္လို႔၊ ဒီဝန္ႀကီးဌာန ည ၈ နာရီထုတ္ျပန္ခ်က္ထဲမွာေဖာ္ျပထားပါတယ္။
ျမန္မာႏိုင္ငံမွာ ဒီေရာဂါစေတြ႔ခဲ့တဲ့ မတ္လကေန အခုထိ ဓာတ္ခြဲနာမူနာေပါင္း ၁,၈၈၄,၀၀၀ ေက်ာ္ စစ္ေဆးၿပီးခဲ့ၿပီး၊ အတည္ျပဳလူနာေတြထဲ ျပန္က်န္းမာလာသူက ၁၁၀,၀၀၀ ေက်ာ္အထိအျဖစ္ ၈၇% နီးပါးရွိလာေနပါၿပီ။
ဒီကိုဗစ္ပိုးစေတြ႔တဲ့ မတ္လကေန၊ အခု မေန႔ကအထိ စုစုေပါင္းပိုးေတြ႔မူကို တိုင္းေဒသႀကီးနဲ႔ျပည္နယ္အျပင္ ၿမိဳ႕လိုက္ပါ ဒီေန႔ည ၇:၄၅ မွာ၊ ထုတ္ျပန္ခဲ့ရာမွာ၊ အမ်ားဆံုးျဖစ္တဲ့ ရန္ကုန္တိုင္းမွာ ၈၃,၅၀၀ ေက်ာ္ရွိပါတယ္။
ရန္ကုန္မွာမွ အမ်ားဆံုးျမိဳ႕နယ္အျဖစ္ မဂၤလာဒံုက ၅,၈၆၀ ေက်ာ္၊ ဒုတိယအမ်ားဆံုး ေျမာက္ဥကၠလာမွာ ၅,၇၀၀ ေက်ာ္နဲ႔ တတိယအမ်ားဆံုး လိႈင္သာယာမွာ ၄,၇၀၀ ေက်ာ္ရွိေနၿပီး၊ မၾကာခင္က အိမ္မွာေနဖို႔အမိန္႔ကို၊ ရြာတခ်ိဳ႕မွာေျဖေလ်ာ့ေပးခဲ့တဲ့ ရန္ကုန္ေတာင္ပိုင္းၿမိဳ႕ေတြမွာေတာ့၊ စုစုေပါင္း ကူးစက္သူက ရာဂဏန္းအဆင့္သာ ရွိပါတယ္။
ရန္ကုန္ၿပီးလွ်င္ ဒုတိယအမ်ားဆံုးျဖစ္တဲ့ မႏၲေလးတိုင္းမွာေတာ့၊ အခုခ်ိန္ထိ စုစုေပါင္း ကူးစက္သူ ၁၄,၀၉၄ ေယာက္ရွိလာၿပီး၊ အမ်ားဆံုးၿမိဳ႕နယ္ေတြအျဖစ္ ခ်မ္းေျမ႕သာဇံ၊ မဟာေအာင္ေျမနဲ႔ ေအာင္ေျမသာဇံၿမိဳ႕ေတြမွာ ၂,၀၀၀ ေက်ာ္ရွိကာ၊ အမရပူရနဲ႔ ခ်မ္းေျမ႕သာစည္မွာ ၁,၀၀၀ ေက်ာ္ရွိၿပီး၊ က်န္ၿမိဳ႕နယ္ေတြမွာေတာ စုစုေပါင္း ရာဂဏန္းနဲ႔ ဆယ္ဂဏန္းသာရွိေနပါတယ္။
တတိယအမ်ားဆံုးျဖစ္ၿပီး မၾကာခင္ကေထာင္တြင္းကူးစက္မႈမ်ားခဲ့တဲ့ ပဲခူးမွာေတာ့၊ အခုအခ်ိန္ထိ စုစုေပါင္း ၈,၀၀၀ နီးပါးမွာ ပိုးေတြ႔ထားၿပီး၊ အမ်ားဆံုးအျဖစ္ ပဲခူးၿမိဳ႕ေပၚမွာ ၁,၇၉၇ ဦး ရွိေပမဲ့ အျခားၿမိဳ႕နယ္အားလံုးမွာေတာ့ ရာဂဏန္းအဆင့္သာရွိေနပါတယ္။
[Unicode Version]
မြန်မာကိုဗစ်ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၁၂၆,၉၃၅ ဦး၊ သေဆုံး ၂,၇၄၄ ဦး
မြန်မာနိုင်ငံမှာ ဒီနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ ၅၉၀ ယောက် ထပ်အတည်ပြုခဲ့တာကြောင့် ကူးစက်သူစုစုပေါင်း ၁၂၆,၉၃၅ ရှိသွားပါပြီ။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇန်နဝါရီ ၄ ရက် ညထုတ်ပြန်ချက်အရ၊ ဓာတ်ခွဲနမူနာပေါင်း ၁၆,၉၉၀ ခု စစ်ခဲ့ကာ၊ ပိုးတွေ့နှုန်း ၃.၅% အဖြစ်၊ ၄% အောက်၊ မနေ့ကလွဲလို့၊ အရင်ရက်ပိုင်းတွေလို ဆက်ကျပြီး တန်းနေပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ကြောင့် သေဆုံးသူ ၁၆ ယောက်ရှိတာကြောင့်၊ သေဆုံးသူစုစုပေါင်းကလည်း ၂,၇၄၄ ယောက်ရှိလာပြီလို့ ဆိုပါတယ်။
ဒါ့အပြင် ဒီနေ့သေဆုံးသူတွေထဲမှာ ရောဂါအခံရှိတဲ့သူက အများစုအဖြစ် ၁၄ ယောက် ရှိခဲ့တယ်လို့၊ ဒီဝန်ကြီးဌာန ည ၈ နာရီထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီရောဂါစတွေ့ခဲ့တဲ့ မတ်လကနေ အခုထိ ဓာတ်ခွဲနာမူနာပေါင်း ၁,၈၈၄,၀၀၀ ကျော် စစ်ဆေးပြီးခဲ့ပြီး၊ အတည်ပြုလူနာတွေထဲ ပြန်ကျန်းမာလာသူက ၁၁၀,၀၀၀ ကျော်အထိအဖြစ် ၈၇% နီးပါးရှိလာနေပါပြီ။
ဒီကိုဗစ်ပိုးစတွေ့တဲ့ မတ်လကနေ၊ အခု မနေ့ကအထိ စုစုပေါင်းပိုးတွေ့မူကို တိုင်းဒေသကြီးနဲ့ပြည်နယ်အပြင် မြို့လိုက်ပါ ဒီနေ့ည ၇:၄၅ မှာ၊ ထုတ်ပြန်ခဲ့ရာမှာ၊ အများဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းမှာ ၈၃,၅၀၀ ကျော်ရှိပါတယ်။
ရန်ကုန်မှာမှ အများဆုံးမြို့နယ်အဖြစ် မင်္ဂလာဒုံက ၅,၈၆၀ ကျော်၊ ဒုတိယအများဆုံး မြောက်ဥက္ကလာမှာ ၅,၇၀၀ ကျော်နဲ့ တတိယအများဆုံး လှိုင်သာယာမှာ ၄,၇၀၀ ကျော်ရှိနေပြီး၊ မကြာခင်က အိမ်မှာနေဖို့အမိန့်ကို၊ ရွာတချို့မှာဖြေလျော့ပေးခဲ့တဲ့ ရန်ကုန်တောင်ပိုင်းမြို့တွေမှာတော့၊ စုစုပေါင်း ကူးစက်သူက ရာဂဏန်းအဆင့်သာ ရှိပါတယ်။
ရန်ကုန်ပြီးလျှင် ဒုတိယအများဆုံးဖြစ်တဲ့ မန္တလေးတိုင်းမှာတော့၊ အခုချိန်ထိ စုစုပေါင်း ကူးစက်သူ ၁၄,၀၉၄ ယောက်ရှိလာပြီး၊ အများဆုံးမြို့နယ်တွေအဖြစ် ချမ်းမြေ့သာဇံ၊ မဟာအောင်မြေနဲ့ အောင်မြေသာဇံမြို့တွေမှာ ၂,၀၀၀ ကျော်ရှိကာ၊ အမရပူရနဲ့ ချမ်းမြေ့သာစည်မှာ ၁,၀၀၀ ကျော်ရှိပြီး၊ ကျန်မြို့နယ်တွေမှာတော စုစုပေါင်း ရာဂဏန်းနဲ့ ဆယ်ဂဏန်းသာရှိနေပါတယ်။
တတိယအများဆုံးဖြစ်ပြီး မကြာခင်ကထောင်တွင်းကူးစက်မှုများခဲ့တဲ့ ပဲခူးမှာတော့၊ အခုအချိန်ထိ စုစုပေါင်း ၈,၀၀၀ နီးပါးမှာ ပိုးတွေ့ထားပြီး၊ အများဆုံးအဖြစ် ပဲခူးမြို့ပေါ်မှာ ၁,၇၉၇ ဦး ရှိပေမဲ့ အခြားမြို့နယ်အားလုံးမှာတော့ ရာဂဏန်းအဆင့်သာရှိနေပါတယ်။